လင်းဝေAugust 15, 20111min38219
ဈေးတွေကျတယ်။ ငွေဈေးက ပါးစပ်ထဲပြောချင်ရာပြောဖြစ်နေတော့တယ်။ မဝယ်ဘူးဆိုတဲ့သူတွေလည်းရှိနေတယ်။ နှိမ်ရသမျှ ဝိုက်ပြီး အောင်းထားမယ်ဆိုတဲ့သူတွေလည်းများနေတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူများ နိုင်ငံခြားငွေဝင်နေသူများအတွက်တော့ စိတ်ပျက်စရာ အချိန်ကာလပါပဲ။ အခုလောလောဆယ်မှာ ထင်ရာမြင်ရာခန့်မှန့်ချက်များ၊ လူတတ်ကြီးလုပ် ပြောချင်ရာ ပြောကြားချက်များ၊ အခွင့်အရေးဖန်တီး အမြတ်ထုတ်လိုသူများ၊ ရည်ရွယ်ချက်မဲ့ ကောလဟာလ ဖြန့်ဝေ သူများ ကြားမှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုကတော့ ငွေလဲနှုန်းပါပဲ။ ဟိုက တကယ်လုပ်မည့်သူများမှာ ဘယ်နှုန်းနဲ့ သတ်မှတ်ဖို့ ဆိုတာကို စဉ်းစားတဲ့အဆင့်တောင် မရောက်သေးပါဘူးတဲ့။ နှုန်းထား ထက် အဲဒီသတ်မှတ်မယ့် နှုန်းထားကို ဘယ်လိုပြောင်းဖို့၊ ဘယ်လို သတ်မှတ်ဖို့၊ မြန်မာကျပ်ငွေနဲ့ ဘယ်လိုလဲဖို့ ဆိုတဲ့ လုပ်ငန်းစဉ်တွေကို တွက်ဆနေတုန်းလို့ ဆိုပါတယ်။ သို့သော်လည်း ငွေဈေးကွက်မှာတော့ ဈေးအနည်းဆုံးနဲ့ ကောက်နိုင်သမျှကောက်ဖို့ရာ ရ၅ဝပြောလိုက် ၆၀ဝအောက်ပြောလိုက် ၅၀ဝလို့ပြောလိုက်နဲ့ ပြောချင်ရာပြောနေကြတာပါ။ […]


kaiAugust 1, 20111min36616
မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကျေးလက်ဒေသကနေ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု (rural- urban migration) နှုန်းက တိုးတက်များပြားလာပါတယ်။ ဒီလို ပြောင်းရွှေ့အခြေချသူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုဘဝ တိုးတက်မှု အခွင့်အလမ်းအတွက် မြို့ပြကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပေမယ့် မြို့ပြရှင်သန်နေထိုင်မှု စရိတ်ကြီးမားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျန်းမာသန့်ရှင်းမှုမရှိသော ဆင်ခြေဖုံးများတွင် နေထိုင်ရခြင်း၊ ရောဂဘယ ကူးစက်ပြန့်ပွားခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပြီး တိုးတက်တဲ့ လူမှုဘဝ အခွင့်အလမ်းတွေကို ခံစားခွင့် မရကြပါဘူး။ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု ရာခိုင်နှုန်း မြင့်တက်လာတာနဲ့အမျှ လူဦးရေထူထပ်မှုရှိလာသလို၊ မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) နှုန်းကလဲ တိုးမြင့်လာပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးမှု သွင်ပြင်လက္ခဏာများ မြို့ပြဆင်းရဲနွမ်းပါးမှုမှာ သွင်ပြင်လက္ခဏာ (၅) ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ […]


