Wai PhyoeJanuary 22, 20121min32513
ကျွန်တော့်ရဲ့ဆရာ ကိုချောကလက်ပြောသားချက်များကိုကိုးကားပြီးပြန်လည် share ပေးလိုက်ပါတယ်။ ကွန်ပျူတာအကြောင်း အနည်းငယ်သိရုံလောက်နဲ့ ဟက်ကာတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင့်အသုံးပြုနိုင်တဲ့ Hacking Utility Tools တွေက အင်တာနက်မှာ အလွယ်တကူရရှိနိုင်လို့ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့နည်းတွေ များကြီးရှိပေမယ့် တူရာကို စုစည်းလိုက်ရင်တော့ အောက်ဖော်ပြပါနည်းလမ်းတွေကိုသာ တွေ့ရှိရပါတယ်။ ၁။ ကွန်ပျူတာခလုတ်ခုံမှ မှတ်တမ်းရယူခြင်း (Log Keystoke) ဒီနည်းကတော့ Key logger  ပရိုဂရမ်တစ်ခုကို အသုံးပြုပြီး ကွန်ပျူတာမှာ အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းနဲ့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရရှိသွားပါတယ်။ ၂။ စကားဝှက်များ ရယူခြင်း (Hack password) စကားဝှက်များ ရယူခြင်းနည်း အများအပြားရှိပါတယ်။ အသုံးအများဆုံးနည်းကတော့ SQL injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်အပေးအများဆုံးကို […]


Wai PhyoeJanuary 22, 20121min3164
အရင်ဆုံး Part-2တင်ဖို့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါရစေ။ဒါလေးတွေကတော့ကျွန်တော်သိသမျှလေး Shareလုပ်ပေးတာပါ။ G talk ကို အကောင့် ၃ ၄ခုတက်လို့ရပါကြောင်း။ 1.အရင်ဆုံး Google Talk ကို Desktop မှာထားပါ။ ပြီးရင် Google Talk ကို ထောက်ပြီး right click လုပ်ပါ။ ပြီးရင် properties ကို နှိပ်ပါ။ ပြီးရင်  Shortcut အောက် Target ဘား ထဲက start menu ဆိုတဲ့စာလုံးကို nomutex ပြောင်း ရေးလိုက်ပါ။ ဆက်လက်ပြီး Apply နှိပ်လိုက်ပါ။  OK ဆက်နှိပ်ပါ။ ပြီးပါပြီ။ တက်ကြည့်လိုရပါပြီ။ ကံကောင်းပါစေ။ (နံပါတ်နှစ်အချက်မှာ ကျွန်တော့်ဗပာုသုတမပာုတ်ကြောင်းဝန်ခံပါရစေ kngymn ရဲ့ရေးသားချက်ကိုအများအကျိုးရှိပါစေကြောင်း ဖော်ပြလိုက်ချင်းဖြစ်ပါသည်။စမ်း သပ်ပြီးမှန်ကန်ကြောင်း အာမခံပါသည်။) ၂.ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ […]


