ကုိ ထြဋ္July 25, 20141min27111
သိထားသင့်သော ဗဟုသုတ   ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့         အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်….   ဟုတ်ပါတယ်.. စမ်းဖူးတယ်.. စိတ်ကြောင့်လား..တကယ်လားတော့ မသိ.. သက်သာတယ်…   ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား…. ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ… ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ….   ဒါလဲ ဟုတ်တယ်.. စမ်းဖူးတယ်.. ဖုန်းပြောတာတော့ ဟုတ်ဘူး.. သီချင်းနားထောင်တာ ပိုကျယ်တယ်… စမ်းကြည့်…   ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ […]


ကုိ ထြဋ္July 23, 20141min29113
ဒီတခါက အတည်ရေးတာပါ… Tag မှာကို အသေအချာရွေးထားပါတယ်… ခေါင်းစဉ်ကတော့ ” စကားပုံများ နှင့် ဆိုရိုးစကားများ ”   1  A Learned Man Can Be Appreciated Only By Another Learned Man… ပညာတတ်သူကို အခြားပညာတတ်သူတစ်ဦးကသာ တန်ဖိုးထားသည်။ ( သူတော်ချင်းချင်း သတင်းလွေ့လွေ့ )   2  A Fool And His Money Are Soon Parted… လူမိုက်နဲ့ ငွေ အတူမနေ။ 3  A Harsh Word Is More Painful Than A Blow… နှုတ်ကြောင့်သေ […]


ကုိ ထြဋ္July 19, 20141min1655
  ရွှေတိဂုံစေတီတော် အံ့ဖွယ်ကိုးဌာန ======================== ၁။ တဝဂူ ဆုတောင်းပြည့်ဘုရား ရွှေတိဂုံစေတီတော်ကြီးရဲ့ အထက်ပစ္စယာ အရှေ့ဘက်တည့်တည့်တွင် တည်ထားကိုးကွယ်သည့် ထိုတဝဂူ ရုပ်ပွားတော်မြတ်ကို ယောက်ျားများသာ တက်ရောက် ဖူးမြှော်ခွင့် ရှိပါတယ်။ မိန်းမများ ဖူးခွင့်မရှိပါသဖြင့် ယခင်က ဓာတ်ပုံတွင်သာ ဖူးခွင့်ရရှိကြပြီး ယခုအခါမှာတော့ တန်ဆောင်း လေးခုမှာ တီဗွီများနှင့် လွှင့်ပြပြီး ဖူးခွင့်ရပါတယ်။ တဝဂူပတ္တမြား မျက်ရှင် ဘုရားဟုလည်း ခေါ်တွင်ပါတယ်။ တဝဂူပတ္တမြား မျက်ရှင်ဘုရားတွင် လိုရာကို ဆုတောင်းက ဆုတောင်းပြည့်ပါသည်။ ရှေးက မင်းညီမင်းသား များ တဝဂူဆုတောင်းပြည့်ဘုရားသို့ တက်ရောက် ဆုတောင်း ဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန် ပြုလုပ် ကြသည်။ အောင်လည်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူ လုယူကြသည်။ ထီးနန်း စိုးအုပ် မင်းလုပ်ကြသည်။ […]


ကုိ ထြဋ္July 9, 20141min1706
ကျွန်တော်ကလဲ အမှတ်မရှိဘူးဗျာ.. ရေးစေချင်ရင် မန့်ပါလို့ ပြောထားတယ်… ဘယ်သူမှ မမန့်လဲ ရေးမိတယ်ဗျာ… ကိုယ်က သိနေတော့လဲ မသိသေးတဲ့သူတွေကို မျှချင်တာကိုက မကောင်းတဲ့ အကျင့်ဖြစ်နေတယ်… အခုလဲ MEC နဲ့ အင်တာနက်သုံးလို့ ရပြီတဲ့.. ကဲ.. လျှောက်ပါပြီဗျာ… ရပါပြီဗျာ… Setting ထည့်ကြည့်… ဆိုင်သွားရင်တော့ ရတာပေါ့… အခု ကိုယ့်ဘာသာထည့်မယ်ဆိုပြီး ထည့်တယ်.. မရဘူး.. ဆိုက်တွေ စုံသွားတယ်… စမ်းတယ်ဆိုတာ ရမရ ဖုန်းကို Restart ချကြည့်နဲ့ … အလုပ် အင်မတန် ရှုပ်တာဗျ… အရင်ဆုံးတော့ ပိုက်ဆံ ၁၀၀၀ဝ ထည့်ပြီးရင် မက်ဆစ် ပို့တာလေး ပြောပြပါမယ်… 233 ကို Open EVDO  ဒီအတိုင်းစာကို အတိအကျ ရိုက်ထည့်ပေးပါ… […]


