Charm BoyApril 10, 20122min44121
တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမဝန်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။ တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမဝန်ဈေးမီလောက်ကျွမ်းမှုကြောင့် လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃ဝ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိပါသည်။ ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရသည်။ From : ELEVEN MEDIA GROUP FACEBOOK http://www.facebook.com/ElevenMediaGroup    


ဂ်စ္စူApril 8, 20121min29124
ဒီရက်ပိုင်း ခပ်ပျင်းပျင်းရှိသော နေ ့ရက်များပါပဲဗျာ..နဂိုထဲက ငပျင်းဖြစ်တာလဲ ပါသပေါ့လေ။ ပြီးတော့..အူးချောတို ့လို အပျင်းပြေ ဟန်းနီးမွန်းခရီးလဲ မထွက်နိုင်၊ဦးနိုတို ့လို ကာဒါအိုခေ အနှိပ်ခန်းသွားရင်သွား မသွားချင်လဲ အဲကွန်းလေး အေးအောင်ဖွင့်၊အင်တာနက်သတင်းလေးကြည့် ၊ဘီယာအေးအေးလေးသောက်ပြီး ဇိမ်ခံရအောင်လဲ ဘဝပေးကံကမကောင်း၊ မန်းလေးက အူးပေလို ဘောပွဲလေးလောင်း၊အချိန်မှန် ဘီယာလေးစုပ်နေနိုင်အောင်လဲ ကျောက်အရောင်းအဝယ်က မကောင်းလှပြန်တော့လဲ ကျနုပ်ဗိုက်ခလေးခမျာ အင်္ကျ ီလေးချွတ်၊ပုဆိုးလေးတလှပ်လှပ် ယပ်တောင်လေးတခပ်ခပ်နဲ ့ ပူလောင်လှတဲ့ လောကဓံကြီးကို ငြီးငွေ ့စွာ ဖြတ်သန်းနေရရှာသပေါ့ဗျာ။ ဘဝကပူရတဲ့ကြားထဲ လက်ကမြင်းကျောထ လျှောက်လျှောက်ကလိရာက ကိုယ့်ထက်ပူတဲ့လူတွေ အမြင်မတော်ရာလေးတွေ မြင်ရကြားရပြန်တော့လဲ ဒီမိုကဒေစီခေတ်ကြီးကို လျှောက်လှမ်းနေကြချင်းအတူတူ ရွာစားတို ့ကိုလဲ အပူလေးတွေ၊အမြင်မတော်တာလေးတွေ တန်းတူခံစားနိုင်အောင်နဲ ့ စိတ်ပြေလက်ပျောက်ဖြစ်အောင် မျှဝေပါရစေရယ်လို ့ စကားပလ္လင်ခံပါရစေဗျာ။ ♦ အရေးကြီးမယ်ထင်တာလေးက […]


chityimhtooApril 8, 20121min17219
Red link တွေအင်တာနက်သုံးလို့မရတာ ၂ရက်လောက်ရှိပါပြီ။လိုင်းကတော့ 3MB ယူထားရင်လိုင်းအရမ်းကောင်းပါတယ်။ခုတော့ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူးလိုင်းတွေသုံးမရပါဘူး။ ကွန်ပလိန်းဌာန 0973177075/0973177076 ကိုဖုန်းဆက်တော့ လည်း ဖုန်းမကိုင်ပါဘူး။ပုလဲကွန်ဒိုက ဖုန်းကိုဆက်တော့ လည်း ဘက်ထရီတွေဖြုတ်ထားတယ်ထင်ပ။ဘာပဲပြောပြောမြန်မာနိုင်ငံမှာ customer တွေကတော့နားလည်ပါတယ်လိုင်းကျရင်လည်း ဒါပေမဲ့အကျိုးသင့်အကြောင်းသင့်လေးပြန်ပြောသင့်ပါတယ် customer ကို respect ရှိသင့်ပါတယ်။ဘယ်ကိုဆက်ပြီးမေးလို့မေးရမှန်းကိုမသိတော့ဘူး။


