ဆူးDecember 19, 20111min52640
၁၈.၁၂.၂၀၁၁ (ဦးဖော ဘူဖေး ပါတီ) ကောင်းမွန်လှစွာသော မြိန်ရှက်ဖွယ် အစား အသောက်များကို ကျွှေးမွေးသော ဦးဖောကြီးအားလည်း ကျေးဇူးတင်ရှိပါကြောင်း။ မွေးနေ့မှန်း မသိပဲ အပြန်လမ်းမှ ပြောဖြစ်တဲ့ အတွက် စိတ်ကူး စိတ်သန်း ပေါ်ခဲ့ပေမဲ့ ဘာမှ အကောင်အထည် မဖော်ပေးနိုင်တဲ့ အတွက် ဝမ်းနည်းမိပါကြောင်း တက်ရောက်ကြတဲ့ ခင်မင်လှစွာသော ဂေဇတ် မိတ်ဆွေ အပေါင်းအသင်းများအားလည်း ကျေးဇူးတင်ရှိပါကြောင်း။ နေရာ အဆင်ပြေချောမွေ့အောင် ရှာဖွေပြီး စီစဉ်ပေးပါတော့ ဦးဘလက်နဲ့ ဦးနို တို့အား ကျေးဇူးတင်ရှိပါကြောင်း။ သီချင်း တပုဒ် ဆိုလိုက်တိုင်း လိုက်ပြီး လက်ခုပ်တီးပေးပါသော ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း။ အားလုံး ဆုံတွေ့ကြတဲ့ အခါ ရှေးဟောင်းနှောင်းဖြစ် မိတ်ရင်း ဆွေရင်းများကဲ့သို့ ရင်းနှီးခင်မင်မှု အပြည့်နဲ့ အပြန်အလှန် နွေးထွေးဖော်ရွေစွာ […]


phone_kyawDecember 16, 20111min15511
ဘုန်းကြီးတွေလည်း အာဏာရှင်ဖြစ်တယ်လို ့ကျနော်ပြောဘူးတယ်။ရွှေညဝါဆရာတော်ကို သင်္ကန်းချွတ်မယ် ဟိုဟာမလုပ်နဲ ့ဒါမလုပ်နဲ ့လို ့အမိန် ့ပေးတဲ့သံဃာ့အဖွဲ ့အစည်းဟာ ဘာသာရေး အာဏာရှင်ဖြစ်နေပြီ။ ဆရာတော်ကို သင်္ကန်းစည်းပေးတဲ့လူက သူတို ့ကျနေတာပဲဗျာ။ ဘာသာရေးလွတ်လပ်ခွင့်တောင် လိုက်ပြီးချုပ်ချယ်တဲ့အဖွဲ ့အစည်းပဲ။ နောက်ကွယ်မှာအစိုးရမပါပဲနဲ ့ဘယ်နည်းနဲ ့မှမဖြစ်နိုင်ဘူး။ ရွှေညဝါဆရာတော်က ဖါချ အရက်သောက်တဲ့ ဘုန်းကြီးဆိုရင်တော့ တမျိူးပေါ့။ သံဃာ့နာယကအဖွဲ ့အစည်းက ပြည်သူကျွေးတာကို အေးအေးဆေးဆေး မဘုန်းပေးချင်ဘူးထင်တယ်။