ကုိ ထြဋ္July 8, 20141min36016
  ကျွန်တော် အခုနောက်ပိုင်း တောက်လျှောက် Own Tune တွေ ရေးတဲ့ အခါမှာ… အိုင်တီ အကြောင်းတွေ တော်တော်ပါဖြစ်မယ် ထင်တယ်… တကယ်လဲ လိုအပ်လာမှာကိုး… ICE ကို တတ်ကို တတ်ရမယ်လို့… ဆရာတယောက်ပြောခဲ့ဖူးပါတယ်…. I   Internet C   Computer E    English ဆိုလိုတာက အခုဆို ခေတ်တွေ ပြောင်းလာသလို လူတွေလဲ ခေတ်မှီလာတယ်… ဒါပေမဲ့ နည်းပညာရပ်ဆိုင်ရာတွေကျတော့ အားနည်းနေသေးတာ တွေ့မိတယ်…. Andriod ဖုန်းတွေ ကိုင်လာတယ်… Root မဖောက်တတ်သေးဘူး… ဒီလိုပဲ  Office တွေ အသစ်ပေါ်လာတယ် သုံးတယ်… Activation Failed ဖြစ်တယ်.. ပြန်မလုပ်တတ်သေးဘူး… ဘယ်လုပ်တတ်မလဲ End User တွေကိုး… အခု […]


ကုိ ထြဋ္July 5, 20141min3208
ကွန်ပျူတာတလုံးရဲ့ လုံခြုံရေးအတွက်ဆိုရင် ရွေးချယ်စရာ Anti Virus တွေ အများကြီး ရှိပါတယ်… Panda, Kasper, Norton, Avria, Smadav အစရှိသဖြင့်ပေါ့… ဒီနေ့ပြောမယ့် Anti Virus ကတော့ Microsoft က ထုတ်တဲ့ Microsoft Security Essentials ပဲ ဖြစ်ပါတယ်… ကျန်တာတွေက မကောင်းဘူးလား မေးစရာရှိပါတယ်.. ဒီမှာပို့စ်တင်တဲ့သူတွေ တော်တော်များများက ကွန်ပျူတာနဲ့ပဲ တင်တော့ Anti Virus မျိုးစုံကို တွေ့တော့ ဒါတွေကရော မကောင်းဘူးလား မေးမှာပေါ့… ကောင်းပါတယ်.. Kaspersky ဆိုရင် ပိုက်ဆံပေးမှ ကောင်းမှာပေါ့.. 1 Year, 2 Year ကန့်သတ်ချက်နဲ့ပေါ့… ကျန်တဲ့ဟာတွေကတော့ Smadav က ထားပါ.. တခြားတခြားသော […]


ကုိ ထြဋ္July 2, 20141min2758
    တကယ်တော့ Window 7 ကပဲ ငြိမ်သေးတာပါ… ဒါပေမဲ့ အခု ကွန်ပျူတာ အသစ်တလုံးသာ ပြေးဝယ်လိုက်… အကုန်တင်ပေးပါနော်လို့ ပြောလိုက်ရင် စိတ်သာချ Window 8 ပဲ တင်ပေးပါလိမ့်မယ်… Window 8 တင်ပေးလိုက်လို့… ဟာ.. ငါ့စက်က Window 8 ဆိုပီး ဂုဏ်ယူစရာကို မရှိတာပါ… အခုတွေ့သလောက် သုံးသလောက် Window 8.1 Pro လောက်ပဲ သဘောကျတယ်.. ကျန်တာတွေက သိပ်မငြိမ်သလားပဲ.. နဂို Window က မငြိမ်ရတဲ့ ကြားထဲ.. Office ကလဲ အသစ် 2013 ဆို လှပီ… Activation ကလဲ မရဆို.. အွန်လိုင်းသုံးသလိုပဲ.. တခုခု ဖွင့်လိုက်ရင် […]