alinsettNovember 17, 20111min34111
ထူးထူးဆန်းဆန်း တင်ပြတတ်သော အနုပညာ ဖန်တီးမှုများကို စိတ်ဝင်စားတဲ ့ ကျွန်တော်…… ထူးဆန်းသော ၊ ထူးခြားသော..စာ တစ်ပိုဒ်ကို တွေ့လိုက်ရပါသည်။ တာရာမင်းဝေ၏ ဝတ္ထုတို တစ်ပုဒ်ထဲမှ စာသားများ ဖြစ်သည်။ “” ကျွန်တော်နှင့် အသံ ခုနှစ်ထပ်..””ဆိုသော ဝတ္ထုတို ဖြစ်သည်။ မျဉ်းဖြောင့်၏ဧရိယာ ဆိုသော ဝတ္ထုတို စု စာအုပ် ၊ စာမျက်နှာ…57 မှာ တွေ ့နိုင်ပါသည်။ အဲသည်..စာပိုဒ်ကလေးကို ကျွန်တော်တို ့ အတူ ခံစားကြည့်ရအောင်..။။ _________________________________________________________________ “” ဒေါက် …ဒေါက်..”” ကျွန်တော်က တံခါးကို ခေါက်လိုက်တော့ ဆာဝေါလ်တာစကော့ က အထဲ.က ပြန်အော်တယ် ။ “” တံခါး…တပ်မထားဘူး…..”‘ ကျွန်တော် ဝင်သွားတော့ သူ […]


timothyNovember 15, 20111min1721
ရောင်းရင်းတို့ရေ။ အင်န်အယ်လ်ဒီပါတီကလာမဲ့သောကြာနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဘို့မဲခွဲဆုံးဖြတ်မယ်လို့ကြားရတယ်။ စစ်တပ်ရဲ့ထောင်ခြောက်ထဲကျတော့မယ်။ စစ်တပ်ကအေဆီယံဥက္ကဌရာထူးလိုချင်လို့လမ်းဖွင့်ပေးနေတာ။ နောက်တော့အကုန်ပြန်ဖမ်းပြီး၊ စစ်တပ်အာဏာသိမ်းလိုက်မှာဘဲ။ ဘယ်တုံးကမှယုံကြည်လေးစားစရာတကွက်မှမရှိတဲ့စစ်အစိုးရကိုမယုံသင့်ကြဘူးလို့ပြောတဲ့လူတွေလဲရှိတယ်။ ကျွန်တော့အမြင်ကတော့NLD အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့၊ကာလံဒေသအချိန်အခါနဲ့လဲလိုက်လျောတဲ့မှတ်ပုံတင်ဖို့ဆုံးဖြတ်၊ရွေးကောက်ပွဲဝင်သင့်တယ်။ ဖွဲ့စည်းပုံဥပဒေကိုပြင်ရမယ်။ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးသမားများအားလုံးလွတ်မြောကိရေး၊တိုင်းရင်းသားများနဲ့အပြစ်အခါတ်ရပ်စဲရေး၊ အမျိုးသားညီလာခံနဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး Truth and Reconciliation Conference တွေလုပ်ဘို့ရှိတယ်။ ဒါတွေအားလုံးကိုအခုအချိန်မှာစစ်တပ်ကလိုက်လျှောတုံးအခွင့်ကောင်းယူပြီးအတွင်ကဝင်လုံးရမှာဘု။ ဒီအဆင့်အထိရောက်လာရအောင်ပြည်တွင်းပြည်ပဖိအားအမျိုးမျိူးနဲ့တွန်အားပေးခဲ့ကြလို့ဖြစ်ပျက်အစဉ်ရောက်ခဲ့ကြတာဘဲ။ စစ်တပ်ထဲမှာလဲအမှားကိုမြင်လာတယ်၊ အရှေ့အလယ်ပိုင်းဒေသကအာဏာရှင်များတယောက်ပြီးတယောက်ပြုတ်ကုန်တာတွေကလဲ၊ စစ်အာဏာရှင်များအတွက်ရင်လေးစိုးရိမ်စရာဘဲ။ အားလုံးညီညီညွတ်ညွတ်နဲ့အမေစုရဲ့ခေါင်းဆောင်မှုကိုခံယူပြီးရှေ့ဆက်ရှောက်ဘို့ဘဲရှိတယ်။ လူထုအင်အား၊စည်းလုံးညီညွတ်မှုရဲ့အကျိုးကြောင့်ကျုပ်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူကြရမယ်။ရလဲရမှာဘဲ။ တိုက်ပွဲကဆက်တိုက်ကြရဦးမယ်။NLD က ပါလီမံထဲမှာဝင်ပြီးပါလီမံပီပီသသဖြစ်အောင်လုပ်ယူရမယ်။ အတိုက်အင်္ခကအင်အားတောင့်တောင့်လာရင်မတရားတဲ့ဥကဒေတွေကိုပြင်လာနိုင်မယ်။ အမေစုနောက်မှာပြည်သူလူထုကဆက်လက်ပြီးမားမားမတ်မတ်နဲ့ရပ်တည်ပေးနိုင်ရင်၊ အခုလိုအခွင့်အရေးပေးတုံးအတွင်းကဝင်ပြီးတိုက်လိုက်ရင်စစ်အစိုးရကိုအလဲထိုးနိုင်မှာဘဲ။ စစ်အစိုးရကစိတ်ဖေါက်ပြန်ပြီးအာဏာသိမ်းဘို့လုပ်လာရင်လဲအင်အားကြီးတဲ့အတိုက်အခံNLD နဲ့ရင်ဆိုင်ရမယ်။ အတိုက်အခံခေါင်းဆောင်အမေစုကအဲဒီအချိန်ကြရင်တိုင်ပြည်နဲ့စစ်တပ်ကိုအရားဝင်အမိန့်ပေးလာနိုင်မယ်။ အခုအခြေအနေနဲ့ဘာမှမဆိုင်တော့ဘူး။ NLD ရဲ့ဆုံးဖြတ်မှုအတိုင်းတတိူင်းပြည်လုံးစည်းလုံးညီညွတ်စွာနဲ့တိုက်ပွဲဆက်ဝင်ကြပါစို့။ အင်အားကြီးမားတဲ့အတိုက်အခံနိုင်ငံရေးပါတီNLD ကိုထူထောင်ကြပ်စို့။    


kaiOctober 20, 20111min66223
အသက်၉နှစ်အရွယ်တွင်မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၀၄ခုနှစ်ဒီဇင်ဘာလ ၁ရက်နေ့တွင် ထိုင်းနိုင်ငံမှအမေရိကနိုင်ငံ လပ်စ်ဗေးဂတ်စ်မြို့သို့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည့် အင်ကြင်းခိုင်(စာရေးဆရာမောင်သာရ၏မြေး)အား ၂၀၁၁မေလ၌တွေဆုံမေးမြန်းခဲ့ပါသည်။ နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်း… သမီးနာမည်ကအင်ကြင်းခိုင်။ အဖေဦးအောင်၊ အမေဒေါ်အိမ့်။မွေးချင်း၄ယောက်ရှိတယ်။ အကို၂ ယောက်မောင်တယောက်ရှိပါတယ်။ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာပါ။ မွေးရပ်ဇာတိက မနဿတလေးပါ။အသက်၁၈နှစ်ပြည့်ပြီးပါပြီ။ မြန်မာပြည်ကနေဘယ်အချိန်မှာထွက်လာခဲ့တာလဲ၊ဘယ်အတန်းထိကျောင်းတက်ခဲ့သလဲ၊ သမီးကမနဿတလေးမှာသူငယ်တန်းကနေ၃တန်းအထိတက်ခဲ့ပါတယ်။ ရန်ကုန်မှာ၄တန်းတက်တယ်။ ထိုင်းနိုင်ငံမှာ၃နှစ်ကျောင်းဆက်တက်တယ်။ အမေရိကားရောက်တဲ့အချိန်မှာရတန်းကိုစတက်ပါ တယ်။ အခုCollege of Southern Nevada မှာ Business Management  နဲ့ Administration ဘာသာကိုအဓိကယူထားပါတယ်။ပထမနှစ်ပြီးပါပြီ။ အမေရိကရောက်စကဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့သလဲ၊ ထိုင်းမှာနေတုန်းက အဂင်ဿလိပ်စာသင်ခဲ့ရပါတယ်။ အရေး၊အဖတ်၊ရတယ်။ ပြောရင်နားလည်ပါတယ်။ ဒါပေမယ့် တကယ်တန်း အမေရိကကိုရောက်လာတော့ ဒီကလူတွေပြောတာတွေနဲ့ ကိုယ့်ရဲ့အသံထွက် တွေကွဲလွဲနေတော့သူများပြောတာနားလည်ပေမယ့် သမီးကစကားပြောမထွက်ဘူး။ သမီးပြောတာကိုလဲသူတို့သိပ်နားလည်ပုံမရတော့ အစမှာတော်တော်လေးစိတ်ညစ်ရတယ်။ နောက်ကျောင်းတက်တော့လဲမြန်မာပြည်နဲ့ထိုင်းမှာကစာသင်ခန်းတခုထဲမှာဘဲထိုင်နေရုံပဲ။ ဆရာ/ ဆရာမတွေကသူ့အချိန်နဲ့သူဝင်လာသင်ကြတယ်။ အမေရိကမှာကကျောင်းသားတွေကစာသင်ခန်း တွေပြောင်းတက်ရတယ်။ စာသင်ချိန်ပြောင်းခေါင်းလောင်းတီးတဲ့အခါ ကျောင်းသားတွေအားလုံးထ ထွက်သွားကြတော့သမီးကကြောင်သွားတယ်။ […]


JUDGEMENTSeptember 17, 20111min44515
မြို့ရွှေမန်းက သတင်းစကား (၂)   မြို့ရွှေမန်းက သတင်းစကား  Post ကိုတင်တုန်းက တော်တော် များများလက်ရှောင်ကြမယ်ထင်ထားတာ။ အခုကြတော့ တော်တော့်ကို စိတ်ဝင်စားကြလို့ပျော်ပါတယ်။ အဲ ဒီနောက်ပိုင်းမှာ ချဲဘုန်းကြီး၊အရက်သမားဘုန်းကြီးတွေ   အကြောင်းကို တင်ပြပေးဖို့ အချက်အလက်တွေကို ပြည့်စုံအောင် စုနေပါတယ်။ပြီးပြီးရော မတင်ချင်ပါဘူး။မဆိုင်တဲ့ သူတွေမပါရအောင် စီစစ်နေတာပါ။ ဒီကြားထဲ JUDGEMENT တို့တွေ့တွေ့နေရတာတွေအမြင်မတော်လို့ ပြောရဦးမယ်။   အထူးသဖြင့် လိင် စိတ်ကြွဆေး တွေပေါ့ ။ လူငယ်တွေလက်တဲ့ စမ်းကြလွန်းလို့ ကျော်မကောင်း ကြားမကောင်းတွေလဲ ဖြစ်ပေါင်းများနေပြီ။ ပြီးခဲ့တဲ့ လကတောင် Gazette မှာ ရေးထားတာ။ရေသန့်ထဲ ထဲ့တိုက် လို့ဆိုတာလေ။ရုပ်ရှင်ရုံထဲမှာ အမြင်မတော်တာဖြစ်ကုန်ဆိုပဲ။အခုအချိန်က အဝေးသင်တက္ကသိုလ်ရာသီလေ။ ပိုဆိုးနေတာပေါ့။ဒါတွေကို ဖမ်းတယ်လို့သတင်းထွက်နေပေမဲ့ တကယ်ရောဖမ်းရဲ့လားပေါ့။မဖမ်းပါဘူး။ဆိုကြပါစို့။ ၈၄ – လမ်းဗျာ။ညကိုသွားကြည့်လိုက်။ညစ်ညမ်းခွေ (အပြာကား) […]


