mgwaloneJanuary 1, 20131min45117
ဒီနေ့ခေတ်မှာ ဆက်သွယ်ရေး နည်းပညာတွေက တိုးတက်၊ ကမာ္ဘကြီးကို ရွာလို့တောင် တင်စား ပြောဆိုနေကြတာဆိုတော့ နို်င်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက အင်မတန် အရေးပါတယ် ဆိုတာ လူတိုင်းက ပြောနေကြပါပြီ။ ဒါကို မောင်ဝလုံး လက်ခံပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ မြန်မာနို်င်ငံမှာ တော့ နဲနဲ ပိုလွန်းနေသလားလို့ ဒီစာကို ရေးလိုက်တာပါ။ ခေတ်ကပြောင်းလဲတိုးတက်တာ သိပ်မြန်တယ်။ ပစ္စည်းအသစ်အဆန်းတွေ ကလည်း နေတိုင်းပေါ်။ မောင်ဝလုံးတို့ လိုက်လို့မမီနိုင်လောက်အောင်ကို မြန်နေတာ။ ဒီတော့ ဒီပစ္စည်း အသစ်အဆန်းတွေကို မြန်မာစကားလုံးနဲ့ ခေါ်ဘို့ မရှိတာတွေ များလာပါတယ်။ ဟိုတုန်းက ရေဒီယို ဆိုတာ Radio ဆိုတဲ့ အင်္ဂလိပ် စကားလုံးရဲ ့ အသံထွက်ကို ယူပြီး မွေးစားသုံးရသလိုပါပဲ။ ဒီနေ့ခေတ်မှာ ကွန်ပြူတာ […]


maung khinminDecember 31, 20121min28013
*** မင်္ဂလာပါ တွမ်တီး သာတင်း ( န် ) **** နှစ်ထောင့်ဆယ့်နှစ်  သုံးဆယ့်တစ် ည လ  ” ဒီဇင်ဘာ ”       တနင်္လာ ၌ အချိန် ဆယ့်နှစ်   သန်းခေါင် ညဉ့်လယ် ကြယ်စုံ ညီလာ   ကောင်းကင်ပြာ လဲ့ အိုဘယ့် လမင်း   မြူနှင်း ကြားမှာ လင်းအား မှုန်မှုန်   ချမ်းတုန် အေးခဲ ညှဉ်းသည်းမြောက်လေ   တစ်နှစ်ကြွေပြီ ငေးရီ နေသလား   ကောင်းကင်မှာ ။ သာစွ မြန်ပြည်      မြေညီ တောင်တန်း ညီနောင် ကျွမ်းတို ့     ငြိမ်းချမ်းပါစ ဒီလို ညထဲ      လောက အပူ ထားခဲ့ လှူလိုက်    ညီတူ ခံစား […]


