Ko out of...September 26, 20121min1671
လူတို့ကမ္ဘာ လူဖြစ်လာ ချမ်းသာလိုကြသည်… ချမ်းသာလိုငြား ပြေးကာလွှား တရားရှာကြသည်… တရားတရား မကွဲပြား လွဲမှားကြလေသည်… မတရားကိုပင် တရားထင် အမြင်မှားကြသည်… ကုသိုလ်ကာမ ပြုလိုကြ စိတ်က ထက်အောက်ရည်… ရူပကုသလံ ဖြစ်ပျက်ဟန် ရုပ်နာမ်ရှု့ကြည့်သည်… အရူပမှာ ဖြစ်ပျက်ခွာ ငြိမ်းရာရှာကြသည်… ရုပါရုပ ပြုကာမ သုံးဝဝဋ်လည်မည်… ကိလေသဝဋ် ကမ္မဝဋ် မချွတ်ဝိပါက်လည်… တခု-တခု အကြောင်းပြု ပေါင်းစုလည်းအားညီ… တဆယ့်နှစ်တန် လည်အားမြန် သဏ္ဍာန်ပေါ်လိမ့်မည်… သုံးဆယ့်တစ်ဘုံ ပုံရိပ်စုံ လွမ်းခြုံလူပေါ်တည်… ဗြဟ္မာ လူ နတ် အပါယ်ဇာတ် မပြတ်လည်တော့သည်… ဝဋ်လည်မစဲ လွန်ဆင်းရဲ နှစ်မွဲခံရမည်… ချမ်းသာလိုလှ ရှာကာမှ ဒုက္ခရကြသည်… တရားရှာမှ မတရားရ များလှလူတွေဆီ… ပစ္စုပန္န ကံဝါဒ ညွှန်ပြဝိဟာရီ… ချမ်းသာလိုလျှင် […]


