၁။ ကျွန်တော်ကသင်္ဘောသားဆိုတော့.. သင်္ဘောစလိုက်ကတည်းကတစ်ခါမှရန်ကုန်မှာသင်္ကြန်ဆိုတာကြီးနဲ ့လုံးလုံးဆုံကိုမဆုံဖြစ်တော့ပါ။ သင်္ကြန်ရောက်ရင်.. အမြဲသင်္ဘောပေါ်ကြီးမှာပဲဆိုတော့.. ဒီနှစ်သင်္ကြန်တော့ရန်ကုန်မှာရှိတုန်းရှိခိုက်အမုန်းကဲမယ်ဆိုပြီးမဏ္ဍပ်ကောင်းကောင်းတစ်ခုမှာဒီနေ ့ပဲသူငယ်ချင်းဘော်ဒါတွေနဲ ့All day ticketဝယ်ပစ်ပလိုက်တယ်။ ၂။ သင်္ကြန်ရက်ကိုကျရောက်လို့လာပါပြီ။ မဏ္ဍပ်ပေါ်မတက်သေးဘဲ.. ပြည်လမ်းရဲ ့မဏ္ဍပ်ရှေ ့မာလာဆောင်ရှေ ့မှာပဲဘော်ဒါတွေ အတူစုပြီးစားသောက်နေလိုက်ကြသေးသည်။ မာလာဆောင်ရှေ ့မှာစားသောက်ဆိုင်တန်းတွေကအလျှံအပယ်။ ကိုယ့်အုပ်စုနဲ ့ကိုယ်ထိုင်ကြစားကြသောက်ကြစကားပြောကြနှင့်။ မဏ္ဍပ်ကလည်း၉နာရီထိရေမဖွင့်သေးဘဲ.. သီချင်းတွေအကျယ်ကြီးဖွင့်ထားတာဆိုတော့.. စားလို့သောက်လို့ကလည်းကောင်းနေရောပေါ့.အမျိုးအစားအစုံအလင်နဲ ့လှပနေကြတဲ့ကောင်မလေးတွေဆိုတာလည်းပေါရောပေါ့.. ခုမှပဲတစ်နေရာထဲမှာအပြည့်အဝဖီလင်ကလည်းကောင်းနေရော။ တစ်နေကုန်ကိုမဏ္ဍပ်ပေါ်မတက်ဘဲအောက်မှာသယ်ရင်းဘော်ဒါတွေနဲ ့စကားပြော၊ အရက်ထိုင်သောက်၊ ဖြတ်သွားဖြတ်လာစကီလေးတွေကိုလည်းရှိုးနေရတာ.. .. တယ်ကောင်းတဲ့ဖီးလ်ပဲ။ ၃။ သင်္ကြန်ဒုတိယနေ ့ကိုရောက်လို ့လာပါပြီ။ ဒီနေ ့လည်းဘော်ဘော်တို ့ကမတက်သေးဘဲအောက်မှာပဲစားလို့သောက်လို့ကောင်းနေပြန်ရော။ ဒီနေ ့တော့.. ၁၁နာရီမှမဏ္ဍပ်တက်ကြမယ်ဆိုပြီးမဏ္ဍပ်ပေါ်တက်.. လူတွေကလည်းပြည့်ကျပ်ညပ်။ DJကလည်းကောင်းတစ်ချက်မကောင်းတစ်ချက်နဲ ့ကရတဲ့ဖီးလ်ကမကောင်းလာတော့အကုန်သူအောက်ကိုပဲပြန်ဆင်းကြတော့တယ်။ ကျွန်တော်တို့ နေ ့လည်စာစားနေကြတဲ့အချိန်မှာ ကောင်မလေး၂ယောက်နဲ ့ကောင်လေး၁ယောက်ကျွန်တော်တို့ ဝိုင်းထဲကို ရောက်လာကြတယ်။ ကျွန်တော့်ဘော်ဒါတစ်ယောက်နဲ […]