ကဲလုပ်ကျပါဦး Red link

chityimhtooApril 8, 20121min16619

Red link တွေအင်တာနက်သုံးလို့မရတာ ၂ရက်လောက်ရှိပါပြီ။လိုင်းကတော့ 3MB ယူထားရင်လိုင်းအရမ်းကောင်းပါတယ်။ခုတော့ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူးလိုင်းတွေသုံးမရပါဘူး။ ကွန်ပလိန်းဌာန 0973177075/0973177076 ကိုဖုန်းဆက်တော့ လည်း ဖုန်းမကိုင်ပါဘူး။ပုလဲကွန်ဒိုက ဖုန်းကိုဆက်တော့ လည်း ဘက်ထရီတွေဖြုတ်ထားတယ်ထင်ပ။ဘာပဲပြောပြောမြန်မာနိုင်ငံမှာ customer တွေကတော့နားလည်ပါတယ်လိုင်းကျရင်လည်း ဒါပေမဲ့အကျိုးသင့်အကြောင်းသင့်လေးပြန်ပြောသင့်ပါတယ် customer ကို respect ရှိသင့်ပါတယ်။ဘယ်ကိုဆက်ပြီးမေးလို့မေးရမှန်းကိုမသိတော့ဘူး။

19 comments

  • water-melon

    April 8, 2012 at 11:22 am

    အဲလိုကြီးလား ဒါဆိုတော်ပါပြီအေ
    ဈေးချရောင်းလဲဝယ်တော့ဘူး
    wifi လေးနဲ့ဘဲ ခိုးသုံးတော့မယ် :mrgreen:

  • naymyolinn

    April 8, 2012 at 11:34 am

    551162,551163,551164ကိုဆက်ပြီးမေးလို့ရပါတယ်။

  • nefertiti

    April 8, 2012 at 11:42 am

    red link ဆိုမသုံးပါနဲ့
    လုံးဝသုံးမရပါ
    ၂ ရက်ရှိပြီ
    ်facebook လုံးဝဝင်မရပါ
    ပိုက်ဆံဆိုအပြည့်ပေးရတယ်
    customer ကိုလုံးဝ ဂရုမစိုက်ပါ

  • htoosan

    April 8, 2012 at 12:35 pm

    Red link ထပ်ပြီး ပရိုမိုရှင်း ကြော်ငြာတာတွေ တွှေ့ ကထဲက စိတ်ချဉ်ပေါက်နေတာ ။။ ပေးပြီးသား သူတွေ ချောချောမွေ့ မွေ့ ဖြစ်အောင် လုပ်ပြီးမှ ထပ်မတိုးချဲ့ ဘဲ ကြော်ငြာနေတာတွေ့တော့ ဘာဒုက္ခ ပေးဦးမလဲ မသိဘူးလို့ ။ ထင်တဲ့ အတိုင်းဘဲ ဝင်ရတစ်ချက် မရတစ်ချက်ကနေ မနေ့ည က လုံးဝ ဝင်မရဘူး။
    လစဉ်ကြေး မပေးရင်တော့ လိုင်းဖြတ်မယ်တဲ့ ။ မရတဲ့ အခါများတော့ လျှော့ပေးတာ မရှိ။ ဘယ်ဆက်လို့ ဆက်ရမှန်းမသိ။

