ဦးသုOctober 5, 20121min39217
ကျိုက်ထီးရိုး ဘုရားဖူး ရာသီရောက်လာလို့ မနှစ်က ကျိုက်ထီးရိုးသွားရင်း ကြုံခဲ့ရတဲ့ အဖြစ်လေးပြောပြချင်လို့ ရေးလိုက်တာပါ။ ကျွန်တော်တို့မိသားစု က ကျိုက်ထီးရိုး ဘုရားဖူး  နှစ်တိုင်းထွက်တယ်။ မနှစ်က တော့ လူတော်တော်များတယ် မိန်းမဖက်က အမျိုးတွေနဲ့ အိမ်နားက ကလေးတွေရော အားလုံး ကလေးလူကြီးစုစုပေါင်း နှစ်ဆယ့်သုံးယောက်ရှိတယ်။ လိုက်ထရပ် တစ်စီး ငှားပြီးသွားကြတာပေါ့ ကင်မွန်းစခန်းလဲ ရောက်ရော ဆီမီး ကိုးထောင်လာကပ်တဲ့ သိမ်ကြီးဈေး အဖွဲ့နဲ့ တိုးပါလေရော။ကျွန်တော်တို့ က  ၃ လပိုင်း ကလေးတွေစာမေးပွဲ ပြီးလို့ လူလဲချောင်တယ်ဆိုပြီးသွားတာ ဟိုကိုလဲရောက်ရော တောင်ပေါ်တက်တဲ့ ကားကို မနည်းလုတက်ရတယ် ။ နောက်ပြီး ကျွန်တော် တို့ အဖွဲ့မှာ အသက် ၈ဝ ရှိတဲ့ အဖွားတစ်ယောက်ပါတော့ ပိုဆိုးတာပေါ့။ အဲဒါနဲ့ ရင်ပြင်တော်ပေါ်ကိုရောက်သွားပါလေရော။ […]


footyOctober 4, 20121min1544
ဘယ်သူမှ တင်ထားတာမတွေ ့လို ့…. အကောင်းဆုံးဖြစ်နိုင်ခြေကို တင်ပေးလိုက်ပါတယ် Atl. Madrid vs Viktoria Plzen ပွဲနဲ ့ Anzhi Makhachkal vs Young Boys ပွဲနစ်ပွဲမှာတော့..နစ်ပွဲလုံး..ဂိုးပေါင်း သုံးလုံးနင့်အထက်ပါ Marseille vs AEL Limasso ပွဲမှာတော့….Marseille (အသင်း)..ကတော့ အနည်းဆုံး..နစ်လုံးအသာရသွားမှာပါပါ….. အချိန်မအားလို ့..ပြည့်ပြည့်စုံစုံတော့..မရေးပေးနိုင်ပါဘူး………….လေးစားလျက်..footy


ဦးသုOctober 4, 20121min1293
ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။ သံမဏိစက်ရုံသို့ရောက်သောအခါ ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၎င်းသံမဏိစက်ရုံတွင် ဝန်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် […]


thar agOctober 4, 20121min31712
မူရင်းအမည် နဲ့ဘဲ တင်ပေးလိုက်ပါတယ် ဖတ်ကောင်းတဲ့ ဝတ္တုကိုလေးတခုပါအဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။ ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?” ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။ ကျွန်တော်တို့ ဘဝက ဖြတ်သန်းလာရ တာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှ ာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။ ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ […]


ကာရံOctober 3, 20121min31611
တွေ့ဆုံချိန်တစ်ခဏ ချစ်ရက်ရှည်နေ့ညတိုင်းမှာ လွမ်းမိတိုင်း မျက်ရည်ကျ မမြင်ရတဲ့ သံယောဇဉ် ချီနှောင်ခဲ့ပြီ ရင်ခွင်ဆီ ရုန်းထွက်ဖို့လဲ မလွယ်ပြီ လေပြေလေးရယ် ကူလှည့်ကွယ် မိုးစက်များလည်း ပြိုတော့မယ် တိမ်ညိုညို ကောင်းကင်အောက်ဝယ် သိပ်ချစ်တာသူလေသိရင် အပြစ်ရှာမထား ပြစ်ခွာမသွားရအောင် ဝေးနေတဲ့ နေ့ရက်တိုင်းအတွက် ဖြေဆည်းတော့မယ် ချစ်သူရယ်………….