kkkDecember 31, 20121min1433
တမူးမြို့က ဖြူစင်မေတ္တာမိတ်ဆွေများ ဆိုတာကျန်းမာရေး၊ပညာရေးစတဲ့ပရဟိတလုပ်ငန်းတွေကိုတတ်စွမ်းသရွှေ့ လု ပ်ဆောင်နိုင်ဖို့ ၁-၁-၂၀၁၁ရက်နေ့ကမိတ်ဆွေများစုပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်၊ပရဟိတလုပ်ငန်း တွေဆောင်ရွက်ရာမှာ ဦးစားပေးလုပ်ငန်းအဖြစ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် ဆေးရုံတက်ရောက်ကုသ နေတဲ့ ဆင်းရဲနွမ်းပါးတဲ့လူနာတွေကိုဆေးဖိုးနဲ့အာဟာရထောက်ပံ့လှူဒါန်းဖို့ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ်ပညာရေး ထောက်ပံ့မှုလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်၊၁-၁-၂၀၁၁ရက်နေ့စတင်ဖွဲ့စည်းတော့အဖွဲ့ဝင်(၁၂)ဦးနဲ့တစ် ဦးလျှင်မတည်ငွေအပြင်တစ်လ(၂၀၀၀)ကျပ်နှုန်းစုဆောင်းခဲ့ပြီး ၂၀၁၁ဒီဇင်ဘာအထိအဖွဲ့ဝင်(၄၂)ဦးထိပါဝင်လာပါ တယ်။ကျန်းမာရေးအတွက်အခက်အခဲဖြစ်နေတဲ့သူတွေ၊ဆေးရုံတက်ရောက်ကုသမှုခံယူပြီးငွေကြေးအခက်အခဲဖြစ် နေတဲ့သူတွေကို ဦးစားပေးအနေနဲ့ငွေသားထောက်ပံ့ခြင်း၊ဆေးပစ္စည်းဆိုင်မှာငွေစာရင်းဖွင့်ပေးပြီးကူညီမှုတွေကိုလုပ် ခဲ့ပါတယ်၊တမူးပြည်သူ့ဆေးရုံက ဆရာဝန်၊ဆရာမကြီးတွေကလည်း ပါဝင်ကူညီခဲ့ကြပါတယ် ။ ၂၀၁၁ခုနှစ်က ဆေးရုံတက်ရောက်ကုသတဲ့လူနာပေါင်း(၁၃)ဦးကို ဆေးဖိုးအဖြစ် ကျပ်(၄)သိန်းကျော်ကူညီ ထောက်ပံ့နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြို့မနဲ့အောင်နိမိတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက(၁၀)တန်းဖြေဆိုမဲ့ ကျောင်းသား/ကျောင်းသူတွေအတွက်စာအုပ်နဲ့ဘောပင်တွေကိုကူညီထောက်ပံ့ခဲ့ပါတယ် ။ ၂၀၁၂ဒီဇင်ဘာလအထိအဖွဲ့ဝင်(၆၀)ကျော်ထိတိုးတက်လာပြီး ကျန်းမာရေးထောက်ပံ့ကူညီမှုပေါင်း(၂၀) ကျော်နဲ့ ကျပ်(၁၀)သိန်းကျော်ဖိုးအထိကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။၂၀၁၂ခုနှစ်ရဲ့နှစ်ပတ်လည်အစည်းအဝေးနဲ့ငွေ စာရင်းရှင်းလင်းပွဲကို တမူးမြို့မှာပဲ ဒီဇင်ဘာ(၃၀)ရက်နေ့ကပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွက်မိတ်ဆွေများအဖွဲ့က ဆောင်ရွက်မဲ့ ကျန်းမာရေး၊ပညာရေးထောက်ပံ့မှုလုပ်ငန်းစဉ်တွေကိုစုပေါင်းဆုံးဖြတ်ခဲ့ကြတယ်။ပြီးတော့ မြို့မနဲ့ အောင်နိမိတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသားကျောင်းသူတွေအတွက်စာအုပ်နဲ့ ဘောပင်တေ ွလှူဒါန်းခဲ့ကြတယ် ။ ဖြူစင်မေတ္တာမိတ်ဆွေများအဖွဲ့ဟာအသင်းဝင်ဦးရေများပြားလာတာနဲ့အညီ ကူညီထောက်ပံ့မှုတွေကိုပိုမို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။၂၀၁၃ခုနှစ်မှာလည်း မိတ်ဆွေများအနေနဲ့ကူညီထောက်ပံ့မှုတွေပိုမိုဆောင်ရွက်နိုင် ပါစေ လို့ဆန္ဒပြုလိုက်ပါတယ် ။  


thar agDecember 30, 20121min1788
ကျေးဇူးပြု၍ ပစ်မထားပါနှင့်….. ………………………………….. မနေ့ည(ဒီဇင်ဘာ ၂ရည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်း စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ရတနာဂူအောက်နန်းမရောက်ခင် တပြခန့်အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦးလဲနေသည်ထင်ပြီး ကျော်သွားသည်။ နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ။ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီးဟောင်နေသဖြင့် သတိပေးရန်နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ဆိုင်ကယ်မှာ ဒူးကာများကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွားပျက်စီးနေကာ တိုက်ခံရသောလူမှာလည်း သတိမေ့နေသည်။ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ.သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ.သေပြီလားဟု တွေးမိသည်။အနားလည်း အရမ်းကြီးမကပ်ရဲ..ဆိုင်ကယ်မီးထိုးကြည့်သည်။ရွှေဆွဲကြိုးတကုံးဝတ်ထားသည်။အနွေးထည်အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တအိတ်ကို တွေ့သည်။သူစဉ်းစားသည်..ရဲကို ဖုန်းဆက်ခေါ်ရမည်။ဖုန်းက ဘက်ထရီကုန်နေသည်။ဘယ်လိုမှ ဆက်မရ။သို့နှင့် လာသမျှကားကို လက်တားသည်။တစ်စီး .နှစ်စီး ..ဆယ်စီးကျော်သွားပြီ..ဘယ်သူမှ ရပ်မပေး.ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။ သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ […]


