မြစပဲရိုးAugust 15, 20131min2149
သက်ဆိုင်သူများသို့ ဦးမင်းလူ အမှတ်တရ ဒီတစ်ပုဒ် တော့ တင်ခွင့် ပြုပါ။ ဆရာ့ ဇာတ်ကောင် တွေကို ချစ်လွန်းလို့။ လူတွေကို ချစ်ဖို့ကောင်းအောင်၊ လူတွေ ကိုချစ်တတ်အောင် အတွက် သူ့စာတွေမှာ ဖတ်ကြည့် လို့ မြင်နိုင်တယ်။ ကျွန်မ တို့ ရွာလေး ကလဲ ဆရာ့ ဇာတ်ကောင် တွေ လို သူ့နည်းသူ့ဟန် ချစ်စရာ ကောင်းကြတဲ့သူ တွေ နဲ့ စု ထားလို့ပါ။ လောကကြီးမှာ ရွာထဲမှာလဲ မောင်ဝ လို၊ ရွှေကြည် လိုတွေ ရှိနေမယ်။ ဦးကုလား လို ၊ ဒေါ်ခင်တီ လို၊ ဓာတ်ခဲ လို မိသားစု ရှိနိုင်တယ်။ ကိုကြီးငွေ လို၊ စာကလေး လို  […]


ムラカミAugust 15, 20131min34415
  ဘဝမှာ အမှားနောက် တကြိမ် လုပ်မိတယ်… အနုပညာဆိုတာ ဘာသာရေးဆိုရင် ကျနော့်အတွက်တော့ အဲ့ဒီ့ ဆြာသမားက ပစ္စေဂဗုဒ္ဓာ လောက်ရှိရဲ့ဗျာ..     လူမှန်းသိတတ်ကတည်းက ခင်လာတဲ့ သူ့မိသားစုဝင် ကျနော့်သူငယ်ချင်းက ဖုန်းနံပါတ်ပေးပြီး …. သားဂျီး မင်းကိုတော့ သူအမှတ်ရမှာပါကွာ..လို့ ဦးနှောက်ထဲ ကင်ဆာပိုးရောက်နေတဲ့ ဆြာ့ကိုယ်စား အဲ့ဘဲက ပြောလာတာတောင်မှ ဟောဒိ အကုသိုလ် အတုံးအခဲက နံပါတ်နှိပ်ဖို့ တွန့်ဆုတ် ထိတ်လန့်ခဲ့မိတယ် …     သူငယ်ချင်းအချင်းချင်း ကျုပ် က မသတီချင်စရာကောင်းတာများပြောပါတယ်.. မင့်အဖေ ဒတ်ရှင်မင်းသား ဘာလုပ်နေတယ်မသိချင်ဘု မင့်ဦးလေး ဘာစာအုပ်ထွက်ဖို့ ရှိသလဲ ခနခန မေးတတ်အောင် သောက်ကြောတင်းတဲ့ကောင် မှတ်မှတ်ရရတော့ အဲ့သည့် သူငယ်ချင်းအဖေ အသုဘမှာ ဆြာသမားနဲ့ […]


nicolus agralAugust 15, 20131min1212
ကုန်လွန်ခဲ့ပြီးတဲ့ အဖြစ်သနစ်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ပဋိပက္ခဆိုတာ ကလေးတွေ ဟစ်ဟော့သီချင်းထဲမှာဆိုကြတဲ့ ဘကြီးဖြိုး နဲ့ ဦးနေဝင်း ဆိုတာမျိုး နှစ်ဦးနှစ်ဘက် တစ်ဦးနဲ့တစ်ဦး မကျေနိုင်မချမ်းနိုင် ရန်စောင်တုန့်ပြန်နေကြတာမျိုးသက်သက်တော့ မဟုတ်ပါဘူး။ လူတော်တော်များများ မေ့နေတာက ထိပ်တိုက်ရင်ဆိုင်မိသူ နှစ်ဦးအကြားမှာ ကြားခံပြေလျော့စေသူ (Buffer) များနဲ့၊ တစ်ဘက်ဘက်ကို ပင်းပြီး ထိုးချသူ (Catalyst) များပါ ပါနေပါတယ်။ အဲဒါကတော့ ကျောင်းသားမိဘ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်သူများပါ။ ကိုယ့်အိမ်ကကလေးတွေ ကျောင်းမှာ ဘာဖြစ်နေသလဲ မရိပ်မိတဲ့ ကျောင်းသားမိဘဆိုတာ တော်တော် ရှားပါလိမ့်မယ်။ နယ်ကျောင်းသား မဟုတ်သရွေ့တော့ ကိုယ့်သားလေး ကျောင်းသွားရင် အိမ်မှ ပြန်ရောက်ပါ့မလား စိတ်ပူနေရတဲ့ မိဘချည့်ပါပဲ။ အဲသလိုစိတ်ပူရတဲ့မိဘတွေထဲမှာ ကိုယ်ကိုယ်တိုင် အစိုးရအရာရှိ ဝန်ထမ်းပိုင်း လုပ်နေကြရတဲ့သူတွေလည်း ပါတာပေါ့။ မခံနိုင်လွန်းလို့ရှိရင် […]


