kotun winlattSeptember 8, 20181min6685
မူရင်းစာအုပ်အမည်- The Road to WANTING မူရင်း စာရေးသူအမည်- WENDY LAW – YONE မြန်မာဘာသာပြန် စာအုပ်အမည် – ဝမ်တိန်အသွားလမ်း မြန်မာဘာသာပြန်သူ အမည် – ဝင့်ပြုံးမြင့် ထုတ်ဝေသည့် စာအုပ်တိုက် – ငါတို့ စာပေ ထုတ်ဝေသည့် ခုနှစ် – ၂၀၁ရ ဇန်နဝါရီ တန်ဘိုး – ၃၅၀ဝ ကျပ် စာမျက်နှာ – ၃၄၃ ၂၀၁ရ ခုနှစ်ရဲ့ နှစ်ဦးမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်လေးတစ်အုပ်ဟာ ကျွန်တော့်ဆီကို ဇန်နဝါရီလကုန်ပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။ အပြင်မှာ လူချင်းမတွေ့ဘူးပေမဲ့ အစ်မရင်းတစ်ဦးလို ခင်မင်ရတဲ့ ဘာသာပြန် စာရေးဆရာမ အစ်မ ဝင့်ပြုံးမြင့်က ကျွန်တော့်လို့ အညတရ စာဖတ်သူတစ်ဦးဆီကို […]


kotun winlattSeptember 8, 20181min7303
#စာအုပ်​သူခိုး မူရင်း စာအုပ်အမည် – The Book Thief မူရင်း စာရေးသူအမည် – Markus Zusak ဘာသာပြန် စာအုပ်အမည် – စာအုပ်သူခိုး ဘာသာပြန်သူအမည် – ရာပြည့် ထုတ်ဝေသည့် စာပေ – မဟာစာပေတိုက် ထုတ်ဝေသည့် ခုနှစ် – 2017 ခုနှစ် အောက်တိုဘာလ စာအုပ်တန်ဘိုး – 6500 ကျပ် စာမျက်နှာ – 654 @@@@@@@@@@@@@@ ဩစတြေးလျ နိုင်ငံသား “Markus Zusak” ရေးတဲ့ “The Book Thief” ဆိုတဲ့ စာအုပ်ဟာ အရောင်းရဆုံး စာအုပ်စာရင်း ဝင်ခဲ့သလို ဘာသာစကားပေါင်း ၃၀ ကျော်နဲ့လည်း ဘာသာပြန်ထုတ်ဝေထားတဲ့ စာအုပ်လို့ […]


ko sixSeptember 4, 20181min16053
======================== တစ်ချို့အတွက် ကံတရားက ပွဲမပြီးသေးဘဲနဲ့ မီးသေလိုက်ရတာမျိုး ရှိတယ်။ ဒါဟာ ဒေါ်လာဈေးတက်တာနဲ့တော့ ဘာမှမဆိုင်ဘူး။ တစ်ချို့ဆိုတဲ့ ရာခိုင်နှုန်းက မင်းနဖူးမှာ ပါလာတာဆိုရင်တော့ ခါးပြီ။ ဒီလိုမျိုး စိန်ခေါ်ပွဲက ငါတို့အားလုံး ဂလက်ဒီရေတာ အကျဉ်းသားတွေပဲ။ မင်း သိထားဖို့က ကိုယ့်အသက်ကို သတ်တဲ့လက်နက်ဟာ ဖြူစင်တဲ့ ကိုယ့်နာမည်ပဲ ဖြစ်ရမယ်လို့ပေါ့။ လူတိုင်းသေရမယ်ဆိုတာ ရိုးရှင်းတဲ့ ခက်ဆစ်ပဲ။ ရှင်သန်နေတဲ့ကာလတစ်လျှောက် ခံနိုင်ရည်ကို ဆေးသွားတင်ထား။ မြေကြီးပေါ်မှာမွေးခဲ့တဲ့ဘီလုံးငှက်တွေတောင် ကောင်းကင်ကို ပိုင်စိုးနိုင်သေးရင် မင်းကလူမဟုတ်ဘူးလား။ ငါတို့အားလုံးဟာ ခဏလေးနေပြီးရင် အသက်ကို ထိုးအပ်ရမယ့်အတူတူ သောကတွေကို ပန်းနဲ့ဖုံးထား။ လောဘတွေကို ပရဟိတနဲ့ဖျော်လိုက်။ ဒေါသတွေကို မြောင်းထဲစွန့်ပစ်။ မောဟတွေကို အိပ်မက်ထဲမှာ ချန်ခဲ့။ နောက်ဆုံး အစားတစ်လုတ်အတွက် အစွယ်ထုတ်ဖို့ ဝန်မလေးကြတဲ့ ဒီတိရိစ္ဆာန်ရုံမှာ တကယ့်ကို […]


ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


ko sixSeptember 2, 20181min5285
================= ကိုစစ်(Physics) (1) ငါဟာ မြေဩဇာချို့တဲ့နေတဲ့ ပထဝီဝင်တစ်ခုဖြစ်ကြောင်း မှော်ကြာတစ်ပွင့်လို ရင်ဖွင့်ပါရစတော့။ တောင်တန်းတွေဟာ လူအထင်ကြီးအောင် တည်ဆောက်ထားခဲ့တဲ့ ငါ့ရဲ့ ညံ့ကွက်တွေပါ။ ချောက်ကမ်းပါးတွေဟာ လူလူသူသူဖြစ်အောင် စတေးခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံစာတွေပါ။ မြစ်ချောင်းတွေဟာ လုပ်ကွင်းလုပ်ကွက်ဖြစ်အောင် ပုံဖော်ခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေပါ။ မီးတောင်တွေဟာ ရဲရဲရင့်ရင့်မြင့်မားအောင် တောက်လောင်ခဲ့ရတဲ့ ခံပြင်းတဲ့ ငါ့ရဲ့မြိုသိပ်ခြင်းတွေပါ။ သစ်တောတွေဟာ ပရဟိတလုပ်နိုင်အောင် ရှင်သန်ခဲ့ရတဲ့ ခြေထိုးခံ ငါ့ရဲ့ ဘဝခြောက်တောတွေပါ။ ပင်လယ်တွေဟာ လူတောတိုးနိုင်အောင် လှိုင်းထခဲ့တဲ့ ငါ့ရဲ့ ငံကျိကျိအော်ဟစ်သံတွေပါ။ ဘာပဲဖြစ်ဖြစ် ငါဟာ လူမသိသူမသိနဲ့ မီးသင့်ကျောက်လို မာမာကျောကျော အေးခဲနေခဲ့တာ မြောက်ပြန်လေတွေ တိုက်မလာသေးခင်အထိပေါ့။ (2) ညက မှော်ဆန်တယ်ပဲပြောရမလားပဲ။ ဝင်ရိုးစွန်းအရပ်လို အဆုံးမဲ့ညသံသရာကို မောင်းနှင်နေတယ်။ ပစ်တင်လိုက်တဲ့မြားတွေက မမြင်နိုင်တဲ့ ညနက်နက်မှာ […]


CourageAugust 31, 20181min36747
ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၂ (ဗုံးခွဲခြင်း)           ‘ကိုယ်တော်ရာ ကျွန်တော်တော့ဖြင့် ဟိုနေ့ကလုပ်သွားတဲ့ ရသစာပေစကားဝိုင်းမှာ ဦးဆောင်ဆွေးနွေး သွားတဲ့သူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထက် သမ္မတဟောင်းကြီးကဆွေးနွေးတာကို ပိုပြီးမြင်ချင်တာပဲဗျာ’ ‘ဖူး… ဖလူး… ဖူး’ ကျွန်တော့စကားအဆုံးတွင် တူးဝေးကိုယ်တော်တစ်ယောက် သောက်နေသော ကော်ဖီများပါးစပ်အတွင်းမှ ထွက်ကျလောက်အောင်ပင်သီးသွားသည်။ ‘ဘာတုံးဟ မင်းစကားကြီးက အလန့်တကြားနိုင်လိုက်တာ။ ငါသောက်နေတဲ့ အိတ်စ်ပရစိုတောင်သီးတယ်’ တူးဝေးကိုယ်တော်ရဲ့စကားအဆုံးမှာ အားရပါးရရီမိသည်ကတော့ ကျွန်တော်။ ‘ဟား…ဟား…ဟား။ ဖြစ်မှဖြစ်ရလေကိုယ်တော်ရာ အိတ်စ်ပရစိုတဲ့။ နတ်စ်ကော်ဖီတောင် နို့စိမ်းမပေါက်နိုင်လို့ ပလိန်းပဲသောက်နေရတာများ’ ‘ဟ ဟိတ်ကောင်ရ။ လူဆိုတာကိုယ်ထင် ကုတင်ခြေလေးချောင်းကွ။ ငါ့ပါငါနတ်စ်ကော်ဖီကို အိတ်စ်ပရစို အထင်နဲ့သောက်ရတာ ဘုဂရုစိုက်မတုံး’ ‘ထားပါလေ ထားပါ။ ခင်များပြောသလိုပဲ ကိုယ်ထင်ကုတင်ခြေလေးချောင်းပေါ့’ တူးဝေးကိုယ်တော် ကော်ဖီကို အားပါးတရမော့သောက်လိုက်ပြန်ကာ ‘နေစမ်းပါဦး မောင်ကာကြီးရ။ ဘာတဲ့မင်းစကားကြီးက […]