ကာရံOctober 3, 20121min2384
လွမ်းလို့နေပြီလေ တစ်ကိုယ်ထဲအထီးကျန်ဆန်နေတဲ့အချိန်မှာ မင်းလေးရဲ့ ချစ်ခွန်းလေးတွေက လေနုအေးပမာပေါ့ ဆွေးနေတဲ့ရက်တွေတိုင်းမှာ ငါ့မျက်ရည်တွေ တိတ်တခိုးကျ သူမသိပါဘူးလေ အယုယခံချင်တဲ့ ငါ့နှလုံးသားတစ်စုံကတော့ ပုခုံးထက်မှာ ပျံဝဲနေတဲ့ လိပ်ပြာလေပမာ လွမ်းလို့ရှုးတော့တော့မယ်ကွာ……………


myohtatOctober 3, 20121min2839
ကားကုမ္ပဏီတွေမှာကားဝယ်မယ်ဆိုရင် ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအပြည့်အစုံပါမှဝယ်သင့်ပါတယ် … ကျသင့်ကားဘိုးမှာ … 2000000/ကျပ်နှစ်ဆယ်သိန်းချန်ထားပြီး  ဝှီးတက်နဲ့ လိုင်စင်ဘုတ်ထွက်လာရင် ချန်ထားတဲ့ 2000000/ကျပ်နှစ်ဆယ်သိန်းပေးရပါတယ် … ကားကုမ္ပဏီ တော်တော်များများက ဝှီးတက်ဓါတ်ပုံရယ်၊အုံနာဘုတ်ရယ် ပရီမီရံသွင်းထားတဲ့စာအုပ်ရယ် … ဒါဘဲပေးတတ်ကြပါတယ်။ ကားလည်းရပြီ၊ ဝှီးတက်၊အုံနာဘုတ်၊ပရီမီရံစာအုပ် … ဒါတွေရထားပြီဆိုရင် … ပြည့်စုံပြီလို့ထင်ကြပါတယ် … အမှန်တော့မပြည့်စုံသေးပါဘူး … မိမိဝယ်တဲ့ကားနဲ့ပတ်သက်တဲ့ (အခွန်စာရွက်စာတမ်း)တွေလိုအပ်ပါတယ် … ကားကုမ္ပဏီ တော်တော်များများက (အခွန်စာရွက်စာတမ်း)တွေ မပေးကြပါဘူး … ဥပမာ … ဝယ်ထားတဲ့ကားကိုရောင်းမှာတို့ … မိမိအမည်ပြောင်းမှာတို့ဆို … စာရွက်စာတမ်းအပြည့်အစုံရှိမှအဆင်ပြေမှာပါ .. စာရွက်စာတမ်းဆိုတာ … တချိန်မှာမိမိအတွက် အရေးကြီးနေတတ်ပါတယ် … ဘယ်ကိစ္စမဆို အားလုံးပြည့်စုံထားသင့်ပါတယ်။ အဆင်မပြေရင် ကျွန်တော်တို့ကိုလာပြောပါ အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆိုတဲ့စကားကိုယုံကြည်ပြီးအေးအေးဆေးဆေး မနေသင့်ပါဘူး … […]