ဦးသုDecember 29, 20121min23510
ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။ ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-ဝါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။ ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေဝီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။) ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) ၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။) ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် […]


maung khinminDecember 28, 20121min2054
### အပေါင်း အနှုတ် အမြှောက် အစား နဲ ့ အလျော်အစား များတဲ့ ကစားဝိုင်း တစ်ခုမှာ ကျောမွဲတွေရဲ ့ ဘဝအဓိပ္ပါယ် ကို ဒိုင် စား လိုက်. …….. ### မသိတာက မရှိတာ လောက် အာရုံမနောက် ငွေခေါင်းလောင်းသံ ကြားရာ မျက်နှာမူ လူ ့ဝါဒ တံခါးပိတ် နိုးကြားခြင်းနဲ ့ စောင်ခြုံအိပ် ဘဝ ကို ဂေါ်လီလို လှှိမ့်လိုက် …….. ### အတ္တ သရုပ်မှန် ပြဇာတ်နဖူးစီးမှာ “ဘီလူးစီးသသည်စာတန်းထိုးထားတဲ့ လောကပါလ တရားရေ. …….. ဘယ်အမှန်တရားကို ဝှက်ထားပေးရမလဲ ဘယ်အခွင့်အရေးကြောင့် ကိုယ်ရောင်ဖျောက် ဒူးထောက် လို ့ မျက်လုံးဒေါက်ထောက် နေရမလဲ […]


သုရွင္December 27, 20121min1563
ခွန်အား   မနေအနားရုန်းကန်နေရ နေ့စဉ်ဖြတ်သန်းတဲ့ ခက်ခဲမှုဘဝတွေ သူ့အကျိုး ကိုယ့်အကျိုးနဲ ့ အမှားနဲ့အမှန်ကို ရေတွက် အားအင်တွေကိုလောင်စာထိုး နံနက်မိုးလင်းတိုင်း..အလုပ်က ဆင့်ခေါ်ခြင်းခံနေရပေါ့။   ရှေ  ့ကိုတစ်လှမ်းတိုးဖို့ အပေါ်ကိုတစ်ထစ်တက်ဖို့ ကဆုန်စိုင်းပြီးရင်းနှီးထားရတဲ့ တန်ဖိုးဖြတ်ခံခွန်အားတွေ.. ငါတို့ရဲ့အနုပျိုမှုတွေကို တိုက်စားနှစ်မြ ှုပ် တစ်ရက်ထက်တစ်ရက်နီးနီးလာတဲ့.. ငါတို့ လျစ်လျူရှုထားရာ..နေရာတစ်ခုခု ဆီကို…။                                                                              သုရှင်      