ဇီဇီAugust 30, 20187min14077
ခုတလော ရောဂါထနေတာတော့… အိမ်တွင်းစိုက်ပျိုးလို့ရတဲ့… စိုက်သင့်တဲ့… စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး 😛 အိမ်တွင်း အိပ်ခန်းတွင်း ရေချိုးခန်းတွင်း မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ … နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။ စပြီ။ ၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။   ၁) Aloe Vera   မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ […]


  “မဟုတ်ဘူး…ဒါက Red Riders တွေနဲ့ ကျင်းပတဲ့ မော်ဒန်ဈာပန ကွ။” ကျုပ်လည်း ထပြီး ကျုပ် အခေါင်းသေတ္တာပေါ် ထိုင်ချလိုက်တယ်။ ပြီးတော့ ကျုပ် မျက်မှန်ဝိုင်းလေး မျက်လုံးမှာ ညှပ်ပြီး လူအုပ်ကို စိန်းစိန်းဝါးဝါး တစ်ချက်ကြည့်ထည့်လိုက်တယ်။ ကျုပ်က ညအိပ်ဝတ်စုံနဲ့။ ဒါပေမဲ့ အုတ်ဂူထဲမှာ အေးမှာစိုးလို့ သားမွေးကုတ်ကြီး တစ်ထည်တော့ ထည့်လာသေးသဗျ။ နွေခေါင်ခေါင်မှာ သားမွေးကုတ်ကြီးနဲ့ ဆိုတော့ ဟိုလူစု နည်းနည်းတော့ ရှိန်သွားမလားပဲ။ သေချာတာ တစ်ခုကတော့ ဟို အစိုးရအကြံပေး အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး အသုဘကို ဘယ်သူမှ စိတ်မဝင်စားတော့တာပဲ။   “သွားကြ..သွားကြစမ်းကွာ…ဒီ အုတ်ဂူနေရာကို ကျုပ်ပိုက်ဆံပေးဝယ်ထားတာ။ ကျုပ်က တရားဝင် သေပြီးသား။ ကိုယ့်ဟာကိုယ် ပျော်စရာလေး လုပ်နေတာ..ဘာဖြစ်လဲ။ ကျုပ်ပိုင်တဲ့ […]


kaiAugust 16, 201897min21798
စာအုပ်စာပေလူ့မိတ်ဆွေLike Page July 24 at 2:27 AM ¡  ကိုင်းလာပြီဗျာ အကြိုက်ဆွဲတော့။ ကြိုက်​နှစ်​သက်​​သော စာ​ရေးဆရာအမည်​ကို ​ရွေးချယ်​၍ ​ပေးထား​သော link ပေါ်မှာ click တချက်​​ပေးလိုက်​ပါ။ စာအုပ်​များ​ပေါ်ထွက်​လာလိမ်​့မယ်​ နှစ်​သက်​ရာ စာအုပ်​ကို ​ရွေးချယ်​ကာ download ပြုလုပ်​ပါရန်​ ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/arnJ0mCBfQXPq ပါရဂူ https://yadi.sk/d/KP57Yo1FfQXPu ပီမိုးနင်း https://yadi.sk/d/0vl8nWw9fQXav ပုံပြင် စာအုပ်များ […]


