Mr. MarGaMay 16, 20131min74324
မဟာစင် မုန်တိုင်းကတော့ ကမ်းခြေကို ဝင်ရောက်ဖို့ အရှိန်အဟုန်နဲ့ လာနေပြီ။ နောက်ဆုံးခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ကြားကနေ ဝင်လိမ့်မယ်လို့ ပြောလို့ရတယ်။ မြန်မာဘက်မှာဆို မောင်တော၊ ဘင်္ဂလားဒေ့ရှ်မှာတော့ စစ်တကောင်းပေါ့ ဒီမြို့တွေက အဓိက လမ်းကြောင်းပေါ်ကို ရောက်နေတယ်။ အထူးသဖြင့် စစ်တကောင်းက မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ တည့်တည့်ပဲ။ မြန်မာ အနေနဲ့တော့ မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်မှာကျတာ ချင်းပြည်နယ် တစ်ခုပဲရှိတယ် ကျန်တာတွေက မုန်တိုင်းဗဟို မရှိဘူး။ ဆက်ပြီး ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထိကို ဆက်သွားမယ်ဆိုတော့ မြန်မာဘက်က ရခိုင်ကမ်းရိုးတမ်းနဲ့ ချင်းပြည်နယ်ဘက် အဓိက အာရုံစိုက်ရလိမ့်မယ်။ ကံကောင်းတာတစ်ခုက အဲဒီဘက်မှာ ရခိုင်ရိုးမ ရှိနေတာကြောင့် အသင့်အတင့် အားလျော့သွားမယ်လို့တော့ ယူဆမိတယ်။ နောက် ဆက်ကာဆက်ကာ […]


ကမ္ဘာ့မိုးလေဝသလောကမှာ လွှမ်းမိုးမှုရှိတဲ့ အမေရိကန် လေတပ်နှင့် ရေတပ်ပူးတွဲထားသည့် တိုင်ဖုန်းလေ့လာစောင့်ကြည့်ရေး စင်တာ(JTCW)၏ ၉ရက်နေ့နှောင်းပိုင်း ကြေညာချက်အရ မေလ ၁၄ ရက် ဂရင်းနစ် စံတော်ချိန် ညနေ ရ နာရီ (မြန်မာ စံတော်ချိန် မေ ၁၅ ရက် မနက် ၁ နာရီခွဲ) တွင် မုန်တိုင်းတစ်ခု မြန်မာကမ်းရိုးတန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ မေလ ၁၁ရက်နေ့မှာတော့ ခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာပြီး ဆိုင်ကလုံးမုန်တိုင်းအဆင့်သို့နောက် ၂၄နာရီအတွင်းမှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီတခေါက် နာမည်ပေးဖို့ အလှည့်ကျတဲ့ သိရိလင်္ကာနိုင်ငံက ဒီမုန်တိုင်းကို မဟာဆန်(MAHASEN) လို့နာမည်ပေးလိုက်ပါတယ်။ ဒီမုန်တိုင်းဟာ နောက် ၄၈နာရီအတွင်းမှာ အားကောင်းလာပြီး ၁၄ရက်နေ့ ညပိုင်း ဒါမှမဟုတ် ၁၅ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ […]


kaiMay 7, 20131min2724
ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (အပိုင်း – ၁) နိဒါန်း ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး၊ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြရာမှာ ဥရောပက အီးယူ (European Union) ကလဲ တခုအပါအဝင်ဖြစ်ပါတယ်။ အီးယူဆိုတဲ့ အဖွဲ့အစည်းဟာ (၁၉၉၃) ခုနှစ်မှာ Treaty of Maastricht အရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလမှာ Treaty of Lisbon စတင်အသက်ဝင်လာချိန်မှာ အီးစီလို့ အတိုကောက်ခေါ်ကြတဲ့ European Communities ရဲ့ လုပ်ငန်းတာဝန်များကို အစားထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အီးစီဆိုတဲ့ အဖွဲ့အစည်းကတော့ (၁၉၅၇) ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ European Economic Community (EEC) […]