ကြောင်လေးDecember 13, 20111min1385
တကယ်ပူးတာလား အလေ့အကျင့်လား-၂   ပထမပိုင်းမှာ မြို့တဘက်ကမ်းမှာပူဇော်ပွဲကျင်းပ ပုံကိုတင်ပြခဲ့ပါတယ်။ အဲဒီနှစ်ပဲထင်ပါတယ်၊ မြို့ဘက်ကမ်းမှာ ပူဇော်ပွဲလုပ်ပါတယ်။ ကျနော်အရင်ပို့စ်မှာပြောခဲ့သလို၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း သီးခြားလုပ်တာပါ၊ ကျနော်အမှတ်မမှားရင် လှေကျင်းဘက်ရပ်ကွက်မှာလဲ တစ်ခုသီးသန့်လုပ်တယ်လို့ထင်ပါတယ်။ အစဉ်အလာအရ မြို့လည်ပိုင်းကအရင်၊တဖက်ကမ်းကဒုတိယ၊  လှေကျင်းက နောက်ဆုံး စသည်ဖြင့် အစဉ်လိုက်လုပ်ရာမှာ မြို့လယ်က အမြဲတမ်းအရင်းဆုံးလုပ်ရတာပါ။ အဆင့်လည်းအမြင့်ဆုံးလုပ်တာပါ၊ ဦးရှင်ကြီးစီးတဲ့မိကျောင်းဟာစက်မိကျောင်းပါ၊ ဘယ်လိုလုပ်ထားသလဲတော့မသိပါ၊ အဲဒီမှာကြတော့ ကျနော်ဇာတ်စင်ပေါ်တက်ကြည့်ခွင်းမရပါဘူး။ ပွဲခင်းထဲကပဲကြည့်ရတာပါ။ဦးရှင်ကြီးက စောင်းကြီးပိုက်ပြီး မိကျောင်းပေါ်မှာမတ်တတ်ရပ်လိုက်လာတယ်၊ မိကျောင်းကြီးက အမြီးကို ဟိုဘက် ဒီဘက်ရမ်းပြီးဇာတ်ခုံနောက်ကနေ ရှေ့ကိုတဖြည်းဖြည်းထွက်လာတယ်၊ဘီးတပ်ပြီးစက်သီးကြိုးနဲ့ဆွဲသလားမသိပါ။ အဆင့်မြင့်ပုံကိုပြောပြတာပါ။ ဒီမှာတော့ပြဿနာမရှိပါဘူး။ ပြဿနာက ဦးရှင်ကြီးလား၊ ကိုးမြို့ရှင်လားမသိဘူးပြောတဲ့စကားပါ။ ကိုးမြို့ရှင်လို့ ကျနော်ထင်ပါတယ်။ အဲဒီနှစ် က တဘက်ကမ်းကအရင်လုပ်လိုက်ပါတယ်။ မြို့ဘက်ကမ်းမှာ လုပ်တဲ့အခါ ဝင်ပူးတဲ့နတ်က ဟိုဘက်ကမ်းကိုကြိမ်းမောင်းပါတယ်။ ဟိုဘက်ကမ်းကကောင်တွေ အစဉ်အလာကိုဖျက်တယ်၊ နောက်မှလုပ်ရမဲ့ဟာကို ဒင်းတို့က […]


kaiDecember 9, 20111min21712
ကျွန်မအိမ်အနီးက မီးပွိုင့်ကလေးမှာ တနေ့တုန်းက ယာဉ်တိုက်မှု တခုဖြစ်ပါတယ်။ အလုပ်က အပြန်မှာ ကားလမ်းပိတ်ထားတာကြောင့် ဘာများဖြစ်လဲလို့ အနီးအနားက လူတွေကို မေးမြန်းကြည့်တော့မှ ယာဉ်တိုက်မှုဆိုတာ သိရတာပါ။ ဆိုင်ကယ်နဲ့ လူက ပွဲချင်းပြီး သေဆုံးသွားပြီး၊ ကားမောင်းသူကတော့ ဆေးရုံကို အရေးပေါ်ကားနဲ့ ခေါ်သွားခဲ့ရပါတယ်။ မီးပွိုင့်မှာ ဆိုင်ကယ်က မရပ်တာလား၊ ကားက မရပ်တာလား၊ တဘက်ရဲ့ အမှားလား၊ နှစ်ဘက်စလုံးရဲ့ အမှားလားဆိုတာကို တာဝန်ရှိသူတွေက ပြန်လည်စုံစမ်းနေကြဆဲပါပဲ။ သို့ပေမယ့် သေချာတာကတော့ လူတယောက်ရဲ့ အသက်ဆုံးရှုံး သွားခဲ့ပါပြီ။ လူတယောက် ဆေးရုံရောက်သွားခဲ့ပါပြီ။ ဒီအဖြစ်လေးက ကျွန်မရဲ့ လူငယ်ဘဝကို ပြန်ပြီး အမှတ်တရ ဖြစ်စေပါတယ်။ ကျွန်မ ဆယ်ကျော်သက် လူငယ်ဘဝတုန်းကလဲ အတော်ကားမောင်းကြမ်းတာကလား။ တောင်ကြီး- ဟဲဟိုးကားလမ်းမှာ ရှေ့က ကျော်တက်သွားတဲ့ ကားကို […]