MgMobileOctober 3, 20121min1936
မင်္ဂလာပါခင်ဗျာ။ ဒီနေ့ညရဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်များကတော့ 10:30   =70  ဇင်းနစ်      2-60   အေစီမီလန် 1:15     အန်းဒါလက်ချ်     2-80   မာလာဂါ  =40 ။       1-70 အာဆင်နယ် 3+25  အိုလံပီယာကော့ ။       1+20 ရှော်ကေး     2-      မောင်ပယ်လီယာ ။       1-30  ဒိုင်နမိုကိဗ်   3+80  ဒိုင်နမိုဇာဂရက် ။       =40   ပေါ်တို       2-50    ပီအက်စ်ဂျီ ။      1+90 မန်စီးတီး     3+20    ဒေါ့မွန် ။               အေဂျက်     3-20    ရီရဲလ် 1-60 ယခုပွဲစဉ်များထဲမှ အကောင်းဆုံးပွဲစဉ်များကိုတင်ပြပါမယ် 10:30   =70  ဇင်းနစ်      2-60   အေစီမီလန် […]


MgMobileOctober 2, 20121min2194
အားလုံးပဲမင်္ဂလာပါ။ ကျနော် စတင်ခန့်မှန်းခဲ့ကတည်းက မှားတဲ့ပွဲးတွေက များခဲ့လို့ ပရိတ်သတ်များ အတော်အထိနာခဲ့ကြမယ့် အတွက် ကျနော်လဲထပ်တူ စိတ်မကောင်းဖြစ်ရသလို ၊ ကျနော်မှာ လဲရှိနေတဲ့ ပိုက်ဆံလေးတွေ ကုန်သလောက်နီးပါး ဖြစ်နေပါပြီ။ အားလုံးကို ကျနော်တစ်ခုပြောချင်တာကတော့ ယုံကြည်မှုလေးရှိပေးကြပါလို့ ပြောချင်ပါတယ်။ ဒီတစ်ပတ်အတွက် ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်များကို ခန့်မှန်းပေးချင်ပါတယ်။ ဒီပွဲစဉ်များရဲ့ ခန့်မှန်းမှုဟာ ကျနော်ရဲ့ ပရိတ်သတ်တွေအတွက် အထူးခန့်မှန်းပေးတဲ့ ပွဲစဉ်များဖြစ်သလို ကျနော်အတွက် လည်းနောက်ဆုံး ကျည်ဆံဖြင် ့ပစ်လွှတ်ရမည့် ပွဲစဉ်များဖြစ်ပါကြောင်း။ကြိုတင်အစီအရင်ခံ တင်ပြပေးလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတပတ် ချန်ပီယံလိဂ် ပွဲစဉ်များကိုတော့ ယုံကြည်စွာနဲ့ အားပေးကြဖို့ပြောချင်ပါတယ်။ အကယ်၍ ချန်ပီယံလိဂ် ပွဲစဉ်များမှာ ကျနော် ခန့်မှန်းမှုများ အမှန်ထက် အမှားကများခဲ့မယ် ဆိုပါက ဒီရွှာထဲမှာ ကျနော် ရဲ့ခန့်မှန်းမှုများကို […]


