ကိုယ့်ချစ်သူကို ယုံကြည်လွန်းသော မိန်းကလေးများနှင့် ဆိုရှယ်မီဒီယာအကောင့်များ၏ လုံခြုံရေးကို သတိမပြုကြသော မိန်းကလေးများအတွက် ဤစာစုများကို ချရေးဖြစ်ခဲ့ပါသည်။ တစ်နေ့သား ကျွန်မ facebook သုံးနေခိုက် ကျွန်မသူငယ်ချင်း ယုယ၏ အကောင့်မှ ပုံတစ်ပုံတက်လာသည်။ လုံချည်ရင်လျားနှင့် သူ့ကိုသူ ပြန်ရိုက်ထားသောပုံဖြစ်သည်။ မလှမ်းမကမ်းတွင် ထိုင်နေသောသူ့ကို ကျွန်မ လှမ်းအော်သည်။ “နင် ဘာတွေလျှောက်လုပ်နေတာလဲ.. ဘာလို့ ဒီလိုပုံကို တင်တာလဲ… နင်ရူးနေလား” တစ်ခြားသူငယ်ချင်းများပါ ကျွန်မထံပြေးလာကြပြီး သူ့ကိုဝိုင်းမေးကြသည်။ သူကတော့ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ငိုနေသည်။ ကျွန်မသိလိုက်ပြီ။ ထိုပုံကိုတင်သူသည် ယုယမဟုတ်၊ သူ့ကောင်လေးပင် ဖြစ်သည်။ သူတို့ (၂) ဦးကြားတွင် facebook သုံးခြင်းနှင့် ပတ်သက်ပြီး မကြာခဏပြဿနာတက်ကြသည်ကို ကျွန်မ ကြားဖူးထားသည်။ ယုယ၏ account password များကို […]


လွန်ခဲ့သော ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်ခန့်က တစ်ခုသော ဆောင်းညတွင် ကျွန်ုပ် နှင့် ငယ်သူချင်းတစ်ဦးတို့သည် မြို့ဘူတာရုံဝင်းနှင့် တဆက်တည်းရှိသော ဘီယာဆိုင်သို့ သွားရောက်ကြလေသည်။ ချမ်းအေးလှသောကြောင့် ဆိုင် အတွင်းတွင် ထိုင်စရာပင် မရှိချေ။ နှင်းတရွှဲရွှဲနှင့် ဝင်းထဲမှာပင် ထိုင်ရပေတော့မည်။ ဆိုင်အပြင်ဘက် ဝင်းထဲတွင် ကျွန်ုပ်တို့နှစ်ဦးသာ ရှိလေ၏။ ကျွန်ုပ်၏ သူငယ်ချင်းမှာလည်း လွန်စွာ နှုတ်ဆိတ်သော လူမျိုးဖြစ်ရာ ပျင်းရိဖွယ်ရာ ဖြစ်နေလေသည်။ သို့သော် ၎င်းမှာ ဘီယာသုံးခွက်ဝင်လျှင်မူ ကမာ္ဘ့အငြင်းအသန်ဆုံး လူ တစ်ယောက် ဖြစ်လာပေမည်။ ယခုမူ ပထမဆုံး ဘီယာခွက်ကို ကသိုဏ်းရှုလျက်ပင် ရှိရကား အချိန်များစွာ လိုသေး၏။ ကျွန်ုပ်လည်း ဘီယာဆိုင်လုလင် ကရင်ကလေး ကို ခေါ်၍ ထွေရာလေးပါး လျှောက်ပြောနေရလေသည်။ ကရင်ကလေး မှာ လူပျိုပေါက်အရွယ်မျှ […]