ကျွန်မလေ…ကျွန်မ  ရင်ကွဲရတော့မယ်ထင်ပါရဲ့ ကျွန်မရဲ့ကလေးတွေလေ  ကျွန်မရှာလိုု့မတွေ့တော့ဘူး။ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ကျွန်မရင်ကိုမီးစနဲ့အထိုးခံရသလိုပါပဲရှင်။ကျွန်မသတိထားမိတဲ့နေရာမှန်သမျှကျွန်မ ရှာနေပေမယ့် မတွေ့ဘူး ရှင်အိတ်ကြိုအိတ်ကြား  ချောင်ကလောင်တွေမကျန် အကုန်ရှာတာကိုမတွေ့ဘူးရှင်  တွေ့သမျှအပေါင်းအသင်းအကုန်အကူအညီတောင်း ကြည့်နေတာမတွေ့ရသေးဘူးတဲ့။ဟော  တွေ့ပြီတွေ့ပြီ ကျွန်မကလေးတွေတော့မဟုတ်ဘူး။ကောင်လေးတစ်ယောက်လေ  ကောင်လေးတစ်ယောက်ပေါ့ သူ သေတ္တာလေးဘေးငုတ်တုတ်လေးထိုင်လို့လေ  ပါးစပ်ကလည်းဘာတွေပြောနေသည်မသိ ဘူး။ကျွန်မအနီးကပ်သွားကြည့်လိူုက်တယ်  သူ့လက်ထဲမှာအိတ်လေးတစ်လုံးတော့  ကျွန်မသေသေချာချာကြည့်လိုက်တယ်။ဟယ်ဝမ်းသာလိုက်တာအိတ်ထဲမှာကျွန်မကလေးတွေလေ။ ဒါပေမဲ့….. ဒါပေမဲ့ရှင်သူကကျွန်မကလေးတွေကိုဘာလုပ်မလို့ပါလိမ့်။ကျွန်မလဲစိုးတထိတ်ထိတ်နဲ့ချောင်လေးထဲကပဲကြည့်နေလိုက်တယ်။ “ကြွက်မကြီးရေ” ဟော ကောင်လေးကျွန်မကိုခေါ်နေတယ်ထင်တယ်။ဘာပြောဦးမလဲမသိဘူး စောင့်ကြည့်ဦးမှဘဲ။ “နင့်ရဲ့ကလေးတွေကို ငါဒီထဲမှာရွှေ့ထားလိုက်တယ် နော် နင့်ကလေးတွေကိုငါမသတ်ပါဘူး  ငါ့ပစ္စည်းတွေက်ိုတော့ဘာမှမလုပ်ပါနဲ့နော်” ကောင်လေးကမျက်နှာငယ်လေးနဲ့တိုင်တည်နေရှာတာပါ။ဟုတ်ပါရဲ့   ဟိုတုန်းကဆိုရင်ဒီအဆောင်ကြီးပေါ်မှာ ဒီကောင်လေးအပါအဝင် လူပေါင်း13ယောက်နေကြတာလေ။ကျွန်မမှတ်မိတာပေါ့  ။ဒီကောင်လေးနာမည်တောင် ကြားဖူးပါရဲ့ ဘာတဲ့ အတွေးလေး ဆိုလား ဘာလား ကောင်လေးကတော့ခပ်နွဲ့နွဲ့ခပ်ငယ်ငယ်ပါ။အဆောင်ပေါကလူတွေထဲမှာသူကငယ်တယ်လို့ထင်ရတာပဲလေ။ ဒီအဆောင်ပေါ်မှာနေရတာကကျျွန်မအတွက်အရမ်းဇိမ်ကျတာရှင့်  ကျွန်မကလေကျွန်မအဖော်တွေလိုမျိုး မြေကျင်းတူးပြီးနေရတာဆိုပေမဲ့ အစားအသောက်အတွက်ကျတော့ပူစရာမလိုဘူးရှင့်  ။ဘာလို့လဲလို့မေးမလို့လား ပြောမှာပေါ့ရှင်  ဒီအဆောင်မှာက တချိုု့ကောင်လေးတွေကညနေပိုင်းဆို ရင် အရက်ဝိုင်းဖွဲ့ကြတယ်လေ။အမြည်း အစုံအလင်ပေါ့ရှင် ။အဲသူတို့ကသောက်ပြီးပြီဆိုရင်ဘယ်တော့မှ […]


ariyathitsaSeptember 26, 20121min83
(ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ 27 – 9 – 1999 တွင် ဟောကြားသည့် ” တရားဂုဏ်ရည် ၆-ပါး” တရား downloadမှ ကောက်နှုက်ချက် www.ariyathitsa.org) အဲဒီတော့ တရားရှာဖို့ရန် အတွက်ဟာ ဘာနဲ့ရှာကြမတုန်း။ တကယ်တော့ တရားရှာဖို့ အတွက် မှတ်ကလေးတစ်ခုလိုတယ်။ အဲဒါဘာလဲ။ တရားရဲ့ အရည်အချင်းတော်ဟာ တရားရှာဖို့အတွက် ပစ္စည်း ကလေးပဲ။ ဒါကလေးကို ကျုပ်တို့တွေ ပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။ ဘုရားရှာဖို့အရည်အချင်းတွေ…‘ သွက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပါနေယျိကော၊ ပစ္စတံ ဝေဒိတဗ္ဗော၊ ဝိညူဟိ’ နဲ့ ထည့်ပေးလိုက်တယ်။ ဆရာသမား၊ လူကြီး၊ မိဘတွေကနေ ပြီးတော့။ ဒါကို တရားရှာဖို့ ပေတံလေးလို့ မမှတ်ဘူး…ကျုပ်တို့က။ […]


