ကျွန်တော်အကြောင်းပြောရရင်နာမည်ကအရင်စပြောမယ် နာမည်ကဂျူနီယာမောင်မောင် မွေးချင်းလေးယောက်ထဲမှာအငယ်ဆုံး အသက်ကတော့လေးဆယ်ရှိပြီ ရည်းစားလည်းမရှိဘူး မိန်းမလည်းမရှိဘူး ပိုက်ဆံလည်းမရှိဘူး ဘာဖြစ်လဲသေရင်ကိုယ့်နောက်ပါမှာကျနေတာပဲ ဒီလိုပဲပြောရတာပေါ့ဗျာ အရှက်ပြေ တကယ်တော့အသက်လေးဆယ်ဆိူတဲ့လူတယောက်မှာပိုင်ဆိုင်မူ့ တွေကတော်တော်ကိုများနေရမှာ ကျောင်းတက်တုံးက မှတ်မှတ်ရရကတော့လေးနှစ်လုံးမူးနေတာပဲ စာမေးပွဲလားအောင်တာပေါ့ ခိုးချတာကိုး ကျွန်တော်တယောက်ထဲတော့မဟုတ်ဘူး တနိုင်ငံလုံးခိုးဲကြတာ ဘာကြောင့်လဲဟုတ်လား စစ်အစိုးရတီတွင်လိုက်တဲ့အဝေးသင်ဆိုတဲ့ပညာရေးစနစ်ကြီးကြောင့်ပေါ့ ကျွန်တော်နောက်ဆုံးနှစ်ကဆို ဂုဏ်ထူတန်းတောင်ဝင်လိုက်သေး ဆက်မတက်တော့ပါဘူး ရှက်လို့ ဆက်တက်တဲ့လူထဲက အခုဆိုကျောင်းဆရာဖြစ်နေတဲ့လူတောင်ရှိတယ် ဘာမှမတက်ပဲဘယ်လိုများစာ ပြန်သင်နေလည်းတော့မသိဘူး အခုလက်ရှိလုပ်နေတဲ့အလုပ်က ကျောက်စိမ်းအရောင်း အဝယ်လုပ်တယ် အထင်မကြီးနဲ့ ကျွန်တော်လုပ်တာအောက်ကျောက်လေးတွေပါ အဆင်မပြေပါဘူးဗျာ ထမင်းတောင်အမေကျွေးထားလို့ မဟုတ်ရင်ငတ်သေတာကြာပြီ အမေကတော့ကျွန်တော့်ဘဝမှာတော်တော်အရေးပါတယ်ဗျ ဘာလို့လည်းဆိုတော့ကျွန်တောိတို့ငယ်ကတည်းက မီသားစုကိုပစ်ပြီးနောက်မိန်းမယူသွားတာ အမေကပဲကျွန်တော်တို့မောင်နှမတွေကို ကျွေးမွေး စောင့်ရှေက်ခဲ့တာ တော်ပါ ပြီအဖေအကြောင်းတော့မပြောချင်တော့ဘူး ပြောရရင်အံ့ဩကုန်နိူင်ဖွယ်ပဲ အခုလောလောဆယ်ဖြစ်ချင်နေတာကတော့ သဌေးဖြစ်ချင်တယ် ပိုက်ဆံလိုချင် တယ်ကျွန်တော်ဘဝမှာအရေးအကြီးဆုံးက အမေပဲ ဒုတိယကပိုက်ဆံ ခင်ဗျားတို့ရောပိုက်ဆံမလိုချင်ကြဘူးလား……….