sorrowMarch 5, 20161min1548
လူသားတွေရဲ့ကမ္ဘာက တိုးတက်လာတာနဲ့အမျှ .. လူသားရဲ့လောဘ နဲ့မောဟ ဝါကြွားလိုမှုနဲ့ မာနက .ပိုပိုကြီးမားကျယ်ပြန့်လာတယ်… သို့သော်…ကမ္ဘာဟောင်းရဲ့ လူတွေကြားမှာ အချင်းချင်းသိရှိနိုင်မှုက အကန့်အသတ်နယ်နမိတ် တစ်ခုအနေနဲ့ပဲ ရှိနေတုန်းပဲ ….အဲ့တာနဲ့ လူသားတွေက…မဆုံးနိုင်တဲ့ဝါကြွားမှုနဲ့ လောဘ တွေအတွက် ကမ္ဘာအတုတစ်ခုကို ဖန်တီးလိုက်ကြတယ်..ကမ္ဘာအတုက.လူသားလောဘကနေ ဖန်တီးလိုက်တဲ့ အပြောင်မြောက်ဆုံးလက်ရာတခုပါပဲ …. အရင်ကမ္ဘာဟောင်းရဲ့ ဆက်သွယ်ရေးကိရိယာတခုက ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေဖြစ်လာတယ်…အပြိုင်အဆိုင်က ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေကစတယ်… တံဆိပ်အမျိုးမျိုး …အဆင့်အတန်းအမျိုးမျိုးနဲ့ …သော့တစ်ချောင်းအတွက်…ဘဝအပျက်ခံရဲတဲ့သူတွေတောင်ရှိလာကြတယ်… လူသားတွေရဲ့ မသိစိတ်ကဖြစ်တည်နေတဲ့ …အချင်းချင်း ရန်လိုမှုတွေ… ကြွားဝါလိုမှု ..အတုအယောင်တွေအကုန်လုံးက ကမ္ဘာအတုထဲမှာလွတ်လပ်စွာချပြလို့ဖြစ်နိုင်ပါတယ်..လူသားတဦးစီတိုင်းအတွက်…မာန..လောဘ..ဒေါသတွေကို ချပြနိုင်တဲ့ ..နံရံတံတိုင်းတခုစီ ..ကမ္ဘာတုထဲမှာပြိုင်ဆိုင်ကြတယ်…. နာမည်အမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ….အရောင်အဝါအပြည့်နဲ့ ..နတ်သား.နတ်သမီးတွေလိုမျိုး …ကမ္ဘာအတုထဲမှာ စစ်မှန်မှုဆိုတာ တခုမှမရှိပါဘူး…ချီးကျူးသံ ..အားကျသံဆိုတာတွေကလဲ …တကယ်တမ်းတော့ စွဲမက်စေတဲ့ ပျားရည်ဆမ်းထားတဲ့အဆိပ်တခုသက်သက်ပါပဲ… လူသားတွေရဲ့ထူးဆန်းတဲ့စိတ်က …ကိုယ်ခန္စာလှပတဲ့သူတွေက […]


တစ်ခါတုန်းက ပုံပြင်အသစ်တွေ မကြားဖူးတဲ့ မောင်ထူးဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ အုန်းမောင်း ခေါက်တော့ ထုံးစံအတိုင်း မောင်ထူးနိုးပြီ။ ချက်ချင်း ဆိုသလိုပဲ သူသတိရပြီး ဝမ်းနည်းလာတယ်။ အမှောင်ထုထဲ မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်ရင်း ကြေကွဲမှုဟာ ဒီ အမိုက်မှောင်လို သူ့ကို လွှမ်းခြုံထားတယ်လို့ ထင်မိလာ တာပဲ။ ခဏနေတော့ နို့ဆီခွက်ဟောင်းပေါ်ကဖယောင်းတိုင်တိုကို ထွန်းပြီး မီးတောက် ကို ငေးပြန်တယ်။ မီးတောက်ကလေးထဲ မှာ ဘာတွေ မြင်ရပါ့။ အဝါရယ်၊ လိမ္မော်ရယ်၊ ပြာလဲ့လဲ့ရယ်၊ ပြီးတော့မီးစာနက်နက်။ တစ်ညလုံး သူငိုနေခဲ့တာ။ ခုတော့ ဝမ်းနည်း မှုက အစိုင်အခဲကြီးလို ရင်ထဲမှာ ကြပ်ဆို့ လေးလံနေတယ်။ မနေ့က သူ့ဂဏန်းပေါင်းစက်ကလေး ပျောက်သွားတယ်လေ။ ရိုးရိုး ဂဏန်းပေါင်းစက်တော့ မဟုတ်ဘူးပေါ့။ နည်းပညာကောလိပ် […]