panpanAugust 1, 20111min38225
ဇူလိုင်လကုန်ကစပြီး အစိုးရဝန်ထမ်းတွေကို လစာထုတ်ပေးတာ အကြွေတွေထည့်ပေးနေပါတယ် ပြောထားခဲ့တဲ့အတိုင်း ၃၅၀၀ဝကျပ်ဖိုးပါ ၂၀ဝတန်အရွက်တစ်ရာ၊ ၁၀ဝတန်အရွက်တစ်ရာ၊ ၅ဝတန်အရွက်တစ်ရာ၊ စုစုပေါင်း ၃၅၀၀ဝဖိုးပါ ပိုက်ဆံတွေက အသစ်စက်စက်တွေ၊ ဘဏ်အုပ်၊ နံပါတ်စဉ်တိုင်းရတာပါ ဒါပေမယ့် ဝန်ထမ်းတိုင်းတော့ ငွေအကြွေရတာမဟုတ်ဘူး ဘဏ်မှာ ချက်လက်မှတ်နဲ့ထုတ်မယ့်ဝန်ထမ်းတွေမရဘူးတဲ့ ဒီကိစ္စဘဏ်နဲ့မဆိုင်ဘူးလို့ပြောတယ် အဲဒါငွေသားတိုက်ရိုက်လစာထုတ်ရတဲ့ဝန်ထမ်းတွေကို ၃၅၀၀ဝဖိုးထည့်ပေး(လဲပေး)တာပါ အရင်က လုပ်ငန်းရှင်သူဌေးတွေကပဲ ဘဏ်မှာငွေအကြွေတွေလဲကြပါတယ် ပြီးတော့ အကျိုးမဲ့ထုတ်မသုံးကြပါဘူး (သိမ်းထားကြပါတယ်) ဒီတော့ ပြည်သူတွေလက်ထဲကို ငွေအကြွေတွေက မရောက်တော့ဘဲ အစုတ်အပြဲတောင် အနိုင်နိုင်ဖြစ်ခဲ့ရတာပါ ဒါ့ကြောင့် ဝန်ထမ်းတွေကို လစာပေးတဲ့အခါ ငွေအကြွေထည့်ပေးတာပါ ဝန်းထမ်းတွေအနေနဲ့ ဒီငွေကို မသုံးမဖြစ် သုံးကြမှာဖြစ်လို့  ပြည်သူလူထုကြားထဲကို သေချာပေါက်ပြန့်နှံ့သွားမှာဖြစ်ပါတယ် ဘဏ်မှာ ချက်လက်မှတ်နဲ့ လစာငွေထုတ်မယ့် ဝန်ထမ်းတွေအတွက် မရပေမယ့် (အကောင်းဘက်ကကြည့်မြင်ပြီး) ခုလောက်လုပ်ပေးတာတော့ မဆိုးဘူးပြောရမယ် ဒီတစ်လပြီး နောက်လတွေလည်း […]


ETJuly 27, 20111min31615
ကျွန်တော် မနှစ်က ဒေါ်ညိမ်းကျေးရွာမှာ တာဝန်ထမ်းဆောင်စဉ်က ရေးထားတာလေးပါ ကျွန်တော် ရဲ့ကိုယ်ပိုင်ဘလေ့ာမှာလည်း ရေးတင်ထားပြီးသားပါ အခုပြန်လည်ဖော်ပြရခြင်းဖြစ်ပါတယ်။ ခင်မင်စွာဖြင့် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း ဒေါ်ညိမ်းငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ။ ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ။ မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ။ “မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။ နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ။ ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊ ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အဝစု ……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်။ ကြူံတုန်းပြောရဥိးမယ် ( ဖျာပုံ […]