  ဒီနေ့ နေ့လည် သုံးနာရီကျော်ကျော်လောက်အင်တာနက်ဆိုင်ဝင်ပြီး ဒီနေ့ပွင့်တဲ့ပိတောက်ပန်းပုံတွေ တင်နေတုန်း မိုးတွေကျလာပါတယ်။ ဝုန်းဒိုင်းအသံတွေကြားတော့ မိုးသီးတွေ ကျတယ်ဆိုတာနဲ့ ကင်မရာဆွဲပြီးအပြေးအလွားရိုက်ပါတယ်။ ဖြစ်ချင်တော့ ကင်မရာထဲက မင်မိုရီကဒ်ကို ထုတ်ပြီး ကော်ပီကူူးနေတော့ပုံမရလိုက်ဘူးဖြစ်သွားပါတယ်။ အဲဒီမှာ ကျနော် တောက်တခေါက်ခေါက်ဖြစ်နေတာကို မကြည့်ရက်တဲ့ လူတစ်ယောက် မိုးရွာထဲထွက်ပြီး အတော်လေးကြီးတဲ့မိုးသီးကိုယူပြီးလာပါတယ်။ ကဲ မြင်တဲ့အတိုင်းပါဘဲနော်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ စနက်ရှော့ (6-4-2012)


ဆိုုး tApril 7, 20122min23916
၆ရက်နေ့..နေ့လည်၃နာရီလောက်မန်းလေးမှာမိုုးအရမ်းရွာပါတယ် ၂နာရီလောက်တုုန်းကတောင်ပူကြပ်နေတာပါပဲ မိုုးတွေအရမ်းရွာပြီးမိုုးသီးတွေရောပါ ပါတယ် အစတုုန်းကတော့ကျနော်လည်းသတိမထားမိဘူး ရွာကစကခေါင်မိုုးပေါ်မှာဒုုန်းဒုုန်း ဒုုန်းဒုုန်း ဆိုုတော့မိုုးရွာတာသည်းလိုု့ပေါ့ နောက်ကျတော့မှ မိုုးသီးတွေမှန်းသိတာ ရေခဲဆိုုတော့လည်း ကျလိုုက် အရေပျော်လိုုက်နဲ့ပါပဲ ဒါနဲ့ကျနော်လည်းဓာတ်ပုုံလေးတွေရိုုက် ခုုတော့ဒီမှာတင်လေးလိုုက်ပါတယ် တစ်ကယ်တော့နေပွင့်တာနေလုုံးတောင်အပြည့်မပေါ်လိုုက်ပါဘူး ခနနေကျတော့မိုုးတွေအုုံ့ပြီးပြန်ရွာတာပါပဲ ဒါပေမဲ့မိုုးသီးတော့မပါတော့ပါဘူး


black chawApril 6, 20121min1389
မနက်ဖြန် ဧပြီလ ရ ရက်နေ့ဆိုရင် အမေ လူထုဒေါ်အမာ ကွယ်လွန်တာ၄ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။ ဧပြီလ ၁ ရက် ရွေးကောက်ပွဲမှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံသွားတဲ့ ပုံရိပ်တွေကိုကြည့်ရင်း အမေ့ကို သတိရနေမိပါတယ်။ အခုလို ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်ပွဲခံနေတာတွေကို အမေ မြင်မသွားရရှာပါဘူး။ အမေလူထုဒေါ်အမာ ကွယ်လွန်တဲ့ ၄ နှစ်ပြည့် အမှတ်တရ အလွမ်းစကားလေးတွေ ရေးကြရအောင်ဗျာ။ အမေလူထု ဒေါ်အမာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီထက်ပိုရေးချင်ပေမယ့် ဒီလောက်ပဲ ရေးနိုင်တာကို ခွင့်လွှတ်ပေးကြပါ။ အမေ လူထုဒေါ်အမာကို ကျွန်တော်တို့ ရွာသူားတွေ လွမ်းဆွတ်ခြင်း အမှတ်တရ အနေနဲ့ ကွန်းမန့်လေးတွေ ရေးပေးကြပါလို့ လေးလေးစားစား တောင်းဆိုပါရစေ ခင်ဗျာ။