spyhacker satanSeptember 25, 20121min115
ဖွဲစည်းပုုံအခြေခံဥပဒေခုံရုံးကို စွတ်စွဲဖြစ်တင်တဲ့ကိစ္စကို အဓိကကြိုးကိုင် ဦးဆောင်ခဲ့သူဟာ သူရရွှေမန်းပဲဖြစ်တယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ဥပဒေကိုမျက်ကွယ်ပြုသူ၊ လွှတ်တော်အထက်မှာ ဘာမှမရှိလို့ ကြုံးဝါးနေသူ ဦးရွှေမန်းရဲ့ ထင်ရှားတဲ့လုပ်ရပ်တွေကတော့…… (၁) လွှတ်တော်အမတ်တွေ ပစ္စည်းစာရင်းတင်ရေး အဆိုကို ပြာပြာသလဲကန့်ကွက်ခဲ့ပါတယ်။ အဂတိလိုက်စားပြီး မတရားသဖြင့်ရရှိထားတဲ့ ပစ္စည်းတွေဟာ လူသိမခံဝန့်လောက်အောင် များပြားနေတယ်ဆိုတာ သိသာလှပါတယ်။ (၂) အင်းယားမြိုင်လူသတ်မှုမှာ ဦးရွှေမန်းရဲ့ သားတွေပါဝင်ပတ်သက်မှုရှိနေပေမဲ့လည်း သူ့ရဲ့ဩဇာအာဏာကို အသုံးပြုပြီ အမှုအပေါ်အောင် ဖုံးဖိထားခဲ့ပါတယ်။ အဲ့ဒါကြောင့် ယနေ့အချိန်ထိ လူသတ်တရားခံ အစစ်အမှန်ကို ရဲက မဖေါ်ထုတ်ရဲပါဘူး။( ဆက်စပ်မှုကို ပြောရရင် ဦးရွှေမန်းသားတွေနဲ့ ယခုအမွေတွေအကုန်ရသွားတဲ့ သားမက်ဖြစ်သူ သုဇော်ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကောင်မလေးရဲ့မိဘတွေက ပေးစားလို့ယူထားတာပါ။ ကောင်မလေးရဲ့ မိဘတွေက ဘာလို့ပေးစားလဲဆိုရင် ကောင်မလေးဟာ နာမည်ကျော်ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ ဇင်ယော်မောင်မောင်နဲ့ဖြစ်နေလို့ပါ။ ဘယ်လိုမှတားလို့မရတဲ့အဆုံး မိဘတွေက […]


ရံဖန်ရံခါ၌ ကျွန်ုပ်တို့ လူသားများသည် မိမိကိုယ်ကိုသော်လည်းကောင်း ၊ မိမိချစ်ခင်နှစ်သက်သော မိတ်ဆွေ အပေါင်းအသင်းများကိုသော်လည်းကောင်း ဝေဖန်ဆန်းစစ်မှု အပိုင်းတွင် လွန်စွာအားနည်းတက်ကြလေသည်။ အမှန်စင်စစ် ဝေဖန်မှုကို မပြတ်တမ်းပြုသင့်လှပေ၏ ။ သို့မှသာ ကောင်းမွန်သည့်အရာများမြင်လာလျှင်လည်း ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သလို  ဆိုးသည့်အရာများတွေ့လာလျှင်လည်း အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်ပေ၏…….. စာရှုသူအပေါင်းတို့ခင်ဗျား  ……… ယခုဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီး၍ NLDမှ အမတ်များ လွှတ်တော်တွင်းသို့ရောက်ခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပေပြီ… NLD ၏ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက် သုံးရပ် ဖြစ်သော – (၁)တရားဥပဒေစိုးမိုးရေး (၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)အခြေခံဥပဒေ ပြင်ဆင်ရေး ဟူသော အချက်များ မည်မျှထိအောင်မြင် အထမြောက်ခဲ့ပြီလဲ …………….စသည့်အချက်များကို ကျွန်ုပ်ဉာဏ်မီသလောက် အကျဉ်းချုပ်တင်ပြပါမည်။ လက်ရှိကြုံတွေ့နေရသော တရားစီရင်ရေး အပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဖြစ်လာသည်မှလွဲ၍ […]