panpanJuly 13, 20111min2118
အငြိမ်းစားဝန်ထမ်းတွေ ပင်စင်လစာတိုးပြီးပြီ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေလည်း လစာတိုးမယ်လို့တော့ကြားတယ် ဒါကလည်း အရင့်အရင်ကတည်းကလို ကြားကြားနေပြီး လစာမတိုးခင် ကုန်ဈေးနှုန်းတွေပဲတက်သွားမှာ ကြောက်နေရတယ် ကြားတာပြောရရင် လစာ ၁၀၀၀၀ဝ တစ်သိန်းအောက် ရသူတွေက လစာတိုးမယ်တဲ့ ၃၀၀၀ဝလောက်တိုးမယ်ကြားတယ် တစ်သိန်းနဲ့ အထက်ဆိုရင်တော့ မတိုးဘူးဆိုလားပဲ အဲလိုသာဆိုရင် လစာတစ်သိန်းအတိရတဲ့လူက ဒီတိုင်းကြီးဖြစ်နေပြီး ၉၀၀၀ဝသမားက ၁၂၀၀၀ဝဖြစ်သွားမှာပေ့ါနော်.. 😛 အတိအကျသိတဲ့လူတွေရှိရင်လည်း ပြောကြပါဦး…


panpanJuly 12, 20111min33314
ပြောရဦးမယ် လူတိုင်းက အကြွေကိစ္စတွေပဲပြောနေလို့ ၅၀၀ဝတန်လည်း ပြဿနာရှိတယ်ဆိုတာ ပြောရဦးမယ် ဟိုတလောက Victoria မှာဈေးသွားဝယ်တာ ကောင်တာမှာငွေရှင်းတော့ ၅၀၀ဝတန်ပေးလိုက်တာ အရမ်းနွမ်းနေတဲ့အရွက်လေးပေ့ါ အရမ်းနွမ်းတယ်ဆိုပေသည့် ၁၀ဝတန် ၂၀ဝတန်အနေနဲ့ဆိုရင် ခပ်လတ်လတ်အစားထဲ ပါပါတယ် ဒါပေမယ့် မယူဘူး၊ ပြန်လဲခိုင်းတယ်လေ ကျွန်မလည်းမေးတာပေ့ါ၊ ဘာလို့မယူတာလဲ၊ဒါလည်းပိုက်ဆံပဲဟာ၊ ပြဲစုတ်ရာလည်းပါတာမဟုတ်၊ တိတ်ကပ်ရာလည်း ပါတာမဟုတ် ဆိုတော့ ကောင်တာကဝန်ထမ်းက ပြန်ပြောတယ်၊ သူတို့သူဌေးက မယူဘူးတဲ့၊ သူတို့လည်း အရင်က အဲလို၅၀၀ဝတန်နွမ်းတာကို လက္ခံမိလို့ အိပ်ထဲကစိုက်ပေးလိုက်ရတယ်တဲ့၊ ၂ခါ၃ခါရှိပြီတဲ့၊ အဲဒါကြောင့်မယူတာတဲ့ ကောင်းပါလေရော…. အဲဒါနဲ့ ၅၀၀ဝတန်အသစ်ကျပ်ချွတ်တစ်ရွက်နဲ့ ပြန်လဲပေးလိုက်ရတယ် (၁၀၀ဝတန်ကုန်သွားလို့ 🙁 ) အိမ်ရောက်တော့ အဖေ့ကိုပြန်ပြောပြလိုက်တယ် အရမ်းနှမြောတယ်လို့၊ သုံးလို့မရရင် ဒုက္ခပဲလေ၊ ၅၀၀ဝကြီးများတောင် အဖေက သုံးလို့ရပါတယ်ပြောလို့ အိမ်နားကဖုန်းဆိုင်မှာ အဲ့ပိုက်ဆံနဲ့ Pre-paid […]