learnerApril 5, 20121min22510
အမေရိကန်နိုင်ငံမှမြန်မာအပေါ်ချမှတ်ထားသော Sanctions တချို့ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း Secretary of State Hillary Clinton ကကြေညာခဲ့သည်။ ဒီလိုရုပ်သိမ်းမှုတွေမှာ ငွေကြေးဆိုင်ရာနှင့် ခရီးသွားလာခွင့်တွေ, အမေရိကန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှူ့တွေ ပါဝင်မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွါးရေး တိုးတက်မှုကို အထောက်အကူပြုမဲ့ရုပ်သိမ်းမှု တွေဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့အဖွဲ့အစည်းတွေကိုတော့ Sanctions ဆက်လက်ထားရှိသွားမယ်လိုသိရပါတယ်။ ဦးစားပေးအနေနဲ့ Master, Visa နဲ့ American Experess စတဲ့ Credit Cards အသုံးပြုမှုကိုခွင့်ပြုသွားမှာဖြစ်ကြောင်းလဲပြောပါသေးတယ်။   မြန်မာနိုင်ငံရဲ့အဓိကတင်ပို့ကုန်တွေဖြစ်တဲ့ကျောက်စိမ်း စတာတွေကိုတော့ပိတ်ဆို့ထားဦးမယ်တဲ့။ ကဲရွာသားတွေရော အမေရိကန်နိုင်ငံရဲ့ရုပ်သိမ်းမှုအပေါ် ဘယ်လိုတွေမြင်လဲ ဆိုတာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျ။     Sources: AFP, BBC.


black chawApril 5, 20122min66485
ကြားဖြတ်ရွေးကောက်ပွဲမှာ အမေစုနဲ့ NLD အောင်ပွဲခံသွားတာကို ထိုင်ကြည့်ပြီး ပျော်နေတဲ့စိတ်ကလေးတွေ ကို ထပ်ပြီးပျော်စေချင်တဲ့စိတ်နဲ့ ပျော်စရာလေးတွေ ရှောက်ရေးထားပါတယ်ဗျာ။ ဖတ်ကြည့်ပါ။ ရှက်တတ်ရင် ဆက်မဖတ်နဲ့တော့ ကျောင်းအစ်မ ရယ် ။ အလဲ့ … ကာရန်တောင် ငြိနေသေး ဟေးဟေး။ ဘာမှမဟုတ်ပါဘူး။ အပျော်သဘောနဲ့ ရေးထားတာပါ။ ပေါ့ပေါ့ပါးပါးပဲ ဖတ်ပေးပြီး မေ့လိုက်ပေးပါ။ အင်္ဂလိပ်လို ခေါ်တော့ Kiss ၊ ကလေးတွေအတွက်သုံးတော့ အာဘွား။ ကိုးရီးယားကားတွေမှာ ဘာသာပြန်ဆရာတွေက ပြန်ထားတာတော့ အကြင်နာပေးသတဲ့။ ဟေးဟေး။ မြန်မာလို ခပ်လွယ်လွယ်ပြောရရင်တော့ အနမ်း ပေါ့ဗျာ။ အဲဒီ အနမ်း အကြောင်း ပြောမလို့ဗျ။ အဲဒါကြောင့်ပြောတာပေ့ါ။ ရှက်တတ်ရင် ဆက်မဖတ်ပါနဲ့ ။ မကြာခင်ကပဲ ကြားလာရတာက မြန်မာရုပ်ရှင်လောက ဆင်ဆာတွေ လျှော့ပေးတော့မယ် […]


kaiApril 5, 20121min1307
တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ? ဤဆောင်းပါးသည်တိုင်းပြည်ချစ်စိတ်နှင့် ကမ္ဘာ့အလယ်တွင်အဆင်းရဲဆုံးနိုင်ငံဘဝသို့ရောက်နေသော အမိမြန်မာနိုင်တော်ကြီးကိုမည်ကဲ့သို့စိတ်ထား နှင့်ကမ္ဘာထိပ်တန်း နိုင်ငံဘဝသို့ရောက်ရန် ဝိုင်းဝန်းလုပ် ဆောင်သင့်သည်ကိုရည်ရွယ်၍ရေးသား လိုက်ပါသည်။ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီမှ အများစုအနိုင်ရလိမ့်မည်ဟုယူဆသူများရှိ သော်လည်း ၄၄နေရာပြိုင်၍ ၄၄နေရာစလုံး နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထား ကြချေ ။ အထူးသဖြင့် နေပြည်တော်မြို့နယ်များတွင် အနိုင်ရဘို့ဖြစ်နိုင်ချေနည်းသည်ဟုစာရေးသူကိုယ်တိုင်ထင် မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်ထိုနယ်မြေများသည် နအဖ မှစံနစ်တကျမိမိ ကိုယ်ပိုင် နယ်မြေ အဖြစ်သိမ်းသွင်း ဖွဲ့စည်းထားခဲ့သောကတ်သေအပိုင်နယ်မြေများဖြစ်သည်။ သို့ရာတွင်မထင်မှတ်သည်များက ဖြစ်လာခဲ့ရသည်။ ဘာကြောင့်နည်း? ၁။ ပြည်သူများ နိုင်ငံရေးအရထကြွနိုးကြားမှုရှိနေခြင်း ၂။ ပြည်သူများ နှင့် အစိုးရလခစားများကိုယ်တိုင်၏ အမှန်တရားကိုလိုလားခြင်း၊ လွတ်လပ်စွာ နေထိုင် စီးပွါးရှာဖွေခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်ရရှိရေးကိုတမ်းတခြင်း။ ၃။ စစ်အာဏာရှင်စံနစ်ကိုလွန်စွာစက်ဆုပ်နေခြင်း တို့ကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် […]

Sarkozy11-600x251.jpg

winterkoeApril 4, 20122min3073
ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သော ဧပြီလ (၂) ရက်၊ တနင်္လာနေ့၌ အကြမ်းဖက်မွတ်စလင် (၂) ဦးအားစတင်နှင်ထုတ်ခဲ့ပြီး၊ နောက်ထပ် (၃) ဦးအား ထပ်မံနှင်ထုတ်ဦးမည်ဖြစ်သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှင်ထုတ်မှုများသည် နိုင်ငံခြားသားမွတ်စလင်အစွန်းရောက်များအား အရှိန်အဟုန်မြှင့်၍ နှင်ထုတ်ရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းလေးတခုသာ ရှိသေးသည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဖြစ်သူ ကလော့ဒ်ဂွီးရဲန့် မှ လတ်တလောထုတ်ပြန်လိုက်သော ကြေငြာချက်တွင်ဖေါ်ပြထားသည်။ ယခင်အပတ်ကလည်း အကြမ်းဖက်မှုနှင့်ပတ်သက်နေသည်ဟု သံသယရှိသော မွတ်စလင်ဘာသာရေးဆရာ (၄) ယောက်အား လေဆိပ်တွင်ဝင်ခွင့်မပေးပဲ ပြင်သစ်လူဝင်မှုကြီးကြပ်ရေးမှနှင်ထုတ်ခဲ့ပြီးဖြစ်သည်။ (၁၉၉၄) ခုနှစ်တွင် မော်ရိုကိုနိုင်ငံ၊ မာရာကက်ရှ်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အယ်လ်ဂျီးရီးယားနိုင်ငံသား မွတ်စလင်စစ်သွေးကြွ တဦးဖြစ်သော အလီဘဲလ်ဟာဒက အား တနင်္လာနေ့တွင် ပြည်နှင်ခဲ့ပြီး၊ ဂျူးဆန့်ကျင်ရေးနှင့် ပြင်သစ်နိုင်ငံတွင် တရားမဝင်သည့် ခေတ်နှင့်မလျော်ညီပဲအမျိုးသမီးများအားနှိမ်ချသော ခေါင်းမြီးခြုံဝတ်စုံဝတ်ခြင်းကို အားပေးမှု၊ အနောက်နိုင်ငံများအား […]