padonmarOctober 1, 20121min51122
ပိန္နဲ္နဲရွက်ကလေး နှစ်ရွက် မရဏာနုဿတိ ကမ္မဋ္ဌာန်းအကြောင်းကို စိတ်ဝင်စားလို့ ဖတ်ရှုနေရင်း စိတ်ထဲမှာ သတိတစ်ခုရလိုက်မိတယ်။ မနက်စောစော ဘုန်းကြီးပျံပင့်ထားလို့ သွားရမယ့်ကိစ္စပါ။ ဒါနဲ့ ဖတ်နေတဲ့ စာအုပ်လေး ဘေးမှာ ချပြီးတော့ စောစောလေး အိပ်ယာဝင်လိုက်တယ်။ မနက်လေးနာရီခွဲလောက် အနောက်ဥယျာဉ်တိုက်က ဘုန်းကြီးပျံကို ကျောင်းက ကားနဲ့လိုက်ပို့ခိုင်းပြီးတော့ ကားကို ပြန်လွှတ်လိုက်တယ်။ ကျောင်းဝင်းထဲရောက်တော့ ပင်မကျောင်းဆောင်ကြီးရဲ့ အရှေ့ကွက်လပ်ထဲမှာ ယာယီစံကျောင်းပြုလုပ်ပြီး ပျံတော်မူသွားတဲ့ ဆရာတော်ရုပ်ကလာပ်အား အပူဇော်ခံထားရှိပါတယ်။ ဆရာတော်အရွယ်ကောင်းစဉ်က ရိုက်ကူးထားတဲ့ ခန့်ညားထည်ဝါတဲ့ မတ်ရပ်ဓာတ်ပုံကြီးက ရုပ်ကလာပ်ဦးခေါင်းပိုင်းကနေ ချိတ်ဆွဲထားတယ်။ မှန်အခေါင်းထဲမှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်က ငြိမ်သက်နေလျက်။ ဆရာတော်သက်တော်က (၇၆)နှစ်၊ ဝါတော်က(၅၆)ဝါလို့ မှန်အခေါင်းအပြင်မှာ ရေးထားတယ်။ဆရာတော်ကြီးရဲ့ သီလ သမာဓိ ပညာဂုဏ်များကို အာရုံပြုကာ ဦးညွှတ် ကန်တော့လိုက်ပါတယ်။ ဆရာတော်ကြီး ရုပ်ကလာပ်တော်ကို […]


lynn lynnOctober 1, 20121min40416
ရွာသူ/သားများတက်ရောက်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ ခေတ်လူငယ်ဆိုဒ်မှ ကူးယူသတင်းပေးပါသည်။ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းကို မြန်မာနိုင်ငံစာရေးဆရာအသင်း ဟောပြောဆွေးနွေး လေ့လာရေး ကော်မတီက နိုဝင်ဘာာ ၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ တစ်လကြာ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် စာရေးဆရာများ ဖြစ်ကြသော လယ်တွင်းသား စောချစ်၊ မောင်ခင်မင်(ဓနုဖြူ)၊ ချစ်ဦးညို၊ ခင်မောင်ထွန်း(လမ်းမတော်)၊မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ မောင်ဟေမာ၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ မောင်စိမ်းနောင်(လယ်ဝေး)၊ မောင်ခိုင်ခန့်၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်းဂျာသိုင်း၊ ချစ်စံဝင်း၊ ချစ်နိုင်(စိတ်ပညာ) တို့နှင့် အခြားစာရေးဆရာများက ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းကို မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ ၁၆ နှစ်ပြည့်ပြီးသူ မည်သူမဆို တက်ရောက်နိုင်ပြီး အပတ်စဉ် […]


Kaung Say ChinOctober 1, 20121min298
ဒီနေ. ငပလီ မှာ 2012 – 2013 ဟိုတယ်ရာသီ စတင် ပါပြီ။ လေကြောင်း ၂ စီး နိုင်ငံခြားသားတွေပါလာပါတယ်။ ဒါပေမဲ. ယ္ခုထိ အရေးပေါ် ကြေငြာချက်ကို ရုတ်သိမ်းနိုင်ခြင်း မရှိသေ ပါ။ စစ်တွေ ဘက်က အခြေအနေ တွေဟာ လဲ မအေးသေးပါ။ သက်ဆိုင်ရာ များက ၁၄၄ ရုတ်သိမ်းပေးဘို. တင်ပြထားပေမဲ. ဘာ မှတော.မထူးခြားသေးပါ။ ရခိုင်ဒေသ ရဲံ. ခရီးသွားလုပ် ငန်းဟာ ထိခိုက်မဲ. အခြေနေတွေပါဘဲ။ ငပလီသံတွဲ အနေနဲ. တော. ၁၄၄ ကို ဖယ်ရှားပေးပြီး တိုင်း ပြည် ရဲ. မျက်နှာ ပန်းလှ အောင်ဆောင်ရွက်သင်.ပါကြောင်း နှင်. ဆိုင် ရာ မှ […]