alinsettJanuary 25, 20163min28218
                                      ============================ A သူသည် A ဆိုသော အမည်ဖြင့် Bank ကြီးတစ်ခု၏ မန်နေဂျာချုပ်တာဝန် ထမ်းဆောင်နေသည်။ အလုပ် အင်မတန်များသော သူ့ကို သည်နေ့မနက် တွေ့ခွင့်မှ မရလျှင် ဘဏ်ကို မီးရှို့ပြာချပစ်တော့မလို အသည်းအသန်ဖြစ်နေသော အမျိုးသမီးတစ်ယောက် ဘဏ်ထဲရောက်နေကြောင်း သတင်းလာပို့သောအခါ… သူ…အလွန်တရာ စိတ်ရှုပ်သွားပါသည်။ သို့သော် ထိုအမျိုးသမီးသည် အရေးကြီးသော အကြောင်းကိစ္စတစ်ခုခု ရှိ၍သာ ဤမျှတောင်းဆိုသမှု ပြုခြင်းဖြစ်မည်ဟု တွေးမိပြီး… သူ…ထိုအမျိုးသမီးနှင့် တွေ့ဆုံဖို့ လက်ခံလိုက်သည်။ ————————— […]


alinsettDecember 28, 20154min32313
D = Drama story ************************** အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊ .မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊ .မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊ ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊ ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊ သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ —မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ—  ပေးကြ ရကြသည်၊၊ .ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ […]


mgsaiDecember 4, 20151min1474
ကျောင်းကို တော့အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး။ ဇတ်လမ်းဆက်ကြစို့ ကျွန်တော်တို့ ကျောင်းတွေမှာ ခေတ် ဆိုတာရှိတယ်။ ကြုံဖူးကြလား၊ အရုပ်ခေတ်တို့၊ ပုံကဒ်ခေတ်တို့၊ ဘောလုံးခေတ်တို့ တစ်ခါတစ်လေ အီစွတ်ကြိုး ခေတ်ဆိုတာတောင်ရှိပါတယ်။ ခေတ်တစ်ခေတ်ကို သတိထားမိသလောက် တစ်လ၊ အလွန်ဆုံးကြာ နှစ်လပဲခင်ဗျ။ ပြီးရင်တော့ အဲဒီခေတ်ကုန်သွားပြီး နောက်ခေတ်တစ်ခေတ်ကူးပြောင်းပါတယ်။ ကျောင်းဖွင့်ခါစ မိုးတွင်းတို့လို အချိန်တွေမှာ သေချာကစားလို့မရဘူး။ ဘောလုံးကန်လို့မရဘူး၊ မိန်းခလေးတွေဆိုလဲ ကြိုးခုန်တာတို့ ဘာတို့မရဘူး။ အဲဒီတော့ မှတ်မိသလောက် အဲဒီအချိန်ဆို ပုံကဒ်ခေတ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကိုရီးယားကားဆိုတာ စပြီးခေတ်စားလာတော့ ကိုရီးယားကားထဲက မင်းသားမင်းသမီးပုံတွေ၊ ပါဝါရိန်းဂျားကလဲ ခေတ်တော်တော်စားတော့ ပါဝါရိန်းဂျားပုံတွေ၊ ကာတွန်းကားထဲက ပုံတွေကို ကတ်ထူပြားမှာ ထုတ်ပြီး၊ ပုံ ၈ဝ ပါတဲ့ကတ်ပြားတစ်ပြားကို ၅ဝ နဲ့ ရပ်ကွက်ထဲက ဆိုင်တွေမှာရောင်းပါတယ်။ အဲဒါတွေကို ဝယ်ပြီးတဲ့ ကတ်ကြေးနဲ့ဖြတ်၊ပုံတောင်မှ အသေး၊ အကြီးကပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးအရှိဆုံးကတော့ ပုံကဒ်အကြီးရဲ့ နောက်မှာ သီချင်းစာသားတွေရေးထားတဲ့ပုံကဒ်ပါ။ ကျောင်း ကော်ရက်ဒါ တွေမှာ မြေဖြူကို ရေဆွတ်ပြီး လေးထောင့်ကွက်လေးဆွဲ၊ ပြီးရင်ပုံတွေထပ်ပြီးတော့ ဖိနပ်နဲ့ ပုံထုတ်တမ်းဆော့ကြပါတယ်။ […]


mgsaiDecember 1, 20151min27910
သူ့နာမည်က ဒေါ်ပြောင်းဖူး။ အားလုံးက ခေါ်တဲ့ နာမည်ပေါ့။ အသက်က ၄ရနှစ်။ ကလေးက ၄ ယောက်။ ယောက်ျားက အရက်သမား လေဖြတ်။ အလုပ်အကိုင်ကတော့ ကျောက်တော်ကြီးဘုရားမှာ မုန့်တီတို့ အသုပ်တို့ ရောင်းတယ်။ အရင်တုန်းက ပြောင်းဖူးပြုတ်ရောင်းတော့ အနားက ဈေးသည်အားလုံးက ဒေါ်ပြောင်းဖူးလို့ပဲ ခေါ်ကြတယ်။ တစ်နေ့ ကျောက်တော်ကြီးဘုရား ချစ်ချစ်နဲ့သွား၊ ဗိုက်ဆာလာတော့ အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်တာပေါ့။ ထိုင်ဖြစ်တော့ ထုံးစံအတိုုင်းအသုပ်နဲ့ မုန့်တီမှာတာပေါ့။ အဲဒီမှာ ကလေးလေး နှစ်ယောက်က ပန်းကန်လေးတွေနဲ့ အစုံသုပ် ၁၀ဝ ဖိုးနှစ်ပွဲဆိုပြီးတော့ လာဝယ်ကြတာ။ ကျွန်တော်လဲကြည့်နေတာ အဲဒီအဒေါ်ကြီးရဲ့ ၁၀ဝ ဖိုးကလဲ ပုံမှန်ပွဲလောက်ပဲ သုပ်ပေးပြီးတော့ ဟင်းရည်ပါ အိတ်နဲ့ ထည့်ပေးနေတာ။ ကျွန်တော်က ကလေးတွေလဲပြန်ထွက်သွားရော ” အဒေါ်ကြီး ၁၀ဝ ဖိုးကလဲ များလိုက်တာ ” လို့ပြောလိုက်တာပေါ့။ ” အန်တီတို့ကလဲ တစ်ပွဲကို ၂၀၀ ရောင်းတာပါ။(အခြား အသုပ်ဆိုင်တွေ တစ်ပွဲကို သုံးရာကနေ ငါးရာအထိ ဈေးရှိပါသည်) […]

2-600x310.jpg

mgsaiNovember 30, 20151min2257
ပို့စ်တွေ မတင်တာကြာလို့ လာတင်ပြဇေ ကျွန်တော်ငယ်ငယ်က အ.လ.က(၉) ထောက်ကြန့်မှာ တက်ခဲ့ရတာ။ အဖေက ဝန်ထမ်းဆိုတော့ အိမ်ခဏခဏပြောင်းရတာ။ ထောက်ကြန့်မှာ ၆တန်း၊ရ တန်း တက်ခဲ့ရတာလေ။ အဲဒီကျောင်းကို သိတဲ့သူတွေလဲရှိပါလိမ့်မယ်။ ထောက်ကြန့်မရောက်ခင် ကျောင်းဂိတ်ဆိုတဲ့ ကားဂိတ်ကပါ။ ကျောင်းရဲ့ လိုကေးရှင်းလေးကိုလဲ နဲနဲမိတ်ဆက်ပေးပါရစေ။ ကျောင်းရဲ့ အနောက်ဖက်မှာတော့ စွန့်ပစ်သွားတဲ့ အနူဆေးရုံကြီး ခင်ဗျ။ လူလဲ တစ်ယောက်မှ မရှိဘူး (အခုတော့ သင်တန်းကျောင်းဆိုလား ဘာလားဖြစ်သွားပြီဆိုပဲ)။ ပြီးတော့ ဘောလုံးကွင်းကြီးရယ်။ တစ်မြို့လုံးကို မြင်နိုင်တဲ့ ရေစင်ကြီးလဲရှိတယ်။ ကျောင်းရဲ့ ဘေးမှာတော့ ကွင်းပြင်ကြီးတွေ (တစ်ခါတစ်ရံ ပန်းတွေ ဘာတွေလာစိုက်ကြသည်) ရယ် ပြီးတော့ ကျွန်းတောကြီးတစ်တောရှိတယ်။( အခုတော့ ကျူးကျော်တွေလားမသိ တောထဲအိမ်ဆောက်ထားကြတာ ကျူးတော ဖြစ်နေပါပြီ)။ အဲ့တုန်းက ကျွန်းတောကြီးဟာ လူသူမရောက်ပါဘူး။ အရမ်းထူထပ်တယ်။ အဲဒီကျွန်းတောကြီးနဲ့ သိပ်မကွာဝေးတဲ့နေရာမှာ ချောက်ကြီးရှိပြီး အောက်မှာ စမ်းရေတွေ ထွက်ပြီး ကြည်စိမ်းနေတာ။ ရေကလဲ လူတရပ်လောက်နက်တော့ ကျောင်းသားတွေ ရေသွားသွားကူးတဲ့ အိုအေစစ်လေးပေါ့။ ကျွန်တော်တို့ ရတန်းတက်တော့ ခေတ်စားတာက ဟယ်ရီပေါ်တာ ဇတ်ကား။ အဲ့ကားကို ကလေးတွေ အကုန် […]