ခင္ခMay 2, 20131min42218
“အတိတ်ကပျော်ခဲ့သော အရိပ်တွေ ခုတော့ဖြင့်  ရန်ကုန်ရယ်…….´´   အမိတက္ကသိုလ် အဓိပတိလမ်းဆို သိကြသူရှိခဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ တက်ရောက်စဉ်အချိန်ကာလကလို ရန်ကုန်ဟာပျော်စရာ မကောင်းတော့သလို၊ အပြုံးတွေပေါ်မှာ အသားအရောင်တွေ တံဆိပ်ကပ်လာတယ် အပြုံးတွေပေါ်မှာ ဘာသာတရားတွေ တံဆိပ်ကပ်လာတယ် ငါတို့အလှုမှာ မင်းတို့ မုန့်ဟင်းခါးလာစားကြတုန်းကလို မင်းတို့ အိမ်မှာ ငါတို့ စမိုင်လာသောက်ကြတုန်းကလို သူတို့ခရစ်စမတ်မှာ ငါတို့သီချင်းဝိုင်းဆိုကြတုန်းကလို အဲလိုအချိန် အဲဒီအခြေတုန်းက တစ်ပျော်တပါး ဟေးလားဝါးလား ။   သူ့လမ်းကိုယ့်လမ်း တစ်ထီးတစ်နန်းဆန်ကာ သူ့နယ်ကိုယ့်နယ် ကြီးကျယ်ချင်လာ သားရိုင်းတွေလို မာန်ထောင်ရန်စွာရှိခဲ့ကြကာ သမိုင်းကို မရိုင်းရိုင်းအောင် ဝိုင်းလောင်နေကြပါပေါ့ ခုတော့ရန်ကုန် အရင်လိုမဟုတ်တော့ပြီလေ အတိတ်ကအချိန်ကာလတစ်ခုစီဝယ် စစ်ဖိနပ်အောက်ကလွတ်ဖို့ မင်းတို့ဗလီထဲ တို့များဝင်ပုန်းခဲ့ကြသလို နံပါတ်တုတ်နဲ့လွဲဖို့ ငါတို့ဘုန်းကြီးကျောင်းထဲ မပ်းတို့ဝင်ကာပုန်းခိုနေခဲ့ကြသလို အဲသလိုကပ်ဆိုးကြီးလောက်တောင် ပျော်စရာမကောင်းတော့ဘူးထင် အတိတ်ကပျော်ခဲ့သော အရိပ်တွေ […]


kaiApril 25, 201313min45512
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၄) (နိဂုံး)   (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး၊ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားပေးနိုင်စေတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာ auto (အဓိပ္ပာယ်– ကိုယ်ပိုင်) နဲ့ nomos (အုပ်ချုပ်ခြင်း) စတာတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ယနေ့ခေတ်ကာလမှာ ဒဿနိကဗေဒ၊ သဘာဝသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံစတဲ့ ဘာသာရပ်နယ်ပယ် သုံးခုမှာ အသုံးပြုကြပါတယ်။ ဒဿနိကဗေဒပညာရှင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်ရှိတဲ့ တဦးချင်းပါဝါအဖြစ် သတ်မှတ်ထားကြပါတယ်။ သဘာဝသိပ္ပံပညာရှင်များကတော့ organic independence အဖြစ် သတ်မှတ်ထားကြပြီး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်နယ်ပယ်မှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးရှုထောင့်ကနေ ရှုမြင်လေ့လာကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို အချို့သော အင်စတီကျူးရှင်းများမှာ […]


ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ၊ ကျနော့်ကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး အရာရှိတဦးက ပိုက်ဆံပေး ခိုင်းလို့ ဒီစာကို ဘာသာပျံပါတယ်။ ရဲဘော်မသေ သေသော်နတ်ပြည်တက်… MILITARY ACCESSIONS VITAL TO THE NATIONAL INTEREST တပ်မဒေါ်အင်အားရှိမှ တိုင်းပျီအင်အားချိမည် (ဤဂါးခေါင်းစဉ် ဖြစ်အိ) အင်္ဂလိပ်လို အတိုကောက် MAVNI စစ်သားရှာဖွေ စုဆောင်းရေး အစီအစဉ်နဲ့ တရားဝင် နေထိုင်သော အမေရိကန်နိုင်ငံသား မဟုတ်သေးသူများကို ကြည်းတပ်မှာ ရှာဖွေစုဆောင်းနေသည်။ ကြည်းတပ်မတော်တွင် တာဝန်အပြည့် ထမ်းဆောင်ရန် ဗျူဟာမြောက် အဆင့်သတ်မှတ်သော ဘာသာစကား ၄၄ခုထဲမှ စစ်သားသစ်များ အလိုရှိသည်။ လျင်မြန်သွက်လက် စီဒဇင်ကတ် – နိုင်ငံသားလျောက်ထားမှု လျင်မြန်စွာ ရရှိမည်။ စစ်သားအားလုံး အခြေခံ စစ်သင်တန်း ဆယ်ပတ်ပြီးလျင် […]


Mr WorldWideApril 23, 20131min60528
ပြန်ဖွပြတာတော့ မဟုတ်ပါဘူး..အဘလည်း သုံးသပ်ကြည့်တာပါ။   ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအား ပြင်ဆင်ရန် NLD ပါတီမှ အဆိုပြုခဲ့ရာ ပယ်ချခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည် အား ယင်းကိစ္စနှင့် ပတ်သက်၍ အင်တာဗျူးခဲ့ရာ ဒေါ်စု မှ “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာအဆင့်မီသင့်တာပေါ့ရှင် “ ဟု ပြောကြားခဲ့ပြီး ဂျပန်နိုင် ငံ ခရီးစဉ်၌လည်း ယင်းကဲ့သို့ပင် ထပ်မံပြောကြားခဲ့ပါသည်။           နိုင်ငံတကာ၌ ၎င်းတို့၏ ပထဝီနိုင်ငံရေး သမိုင်းကြောင်းနောက်ခံ အခြေအနေတို့အပေါ် မူတည်၍ နိုင်ငံသားဥပဒေများကို ရေးဆွဲခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နိုင်ငံ၊  အိန္ဒိယ နိုင်ငံနှင့် လူဦးရေ  ပေါက်ကွဲမှု ဖြစ်ပေါ်နေသော ဘင်္ဂလားဒေ့ရှ် ( မွတ်စလင် ) နိုင်ငံတို့အကြား […]


kaiApril 23, 20138min3165
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)   လူမျိုးစုရေးရာ ပဋိပက္ခများအား ဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ (၁) Consociational Democracy Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး လူ့အဖွဲ့အစည်း တရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ နိုင်ငံရေးအစီအမံ (political arrangement) တခုပါ။ ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းထားပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ […]


kaiApril 21, 20136min3947
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း- ၂)   (၂) Institutional Approach လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။ identity politics ရှိနေချိန်မှာ […]


kaiApril 20, 20139min2864
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁) ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် […]