learnerJuly 1, 20111min34810
ကျွန်တော် အခုအသစ်ပြောင်းတဲ့ အိမ်မှာ အင်တာနက်မရှိလို. အင်တာနက်တပ်မလို. ဟိုနေ့က Starhub branch ကိုသွားခဲ့တယ် ။ အဲဒီမှာ ရောက်ရောက်ချင်းပဲ ဝန်ထမ်းတစ်ယောက်ကို အင်တာနက်လိုင်းတွေဘယ်လိုယူရလဲ ဘယ်လိုမျိုးတွေရှိလဲ မေးကြည့်တာပေါ့ ။ ကျွန်တော် သတိထားမိတာကတော့ သူတို.ဝန်ထမ်းတွေက တော်တော် service ကောင်းပါတယ် ။အားလုံးကို စိတ်ရှည်လက်ရှည်နဲ့ တစ်မျိုးစီ ရှင်းပြပေးတယ် ။သူတို.ဆီမှာ ပုံမှန် broadband နဲ့ optic fibre broadband ဆိုပြီး နှစ်မျိုးရှိလေရဲ့ ။ Optic fibre ကတော့ ပိုမြန်ပြီး တစ်လကို S$100 နီးပါးလောက်ကျတယ်လေ ။ ပြီးတော့ အဲဒါဝယ်တဲ့အတွက် လက်ဆောင်အနေနဲ့ X-box game console လည်းပေးသေးတယ် ။ကျွန်တော်ကတော့ ကျောင်းသားဆိုတော့ တစ်လ […]


etoneJune 22, 20111min47416
  အကြွေ ရှားပါးမှူ ပြသနာဟာ တနေ ့ တခြား ဆိုးရွားလာခြင်းနှင့် အတူ အောက်ခြေလူတန်းစား များရဲ့  စီးပွားရေးလည်း မသိမသာမှ သိသိသာသာ ထိခိုက်လာခဲ့တယ် … ။ အကြွေရှားပါးမှူကြောင့် အစားထိုး ပစ္စည်းတွေကို အသုံးပြုပြီး လဲလှယ်လာတာတွေ့ရတယ် ။ တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံအလုပ်သမား မိသားစုများအတွက်ကတော့ အခက်ခဲဖြစ်ကြရတာပေါ့ … ။ စပယ်ယာက စလို့ စူပါမားကတ်တွေ အထိ အကြွေ ပြသနာ ရှိနေခဲ့တာ အတော်ကြာပါပြီ ။ အခုထိလည်း အကြွေအခက်ခဲ ရှိစဲပါ … နောက်ဘယ်လောက်ကြာကြာထိ ဒီလို ပြသနာရှိနေဦးမလဲ မသိပေမဲ့ အတော်ဆိုးရွားတဲ့ အစားထိုးပစ္စည်း လဲလှယ်မှူပြသနာကလည်း နေ့စဉ်နီးပါး ကြုံတွေ့ နေကြရတာပဲ … ။ […]


padonmarJune 14, 20111min38323
ဒီရက်ပိုင်းအတွင်း ဒေါ်လှတွေ ရော FEC ,Earning တွေရော ဒလိမ့်ခေါက်ကွေးကျနေလို့ exporter တွေ ဒေါ်လှစားတွေသာမက ကြွေးယူပြီး ပြည်ပထွက် ငွေရှာကြတဲ့သူတွေပါ အော်ညည်းနေကြပါတယ်။ အကြောင်းတွေတော့ အမျိုးမျိုးကြားရပါတယ်။အိမ်ခြံမြေ လေလံငွေရှင်းဖို့၊ကျောက်ပွဲလေလံငွေတွေဝင်လာလို့ ၊ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ စုပုံလာလို့၊တရုတ်ကချေးငွေရလာလို့စသည်စသည်….. အဲဒီထဲမှာ အခုအသစ်ကြားမိတာကတော့ US& China Big Game Play တာဖြစ်ပါသတဲ့၊ China Yuan က ဈေးတအားမာနေတာကို US က ချခိုင်းလို့မရတော့ ဒေါ်လာငွေပျော့အောင်လုပ်ပါတယ်တဲ့။ဒီအခါ တရုတ်ပြည်ထဲက ရင်းနှီးမြှုပ်နှံမှုတွေ တွက်ခြေမကိုက်လို့ နီးစပ်ရာ မြန်မာ။ဗီယက်နမ်စသည် ပြောင်းရန်ပြင်ပါတယ်တဲ့။ အဲဒီလိုမပြောင်းနိုင်အောင် တရုတ်ကြီးက မြန်မာမှာလည်းငွေမာသွားအောင် ငွေထုတ်ချေးပေးလိုက်ခြင်းဖြင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မကိုက်အောင် တနည်းသူ့နိုင်ငံကထွက်မသွားနိုင်အောင် play တာပါတဲ့။ ရွာထဲမှာ think tank […]