ကုိ ထြဋ္July 1, 20141min41813
အုန်းကျွန်းတပုဒ်ပီးတော့ နောက်တပုဒ်ကို ဖျစ်ညှစ်ဖို့ ကြိုးစားနေတုန်း… စကြာဝဠာအစွန်းသိုု့ ခရီးနှင်ခြင်း ဆိုတဲ့ ပို့စ်လေးကို တွေ့တော့ ဝင်ကြည့်လိုက်တယ်… ဟဲ ဟဲ.. အချိုရှာ သကာတွေ့ဆိုသလိုပဲ.. ပို့စ်ကလဲ တင်ချင်  နဂိုကတည်းက အကြောင်းအရာမထွက်နဲ့မှာ အဆင်ပြေသွားတယ်… ဒါဟာ ကူညီတာလဲ ဟုတ်သလို ပို့စ်တခုလဲရသွားတယ်… လေကြောနည်းနည်းတော့ ရှည်ခွင့်ပြုဗျာ.. တကယ်တော့ ကျွန်တော်က အိုင်တီသမားတယောက်ပါ… ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းကိုပဲ ထူးထူးခြားခြား ပြင်ရတဲ့ အရာလေးတွေကို ပို့စ်အနေနဲ့ တင်မလားလဲ စဉ်းစားတယ်ဗျ.. ဒါပေမဲ့ ဒါက အိုင်တီဆိုက်လဲ မဟုတ်ဘူးပေါ့.. အဲလို တွေးမိတယ်..  ဘော်ဘော်တို့ရော.. မန့်ပေးကြနော် ဒါကိုလဲ… ရေးရမယ်ဆိုရင်တော့ အများကြီးပဲ… 🙂 ကဲပါ.. လိုရင်းပဲ ပြောကြမယ်… ၁  ကိုယ်ဖွင့်လိုသော You Tube […]


ကုိ ထြဋ္June 26, 20141min30917
Facebook Page မှာ အလိုအလျောက် ပို့စ်တွေကို တက်အောင်လုပ်မယ် အချိန်ပေးပြီး ဖေ့ဖွတ်ကို မသုံးနိုင်လို့ နာရီပိုင်းလောက်ပဲ အချိန်ရတဲ့ Facebook Page နဲ့ အလုပ်လုပ်ကြတဲ့ သူတွေအတွက် တကယ်ကို လိုအပ်မယ့် နည်းလမ်းလေး တစ်ခုဖြစ်လို့ မျှဝေပေး လိုက်ရပါတယ်။ (၁) မိမိ၏ Facebook Page မှာ Status တစ်ခု တင်ပါ။ ပုံ ပါလည်း ရပါတယ်။ (၂) Post ကို မနှိပ်လိုက်ပါနဲ့။ (၃) အောက်ဘက်တွင် နာရီပုံလေးကို တွေ့ပါလိမ့်မယ်။ ၎င်းနာရီပုံအား တစ်ချက်နှိပ်လိုက်ပါ။ (၄) Schedule Post ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ (၅) အဲဒီမှာ Add a Time ? ဆိုတဲ့ […]


ကုိ ထြဋ္June 20, 20142min820
မတ်ခ်ဇူကာဘတ်အမည်ဖြင့် Facebook Page ခိုးသူများအား သတိထားရန် (ဖတ်ရှု မျှဝေ ပေးရန်) ဒီမနက်လေးတင် ရိုးရာလေး Facebook Page ရဲ့ Message Box ထဲမှာ အောက်ပါ စာလေးကို ေတွ့လိုက်ပါတယ်။ ပေးပို့သူရဲ့ Facebook အကောင့် အမည်က Mark Zurkerberg ဖြစ်ပါတယ်။ အကောင့် Link ကတော့ https://www.facebook.com/beqiri.tkushi ဖြစ်ပါတယ်။ သူရေးထားတဲ့ စာကလည်း ရုတ်တရက် ကြည့်လိုက်ရင် ယုံချင်စရာ ပါပဲ။ Dear Facebook User, We have reviewed the suspendion of your pages, After reviewing your page activity, it was […]