ko sixAugust 15, 20181min20797
================ ငါ့ကို မင်းနင်းခိုင်းခဲ့တဲ့ အောင်မြေသာစံက လောင်ဂျီကျူ့ဘယ်လောက် လတ်တီကျူ့ဘယ်လောက် ဆိုတာ ငါမသိဘူး။ မင်းကျွေးခဲ့တဲ့ ထမင်းကျော်က ကယ်ရီကေချာထုံမွန်းထားတဲ့ အရသာမှန်းတော့ သိတယ်။ မင်းဧည့်ခံခဲ့တဲ့ ကျောင်ဆစ်မှုန့်တွေက မြန်မာရနံ့လိုလိုနဲ့ အနုပညာကို အသက်ရှူကျတ်တယ် မင်းပို့ခဲ့တဲ့ ၇၆ လမ်း ကုန်းဆင်းတစ်ခုက ဒဏ်ရာ ခုထိ ဇစ်ပိတ်မရသေးဘူး။ မင်းတိုက်ခဲ့တဲ့ ဂေါဝန်ဆိမ်းကမ်းက နန်းကျသွားတဲ့ ခြေသံကို ငါမူးယစ်နေတုန်း။ ဒီထက်ဆိုးတာ ပြောမယ်ကွာ မင်းနဲ့ငါ ကြည်ညိုလွန်းတဲ့ ဘုရားကြီးကို ကျောပေး နေ့လည်ကြောင်တောင်မှာ ယမ်းငွေ့တွေစူးနေတဲ့သွေးက ဒီမြို့ဟာ ယောယုဝ ဂိတ်တံခါးလား။ ဆရာ ဝင်းသူရကိုတော့ အားနာပါရဲ့ ဆရာ့ဇာတိက ဘီလူးမကြောက်တဲ့မြို့ဆိုတာ လက်ခုပ်တီးခဲ့ပေမယ့် လူလူချင်း ကြောက်နေရတဲ့ပုံက ရိုးရိုးသားသားစိတ်တွေကို ပြောင်ပြောင်းတင်းတင်း ဆင်ဆာ အဖြတ်ခံနေရသလိုမျိုးဆိုတော့ ဒါဟာ ကျုံးရှိနေသေးတယ်ဆိုတဲ့ […]


ကျုပ် မသေခင် သုံးရက်လောက်မှာ Red Riders အဖွဲ့ကို ပို့စကဒ်လေး တစ်ခု ပို့လိုက်တယ်။ သို့ပေသော်လည်း ဒီဇာတ်လမ်းက ဘာလင်မှာ ဖြစ်ခဲ့သင့်သဗျ။ ဘာလင်သားများ ပေါ့လေ။ ဘာလင်သား သုံးစားမရတဲ့ လူကြီးလူကောင်းများ။ သူတို့က တစ်ခုခု ဖြစ်မြောက်အောင်လုပ်ချင်ရင် ခြေမြန်တော်ကလေးများ အဖွဲ့ကို လွှတ် လိုက်တာပဲ။   ဒီဇာတ်လမ်း ဘာလို့ ဘာလင်မှာ မဖြစ်ခဲ့သလဲ ခင်ဗျားတို့ သိပါလိမ့်မယ်။ ကျုပ်က Red Riders အဖွဲ့ကို ဘာကြောင့် စာရေးလဲ ဆိုတော့ နာမည်ကိုက မိုက်တာ။ ဘိုက်ကာ ကြီးတွေ။ ခြေမြန်တော်လေးများ လို မဟုတ်ဘူး။ သူတို့သာ စာရေး ပို့လိုက်ရင် လွှင့်ပစ်မှာ။စာထဲ ဘာရေးထားလည်း ဆိုတော့ –   “ဤစာရပြီး […]