paukpaukMay 19, 20111min32511
အသိမိတ်ဆွေထဲက တစ်ယောက်နိုင်ငံခြားမှာ သင်္ဘောလိုက်ပြီး ပြန်လာတော့ အခွန်ဆောင်ဘို့ FE Bank ကို သွားတယ်။ ထားပါတော့ဗျာ သူက တစ်လ ဒေါ်လာ ၅၀၀ဝ လောက်ရတော့ တလကို ၁၀% နဲ့ ၅၀ဝ ဆောင်ရမယ်။ ၁ဝ လစာဆိုတော့ ဒေါ်လာ ၅၀၀ဝ ပေါ့။ သူကလဲ ၅၀၀ဝ သယ်လာတော့ အတော်ပဲပေါ့။ ဒါနဲ့ FE bank ကိုသွားတော့ ၅၀၀ဝ အစား အဲဒီထဲက  Service charge ၅% ထပ်ကောက်တယ်တဲ့ခင်ဗျ။ အဲဒီတော့ ၅၀၀ဝ အစိုးရကိုပေးသွင်းရမယ့်အစား ဝန်ဆောင်ကြေးဆိုပြီး ထပ်ဆောင်းပေးရတယ်တဲ့။ ကိုယ်က အခွန်ဆောင်တယ်ဆိုတာတောင် ဆောင်လို့ဆိုပြီးထပ်ကောက်သေးတာ ကောင်းကြသေးရဲ့လားဗျာ။ ဝန်ထမ်းတွေကလဲ အစိုးရကခန့်ထားတာတွေပါ။ ဘယ်သူ့ကို ဝန်ဆောင်ခထပ်ပေးရတယ်ဆိုတာတော့ မရှင်းလင်းပါဘူး။ အဲဒီလိုဆိုရင် […]

7-winners.jpg

‘နောင်တများဖြင့် ဘဝမှာ မနေနှင့်’ လို့ဆိုကြသည်။ ‘အကယ်၍သာ’ ဆိုတဲ့စကားသည် ကမာ္ဘပေါ်တွင် ဝမ်းနည်းဖို့အကောင်းဆုံး စာလုံးများလို့လည်း ပြောကြသည်။ Michael Kosko သာ ကြုံလိုက်ရတဲ့ ‘အကယ်၍သာ’ အချိန်ပိုင်းလေးကို ကြိုတင်သိခဲ့ရင် ကျန်သေးတဲ့ သူ့ဘဝတလျောက် မပူမပင် နေသွားရနိုင်သည်။ ကော့စ်ကိုသည် တနေ့ကဖွင့်သွားသော ဒေါ်လာ၃၁၉သန်း မီဂါမီလျံထီပေါက်သူများနှင့် တရုံးထဲလုပ်သူဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်များ ၂ဒေါ်လာစီထည့်ပြီး စုပေါင်းစပ်တူထိုးရာတွင် အမြဲတမ်း အရင်အကြိမ်များတွင် ပါဝင်ခဲ့သည်။ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့အတိုင်း ပေါက်မဲ့အချီကြမှ သူ့တွင် ငွေအကြွေ အဆင်သင့်မရှိ၍ ဆက်မကစားပဲ နေလိုက်သည်။ လုပ်ဖော်ကိုင်ဖက်တဦးက စိုက်ပေးမယ်ပြောတာ သူတို့တွေ တွတ်လေးတောင် တခါမှ မပေါက်ဖူးလို့ ဆွမ်းတော်ကြီးပွဲ ဝင်မနွှဲရန် ရွေးလိုက်သည်။ ကျနော့်မှာ တဒေါ်လာတန် နှစ်ရွက်မရှိဘူး၊ ထီ ထိုးတာလည်း လနဲ့ချီရှိနေပေမဲ့ […]

