ကျွန်တော်ငယ်စဉ်က မိဘတာဝန်ကျရာမြို့တွေမှာ လိုက်ပါရင်း နယ်မြို့များမှာသင်္ကြန်ကျခဲ့တာ များပြီး အေးချမ်းပြီးရိုးသားသော တိုင်းရင်းသားများနှင့်ရေကစားခဲ့ရလို့ သင်္ကြန်ဆိုတာ မုန့်လိုက်စားရင်း ပျော်ရွှင်ဘွယ်ရာရက်များအဖြစ် အမှတ်ရစရာများခဲ့ပါတယ်။ နယ်မြို့များရဲ့သဘာဝ အလှူအတန်းပေါများပြီး ရေကစားရာမှာလည်း ရိုးသား အေးချမ်း ညင်သာလှသမို့ ကျွန်တော့်ရဲ့ငယ်ဘဝ(မိုးကုတ်မြို့၊မြစ်ကြီးနားမြို့)တိုင်းရင်းသား သူငယ်ချင်းများနဲ့ ရေကစားဘို့ မြို့အနှံ့ လျှောက်လည်ခဲ့တာတွေအခုထိအမှတ်ရဆဲပါ။ ၁၉၇၉မှာ ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီး စိန့်ဂျွမ်းကျောင်း(လမ်းမတော်အထက ၁ )မှာ နဝမတန်းတက်ရတယ် နွေရာသီ ကျောင်းပိတ်ရက်လည်းရောက်ရော အဲဒီမှာတင် ရန်ကုန်သင်္ကြန်ဆိုတာကြီးကို စပြီးကြုံရတယ် ။ဂျစ်ကားတွေ အမိုးဖွင့်ကားတွေနဲ့ မိန်းမ ယောက်ကျား ရောထွေးယှက်လို့ အော်ချင်တာအော် ကားတစ်စီးနဲ့တစ်စီးအပြိုင်မောင်းလိုမောင်း တစ်ဘက်နဲ့ တစ်ဘက် မခံချင်အောင်စ ရန်ဖြစ် ရိုက်ကြနှက်ကြနဲ့ အဲဒီခေတ်က လမ်းသူရဲတွေ မင်းမူတဲ့ခေတ်ဆိုတော့ ကျွန်တော်သင်္ကြန်ကို မလည်ဖြစ်ခဲ့တာများပါတယ် ကျွန်တော့်ညီတွေလည်တဲ့ တစ်ရက် ဂျစ်ကားနဲ့တစ်ရက်ဆိုသလောက်လည်ခဲ့ဘူးပါတယ် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ ပါလာတဲ့ […]