  • သခင်သူရိန်

    April 8, 2012 at 3:05 pm

    ၂၄ နာရီ အကူစားပွဲ (HelpDesk) ဆိုပြီးတော့ ဘာမှလည်း ကူဖော်မရဘူး သူတို့က အောက်ပါအတိုင်း ဖြေလေ့ ရှိပါတယ်… ( Customer မှ ပြေလည်စွာ စတင် အကူအညီတောင်းခံပါပြီ..)
    ၁) “ဘူး(CPE)ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ပါ”
    ၂) “ကျွန်တော်တို့ လုပ်ထားလိုက်ပါမယ်”
    ၃) “ဘူးက ကော်နက်ရှင်ကောင်းပါတယ် Score လည်း ကောင်းပါတယ်”
    ၄) “ကျွန်တော်တို့ဘက်က ကောင်းပါတယ်၊ ဂိတ်ဝေးက ကျနေလို့ပါ”
    နှစ်ခါမြှောက်ဖုန်းဆက်ကာ မရသေးကြောင်းပြောပါက…
    ၅) “ကျွန်တော်တို့ အကြောင်းကြားပေးပါမယ်”
    ၅) “ကျွန်တော်တို့လည်း ဒါဘဲ လုပ်ပေးလို့ရပါတယ်..”
    ၆) “Customer Care Service ကို ဆက်သွယ်လိုက်ပါ”
    ဝယ်ယူသုံးစွဲသူမှ စိတ်ဆိုးလာပြီး အကြိမ်ကြိမ်ဖုန်းခေါ်ရသောကြောင့် ကုန်ကျစရိတ်တက်ခြင်း၊ ဖုန်းခေါ်သောလည်း ထိရောက်သော အဖြေနှင့် လုပ်ဆောင်နိုင်မှု့အားနည်းခြင်းကြောင့် ဆူပူ ဆဲဆိုသည့်အထိ ဖြစ်ပေါ်လာပါက အထက်ပါအတိုင်း ပြောကာ CCS သို့လည်း ဖုန်းလွှဲပေးခြင်း မရှိ့ဘဲ ဖုန်းကို ဘေးချထားတတ်သည် HelpDesk အကောင်းစားများ ဖြစ်တယ်ဗျ…
    ကျွမ်းကျင်ထိရောက်သော နည်းပညာသမားများ၊ ဖြစ်ပေါ်သည့် ပြသာနာများကို ချက်ချင်းရှင်းပေးနိုင်သော ကျွမ်းကျင် ဝန်ထမ်းများ၊ မရှိသော Red Tape System လွှမ်းမိုးနေသော ISP တစ်ခုဖြစ်ပါတယ်ဗျာ…
    ဘယ်လိုအခွင့်အရေးများကြောင့် ISP ဖြစ်နေသည်ဆိုသည်ကိုတော့ မသိပါ… ထိရောက် လျှင်မြန်သော ဝန်ဆောင်မှု့မပေးနိုင်သည်ဆိုတာတော့ Public Sector ဘက်မှ နေကာ ကြားသိနေရတယ်ဗျာ…
    အဆိုးဆုံးကတော့ ၂၄ နာရီ ဝန်ဆောင်မှု့ဆိုပြီး Public သုံးစွဲသူများကို ပေါ်တင်လိမ်တာဘာဘဲဗျာ… တကယ့် တတ်လည်းတတ်နိုင်တဲ့ ISP ပါဘဲ… ဒီနိုင်ငံမှာတော့ ထူးမခြားနားအဖွဲ့ပါဘဲဗျာ.. 🙂

  • ဦးဦးပါလေရာ

    April 8, 2012 at 3:35 pm

    ကျုပ်ကဝယ်မလို့စဉ်းစားနေတာ
    အခုလို အချိန်မီသိရတာ chityimhtoo နဲ့ ကွန်မင့်နဲ့ ဖေါ်ကောင်လုပ်သူများကို ကျေးဇူးတင်ပါတယ်..။

    • Mလုလင်

      April 9, 2012 at 12:12 am

      Red Link က con ကျ ရင်လဲ အကုန် ကျ တက်ရင် လဲ အဆင်ပြေပါတယ်။ download ဆွဲတာ လဲ ကောင်းတယ်။ ဒါပေမယ့် တစ်ခု ဆွဲ ထားပြီး ရင် နောက်တစ်ခု ထပ်ဆွဲဖို့ အဆင်မပြေဘူး။ Download Manager သုံးပြီးဆွဲတာ KB ၁ရာကျာ်တွေဘာတွေရတယ်။ ပုံမှန် 1 GB MPT နဲ့ ဆို ပျမ်းမျှ ၃၀KB လောက်ပဲ ရတတ်တယ်။ အဲဒီတော့ .. လိုနေရင် ဝယ်သာ ဝယ်ပါ။ စိတ်ချလက်ချ သုံးပါ။ ကောင်းနေသရွှေ ့ မပျက်ဘူး လို့သာ မှတ်ပါ ဦးဦးပါလေရာ ရေ …..။ (အဲ့လို နှလုံးသွင်း နိုင်မှ ….. အသက်ရှည်မှာ….)

  • ပေစိ

    April 8, 2012 at 4:21 pm

    ဘာမှ မကောင်းဘူး တို့လဲ wifi လေးပဲသုံးတော့မယ်

  • MTY

    April 8, 2012 at 4:32 pm

    Skynet ကိစ္စတုံးကကျွန်တော့်ကိုယုံပြီးဝယ်
    သုံးလို့တဲ့ဗျာ..ယုံတဲ့သူရဲ့အပြစ်ဆိုပြီးဝိုင်းတွယ်
    ကြတယ်ဗျို့။မြန်မာပြည်မှာနေမှတော့ဒါတွေမသုံး
    ဘာတွေသုံးရမလဲဗျာ။Red linkမှမဟုတ်ပါဘူး။
    Internet connection ကောင်းလာအောင်အရေးဆိုသင့်ကြေင်း။

  • nefertiti

    April 8, 2012 at 5:58 pm

    red link သုံးသူများ facebook ဝင်လိုရမရသိချင်ပါတယ်
    ကိုယ်တစ်ယောက်ထဲမရတာလို့ သိချင်လိုပါ