ムラカミJune 11, 201415min66322
  က။ SIMs ဆိုသည်မှာ   တကယ်တော့ ဆင်းမ် ကတ် လို့ ကျနော်တို့ အလွယ်ခေါ်နေတဲ့ subscriber identification module (SIM) အကြောင်းပေါ့ဗျာ …။ သူဟာ သော့တချောင်းKey ဖြစ်ပါသတဲ့ အဓိကအားဖြင့်တော့ အစိတ်အပိုင်း ၂ခု ပါဝင် လေ့ရှိပါသတဲ့ …။ အဲ့ဒါကတော့     ၁။ international mobile subscriber identity (IMSI) တကမာ္ဘလုံးမှာ မှ တခုတည်းသော အတုမရှိ အတူမရှိတဲ့ နံပတ်တခုဖြစ်ပါသတဲ့ … (အသေးစိတ်အောက်တွင် ဖော်ပြပါမည်) ၂။ related key ဒါကတော့ အသုံးပြုမှု အတွက် ဆိုင်ရာ ဖုန်း ဟန်းဆက် အပြင် ချိတ်ဆက် […]


ムラカミJune 3, 20141min57730
  ဇွန်ရောက်ပြီလေ… (ဇွန်သင်ဇာ ရောက်လာခြင်းမဟုတ်ပါ) ကျောင်းတွေ ပြန်ဖွင့်ပြီ ..   သည်၂ရက်အတွင်းတော့ ..သားတော်မောင် အတွက် ဗလာစာအုပ်တွေ အဖုံးဖုံးပေးရင်း ငယ်ဘဝကို ပြန်အောက်မေ့မိရဲ့ …. ကျနော် စာအုပ်ဖုံးသမား ပေါ့ဗျာ….။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~       ဟုတ်တယ်.. ငယ်တုန်းက ပြည်တွင်းဖြစ်ကို အားပေး ဆိုသော ဆိုရှယ်လစ် လက်ကျန် အမွေဆိုးကြောင့် ..ဗလာစာအုပ်တွေမှာ စာရွက်အသား မကောင်းသလို အဖုံးကလည်း ချာတူးလန်သည်.. သည်တော့ … နှစ်မကုန်ခင်မှာပင်… စာအုပ်တွေ အဖုံးနှင့်ကိုယ်ထည်ကျွတ်ပီး ခွံကွာရေလန် ဖြစ်ကြရ၏။ ဂျေဗီ ဘလားဘလား တွေ မှတ်မိ စိတ်နာသေးသပေါ့ဗျာ.. သည်တော့ မိဘများက ဗလာစာအုပ်မှန်သမျှ အဖုံးဖုံးခိုင်းလေတော့သည်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဦးလေးတွေ အဒေါ်တွေ […]


ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် Gmail ကို မိမိရဲ့ ဖုန်းနဲ့ ချိတ်ထားတဲ့ နည်းလမ်းပါပဲ။ Google 2-Step Verification လို့ ခေါ်ပါတယ်။ သူက ဘာတွေ စွမ်းသလဲ ဆိုရင် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Gmail Password ကို သိသွားတယ်။ ပြီးတော့ ဖွင့်ကြည့်တယ်ပေါ့ဗျာ။ Username လည်း မှန်တယ်။ Password လည်း မှန်တယ်။ ဒါပေမယ့် Gmail က ပွင့်မလာဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေတယ်။ ဒီအဆင့်ကတော့ မိမိရဲ့ ဖုန်းကို ပို့ပေးတဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းရခြင်းပါပဲ။ ဒီလို လုပ်ထားဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ အောက်မှာ ပုံတွေနဲ့တကွ ရှင်းပြထားပါတယ်။ http://www.google.com/landing/2step/ ကို […]