ဆင်ဖြူရှင်December 26, 20121min2197
“မီးပွိုင့် ကလည်းကြာလိုက်တာကွာ” “နေကလည်း ပူလိုက်တာ” “အလုပ်တော့နောက်ကျပါပြီ” “သေပြီဆရာ ထပ်မိပြန်ပြီ” “ဪ လူဖြစ်ရတဲ့ဒုက္ခ”           ဒီအသံတွေဟာ လတ်တလောကျွန်တော့ပါတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကြားနေကြအသံများဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုသာမက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ပါ။           အထူးသဖြင့် ဒီ၂၀၁၂ နောက်ပိုင်းကာလတွေမှာ ပိုပြီးကြားလာရတာပါ။ ဖြစ်နိုင်တာက နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွါးရေးပွင့်လင်းလာမှု လူမှုရေးတိုးတက်လာမှုတွေကြောင့် လူတွေဟာကဏ္ဍပေါင်းစုံမှာ ပိုမိုကူးလူးဆက်ဆံလာကြပါတယ်။ နိုင်ငံခြားခရီးသွားအရေအတွက် တမဟုတ်ချင်းမြင့်တက်လာသလို တဖက်ကလည်း ဒီအတွက်အဆင်သင့်ဖြစ်မနေသေးပါဘူး။ အဓိက တခုကတော့လမ်းပမ်းဆက်သွယ်ရေးပါ။           မြန်မာနိုင်ငံကမြို့ပြလူတန်းစား အများစုဟာနိုင်ငံတကာနဲ့ယှဉ်ရင် ဝင်ငွေနိမ့်ကျသော်လည်း PPP လို့ခေါ်တဲ့ဝယ်လိုအားကတော့ တန်းတူရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို မော်ဒယ်နိမ့် ကားတစီးကို နိုင်ငံတကာဈေးနှုန်းထက် ၁၃ဆပေးပြီးဝယ်ရပါတယ်။ တကယ်လို့သာ နိုင်ငံတကာဈေးနှုန်း အတိုင်းဝယ်လို့ရရင် မြို့ပြလူတန်းစားရဲ့ ၃ပုံ၁ပုံကျော်ဟာ ကိုယ်ပိုင်ကားစီးနိုင်ပါတယ်။           […]


kkkDecember 25, 20124min2215
Did you know Shakespeare invented the word ” assassination” and “bump.” Marilyn Monroe had six toes on one foot. Women blink nearly twice as much as men. Right handed people live, on average, nine years longer than left handed people do. The average chocolate bar has 8 insects’ legs in it. The average human eats […]


Sa LoneDecember 24, 20121min25711
မင်္ဂလာပါလို ့ ကျနော်ကိုစလုံးမိတ်ဆက်ပရစေ။ ရန်ကုန်မှာရှိတဲ့ကျွန်တော့်သူငယ်ချင်းကိုလိမ်ဖို ့ကြိုးစားတဲ့အကြောင်းရာလေးတခုတင်ပြပရစေ။ လာလိမ်ဖို ့ကြိုးစားတဲ့သူက မိန်းကလေး ချောချောပါ ကရင်လေသံနဲ ့ဆိုတော့ ကရင်မလေးပဲဆိုပါစို ့. ၂ကြိမ်မြောက်လာလိမ်မှ နဲနဲရိပ်မိတာပါ။ (၁) ပထမအကြိမ် လွန်ခဲ့တဲ့တစ်နှစ်လောက်က ရန်ကုန်မှာရှိနေတဲ့ညီတယောက်ငွေလိုတယ်ဆိုရင် ကျနော်သယ်ငယ်ချင်းမိန်းကလေးတယောက်ဆီပဲသွားယူခိုင်းပါတယ်။ နောက်မှ သူနဲ ့ကျနော်ရှင်းပေါ့။ ဒါနဲ ့ကျနော်ကယူခိုင်းပါတယ်ဆိုပြီး ကောင်လေးတစ်ယောက်လာလို ့ ငွေငါးသောင်းပေးလိုက်တယ်လို ့ သူငယ်ချင်းလုပ်သူဖုန်းဆက်တော့ ကျနော် ညီလုပ်သူကိုတမ်းပြီးဖုန်းဆက်မေးပါတယ် ” မင်းဘာဖြစ်လို ့ငါ့ကိုအသိမပေးပဲ သွားယူရတာလဲပေါ့ ” ညီလုပ်သူလည်း သူတကယ်မယူတဲ့အကြောင်းပြောပါတယ်။ ကဲရှိစေတော့ဆိုပြီး  ကျနော် ့သူငယ်ချင်းလုပ်သူကိုပိတ်လိုက်ပါတယ် ကျနော် ့နာမည်ပြောပြီးဘယ်သူပဲလာယူယူမပေးဖို ့။ (၂)ဒုတိယအကြိမ် (21.12.12) ဒီတစ်ခါတော့ မိန်းကလေးချောချောလေးပါ. ကျနော်ကလွတ်လိုက်လို ့စာရွက်စာတမ်းတွေနိူတြီပြန်ချင်လို ့လိုက်ပို ့ပါဆိုပြီး ပြောပါတယ်။ ကုန်ကျစရိတ်ကိုလည်း […]