uzinDecember 4, 20111min28617
နံပါတ်(၅)ကတော့ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာရန် မှာကြားတဲ့ မေတ္တာရှင်ရဲ့ စကားကို မစိုးရိမ်စာသင်သားက “၎င်းရေးသားချက်အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးဆုံးအချက်မှာ ဝိပဿနာ တရားကို သွားနာရုံမျှဖြင့် မဂ်ဖိုလ်ရနိုင်-မရနိုင် သုံးသပ်ကြည့်သင့်ပါသည်။” ဟု ဝေဖန်ထားပါသည်။   အရှင်ဓမ္မရက္ခိတ ဆရာတော်၏ သုံးသပ်ချက် ဝေဖန်ရန်မလိုအပ်တဲ့ ဝေဖန်ချက်ပါ။ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာကြားတာဟာ ကောင်းတဲ့အမှုဖြစ်လို့ပါ။ တစ်ခု သတိပြုရမှာက ဟောကြားသူက ဗုဒ္ဓ ဘုရားအလိုတော်အတိုင်း ဟောနိုင်တဲ့ သပ္ပူရိသသံသေဝ ပုဂ္ဂိုလ်ဖြစ်ဖို့ပဲ လိုမှာပါ။ ဓမ္မပဒ ဝတ္ထုတော်မှာ တရားနာယူပြီး သောတာပန် ဖြစ်သူတွေ ကုဋေပေါင်းများစွာ ရှိနေခြင်းက တရားနာရုံမျှဖြင့် အရိယာဖြစ်နိုင်တာကို […]


uzinDecember 4, 20111min1564
ကဲ ထိုအရှင်နှစ်ပါးရဲ့ အငြင်းပွားမှုကို လေ့လာကြည့်ကြရအောင်။ ပထမဆုံး တွေ့ရတာက မေတ္တာရှင်ရဲ့ ကိုယ်တွေ့ အလုပ်ပေး ဝိပဿနာ တရားတော် အပိုင်း(၁) စာမျက်နှာ (၁၀)မှာ ဖော်ပြထားတဲ့ “လှူချင်တန်းချင် ပေးကမ်းချင်တဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့လည်း ရခဲတယ်” ဆိုသော စကားကို မစိုးရိမ်စာသင်သားက ”မှန်-မမှန်” သံသယဖြစ်ဖွယ် ရှိသည်ဆိုသော စကားနဲ့ စထားပါတယ်။ မှားတယ်လို့တော့ မပြောပါဘူး။ မည်သည့် ပမာဏအရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်” ဆိုပြီး ပညာရှိဆန်ဆန် ရေးသားထားတာ တွေ့ရပါတယ်။ ”ဒါနာ တစ်ဆင့်တည်းမျှဖြင့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သဒ္ဓါတရားအတွက် ပြည့်စုံသော ရေးသားချက် မဖြစ်နိုင်လို့လည်း မှတ်ချက်ပြုထားပါတယ်။ ဒီအကြောင်းကို အရှင်ဓမ္မရက္ခိတ ဆရာတော်မှ ယခုကဲ့သို့ သုံးသပ်ထားတာကို တွေ့ရပါတယ်။ […]


ကြောင်လေးDecember 3, 20111min1297
မနက်လင်းလို့ မုန့်စားမဲ့ စားသုံးသူတွေရောက်လာတဲ့အခါကမှာတော့………………….. မနက်မိုးလင်းတော့ မုန့်စားမယ့်ကောင်မလေးနှစ်ယောက် အရင်ဆုံးရောက်လာပြီးမုန့်မှာစားတယ်။  တစ်ယောက် ကသုံးဇွန်းလောက်စားပြီး ဆက်မစားတော့ ဘူး၊ တစ်ယောက်ကတော့ ဟိုကြည့် ဒီကြည့်နဲ့ ဖြစ်ညှစ်စားပါတယ်။  နောက် သားအမိသုံးယောက်ရောက် ရောက်လာပြီး ကောင်မလေးက အသုတ်တစ်ပွဲနဲ့ အမေနဲ့ သားက ညှပ်ခေါက်ဆွဲ မှာစားပါတယ်၊ အမေ ကစားရင်းနဲ့ ဆက်မစားပဲ ဇွန်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေပေမဲ့ အားမနာတတ်တဲ့ သားလေးက လှမ်းပြောပါတယ်။ “အဒေါ်ခေါက်ဆွဲ ကလည်းခါးလိုက်တာ၊ ဘယ်လိုကြီးမှန်းလည်းမသိဘူး” “ဟုတ်လားသား၊ဘာဖြစ်လို့ လဲ အဒေါ်ကိုပြပါအုန်း” ဆိုင်ရှင် က မုန့်ပန်းကန်ကို ယူပြီး မြည်းကြည့်လိုက်တော့ခါးသက်သက်ဖြစ်နေပါတယ်။ “အို အားနာလိုက်တာအမရယ်၊ အသုတ်ကလေးပဲစားလိုက်ပါနော်၊ ကျမပြန်လုပ်ပေးပါ့မယ်။ အဲဒီမုန့်မစားပါနဲ့တော့၊  ဟဲ့ သမီးရေးခဏလာပါအုန်း၊  ဒီကို” သမီးကိုလှမ်းခေါ်ပြီး အသုတ်နှစ်ပန်းကန် သုတ်ပေးရင်း ရောက်လာတဲ့ […]


kaiDecember 2, 20111min220358
ဒီနေ့အလုပ်က ပြန်လာတော့.. လမ်းမှာထုံးစံအတိုင်း ကားမောင်းရင်း.. သတင်းနားထောင်ပါတယ်..။ အများဆုံးနားထောင်ဖြစ်တာက..NPR  ပေါ့.။ တနိုင်ငံလုံးလွှင့်တဲ့.. အစိုးရကတလေးတစားနားထောင်နေတဲ့.. ရေဒီယိုသတင်းဌာနတခုပါ..။ ဆိုတော့.. ရေဒီယိုလည်းဖွင့်ရော.. လေးဖြူအသံကြီးထွက်လာသဗျ…။ “အို..ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ…”ကြားလိုက်ရတော့.. ဟ.. ငါများရေဒီယိုနဲ့.. စီဒီမှားဖွင့်မိသလားပေါ့..။ http://www.youtube.com/watch?v=TDX_8oJZrPM& လှမ်းကြည့်လိုက်တော့.. အက်ဖ်အမ်ရေဒီယိုပါ..။ ဆက်နားထောင်တော့.. မြန်မာပြည်က.. ကော်ပီခိုးချထားတဲ့သီချင်းတွေအကြောင်း ဆွေးနွေးနေတာခင်ဗျား..။ အဲဒါက.. Collective Soul’s ရဲ့ Decemberကို ခိုးချထားတာတဲ့..။ ဒေးတွန်ယူနီဗာစတီက.. မြူးဇစ်ပါမောက္ခတယောက်..မြန်မာပြည်သွားမွှေလာပြီး စာအုပ်ရေးထားတဲ့အကြောင်းလည်း ပြောပြတယ်..။ သူ့စာအုပ်က.. Burma’s Pop Music Industry- by Heather MacLachlan အရှေ့ကျွန်းက.. ဂီဂီသိုင်းသမားဖတ်ကြည့်ဖို့ကောင်းတယ်..။ သူတို့ပြောတဲ့အထဲ.. ခိုးကူးသီချင်းတွေက.. စီးပွားရေးအရ ရောင်းကောင်းထားတာလည်း ပါတယ်..။ Madonna – Like A Virginလည်းပါတယ်..။ […]


ကြောင်လေးDecember 2, 20111min1616
သူ့နေရာနှင့် သူ   ရွာတစ်ရွာတွင် မိသားစု တစ်စုနေထိုင်ကြသည်။ အိမ်ထောင်ဦးစီး လုပ်သူမှာ အဖွဲအစည်းတစ်ခုမှ အရာရှိအဆင့် ဖြင့်ကျန်းမာရေးပင်စင် ယူထားသူဖြစ်ပြီး မိဘအမွေအနှစ်ဖြစ်သော ခြံဝန်းလေးထဲတွင် အေးချမ်းစွာ သီးပင် စားပင်များ စိုက်ပျိုးစားသောက်ကြလေသည်။ ဇနီးမှာမူ မောင်တစ်ထမ်း မယ်တရွက် ဆိုသကဲ့သို့အိမ်ရှေ့တွင် ကုန်စုံဆိုင်လေးနှင့်တွဲ၍ မုန့်ဟင်းခါး ခေါက်ဆွဲ အသုတ်များကို သွားရေစာအဖြစ် ရောင်းချကာ တဖက်တလမ်းဝင်ငွေရှာလေသည်။ သူတို့တွင် သားနှစ်ယောက်ရှိပါသည်။ သမီးလေးတစ်ယောက်လည်း ရှိလေသည်။ အကြီးဆုံးနှင့် အငယ်ဆုံးမှာ သားများဖြစ်ကြသည်။သမီးကတော့ အလတ်မလေးဖြစ်ပါသည်။ စုပေါင်းညီညာအောင်ကြောင်းဖြာ၊ တစ်ယောက်တလက် ကျောင်းသားလက် ဆိုသလို ကလေးများဟာလည်း မိဘရဲ့ လုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ကြရင်းပညာသင်ကြားနေကြတာ၊ အကြီးကောင်က အထက်တန်းရောက်လို့ မြို့ကိုတက် ပြီးပညာသင်ကြားနေပြီဖြစ်ပါသည်။ အလတ်မကတော့ အလယ်တန်းရဲ့ အမြင့်ဆုံးအဆင့်ရောက်နေပြီး သားထွေးလေးကတော့ အလယ်တန်းရဲ့အောက်ဆုံးတန်းမှာပညာသင်ကြားလျှက်ရှိပါသည်။ အကြီးဆုံးသားကတော့ […]


KyiPhyuDecember 1, 20111min81
ကြည်ဖြူ တစ်ခုလောက် ဝင်ရောက် ရေးသားခွင့်ပြုပါ … မန္တလေး ဂဇတ်ကို ကြည်ဖြူ အားပေးခဲ့တာ ၁ နှစ်ခွဲ ကျော်ခဲ့ပါပြီ … ရုံးမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် browser ဖွင့်လိုက်တာနဲ့ အရင်ဆုံး ရောက်မိတဲ့ website တစ်ခုပါ …. ကြည်ဖြူ အရင်က စာမရေးဖူးပါဘူး … ဒါကြောင့် စာအရေးအသား အမှားပါခဲ့မယ်ဆိုရင် ရွာသားအားလုံး နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ် … ပထမဆုံး ရေးတဲ့ စာဖြစ်တဲ့အတွက် စာဖတ်သူတွေကို အနှောက်အယှက် ဖြစ်စေခဲ့မယ်ဆိုရင် ကြည်ဖြူရဲ့ စာအရေးအသား လိုအပ်ချက်ကြောင့်သာ ဖြစ်ပါတယ် … ကောင်လေးနဲ့ ကောင်မလေး ရဲ့ နာမည်ကို ကို နဲ့ သွယ် လို့ပဲ ပေးထားပြီးတော့ ကြည်ဖြူက သွယ်နေရာကနေ […]


သံုးေလးNovember 26, 20111min1655
ဆက်မရေးတော့ဘူးဘဲနေတာ။ တံခါးစောင့်ကြီးရေးတဲ့ ကြားဖြတ်ဂဇတ် ဖတ်မိမှဘဲ  ဦးခင်ရွှေ အကြောင်း ဆက်ရေးချင်လာတယ် ။ တံခါးစောင့်ကြီး ကလည်းဆိုထားတာကိုဗျ။ “အရှိကိုအရှိအတိုင်းရေးကြဗျာ။ ကျွန်တော် ပြောတာ အရှိကို အရှိအတိုင်းရေးကြဘို့ပါ။ ဦးခင်ရွှေ ပြောတဲ့ စကားကို positive thinking နဲ့ကြည့်ရင် အမှန်ကို အမှန်အတိုင်းရေး ခိုင်းပါတယ်လို့ ကျွန်တော် တော့ ထင်မိတာပါပဲဗျာ။” ဆိုတော့ .. တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် မထူးတော့ပါဘှုးဗျာ ။ အရှိ အရှိအတ်ိုင်းရေးလိုက်ပါသည်။ အဲ့ဒီ့ လူကြီးက ကျုပ်တို့နိုင်ငံကို ဖာနိုင်ငံ ဖြစ်အောင် လုပ်မလို့ ကြံစည်ခဲ့သေးတယ်။ ဦးသိန်းဇော် ဝန်ကြီး လက်ထက် ၊ မြန်မာပြည် နိုင်ငံခြားသား အဝင်နည်းတာ ဟာ ညဘက် ဖျော်ဖြေရေး မရှိလို့ […]


လင်းဝေNovember 21, 20111min28228
ဒီခေါင်းစဉ်တွေ့လို့ မြန်မာပြည်က သတင်းစာတွေ ပေါက်ကရ လျှောက်ရေးပြီး မဟုတ်တမ်းရားတွေ ဖော်ပြနေလို့ ကိုင်ပြီးရင် မသတီချင်စရာကြီးမို့ လက်ဆေးခိုင်းတယ် ဆိုပြီး အဆိုးမမြင်ကြပါနဲ့။ အဲသလို ပြောလိုရင်း လုံးလုံးမဟုတ်ရပါ။ သတင်းစာထဲပါတာတွေက အမှန်တွေလား အမှားတွေလား သုံးသပ်ပြဖို့ ဒီစာကို ရေးတာမဟုတ်ရပါကြောင်း လေ့လာစောင့်ကြည့်နေသူများကို ဦးစွာပထမ ရှင်းပြပါရစေ။ သတင်းစာ ဆိုတာ စာရွက်ပေါ်မှာ မှင်နဲ့ ရိုက်ထားတာပါ။ ( မောင်ရင်ပြောမှလား လို့ အထွန့်တက်ရင် တက်ခွင့်ပြုပါတယ်။ ) မြန်မာပြည်က သတင်းစာများ ( အစိုးရထုတ်သော သတင်းစာများ ) သည်လည်း နယူးစ်ပရင့်လို့ ခေါ်တဲ့ စာရွက်အမျိုးအစားပေါ်မှာ ကာဗွန်ဘလက်ပါဝင်တဲ့ မှင်အမျိုးအစားများနဲ့ ရိုက်နှိပ်ထားတာပါပဲ။ ပုံမှန်မှာတော့ မြန်မာ သတင်းစာက အဖြူအမဲပါ။( အခု မြဝတီ သတင်းစာကတော့ […]


ကြောင်လေးNovember 18, 20111min11911
သူ့ ကိုမေးကြည့်တော့လည်း နိုင်ငံရေးစိတ်မဝင်စားဘူး၊ ကိုယ့်စီးပွားရေးလုပ်ငန်းအဆင်ပြေဖို့ပဲအရေးကြီးတယ်လို့်ပြောပါတယ်၊ ဘယ်ပါတီမဲထည့်သလဲမေးတော့၊ ဒါကတော့ရှင်းပါတယ်တဲ့၊ ဘယ်သူဘာကိုမဲထည့်သလဲသိနေတဲ့စံနစ်မှာ ကျွန်တော်တို့ အညစ်မခံနိုင်ဘူးတဲ့၊ကျွန်တော်တို့လုပ်နေတဲ့စီးပွားရေးဖြောင့်ဖြောင့် လုပ်လို့ရဖို့အရေးကြီးတယ်တဲ့၊ ဘယ်သူ့ကိုထည့်သလဲဆိုတာမှန်းကြည့်ပါတဲ့၊ ဒီလိုလူမျိုးတွေကောဘယ်နှရာနှုန်းရှိနေသလဲ??????   တတိယ တမျိုးက စီးပွားရေးလုပ်ငန်းရှင်ကြီးပါ၊ ကျွန်တော်တို့မြို့သားဖြစ်ပေမဲ့ ရန်ကုန်မှာနေပြီး မြို့မှာကော ရန်ကုန်မှာပါစီးပွားရေးလုပ်ငန်းလုပ်နေတာပါ၊ မြို့ကိုလည်း တစ်လတစ်ခါ ပြန်လာပြီးလုပ်ငန်းကြီးကြပ်ပါတယ်၊ လုပ်ငန်းရှင်အသင်းအဖွဲ့ရဲ့ အကြီးအကဲနေရာယူထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူပြောတာကတော့ ဒီစံနစ်ကိုမကြိုက်ပါဘူးတဲ့၊ ဒါပေမဲ့ ဒီလိုမှ ပေါင်းပြီးမလုပ်ရင် သူများ နောက်မှာကျန်နေ မှာပါတဲ့၊ ဒါကြောင့် ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အခွင့်အရေးရဖို့အတွက်ကိုတော့ လုပ်ကိုလုပ်ရမှာပဲတဲ့၊ စံနစ်ကိုမကြိုက်ပေမဲ့ အခွင့်အရေးရဖို့အတွက် ဒီစနစ်ကိုပဲအားပေးအားမြှောက် လုပ်နေသူတွေကော တစ်နိုင်ငံလုံးမှာ ဘယ်နှရာနှုန်းရှိနေပါသလဲ။ နောက်ဆုံးတစ်မျိုးကတော့ ပွဲစားတစ်ယောက်ပါ၊ (အဆင့်အတန်းရှိတဲ့၊အရောင်းအဝယ်ပွဲစားကြီးတွေဘယ်လိုဆိုတာကိုတော့ ကျွန်တော်မသိလို့သူတို့ကို မပြောပါဘူး။) ကျွန်တော်ပြောတာက ဌာနလုပ်ငန်းတွေ ကို ပြည်သူတွေကိုယ်စား ဆောင်ရွက်ပေးနေတဲ့ ပွဲစားမျိုးကိုဆိုလိုတာပါ။ […]