LightTruck တစ်စီးဝယ်ထားပြီးတဲ့နောက်မှာ ကားအော်ဒါလိုက်တစ်ခု ရလိုက်သည် ။ 20.9.2012 မနက် 4.00 သွားခေါ်ရမည်။ အိပ်ယာက မနက်အစောကြီး မထသဖူး ထ ၊ အင်ဂျင်ဝိုင် တိုင်း ၊လေပေါင်ချိန် ပြီး သွားခေါ်ခဲ့ပါတယ်။ ကားနှစ်စီးအတူတူသွားဖို့ချိန်းထားပေမယ့် နေ့ဆွမ်းကပ်ချိန် အမှီသွားမယ်ဆိုပြီး သူတို့ကားက အစောကြီးထွက်သွားပါတယ်။ ချိန်းတဲ့နေရာကို 6.00 အရောက်သွားခဲ့ပါတယ်။ ကား ဒီဇယ်ဖြည့်ပြီး တစ်ခါတည်း နောက်က အမှီလိုက်ခဲ့ပါတယ်။ လမ်းမှာ မပျင်းရအောင် အေသင်ချိုဆွေက သီချင်းဆိုပြပါတယ်။ မနက်အစောပိုင်း ကားမမောင်းဖူးလို့ ခေါ်ထားတဲ့ ဒရိုင်ဘာက မောင်းပါတယ်။ အင်္ဂပူ မြို့ကို ရောက်တော့8.00 လောက်ဖြစ်နေပါပြီ ။ ရှေ့ခရီးကို ကျွန်တော်က တလှည့် မောင်းပါတယ် ။ မြို့ကွင်းလမ်းက အရမ်းဆိုးပါတယ်။ Butterfly နဲ့လမ်းနဲ့ […]


ဦးသုSeptember 24, 20121min26113
နှစ်ရက်သုံးရက်လောက်ရှိပြီ Home Page က Post တွေကိုပဲ ဖတ်လို့ရတယ် 1234567…….. ဆိုပြီးအောက်မှာ ရှိတဲ့ အရင်အဟောင်းတွေ မဖတ်လိုက်ရတဲ့ ပိုစ့် တွေကို သွားလို့ မရဘူးဖြစ်နေတယ် ကျွန်တော့်စက်တစ်လုံးထဲ ဖြစ်တာထင်လို့ သူငယ်ချင်းစက်ကိုယူသုံးကြည့်တာလဲမရဘူး။ comment မှာဝင်ရေးလိုက်ရင် reply လုပ်ပေးမယ့်သူကိုခဏ ခဏ ဝင်ကြည့် နေရမှာစိုးလို့  ပိုစ့် တင်လိုက်တာပါ။ ဝင်ဖတ်ပြီးမှ  စိတ် အချိုးကြနဲ့နော်


myohtatSeptember 23, 20121min2578
ကျွန်မ .. ဒေါ်ငွေရည်စိုး .. နိုင်ငံသားအမှတ် (ရ/ညလပ(နိုင်)113030 ) ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ် ဝင်္ဂဘော်ကျေးရွာနေသူသည် (15-5-2012) ည (7း30)နာရီ ခန့်အချိန် တရွာထဲနေ အောင်ကျော်လင်း(ခ)ဖိုးလင်း ဆိုသူမှ အရက်မူးပြီး ပိတ်ထားသောတံခါးအားကန်ဖွင့်ခြင်း မကြားဝံ့မနာသာ ဆဲဆိုရန်ဆခြင်းများပြုလုပ်နေပါသဖြင့် ထိမ်းသိမ်း အရေးယူပေးပါရန် ပြွန်တန်ဆာရဲစခန်းသို့  ည .. (8း30)နာရီ ခန့်တွင်တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိပါသဖြင့် (16-5-2012) နေ့ (9း30)နာရီ ခန့်တွင် ပြွန်တန်ဆာရဲစခန်းသို့သွားပြီး ထပ်မံတိုင်ကြားခဲ့ရာ ပြွန်တန်ဆာရဲစခန်းမှုးမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ကျွန်မအား အော်ဟစ်မောင်းထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (ကူညီပါရစေ) ဟု ချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးကိုကြည့်ပြီး မျက်ရည်ကျမိပါသည် … ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဟု ရဲစခန်းတိုင်းတွင်ချိတ်ဆွဲထားသည်ကိုမှမလေးစားဘဲ အကူအညီတောင်းသောပြည်သူ တဦးအား ရိုင်းပြစွာ အော်ဟစ်ကြိမ်းမောင်း မောင်းထုတ်ခြင်းမှာလည်း(လုံးဝ)မဖြစ်သင့်ပါ […]