ဧပြီလ ၂ဝ ရက်နေ့ဟာ သမ္မတကြီးဦးသိန်းစိန်ရဲ့ ၆၈ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ် သမ္မတသက်တမ်း၃နှစ်မြောက်မှာကျရောက်တဲ့မွေးနေ့မင်္ဂလာလည်းဖြစ်ပါတယ် ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သမ္မတကြီးခင်ဗျာ နိုင်ငံ့တာဝန်တွေ ဒီထက်ပိုပြီးကောင်းမွန်အောင်ထမ်းဆောင်နိုင်ပါစေဗျာ နှစ်သစ်ပြောင်းပြန်ပြီ ဒါနဲ့တဆက်တည်း မြန်မာသက္ကရာဇ် ၁၃၇၅ခုကိုလဲ ရောက်ရှိလာခဲ့ပါပြီ ရှေးမြန်မာဘုရင်တွေအဆက်ဆက်က သက္ကရာဇ်တွေဖြိုခဲ့ကြလို့ ၁၃၇၅ခုသာရှိနေသေးတာပါ အမှန်က နှစ်ပေါင်း၂၀၀ဝနီးနီးရှိပါပြီ။ ခေတ်တွေကလည်းအဆက်ဆက်၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ၊ ကုန်းဘောင်၊ ကိုလိုနီ၊ လွတ်လပ်ပြီးခေတ်၊ ပါလီမန်ဒီမိုကရေစီ၊ မဆလ၊ စစ်အစိုးရ၊ ဒီမိုကရေစီအစိုးရ စသည်ဖြင့်ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ ဒီခေတ်တွေထဲမှာဘဲ ပြည်ထောင်တွေရဲ့အစဖြစ်တဲ့ ပျူ၊ သရေခေတ္တရာ။ အကူးအပြောင်းစပ်ကြားကာလက မြင်စိုင်း၊ ဂျပန့်ခေတ်၊ လွတ်လပ်ရေးကြို၊ အိမ်စောင့်အစိုးရ။ ခေတ်ပြိုင်တွေဖြစ်တဲ့ ဟံသာဝတီ ၊မြောက်ဦး၊ စစ်ကိုင်း အစရှိတဲ့ခေတ်တွေလည်းရှိခဲ့ပါသေးတယ်။ ဒီထဲမှာမှ မြန်မာနိုင်ငံကြီး စည်းလုံးပြီးချမ်းသာကြီးပွါးသိက္ခါရှိတဲ့ပြည်ထောင်စုအဖြစ ်ရပ်တည်နိုင်ခဲ့တဲ့ အချိန်ကအလွန်တရာနည်းလှပါတယ်။ […]


kaiApril 5, 20139min2238
အဓိကရုဏ်းနှိမ်နင်းရေး ဒေါသထွက်နေသော (သို့မဟုတ်) အလွန်အမင်း တက်ကြွနေသော လူအုပ်ကြီးတခုက ပစ္စည်းများ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ြခင်း စတာတွေ ပြုလုပ်လာပြီ ဆိုရင် ဒါဟာ ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒပြခြင်း မဟုတ်တော့ပါဘူး။ ဒါဟာ အဓိကရုဏ်းအဆင့် ကို ရောက်ရှိသွားပါတယ်။ ဒီလို အဓိကရုဏ်းတွေ ဖြစ်ပွားလာတဲ့အခါ လူစုလူဝေး ထိန်းချုပ်ခြင်း (crowd control) ပြုလုပ်ဖို့ လိုအပ်လာပါတယ်။ လူစုလူဝေးထိန်းချုပ်ခြင်း ဆိုတာကို လူရှစ်ယောက် (သို့မဟုတ်) လူရှစ်ယောက်ထက်ပိုသော ဒေါသထွက်နေခြင်း (သို့မဟုတ်) အလွန်အမင်း တက်ကြွခြင်း ဖြစ်နေသည့် လူအုပ်စုအား အဖျက်လုပ်ရပ်များ မလုပ်ဆောင်စေရန် တားဆီးခြင်း၊ ကန့်သတ်ခြင်းနဲ့ ဖြိုခွဲခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေးတပ်၊ စုဖွဲ့နှိမ်နင်းမှုသဏ္ဍာန်၊ အချက်ပြဆက်သွယ်ရေး၊ လက်နက်ခဲယမ်းများနှင့် ပစ္စည်းကိရိယာများ […]


kaiMarch 28, 20131min51112
တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော မတ်လ (၂၇) ရက်နေ့။ ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။ ဒီနေ့ကို နိုင်ငံတော်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လဲ မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ်လက်ခံထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလဲ အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိသမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသန စာအုပ်တွေကို ဖတ်မိလာ ချိန်မှာတော့ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ပဲ၊ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေ […]