we R oneJune 7, 20121min86723
  အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် … ဂျာနယ်တွေ ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် … တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ … သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းမိပါတယ် … အားလည်း အားနာမိပါတယ် … တစ်ခုတော့ရှိတယ် သေသွားတာကို မလေးစားလို့မဟုတ်ပါဘူး … အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ … ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ….   ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး ပြောပါရစေ … ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ အေးချမ်းတဲ့ နေ့လို့ ရှိမှာ […]


                ကဗျာဆရာ ကလင့် (မန္တလေး)ရေးထားတဲ့ အလွမ်းစာလေးကို ပြန်မျှဝေပေးတာပါခင်ဗျာ                                    ကမာ္ဘရပ်ဝန်းငယ်ရဲ့ မျက်ရည်ပင်လယ်သွန်းမှုထဲမှာ                          စာရေးဆရာစိုးအောင် (မန ္တလေး) ရှိနေတယ်…   ကိုစိုးအောင် ….. ကျွန်တော်ပြန်ခဲ့တဲ့ တောင်တန်းရှည်လျားမှုတွေထဲ တားဆီးမရအောင်ကျခဲ့တဲ့ မျက်ရည်တွေဟာ ကမာ္ဘတည်သရွေ့ သက္ကရာဇ်တွေ နောက်ပြန်မသွားသရွေ့ မမေ့ခြင်းပုံရိပ်အသွင် တည်ရှိကျန်ရစ်နေမှာပါ ။       ။   ကိုစိုးအောင် ….. ကျွန်တော် စာပေဝိုင်းက အိမ်ပြန်ညတွေတိုင်း အမြဲတမ်းလိုက်ပို့ခဲ့သူ အခုတော့ ကိုစိုးအောင်ရေ … ကျွန်တော်အိမ်ပြန်ညတွေမှာ ရောက်ရာအရပ်ကနေ လိုက်ပို့နေဦးမှာလား ။       ။   ကိုစိုးအောင် ….. အတိတ်က ကျန်ရစ်ခဲ့တဲ့ ရက်စွဲတွေကို […]


koyin sithuMay 25, 20121min87428
ဂျပန်မှာ ၁၉ ၉ ၅ ခုနှစ် မှာ ကိုဘေးငလျင်လှုပ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ကိုဘေးတစ်မြို့ လုံး ပျက်ဆီးမီးလောင် လူတွေဒုက္ခရောက် လျှပ်စစ်မီးမလာ၊ ဂက်စ်မလာ၊သောက်သုံးရေမရပါဘူး။ အဲဒီအချိန်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ သူတာဝန်ယူထားရတဲ့ မြို့ နယ်အတွက် အရေးကြီးတဲ့ သောက်သုံးရေ ရရှိအောင်မလုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတယ်။ တာဝန်ရှိမှု၊တာဝန်ယူမှုကို အသက်နဲ့ လဲသွားပါတယ်။ ခင်ဗျားလည်း ပြည်သူ့အခွန်ကနေလစာလခယူပြီး ပြည်သူအပေါ်မှာ လက်လွယ်စပါယ် ပြောဆိုမှုအတွက် တာဝန်ယူရဲတယ်၊ ရှက်တတ်တယ်ဆိုရင် သမတအကြံပေးနေရာက ထွက်ဖို့ သင့်ပါတယ်။ ( ပြည်ထောင်စုဝန်ကြီးဦးဇော်မင်း ကိုလည်းရည်ညွှန်းသည်။) Kyaw Aye …. Chiyoda-ku, Tokyo ================================= Comment of the day….! Written by: Hm SoeMinn အမှန်ဆို […]


မြန်မာ ဟစ်ဟော့ အဆိုတော် တစ်ဦးမှ ” Facebook  မှ သူငယ်ချင်းများ နဲ ့ ကျွန်တော်ရဲ ့ပရိတ်သတ်များ အားလုံး အပန်းမကြီးဘူးဆိုရင် profile picture နဲ ့cover picture နေရာတွေမှာ ဖယောင်းတိုင်လေးတွေ ထွန်းပေး ကြ ပါ လား ဗျာ. … .. လမ်းပေါ် မတက်နိုင်ပေမဲ့ Facebook က တစ်ကမာ္ဘလုံးကို ရိုက်ခတ် နိုင်ပါတယ်..” ဆိုပြီး ကမ်ပိန်လေး လုပ်နေပါတယ်..။ လမ်းပေါ်ထွက်ပြီး မလုပ်နိုင်ပေမယ့် မြန်မာတပြည်လုံးက ဖယောင်းတိုင်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြတဲ့ ပြည်သူပြည်သားတွေကို ဂုဏ်ပြုလျက် ကျနော့် ဖေ့စ်ဘွတ် မှာရော ဂေဇက်က ပရိုဖိုင်ပုံကိုပါ ဖယောင်းတိုင်လေး ထွန်းထားပါတယ်..။ တတ်နိုင်သလောက် ပါဝင်တဲ့ […]


(ဘာသာပြန်) အိမ်ထောင်ရှိရှိ မရှိရှိ ဒီစာလေးကို ဖတ်ကြည့်သင့်ပါတယ် ( ဆုံးအောင်ဖတ်ဖို ့အတွက် တော့ တိုက်တွန်းတယ် ) ကျွန်တော့်ဇနီး ညစာပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်။ သူရဲ့လက်ကို ကိုင်ပြီး ကျွန်တော်ပြောလိုက်တယ်။ “မင်းကိုငါ ပြောစရာရှိတယ်” သူကတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီး ညစာစားနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ နာကျင်မှုကို တွေ့မြင်နေရပါတယ်။ ကျွန်တော်ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဒါပေမယ့် ကျွန်တော်ဘာတွေ တွေးနေတယ် ဆိုတာကို သူ့ကိုပြောရမှာပါ။ ကျွန်တော် သူ့ကို ကွာရှင်းဖို့ ကိစ္စပေါ့။ တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော်စပြောခဲ့တယ်။ သူ့ကိုကြည့်ရတာတော့ ကျွန်တော့်စကားလုံးတွေ ကို စိတ်ပျက်နေပုံမတွေ့ရဘူး။ ကျွန်တော့်ကို နူးညံ့စွာပဲ မေးခဲ့ပါတယ်။ “ဘာကြောင့်လဲ” တဲ့။ သူ့မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက်ပါတယ်။ အဲဒါကြောင့်ပဲ သူဒေါသထွက်သွားတယ်။ လက်ထဲကိုင်ထားတဲ့ တူတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကိုအော်တယ်။ […]


ဖေဖေနဲ့မေမေစောင့်နေနော် သမီးဆက်ဆက်လာခဲ့မယ် မေမေ ဒီနေ့ကျောင်းမှာ သမီးကိုယ့်နာမည်ကို ပေါင်းတတ်သွားပြီ ဆရာမက မေမေ့နာမည်ရေးပါတဲ့ စာရွက်ဗလာကို ငေးကြည့်ရင်း မျက်ရည်ကျလာတယ် မေမေ့နာမည်မှ သမီးမသိဘဲ မေမေရယ် ဖေဖေ လမ်းထိပ်က သူငယ်ချင်းကို သူ့အဖေက စက်ဘီးစီးသင်ပေးနေတယ် သမီးလေ အရမ်းစီးချင်လို့ သူငယ်ချင်းကို ပူဆာမိပါတယ် သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့ သမီးလည်း ဘယ်ရမလည်း ပြန်ပြောခဲ့တာပေါ့ သမီးဖေဖေက အဝေးကြီးမှာ အလုပ်သွားလုပ်တာလို့ ပြန်လာရင် ကားကြီးပါလာမှာ နင့်ကိုပေးမစီးဘူးလို့ ဖေဖေ လာခေါ်မယ်မှတ်လားဟင် မြန်မြန်လာပါနော် ဖေဖေနော် မေမေ ဒီနေ့ကျောင်းမှာ သမီးကို လူရည်ချွန်ရွေးတယ် ဒါပေမဲ့ အုပ်ထိန်းသူပါမှ ခရီးထွက်ရမယ်တဲ့ သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့ ကျောင်းကားကြီးကိုကြည့်ပြီး သမီးပြုံးလိုက်တယ် သမီးမငိုပါဘူး မေမေရယ် မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ တူတူခရီးသွားကြမယ်နော် […]


http://www.facebook.com/notes/ko-phoe-phyu/%E1%81%82%E1%81%80%E1%81%81%E1%81%82-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%80%B1%E1%80%99%E1%80%B1%E1%80%92%E1%80%B8%E1%80%B1%E1%80%94%E1%82%94%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%BB%E1%80%95%E1%80%9C%E1%80%AD%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%90%E1%80%99%E1%80%B9%E1%80%B8/349759431750981 မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။   တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း Tai Yi Shoes Factory Basic Labour Organization ရုံး – အမှတ်-၁၈၅၊ ၃-လွှာ၊ (ညာ) ဘက်၊ အတွင်းခန်း၊ အခန်း (၂)၊ ၃၈-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၁-၃၈၉၂၉၆   ၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော မြို့ပြလိင်လုပ်သားများစာတမ်း       အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး အနှိပ်သည် အလုပ်သမလေးတွေဟာ အနှိပ်ခန်းပိုင်ရှင်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေကြပါတယ်။ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ အနှိပ်သည် အလုပ်သမလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိ အနှိပ်ခန်းပိုင်ရှင်တွေက လွှမ်းမိုးမှုရှိနေကြ ပါတယ်။ အနှိပ်သည်အလုပ်သမတွေဟာ အနှိပ်ခန်းပိုင်ရှင်ထံမှ အနိမ့်ဆုံးလစာကို ရကြပါတယ်။ အနည်းဆုံး […]


sugar sugarApril 28, 20121min31311
Super Coffee မှ သူ့ရဲ့ Face Book ပေါ် မှာ Like /Comment ရေးရုံနဲ့ တစ်သိန်း ပေးပါတယ်တဲ့၊ တစ်နေ့ တစ်ယောက်နှုန်း နဲ့ ညနေ ၄ နာ ရီ မှာ ဆုရသူကို ကြေငြာ ပေးပါတယ်တဲ့ ရွာ သူ ရွာသားများ မကျန်ရလေအောင် မောင်း ခေတ်ကြေငြာ တာပါဗျို့


mgwaloneApril 28, 20121min2877
မြန်မာ မီဒီယာအသိုင်းအဝိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့် ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။ စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။ ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လို်င်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။ လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု […]


Facebook သုံးသူများအတွက် ကိုယ့် Facebook သူငယ်ချင်းများရဲ့ မေးလ် လိပ်စာများကို အလိုအလျောက်နဲ့ မြန်မြန်ဆန်ဆန်နဲ့ ကိုယ့် Gmail ထဲကို ပို့လို့ရမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့် သူငယ်ချင်းများက သူတို့ရဲ့ Facebook profile မှာ Gmail လိပ်စာများကို ဖုံးထားတတ်ကြပါတယ်။ ဒါကြောင့် အရေးကြုံ့ရင် အီးမေးလ် ပို့တဲ့အခါ အီးမေးလ် လိပ်စာ မသိလို့ အခက်အခဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြလိုက်ပါတယ်။ ဒီနည်းလမ်းမှာ အသုံးပြုရမှာက ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်က   FriendstoGmail ပဲဖြစ်ပါတယ်။  ပေးထားတဲ့ လင့်ခ်ကို ကလစ်နှိပ်ပြီး ရင် အောက်ပုံမှာ ပေးထားတဲ့ အတိုင်း Load […]


                                            ဘယ်လို လုပ် လဲ့စားထားသလဲ ပြောပြကြပါနော်…..  


winterkoeApril 16, 20121min99744
ဘာပဲဝတ်ဝတ်ပါ။ မြန်မာတွေလူအချင်းချင်းလေးစားမှုရှိကြပါစေ ။ပြည်ပတိုင်းပြည်တွေမှာမိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှုတွေကို ဘယ်သူမှမကဲ့ရဲ့မရှုံ့ချကြပါဘူး။ မြန်မာပြည်မှာလူလူချင်းဘာလို့များအဲဒီလောက်တောင်ကဲ့ရဲ့ရှုံ့ချနေကြတာလဲဆိုတာ ဒီသင်္ကြန်မှာထူးထူးခြားခြားသတိထားမိလာတယ်။ အထူးသဖြင့်ယောက်ျားကြီးတန်မဲ့တွေနဲ့ အီရန်တို့၊ အာဖဂန်နစ္စတန်တို့၊ ဆော်ဒီတို့လို အကျင့်ပျက်အစ္စလာမ်မစ်နိုင်ငံတွေက Salafist တွေလိုလေသံနဲ့ တခြားမိန်းကလေးတွေကိုချိုးချိုးဖဲ့ဖဲ့ပြောဆိုနေလိုက်ကြတာ တော်တော်လေးရှက်စရာကောင်းလှပါတယ် ။ယောက်ျားတွေအပြင် မိန်းမတွေပါ သံယောင်လိုက်လာကြတာယ်။ သူတို့နှစ်သက်တာသူတို့ဝတ်တာ သူတို့အခွင့်အရေး Individual Right ပါ။ နောက်တခုက အဝတ်အစားကိစ္စတို့၊ အရက်သေစာကိစ္စတို့ဆိုတာက ပညာရေးကိုဆွဲတင်လိုက်တာနဲ့ အလိုလိုထိန်းချုပ်ပြီးသားပါ။ နိုင်ငံကိုမထိခိုက်စေပါဘူး ။မြန်မာနိုင်ငံကိုအောက်ဆုံးရောက်အောင် တွန်းချခဲ့တာ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓါတ်၊ တကိုယ်ကောင်းစိတ်ဓါတ်တွေနဲ့ ဂါတယ်ဆိုတဲ့ အကျင့်ပျက်ချစားမှုတွေကြောင့်… အဲဒါကိုထိန်းချုပ်နိုင်မှ နိုင်ငံ့စီးပွားရေးတက်လာမှာ၊ စီးပွားရေးတက်မှ ထိရောက်တဲ့ပညာရေးဘတ်ဂျက်သုံးပြီး ခေတ်မှီပညာရေးစနစ်နဲ့ အချိန်ယူလေ့ကျင့်လာမယ်ဆိုရင် ဘာဝတ်ရမလဲတင်မဟုတ်ဘူး၊ ဘာလုပ်သင့်သလဲဆိုတာအားလုံးကို သိလာလိမ့်မယ်။ နိမ့်ကျနေတဲ့ လက်ရှိပညာရေးစနစ်ကြောင့်၊လူငယ်တွေကဘယ်သိနိုင်ပါ့မလဲ၊ ပျော်စရာမရှိတဲ့နိုင်ငံမှာ ပျော်လို့ရသလောက်လေးတွေ ပျော်ရွှင်နေကြတာအားပေးပံ့ပိုးကြရမယ့်အစား ဆဲဆိုရှုံ့ချနေကြတယ်။ စင်္ကာပူတက္ကသိုလ်တွေမှာ ကျောင်းသူတွေဝတ်စားတာဟော့လွန်းပေမယ့် စင်္ကာပူတက္ကသိုလ်တွေက ကမာ္ဘ့အဆင့် (၃၀) […]