MgMobileSeptember 23, 20121min1602
မင်္ဂလာပါခင်ဗျာ ဘောလုံးဝါသနာရှင်ညီကိုများအားလုံး အရင်ညက ကျနော်မှန်းပေးခဲ့တဲ့ အဓီကသုံးပွဲအနက် ဝက်စ်ဘရွန်း တစ်သင်းသာ နဲနဲရခဲ့တဲ့အတွက် နစ်နာခဲ့ရတာတွေကို ပြန်လည်ရယူပေးမယ့် ဒီညပွဲစဉ်များကတော့ ၄း၃ဝ မာယော့ကာ – ဗလင်စီယာ ၅းဝဝ ဆမ်ဒိုးရီးယား – တိုရီနို ရးဝ၀ လီဗာပူး – မန်ယူ ရး၃၀ အတ္တလန္တာ – ပါလာမို ။ ဘိုလော့နာ – ပါဆာကရာ ။ ကယ်ဂလီယာရီ – ရိုးမား ။ ကာတာနီယာ – နာပိုလီ ။ အင်တာ – ဆီနာ ။ အူဒီးနီးစ် – အေစီမိလန် ၈း၃ဝ နယူးကာဆယ် – နော့ဝှစ်ချ် ။        လီဗန်တေး – ဆိုစီဒက် […]


AungSeptember 22, 20121min1711
ဟိုအရင်ကတော့သိဘူးဗျာ ဒါပေမယ့်ဟိုလူပြောဒီလူပြောနဲ့ဆိုတော့ Internetမှာရှာကြည့်တယ်ကိုယ့်စက်မှာလဲကိုယ်စမ်းသပ်ကြည့်တယ်ဆိုပါတော့။ ကြောက်စရာကြီးဗျာ လူတွေကိုအတော်ဒုက္ခပေးနိုင်တယ်။ ကိုယ်အသုံးပြုချိန်၊ ကိုယ်ဖွင့်ခဲ့တဲ့application၊ ကိုယ်နှိပ်ခဲ့တဲ့keyboardပေါ်ကkey strokeတွေအပြင် screenshotပါယူပေးတယ်။ ဒီsoftwareကလူတစ်ဖက်သားရဲ့ Privacyကိုတအားထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်စမ်းသပ်သုံးကြည့်ခဲ့တဲ့software nameကတော့”refog keylogger” personal monitorပါ။ သူ့ကိုinstallလုပ်ထားတဲ့သူမှအပတခြားသူသိဖို့မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ start menu, task manager, add or remove program အကုန်လုံးမှာဖျောက်ပြီးသားဖြစ်ပြီးတော့ softwareကနေလုပ်ပေးထားတဲ့recordကိုကြည့်ဖို့အတွက် hot keyကိုနှိပ်မှရပေါ်လာတာပါ။ ဒါတောင်password protection ပေးလို့ရပါသေးတယ်။ နောက်တစ်ခုပိုဆိုးတာက သူ့ဆီမှာရှိတဲ့ hot keyရယ် run commandကနေခေါ်ယူတဲ့commandကိုပြန်လည်ပြုပြင်လို့ရတဲ့ magic word featureပါပါဝင်သေးတာကြောင့် အင်မတန်သိဖို့ခက်ခဲပါတယ်။ ဒါပေမယ့် raymond.ccဆိုတဲ့ internet blogတစ်ခုကနေဖော်ပြတဲ့ဆောင်းပါးတစ်ပုဒ်ကတော့ အဲ့ဒီkeyloggerကို ဖျက်ဆီးတဲ့နည်းကိုပြသပေးထားတပါတယ်။ အဲ့ဒါကတော့သူ့ program location C:\windows\system32\mpkဆိုတဲ့ folderပဲဖြစ်ပါတယ်။ […]


