၂၀၁၁တွင် မြန်မာ-အမေရိကန်တို့အတွက် ကြီးမားသော အပြောင်းလဲများဖြစ်ခဲ့သည်။ ၂၀၁ဝ သန်းခေါင်စာရင်းအရ အမေရိကတွင်နေထိုင်သူမြန်မာဦးရေ ၁၀၀၂၀၁ ယောက် စာရင်းထွက်ခဲ့ကာ မြန်မာ-အမေရိကအစိုးရပိုင်းဆက်ဆံရေးပြန်ချိတ်ဆက်သွားသဖြင့် ဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးစံနစ်တို့တွင်လည်း မြန်မာတို့အတွက်ဂယက်ရိုက်ခဲ့ပါလေသည်။ ကမ္ဘာထိပ်တန်း နိုင်ငံများဖြစ်သော အမေရိက၊တရုတ်၊ဂျပန်၊အင်္ဂလန်၊ရုရှား၊အိနိ္ဒယတို့မှ မြန်မာပြည်သို့အာရုံတို့စုပြုံကျခဲ့ရာနှစ်ဟုလည်း ဆိုချင်သည်။ ဟီလာရီကလင်တန်၏ခရီးစဉ် အမေရိကအစိုးရအဖွဲ့၏ တတိယနှင့်အမေရိကနိုင်ငံ၏ စတုတ္ထအရေးအကြီးဆုံးရာထူးရှင်၊ သမ္မတဟောင်းဘီလ်ကလင်တန်၏ဇနီးသည်၊ အမေရိကနိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ၅၅နှစ်ကျော်အတွင်းပထမအကြိ်မ်အဖြစ် (ရာထူးအကြီးဆုံးကိုယ်စားပြုကာ) နိုဝင်ဘာ၃ဝရက်နေ့ကမြန်မာပြည်သို့အလည်အပတ်သွားရောက်ခဲ့သည်။ ခရီးစဉ်တွင် မြန်မာသမ္မတ ဦးသိန်းစိန် ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စူပါပါဝါနိုင်ငံ ရာထူးမြင့်ခေါင်းဆောင်တဦး၏ခရီးစဉ်သည် ကမ္ဘာသို့လည်းမီးစိမ်းပြလိုက်ခြင်းလည်းဖြစ်နေပေရာ သူမ၏နောက်မှ ဘင်္ဂလားဒေ့ရှ်၊ထိုင်းဝန်ကြီးချုပ်များ၊ ဂျပန်၊အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးများ၏ ခရီးစဉ်များတွဲပါလာသည်ကို တွေ့နိုင်မည်။ ယခုနှစ်ဇွန်လက အတိုက်အခံ (ရီပါ့ဗလစ်ကန်င်ပါတီ)မှထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဆီနိတ်တာ ဂျွန်မက်ကိန်းသွားရောက်ထားသဖြင့် ယခုချည်းကပ်မှုတို့သည် အမေရိကပါတီ၂ရပ်၏ မဟာဗျူဟာမြောက်သော လှုပ်ရှားမှုများဟုပင်အမည်တပ်လိုပါ၏။ အမေရိက၏ စိတ်ဝင်စားမှုတို့သည် လာမည့် ဆယ်စုနှစ်တို့တွင် အရှေ့တောင်အာရှ၊တောင်အာရှနှင့် […]