7winner.jpg

(အဲဒါ ကံလို့ခေါ်တယ် သဂျီးရေ၊ ကံ ကံ… ကံပါဗျ) စနေန့ မနက်အစောပိုင်း တယ်လီဖုန်းသံဟာ နယူးယောက်ပြည်နယ် အိမ်ယာပြန်လည်ထူထောင်ရေး ဌာန အိုင်တီဝန်ထမ်းများအတွက် များသောအားဖြင့် အလုပ်ကိစ္စ တခုခုပေါ်တဲ့ အဓိပ္ပါယ်ဖြစ်သည်။ John Kutey (၅၄နှစ်က) ထင်တာ ‘ကောင်းတယ်၊ ဆာဗာကွန်ပြူတာတော့ ဒေါင်းနေပြီ’။ မဟုတ်ပါဘူး၊ သူနဲ့ အိုင်တီဝန်ထမ်း ၆ယောက် ပြည်နယ်အစုံမှာဖွင့်သော မီဂါမီလျံထီရဲ့ ဆဌမဆုကြေး အများဆုံး ဒေါ်လာ၃၁၉သန်း ထီပေါက်ခြင်း ဖြစ်သည်။ ‘အခုချိန်အထိ မယုံနိုင်သေးဘူး။ ငါတို့ဟာ သာမန်လူတန်းစားတွေပါ။ လူတိုင်း စိတ်ပျက်သွားကြမယ် မထင်ဘူး’ လို့ John Hilton က (၅ရနှစ်) ပြောသည်။ ၎င်းတို့တဦးလျင် အခွန်နှုတ်ပြီး ဒေါ်လာ ၁၉.၁သန်းစီ ရသည်။ လုပ်ဖော်ကိုင်ဖက် အချို့အတွက်တော့ […]

mega-319.jpg

ရွာသူရွာသားအပေါင်း သဂျီးကောင်းမှုနဲ့ ရွာထဲမှာ အရည်မရ အဖတ်မရ ဘေးထိုင်ဘိုင်ကျ ဘုတော အတင်းပြောလို့ ကောင်းတုန်း တစုံတယောက်သောသူကတော့ ဒေါ်လာသန်းပေါင်းရာချီ ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပါပြီ။ နယူးယောက်ပြည်နယ် ခေါင်းဆောင်များ ဘတ်ဂျတ်လိုငွေ ယူအက်စ်ဒေါ်လာ၁ဝ ဘီလီလျံ ပြနေတာကို ဖြေရှင်းဖို့ နပန်းလုံးနေတဲ့ နေရာနဲ့ မလှမ်းမကမ်းရှိ အောဘယ်နီမြို့ထဲက အမယ်စုံရောင်း စတိုးဆိုင်လေးသည် စနေနေ့တုန်းက ငွေမိုးရွာချရာ နေရာအဖြစ် ဟိုးလေးတကျော် ဖြစ်သွားသည်။ သောကြာညကဖွင့်တဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၃၁၉သန်းတန် ပေါက်ဂဏန်းကုို ပြည်နယ်လွှတ်တော်ရုံးနှင့် လမ်းအနည်းငယ် ဝေးသော Coulson News Center တွင်ရောင်းလိုက်ရသည်။ မီဂါမီလျံထီသမိုင်းမှာ ပဉ္စမမြောက်အများဆုံး ဆုကြေးပေါက်မဲကို စတိုးဆိုင်မှ ရောင်းလိုက်တယ်ဆိုတဲ့ သတင်း ပြန့်သွားပြီးကထဲက တမနက်လုံး ဖုံးသံမပြတ်မြည်နေပြီး လူအများ စည်ကားနေသည်။ […]