ariyathitsaSeptember 22, 20121min2257
(ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ 27 – 9 – 1999 တွင် ဟောကြားသည့် ” တရားဂုဏ်ရည် ၆-ပါး” တရားစာအုပ် downloadမှ ကောက်နှုက်ချက် www.ariyathitsa.org) အဲဒီတရားက သိပ်ကောင်းတာပဲ မှန်တယ်လို့် ပြောမှာပဲ။ ကဲ..ကောင်းပြီ မှန်တယ်လို့ပြောရင် သိပ်ကောင်းတယ်လို့ပြောရင် ဘယ်ပေတံနဲ့ တိုင်းပြီးတော့ မှန်တယ်လို့၊ ကောင်းတယ်လို့ပြောတာတုန်းလို့ မေးကြည့်ရင် ကိုယ်နဂိုသိထားတဲ့ဟာလေးနဲ့ ကိုက်လို့မို့လို့ မှန်တယ်လို့ပြောတာ။ သဒ္ဒါတို့၊ ရုစိတို့၊ အာကာရ ပရိဝိတက္ကတို့၊ ဒိဋ္ဌိနိဇ္ဈာနက္ကနိ ္တဆိုတဲ့ သဒ္ဒါတို့ ရုစိတို့ဆိုတာ …။ သဒ္ဒါဆိုတာ ယုံကြည်တာ၊ ရုစိဆိုတာ နှစ်သက်တာ။ ကိုယ်နှစ်သက်တဲ့ဟာနဲ့ တူလို့မို့လို့ ကောင်းတယ်လို့ပြောတာ။ ကဲ ကြည့်စမ်း..ဘာပေတံမှ မပါဘူး။ ကိုယ်ကြိုက်လို့ ကောင်းတယ်လို့ ပြောတာလို့ ဒီလိုမျိုးကလေး ဗမာလိုကလေး […]


footySeptember 22, 20121min1845
မောင်းလဲမလုပ်..အိပ်ရေးလဲမပျက်..စောစောလေး လုပ်မယ်ဆိုရင်တော့…. Swansea vs Everton( 6. 15 pm ) PROBABLE LINEUPS SWANSEA CITY Vorm Rangel, Tate, A Williams, Davies Britton, De Guzman Michu Routledge, Graham, Dyer EVERTON Howard Hibbert, Jagielka, Distin, Baines Neville, Osman Mirallas, Fellaini, Pienaar Anichebe ပြီးခဲ့တဲ့ပွဲအနေအထား Aston Villa 2-0 Swansea 8 Shots 7 7 Shots on Target 3 3 Saves 5 10 […]


footySeptember 22, 20121min1767
ဘော်ဒီနဲ ့မောင်းအတွက် အကြိုက်ဆုံးလေးပွဲ ခန် ့မှန်းချက် များကို ဝက်ဆိုက်တစ်ချို ့မှ လေ့လာပြီး တင်ပေးလိုက်ပါတယ် ဖြစ်ပေါ်နေသော ဈေးအပေါ်မူတည်ရျ် ရွေးချယ်နိုင်ပါစေ… Schalke 04 v Bayern Munich(2-3) Barcelona v Granada(4-0) Hamburg vs Dortmund(0-2) Chelsea vs Stoke(2-0)