တောင်ပေါ်သားSeptember 23, 20151min2308
ငယ်သူငယ်ချင်းဆိုတာ အတော့်ကို မေ့ခဲစရာ သူငယ်ချင်းမျိုးလို့ ကျနော် ယုံကြည်ပါတယ် ၊   ကျနော့်မှာလည်း ငယ်ငယ်က တကယ် ခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ရှိခဲ့ဘူးပါတယ် ၊   တစ်ယောက်က ကမ်းနားပိုင်းမှာ နေတဲ့ ရှမ်းအနွယ် ၊ နောက်တစ်ယောက်ကတော့ မီးသတ်ရုံးနားမှာနေတဲ့ ကချင်လေးတစ်ယောက်ပေါ့ ၊   ကျနော်က ရွှေကူမှာ မွေးခဲ့ပေမယ့် အသက် ၈ လသားကတည်းက ဗန်းမော်ကို ရောက်လာသူပါ ၊   ကျနော်တို့ တက်ခဲ့တဲ့ကျောင်းကတော့ ဗန်းမော် အ ထ က ၁ ပါပဲ ၊   ကျနော်နေတာက ကျောင်းနဲ့ မဝေးလှတဲ့ ဂေါ်ရာကန်ဘေးက ဂျူဗလီလမ်းမှာပါ ၊ […]


mgsaiSeptember 18, 20151min1767
ကျွန်မနာမည်လား မိချမ်းလေ မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။ ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။   အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။ တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။ အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ […]

Chicken-Shit.jpg

mgsaiSeptember 16, 20151min2116
ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။ ” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစာ္ဆန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။ ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။ ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။ ” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစာ္ဆန်တွေ […]


လုံ၍ ခြုံသော   “ချက်…. ချက်…. ချက်” တိတ်ဆိတ်မှုမှာ ထွက်ပေါ်နေတဲ့နာရီလက်တံရဲ့ ရွေ့လျားသံ ဟာ ကျွန်မကို သတိပေးနေလိုလို။ ကွန်ပျူတာကိုပိတ် နာရီကိုမော့ကြည့်မိတော့ (၈)နာရီနဲ့ (၂၇)မိနစ်။ ပိတ်စရာရှိတဲ့ ခလုတ် တွေကိုပိတ် အားလုံးစစ်ဆေးပြီး ရုံးအပြင်ကို ထွက်ခဲ့လိုက်တယ်။ ညမီးရောင် မှိတ်တုတ်မှိတ်တုတ်နဲ့ အတူ ရန်ကုန်မြို့ရဲ့ ညအလှက ခပ်ဝါးဝါးပဲ။ ဒီနေ့ဟာ အရင်ညတွေနဲ့မတူ လမ်းမပေါ်နဲ့ မုန့်ဆိုင် နဲ့ သောက်စားလို့ ရတဲ့ဆိုင်တွေမှာ လူစည်ကားနေတယ်။ ဟုတ်တယ် ဒီနေ့က ပေးဒေးဆိုတဲ့ လစာထုတ်ရက်ပါပဲ။ ကျွန်မအတွက် သာမာန်နေ့တွေလိုပဲ ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်တယ် ဘတ်စ်ကားအလာကိုစောင့်နေလိုက်တယ်။ သာမာန်နေ့တွေနဲ့ မတူတာ တစ်ခုပဲရှိတယ်။ ပေးဒေးမို့ ရတဲ့လစာ တစ်လစာဟာ ကျွန်မရဲ့ လက်ဆွဲအိတ်ထဲမှာ ဆိုတာပါပဲ။   […]