  • chityimhtoo

    April 8, 2012 at 8:03 pm

    Facebook ဝင်လို့ရပါတယ်ဗျ။ကိုသုံးတဲ့ Mozilla နဲ့လည်းဆိုင်မယ်ထင်တယ် တစ်ခါတစ်လေ Mozilla update မဖြစ်ဘဲ အရမ်း ဒိတ်အောက်ရင် mail Facebook ဝင်မရဖြစ်တတ်တယ်။ ask.com add on ဖြစ်နေရင်လည်းဝင်မရဘူး။

  • htoosan

    April 8, 2012 at 9:16 pm

    Facebook ဝင်၍ရပါသည်။

  • Thel Nu Aye

    April 8, 2012 at 11:58 pm

    ပြည်လမ်းမှာ မြေတူးတဲ့ကားက အင်တာနက်လိုင်းကြိုးတွေကို ထိုးလိုက်မိလို့ ကြိုးတွေပြတ်သွားလို့ပါတဲ့။ ဒီနေ့ ညနေတော့ပြန်ကောင်းသွားပါပြီ။

    • htoosan

      April 9, 2012 at 6:44 am

      ဒါမျိုုး သူကြီးတို့ဆီမှာဆို မြေတူးတဲ့ ကုမ္မဏီကို ဘိစိနပ် ထိခိုက်တယ်ဆိုပြီး တရားစွဲ လျော်ကြေးတောင်းလို့ ရမယ်ထင်တယ်..
      ကျွန်တော်လည်း ဂေဇက် တစ်ညဝင်မရလို့ စိတ်ထိခိုက်သွားတယ် စိတ်ကျန်းမာရေး မကောင်းတော့ဘူး ဆိုပြီး ဒေါ်လှတစ်သန်းဘိုးလောက် တရားစွဲရင်ကောင်းမလားလို့။။
      ကိုခ အကြံပေးပါဦး … အကြံပေးခတော့ တရားစွဲလို့ ရမှ ပေးမယ်နော်…. 😀

  • chityimhtoo

    April 9, 2012 at 8:27 am

    အင်းခုတော့ပြန်ကောင်းနေပြီ။

  • bo bo

    April 9, 2012 at 9:03 am

    တစ်ခါတစ်လေကျရင်လဲကြောင်ပီးဖြစ်တတ်ပါတယ်

  • manawphyulay

    April 9, 2012 at 10:10 am

    ဘယ်လိုဖြစ်ရတာလဲ။ ဈေးတွေလည်း လျှော့နေတယ်။ လိုင်းက မကောင်းဘူးဆို ဘယ်သူက ဝယ်သုံးမှာလဲ။ ဒီလိုလုပ်တာတော့မကောင်းပါဘူး။ ဈေးလည်းကျနေတော့ သုံးရများ အဆင်ပြေမလားလို့ ခုလိုဆို မလွယ်ဘူးနော်။

  • nefertiti

    April 9, 2012 at 10:56 am

    မြန်မာပြည်မှာ service ဆို ဘယ် service မှမကောင်းဘူး
    နားမလည်ခေါ်ခိုင်းရင်ဟိုပစ္စည်းလဲရမယ် ဒီပစ္စည်းလဲရမယ်နဲ့
    ညာပြောဖို့ဘဲတတ်တယ်
    air.con , internet, computer ပျက်ရင်ဘယ်သူခေါ်ရမလဲမသိဘူး
    အကုန်လုံးလူလိမ်ချည်းဘဲ

  • char too lan

    April 9, 2012 at 12:49 pm

    အင်တာနက်လိုင်းမကောင်းတဲ့ ဒွတ်ခကတော့ Red Link မှမဟုတ်ဘူး ဘာပဲသုံးသုံးတစ်ချက် တစ်ချက်တော့ ခံစားရမှာပဲ ပုံမှန်ဆို Red Link လိုင်းကတော့မဆိုးပါဘူး အဲ့ဒီမှာဆိုးတာက
    Sale & Service ရနိုင်မှန်းမသိ မရနိုင်မှန်းမသိ အတင်းစွပ်ရောင်း
    နေရာအနေအထားချင်းမတူတော့ ကိုယ့်အိမ်ရောက်တော့ လိုင်းမရ
    လိုင်းမရလို့ဖုန်းဆက်တော့ အထက်အတိုင်းဖြစ် အင်းးးး
    မှော်ဆြာပြောဖူးတာတော့ ပါရမီဖြည့်ဘက် စကိုင်းနက် တဲ့ ..
    ခုရော ဘာပျော့အုံးမလဲတိဘူး။ သီးခံ…. သီးခံ… 🙂

Leave a Reply