CourageAugust 13, 20181min45269
ပေါက်ပန်းလေးဆယ် စကားဝိုင်း           ‘ဒီလိုရှိတယ် မောင်ကာကြီးရ’ တူးဝေးကိုယ်တော်တစ်ယောက် ဒီလိုစကားစလိုက်ပြီးဆို ဆက်လာမယ်စကားက အကောင်းအကန်းတော့မဟုတ်။ ပေါက်ပန်းလေးဆယ်တွေဖြစ်မယ်ဆိုတာ မောင်ကာကြီးက ခန့်မှန်းပြီးသားပါ။ ‘ဒီခေတ်ကြီးမှာ မိန်းမတွေက ပိုက်ဆံမရှိတာ မအောင်မြင်တာပဲကောင်းတယ်ကွ’ အလို ဒီဘဲကြီးထူးထူးဆန်းဆန်းစကားတွေဆိုလို့ပါလား။ ‘ကိုယ်တော့စကားကြီးကလဲမဟုတ်သေးပါဘူးဗျာ။ ဘယ်နှယ့် လူပဲဗျာ… ပိုက်ဆံရှိချင် အောင်မြင်ချင်တာပဲလေ။ ဒီလို ဆန္ဒတွေပြည့်သွားမကောင်းဘူးလား’ ‘နိုးနိုး… မကောင်းဘူး။ ပုဂ္ဂိလိက ဆန္ဒအရတော့ ကောင်းချင်ကောင်းပေမယ့် တို့တိုင်းပြည်တို့ဘာသာတို့ယဉ်ကျေးမှုအတွက်တော့ လုံးလုံးကိုမကောင်းဘူး။ ဘာကြောင့်ဆို မိန်းမတွေက ပိုက်ဆံရှိလာ အောင်မြင်လာရင် ပေါ်ပေါ်လှော်လှော်တွေအပြိုင်ဝတ် အရှက်တွေအပြိုင်ကင်း ဟိုဟိုဒီဒီလမ်းသလားနံ့ကျောစွဲပြီး ယဉ်ကျေးမှု၊ဘာသာရေး စံနှုန်းတွေနဲ့ဝေးဝေးလာကျရော’ သူ့စကားတွေက တော်တော်တော့ တော်တော်ဖြစ်နေပြီး။ ‘ဒီလိုကွာ။ မင်းပဲသေချာစဉ်းစားကြည့်။ မင်းပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့လူနဲ့ပိုက်ဆံမရှိတဲ့သူ ဘယ်သူကပိုပြီး ရင်ပေါ်တွေတင်မလုံတွေအဝတ်များလဲ’ ‘အင်း… ပိုက်ဆံရှိတဲ့လူတွေပိုများမယ်ထင်တယ်’ ‘အေး… ပြီးတော့ အောင်မြင်တဲ့သူနဲ့ […]


ko sixAugust 12, 20181min22938
••••••••••••••••••••••••••••••••• အကုသိုလ်ကို စိတ်သွားတိုင်းကိုယ်ပါ ကျင့်သားရနေတဲ့လူက စည်းဝိုင်းထဲကနေ စိန်ခေါ်တယ် ငါက တစ်ခွန်းတည်းနဲ့ ကိုယ့်တိုင်ကို တည့်မတ်လိုက်တယ် ရန်သူစစ်စစ်မဟုတ်ပါဘဲ ထိုးကြိတ်ရတဲ့ အားကစားကို အမုန်းဆုံးလို့။ ဒါကပဲ လူရွံစရာ အထာဖြစ်သွားသလား ဒါကပဲ ခပ်နိမ့်နိမ့်စီးနေတဲ့ မုန်လာခင်းတဲ့လား။ ဒါကပဲ ဝမရှိဘဲ ဝီခေါ်အောင်မောင်းနေတဲ့ လေတဲ့လား။ ဒါကပဲ အပျင်းပြေချနင်းခံနေရတဲ့ တောသား စာလုံးဖြစ်သွာရောလား။ ဒါကပဲ တန်းဆင်းဇုံက ကျောနံပါတ် ၁ဝ တဲ့လား။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီအတွက်နဲ့တော့ ခင်ဗျားအညံ့တွေ လာမရောပါနဲ့။ ခင်ဗျားရှူနေတဲ့ တစ်မူးဖိုးမှာ ကပ်ကိုဘိန်းလိုပဲ ပွဲထွက်လာစေဦးတော့ ဒီအနွတ္တညာမျိုးက မိန်းမလျာလက်ကိုင်တုတ်လို မေးငှေါ့တတ်ရုံလောက်ပဲ ထိုးချက်ပြင်းတာပါ ဥက္ကာမင်းမောင်ရယ်။ ကိုစစ်(Phys) 12.8.2018 Sun, 11 h 22 m