timothyAugust 22, 20111min1630
ရွာသားတို့ရေ။ လစ်ဗျားပြည်သူလူထုကို ၁ဝခါပြန်အလေးပြု၊ ဂုဏ်ပြုချီးကြူးကြပါစို့။ ခေါင်းမာပြီး၊ဗိုလ်သန်းရွှေလိုယုတ်မာပက်စက်တဲ့ ဂဒါဖီးကို ပြောင်မြောက်တဲ့သတ္တိဗျတ္တိတွေနဲ့အခက်အခဲများကြားကတိုက်ထုပ်လိုက်ပြီ။ ကမ္ဘာ့ပြည်သူများက သတ္တိရှင်လစ်ဗျားပြည်သူလူထုကိုဂုဏ်ပြုကြပါတယ်။ အာဏာရှင်ကို၊စစ်အာဏာရှင်ကိုအကြမ်းနည်းနဲ့ဘဲဖြုတ်ချနိုင်မယ်ဆိုတာကိုသက်သေထူလိုက်ပြီ။ အမေရိကန်၊အင်းဂလိပ်၊ရုရှား၊တရုပ်၊ပြင်သစ်၊ကုလား၊ဘင်ကီမွန်( ကမ္ဘာ့အညံ့ဆုံးကုလအတွင်းရေးမှူး) တို့အတွက်အကောင်းဆုံးသင်ခန်းစာဘဲ။ ဒီသင်ခန်းစာကိုယူပြီး ဆီးရီးရား အာဏာရှင် အာဆတ်ကိုဆုံးမဘို့သိပ်မခက်တော့ဘူး။ ဗမာပြည်သူလူထုသင်းခန်းစာယူဘို့က ၁) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ရေးဆိုတာပြည်သူလူထုကိုယ်တိုင်ဝင်ပါဝင်လုပ်မှရမည်ဆိုတာကိုယုံကြည်လိုက်လုပ်ကြပါ။ ၂)ဒေါ်အောင်ဆန်းစုကြည်ကအခုစစ်အစိုးရခေါင်းဆောင်တွေကိုအနုနည်းနဲ့ဖြောင်းဖျဆွေးနွေးနေပြီ။ ၃)ပြည်ကူလူထုကလူထုအင်အားပြကြရမယ်။အသေခံ၊အနာခံကြရမယ်။ဖမ်းထားတဲ့ခေါင်းဆောင်အားလုံးလွတ်မြောက်ဘို့အရေးဆိုဆန္ဒပြကြရမယ်။ လိုအပ်လို့ဒေါ်အောင်ဆန်းစုကြည်ကအမိန့်ပေးရင်၊ဒါမှမဟုတ်လို့အမေစုကိုရန်သတ္တုပြုလာရင်ပြည်သူအားလုံးလမ်းတွေပေါ်ထွက်လာကြပါ။ ၄) စစ်တပ်ကရက်ရက်စက်စက်နှိမ်နင်းလာပြီဆိုရင်၊ ၅)လက်နက်ကိုင်တိုက်တဲ့အဆင့်ရောက်ပြီ။ ၆)လစ်ဗျားအခြေအနေနဲ့ဗမာပြည်ဖိနှိပ်မှုနဲ့တထပ်ထဲတူပါတယ်။ လစ်ဗျားတွေလုပ်တဲ့အတိုင်းသင်ခန်းစာယူပြီးအသေခံလုပ်ကြရမယ်။ ၇) စစ်ခွေးများအပြစ်ကြမ်းလာရင်၊ လိပ်၊ကန်၊သစ်၊တရုပ်၊ရုရှား၊ကုလတို့အတွက် ပြည်သူလူထုကိုကာကွယ်တဲ့ ( Protection to People from harm ways of Sovereign States    Clause) ကိုသုံးပြီးစစ်လေယာဉ်၊စစ်သင်းဘောများလွှတ်ပြီးဖိနှိပ်သတ်ဖြတ်ခံနေကြရတဲ့ ပြည်သူလူထုကိုကူဘို့အတွက်က၊ ထမ္မင်းစားရေသောက်လောက်လွယ်သွားပါပြီ။ ၈) အခုဆီးရီးယားအရေးအခင်းကိုစောင့်ကြည့်ကြပါ။ ဆီးရီးယားပြည်သူလူထုလက်နက်ကိုင်တိုက်လာပြီ၊အာဏာရှင်အာဆတ်ကရက်ရက်စက်စက်ပြစ်လာပြီဆိုရင်၊ ပြည်ပကစစ်လေယာဉ်၊စစ်သင်းဘောများရောက်လာကြအုံးမယ်။ ၉) No pain, no […]