nicolus agralDecember 24, 20121min1291
တရုတ်မကြီး ဒေါ်ယင်းမာရဲ့ “ရွှေစင်တစ်ထောင် ပုံဆောင်စကား” (A Thousand Pieces of Gold by Adeline Yen Mah) စာအုပ်ကလေးကို ဖတ်ရှုခံစား ရေးသားမျှဝေလာခဲ့တာ စက်တင်ဘာ ၂၉ ရက်ကတည်းကဆိုတော့ အခုဆို တစ်လခွဲတင်းတင်းပြည့်မှပဲ ဆုံးခန်းတိုင်သွားတာ ခေါင်းပေါ်က အထုပ်တစ်ခု လိုရာအရောက် ပို့ပေးလိုက်ရသလို လွတ်လပ်ပေါ့ပါးပြီး စိတ်ထဲမှာလည်း အတိုင်းအတာတစ်ခုထိ ကြေနပ်သွားပါတယ်။ ဝတ္တရားကြီးတစ်ရပ်လို ရေးခဲ့တာ မဟုတ်ပေမယ့် ဘယ်အထိရောက်မှာလဲ သိချင်စိတ်နဲ့ လျှောက်ခဲ့တဲ့ လမ်းတစ်ခုအဆုံးထိရောက်ခဲ့ရတော့ ကိုယ်လိုပဲ စိတ်ရှည်လက်ရှည် လိုက်ဖတ်နေကြတဲ့သူတွေနဲ့ “ဒါက ဒီလိုရှိတယ်” အတွေးအမြင်ချင်း ဖလှယ်ဖို့ လိုပါသေးတယ်။ စာတစ်ပုဒ်စီ တစ်ပုဒ်စီကို ပုလဲလုံးကလေးတွေလို ရင်ထဲကခံစားလို့ အုထုတ်လိုက်ပြီးတဲ့အခါ အဲဒီပုလဲလုံးကလေးတွေကို သီကုံးပေးဖို့လည်း လိုဦးမှာပေါ့။ ဒါမှလည်း အများသူငါ […]


TheWinner GetprizeDecember 23, 20121min72848
ဒေါ်စိမ်း တယောက် ဈေးဆိုင်အလုပ်မအားလပ်တဲ့ကြားမှ ဒီနေ့တော့ ရွာအရှေ့ပိုင်းက ကိုတိုးဝင်း ဆုံးတဲ့ဆီကို မဖြစ်ဖြစ်အောင် ထွက်လာခဲ့မိသည်။ အသုဘ အိမ်နားရောက်တော့ ဒေါ်စိမ်း မျက်လုံးများ ပြူးသွားရသည်။ သရဲတွေ့လို့ မဟုတ်ပါ။ သုံးတန်းတက်နေတဲ့ ဒေါ်စိမ်းရဲ့အချစ်တော် မြေးမလေးကို အသုဘအိမ်မလှမ်းမကမ်းမှာ တွေ့လိုက်လို့ပါ- “ဟဲ့မြေးလေး တုန်တုန်” အဖွားကို မြင်လိုက်တော ့ တုန်တုန် လန့်လည်းလန့်၊ ဝမ်းလည်းဝမ်းသာသွားသည်။ “ဟင်အဖွား” “သမီးကျောင်းချိန်ကြီးမှာ ဘယ်လိုဖြစ်လို့ဒီနားရောက်နေတာလဲ” မေးလိုက်ကာမှပဲ တုန်တုန်တစ်ယောက် မျက်ရည်များ စီးကျလာတော့သည်။ မြေးမလေး မျက်ရည်မြင်တော့ ဒေါ်စိမ်း အသည်းထဲကျင်သွားသည်။ “သမီးဘာဖြစ်လို့လဲ အဖွားကို ပြောစမ်း၊ ကျောင်းမှာ ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲ” “ကျောင်းမှာ ဘာမှ မဖြစ်ပါဘူးအဖွား။ တုန်တုန် ဒီအိမ်ထဲကို ပြန်မဝင်ရဲလို့ပါ” “ဟင်၊ သမီးက ဒီအသုဘ […]