               “ရတာနာပုံရွှေမန္တလေးကတော့ 2012 မဟာသင်္ကြန်ကိုကြိုနေပြီနော်………….”   ဒီနေ့မနက်ပိုင်း အလုပ်ကိစ္စနဲ့ နန်းရှေ့ဘက်ကိုသွားရပါတယ်။ 26ဘီလမ်းအတိုင်းအရှေ့ဘက်ကိုသွားတော့ လမ်း80အကျော်ကစပြီး သင်္ကြန်အတွက်မဏ္ဍပ်တွေ ဆောက်နေကြတာကိုတွေ့ရပါတယ်.။ ဟိုနေ့က ဂျာနယ်ထဲမှာလဲ ဒီသင်္ကြန်မှာခါတိုင်းထက် မဏ္ဍပ်အရေအတွက်ပိုများတယ် ဆိုတာကို သိရပါတယ်။ ကျနော်လဲသွားနေရင်းက အမှတ်တရဓါတ်ပုံတစ်ပုံလောက်ရိုက်မယ်ဆို ရိုက်လို်က်ပါတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး………….ဆက်တိုက်လမ်းလျှောက်ရင်း မဏ္ဍပ်တစ်ခုပြီးတစ်ခု ရိုက်လိုက်ပါတော့တယ်။ ကဲ …………ရွာသားများ အားပေးလိုက်ပါအုံး။       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (5-3-2012)  


နွယ်ပင်April 4, 20121min55725
နှစ်စဉ်မြန်မာ့ရိုးရာရေသဘင် ပွဲတော်ပျော်မြူးကြပုံတွေက တစ် နှစ်ထက်တစ်နှစ်ပိုမိုထူးခြားမှုတွေ ရှိလာပါတယ်။ ၂၀၁၂ ခုနှစ်ဧပြီ မှာတော့ သင်္ကြန်မတိုင်မီ ဧပြီ (၁) ကို အာရုံစိုက်နေမိလို့သင်္ကြန်ကို တောင်မေ့နေတယ်လို့လူငယ်တစ် ယောက်ကပြောပါတယ်။ ကန်တော်ကြီးနဲ့ အင်းယာကန် ပတ်သတ်လည်မှာ နှစ်စဉ်တိုးမ ပေါက်အောင်စည်ကားနေကြဖြစ် လို့ဒီနှစ်မှာလည်း ကန်တော်ကြီး ရဲ့ ပတ်ပတ်လည်မှ သင်္ကြန်ဖို့ နှစ် ပတ်အလိုကတည်းကမဏ္ဍာပ်တွေ အပြိုင်အဆိုင်ဆောက်နေတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူ ငယ်တွေစိတ်ဝင်တစားစုံစမ်းကြ တာကတော့ မဏ္ဍာပ်ဈေးနှုန်းတွေ ပါ။ တစ်နေ့ချင်းမဏ္ဍာပ်ထိုင်ရင် ဈေးဘယ်လောက်၊ ALL Days ဘယ်လောက်စိတ်ဝင်တစားရှိကြ ပေလိမ့်မယ်။ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်အနီးက ဆောက်လုပ်နေ ဆဲမဏ္ဍာပ် (၈)ခုက ဈေးနှုန်းတွေ မှာ အမျိုးမျိုးတွေ့ရပါတယ်။ ဈေး အသက်သာဆုံးတွေ့ခဲ့ရတာကတော့ Friends 4ever မဏ္ဍာပ်ပါ။ All Days […]