LadyCrafterJune 17, 20112min50022
ကျွှန်မ က အဖွဲ့ဝင် အသစ်တစ်ယောက်ပါ။ ကျွန်မ ရဲ့ posts များကို လည်း အားပေးကြပါ။ ဒါကြောင့် ကျွန်မ အဖွဲ့ဝင်များ ဧည့်ခံပါမယ် ဒါ ကိတ်မုန့်ပါ။

images2.jpg

nyolayJune 14, 20111min40118
MG member များကို မိတ်ဆက်တာပါ း) ညိုလေး လို့ခေါ်ပါတယ် MG က star များဖြစ်တဲ့  လေးဖက် ၊ဦးပေါက် ၊မမဆူး ၊မမဝေ (ကျန်တဲ့သူတွေလဲ အများကြီးသိတယ်နော် ) တို့ ရေးတဲ့ ပိုစ့်တွေကို ဝင်ဖတ်နေတာ ကြာပါပီ အရေးသမား မဟုတ်ပဲ စာဖတ်တာ ဝါသနာပါလို့ MG မှာ ကျင်လည်ရင်း ပျော်နေတာပါ ခုတော့ သူများတွေ မန့်သလိုမျိုး ဆွေးနွေးချင်လို့ member ဝင်လိုက်တာပါ ပွင့်ပွင့် လင်းလင်းပြောဆို ခင်နိုင်ပါတယ် ရှင်။ (ရုပ်ဆိုးပေမဲ့ သဘောကောင်းပါတယ် )    


timothyApril 11, 20111min1871
လစ်ဗျားအရေးမှာကုလသမဂ်ဂရဲ့လူသားများကိုအစိုးရဆိုးမိုက်များသတ်ဖြတ်မှုမှကာကွယ်ပေးရေး မူအရလွတ်လပ်သောကမ္ဘာနိုင်ငံကြီးများဝင်ရောက်တိုက်ခိုက်နေတယ်။ အရှေ့အလယ်ပိုင်းတိုင်းပြည်များမှာလဲအာဏာရှင်များကိုလူထုအင်အားပြမှုများစွာနဲ့တိုက်နေကြပြီ။ အခုတခါအနောက်အာဖရိကနိုင်ငံ၊အိုင်ဗရီကို့စ်မှာရွေးကောက်ပွဲအနိုင်ရသွားတဲ့ အလာစိန်းအိုတာရာကိုကုလသမဂ်ဂ ကအသိအမှတ်ပြုထားတယ်။ ဒါကိုရှုံးထားတဲ့ လော်ရင့်ဂါဘ်ဘိုကလက်မခံဘဲ၊ကိုလိုနီမာစတာပြင်သစ်ကသူ့နိုင်ငံအရေးမှာဝင်စွက်တယ်လို့စွပ်စွဲတယ်။ နောက်ဆုံးအာဏာရှင်များထုံးစံအတိုင်းပြည်သူလူထုကိုရန်သူလို့သဘောထားပြီး၊ လက်နက်ကြီးများနဲ့ပြစ်တော့တာဘဲ။ ဒီမှာလဲပြည်သူလူထုကိုမင်းဆိုးမင်းညစ်ကပြစ်သတ်မှုမှကာကွယ်ရေးမူကိုသုံးပြီး၊ ကုလသမဂ်ဂကပြင်သစ်နဲ့လက်တွဲပြီးအာဏာရှင်ကိုချေမှုံးရေးစစ်ဆင်နွှဲတယ်။ ဒီနေ့ဘဲ ပုန်ကန်သောင်းကျန်းနေတဲ့လော်ရင့်ဂါဘ်ဘိုကိုပြင်သစ်တပ်များရဲ့အကူအညီနဲ့၊ သူပုန်းအောင်းနေတဲ့မြေအောက်တိုက်ခမ်းထဲကဖမ်းဆီးရမိတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမစ္စစ်ကလင်တန်ကဒီဂါဘ်ဘိုအာဏာရှင်ဇာတ်သိမ်းပုံကိုနမူနာပေးပြီး၊ ဒါဟာအကမ္ဘာလုံးမှာရှိတဲ့အာဏာရှင်အားလုံးကိုပြင်းထန်တဲ့သတိပေးချက်ဘဲလို့ပြောသွားတယ်။ ပြည်သူလူထုရဲ့သဘောဆန္ဒကိုစစ်ဘိနပ်နဲ့နင်းခြေပြီးအမြှောက်နဲ့ပြစ်ခတ်ချေမှုံးတဲ့ဗိုလ်သန်းရွှေလိုအာဏာရှင်တွေအတွက်၊ wake up call, အိပ်ယာနှိုးသတိပေးတဲ့နှိုးစက်ခလောက်သံပါဘဲ။ Response to Protect, အတိုခေါက် R2P ပြည်သူလူထုကိုမင်းဆိုးမင်းညစ်ရန်မှကာကွယ်ရေးမူဟာ၊ ကမ္ဘာမှာအခုရေပန်းစားလာပြီး၊ကမ္ဘာ့အရေးအခင်းများမှာလူသားခြင်းကာကွယ်ရေးကိစ္စများမှာသုံးတဲ့လက်နက်၊ အဖြစ်အသုံးတွင်ကြယ်လာပါကြောင်းတင်ပြလိုက်ပါတယ်။


kaiFebruary 27, 20111min1781
၂၀၀၉ခုနှစ်ဩဂုတ်လ၁ရက်နေ့မှစ၍အမေ ရိကားUniversity of New York တွင်Hotel Management ဘာသာရပ်ပညာသင်ကြားခဲ့ပြီး ယခုလက်ရှိBerkeley College  Business Administration ပညာဆည်းပူးနေသူမြန်မာနိုင်ငံမှ မော်ဒယ် နှင့် ရုပ်ရှင်သရုပ်ဆောင် ဥက္ကာမင်းမောင်အား ခေတ်စမ်းလုလင်ကဏ္ဍအတွက် စကားပြောမေးမြန်းခဲ့ပါသည်။ နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်းအရင်စပြောပေးပါ။ နာမည်ရင်းကရဲထူးခိုင်ဝင်း၊အနုပညာနာမည်က ဥက္ကာမင်းမောင်။ ရန်ကုန်ဇာတိ၊ ညီတယောက်၊ညီမတယောက်ရှိတယ်။ကျွန်တော်ကအကြီးဆုံး။ ညီ ကောင်းထူးခိုင်ဝင်းကကိုရီး ယားနိုင်ငံမှာMarine Management ဘာ သာတက်နေပြီး ညီမလေးဟေဇဲန်ထူးခိုင်ဝင်းက အခုအမေရိကားကBorough of Mahanttan Community Collegeမှာ Multi Media Programming & Design တက်ဘို့ရောက်လာပါပြီ။ မိဘကဦးခိုင်ဝင်း-ဒေါ်နီလာသိန်းမြင့်၊မြန်မာလူမျိုး၊ဗုဒ္ဓဘာသာပါ။ ရန်ကုန်မှာကျောင်းတက်ခဲ့တာတွေပြောပြပါ၊ အမေရိကားမှာဘယ်ကစတက်ခဲ့သလဲ၊ ဘယ်တက္ကသိုလ်တက်နေသလဲ၊ ကျွန်တော်ရန်ကုန်မြို့တီတီစီကနေ၂၀၀၁ခုနှစ်မှာ၁ဝတန်းအောင်ပါတယ်။ ဒဂုံတက္ကသိုလ်(အဝေးသင်)မှာ အင်္ဂလိပ်စာအဓိကနဲ့ဘွဲ့ရခဲ့ပါတယ်။  State University of New York မှာ […]


kaiFebruary 23, 20111min3356
