“ထွန်းကျော်ဆေးရုံတင်ထားရတယ်” မင်းနိုင်ကျောင်းရောက်ရောက်ခြင်းနှင်းထံသတင်းပို့သည်။ ရွက်သစ်က “ကောင်းတယ် ဒီလိုကောင်သေရမှာ သူများကိုစိတ်ထိခိုက်အောင်လုပ်ထားတာ” “ကိုမင်းနိုင် ထွန်းကျော်ဘာလို့ဆေးရုံတင်လိုက်ရတာလဲ” “ကျောက်ကပ်မကောင်းလို့တဲ့ နှင်း။ မွေးရာပါကျောက်ကပ်အားနည်းတာလေ။ တစ်နှစ်တစ်ခါ ကျောက်ကပ်ဆေးနေရတာ။ ကျောက်ကပ်ဆေးရမယ့်ရက်မရောက်သေးပေမယ့် စိတ်ကြောင့်ထင်တယ် ရောဂါဖောက်လာတယ်လို့ပြောရမှာပေါ့” “အဲဒါကကုလို့မရဘူးလား၊ မပျောက်တော့ဘူးလား” နှင်းတစ်ယောက် မိမိချစ်သူရောဂါဝေဒနာခံစားနေရသည်ကို ကြားရရုံဖြင့် ဘယ်လိုမှမခံစားနိုင်တော့ပါ။ “ပျောက်ဖို့အလားအလားမရှိဘူး အခြေအနေကပိုဆိုးနေတယ်တဲ့။ ကျောက်ကပ်အစားထိုးမှရမှာတဲ့။ အခုသူ့အမေတို့က ကျောက်ကပ်အလှူရှင်စုံစမ်းနေကြတယ်” နှင်း ….မျက်ရည်များက အသိမပေးခြင်းမရှိပါပဲ မျက်ဝန်းအိမ်ထဲကနေအလိုလို စီးကျကာနေတော့သည်။ ရင်ထဲတွင်လည်း အမည်ဖော်၍မရသော ခံစားချက်များ ဗျောင်းဆန်ကာနေလေတော့သည်။ ×××××××××××××××××××××××××××××××××××××××××××××× နှင်းသူငယ်ချင်းများကို မပြောဘဲ တစ်ယောက်တည်းဆေးရုံကိုထွက်လာခဲ့သည်။ ထွန်းကျော်အခန်းရှေ့မှထွန်းကျော်ကိုချောင်းကြည့်လိုက်သည်။ ထွန်းကျော်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ ထို့နောက် ထွန်းကျော်၏ ဆရာဝန်ထံထွက်လာခဲ့သည်။ “သမီးရဲ့ကျောက်ကပ်က လူလေးအတွက်အဆင်ပြေပါတယ်သမီးရဲ့ ဒါပေမယ့် ……” “ဒါပေမယ့်….ဘာဖြစ်လဲဆရာ” “ဒါပေမယ့် သမီးမှာ ကျောက်ကပ်ကတစ်ခုပဲရှိတာတွေ့တယ်။ သမီးငယ်ငယ်ကကျောက်ကပ်လှူဖူးတာရှိလား” “ဟင့်အင်းတစ်ခါမှမလှူဘူးပါဘူးဆရာ” […]