နာမည်၊အဖေအမေ၊မွေးချင်း၊ မွေးရာဇာတိ၊ အရပ်အမောင်း၊ကိုယ်အလေးချိန်၊အသက် နဲ့ ယုံကြည်ကိုးကွယ်တဲ့ဘာသာကို စပြီးပြောပြပါ။ နာမည်ကသက်နှင်းလှိုင်၊ မိဘကဦးထွန်းလှိုင်- ဒေါ်ခင်နှင်းလှိုင်။ ညီအစ်မသုံးယောက်မှာ အလတ်ပါ။  ဇာတိကရန်ကုန်၊ အရပ်၅ပေ၄၊ ပေါင် ၁၀၀၊အသက်က၂၃နှစ်၊ဗုဒ္ဓဘာသာပါ။ သက်နှင်းလှိုင် စကာင်္ပူရောက်တာ ဘယ်လောက်ကြာပြီလဲ။ ၃နှစ်ကျော်ရှိပါပြီ။ ၂၀၀ရခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ကစင်္ကာပူကိုစရောက်ပါတယ်။ ကျောင်းပြီးပြီလား။ ဘယ်တက္ကသိုလ်မှာဘယ်ဘာသာအဓိကနဲ့တက်နေသလဲ။ ရန်ကုန် စမ်းချောင်းအထက(၂)ကနေပြီး ၂၀၀၃ ခုနှစ်မှာ ရူပဗေဒဂုဏ်ထူး နဲ့ ၁ဝတန်းအောင်ပါတယ်။ ၁ဝတန်းအောင်ပြီးတာနဲ့ ၂၀၀၅ကနေ၂၀၀ရခုနှစ်အထိမလေးရှားနိုင်ငံကွာလမ်ပူမြို့ Sunway University College  တက်ခဲ့ပါတယ်။ အခုစင်္ကာပူUniversity of Newcastle မှာတက်နေပါတယ်။၂၀၀၈ကနေစတက်ပြီး၂၀၁၁ခုနှစ်မှာBachelor in Marketing and Management ဘွဲ့ရပါမယ်။ ဝါသနာပါလို့ခုဘာသာကိုယူဖြစ်တာလား။ ကိုယ်တိုင်လဲစိတ်ဝင်စားပြီးမိဘကဖြစ်စေချင်တာလဲပါပါတယ်။ ကျောင်းတဖက်နဲ့အလုပ်လုပ်သလား။ မလေးရှားမှာတက်တုန်းကတည်းကအလုပ် မလုပ်ဖြစ်ပါဘူး။ ကျောင်းပဲတောက်လျှောက်တက်လာခဲ့တာခုထိပါ။ ငယ်ငယ်တုန်းကရည်မှန်းချက်နဲ့လက်ရှိဘဝတထပ်ထဲကျလား။ ငယ်ငယ်တုန်းက သီချင်းဆိုတာအရမ်းဝါသနာ […]


ဆူးNovember 4, 20101min71943
ဖြိုးဆိုတဲ့ မန်ဘာ သူရေးသမျှ လိုက်ပြီး တုန့်ပြန်လျှင်လည်း မကောင်း မတုန့်ပြန် နေသော်လည်း တနေ့တနေ့ ပိုဆိုးလာသည်.. ကိုယ့်ဘဝ ကို နားမလည် သူများ ကို အတင်းဇွတ်သွင်း.. ဖြိုး ဘယ်သူကိုမှ မမြူဆွယ်ပါဘူးလို့ ပြောအုန်းမယ်.. မမြူဆွယ်ဘူး ဆိုရင် ဒီမှာ တင်နေတဲ့ စာတွေကို အသက်ကြီးသူ ငယ်သူပါ အကုန် ဖတ်နေကြတာပါ.. ငယ်သူတွေလည်း ငါတို့ကော ဒီလိုမျိုးလား ဆိုပြီး နဝေ တိန်းတောင် ဖြစ်စေတာမျိုး.. ပုံတွေတင်လိုက်ရင်လည်း ယောကျား အချင်းချင်း ပွတ်သီး ပွတ်သပ် လုပ်ပြီး ဈန်ဝင်နေတဲ့ ပုံတွေကြီးဘဲ.. ဒီပိုစ်ကို ဖတ်ရင် ပုံဘေးနားက စာကို ဖတ်ရင်တောင် ဘေးက လူရှိရင် ဒီပုံကြီးနဲ့ ဖတ်ရတာ.. ဘေးကလူတွေ တမျိုးတမည် […]