မြစပဲရိုးAugust 15, 20131min40025
ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး..။ ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။ ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။ အသက်ရှူ ရပ်သွားတာတောင် ဦးနှောက်အလုပ်လုပ်နေရင် သေပြီလို့ မဆိုနိုင်သေးဘူး..။ ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့ မင်းသိပ်ပျော်နေလား ဟင်..။ စိတ်ချ….. နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။ ဒီလိုပဲ.. တန်ဖိုးရှိတဲ့ မိန်းမဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုပဲ ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။ မင်းလူ


alinsettAugust 14, 20131min2015
အင်တာနက် သုံးရင်း.. ဗဟုသုတ ရစရာ.. ဘာမျာ းရှိနေသလဲ..လို ့  တွေးရင်း..ဟို ဟို ဒီဒီ  လျှောက် ကြည့်ရင်းးးး အခု တင်ပြမယ့်  အကြောင်းအရာလေးကိ်ု.. တွေ့လိုက်တော့…… တော်တော်များများ.. ဖတ်ဖူးမှာ သေချာပေမယ့်… ပြန်ဖတ်မိလည်း..အကျိုး.. မယုတ်လောက်တဲ ့ စာမျိုးမို ့…ကူးယူဖော်ပြလိုက်ပါတယ်ဗျ ။ (((တင်ပြထားသူဆီမှ….. Share   ခွင့် တောင်းလာခဲ့ပါကြောင်းးးးး  )))   လေးစားစွာဖြင့်…. အလင်းဆက် ———————————————————     စားခြင်း(၄)မျိုး ၁။ ဒါနနှင့်စားခြင်း ၂။ သီလနှင့်စားခြင်း ၃။ သမထနှင့်စားခြင်း ၄။ ဝိပဿနာနှင့်စားခြင်း နောက်ဘဝတွေအတွက် ပါရမီအထုံတွေ ပါသွားနိုင်ဖို့ နေ့စဉ်စားသောက်တိုင်း ကုသိုလ်ရအောင် စားကြရမှာပါ။ =========================================== ၁။ ဒါနနှင့်စားခြင်း ။ […]


nicolus agralAugust 14, 20131min29113
ကိုယ်တို့ဆီကလူတွေမလည်း မင်းသားများ ရိုက်ရက်ချိတ်သလို ပြက္ခဒိန်တစ်စောင်လုံး လိပ်ပတ်လည်အောင် အထိမ်းအမှတ်တွေ တစ်ခုပြီးတစ်ခု မုဒ်သွင်းနေကြရတာ တော်တော်မောလောက်ရော့မယ်။ ပြည်ထောင်စုနေ့လွန်တာနဲ့ ဟတ်ပီးဗိုလ်ချုပ်ဘတ်ဒေးလုပ်တာ ရက်တောင်မဆိုင်းဘူး။ နောက်နေ့ကျ ဗယ်လင်တိုင်းဖို့အသင့်ပဲ။ ကိုယ်လည်းပဲ တတ်နိုင်သလောက်တော့ ဒယောသောပါး မှီအောင်လိုက်တာပါပဲ။ တခါတခါတော့ အလုပ်များနေတာနဲ့ ဘာတစ်ခုမှ မှတ်မှတ်ရရ မရေးဖြစ်တဲ့အခါ တစ်ခုခုဖတ်ရနိုးနဲ့ စောင့်နေတဲ့သူတွေကို အားနာမိပြန်ပါရော။ အခုဆိုရင် ရှစ်လေးလုံးကို တော်တော်လေးတောင် လွန်သွားပြီမို့ ခုခါမှ မှတ်စုအပုတ်အသိုးကြီး လာတင်နေတယ် ထင်နေပါဦးမယ်။ ဒါပေမယ့် ရေးဖြစ်အောင်တော့ ရေးလိုက်ချင်သေးတာဗျ။ ကိုယ့်အလိုအရဆိုရင်တော့ သည် ရှစ်လေးလုံးကိစ္စဆိုတာ တစ်နှစ်တစ်ခါ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးများလို ဝှူးကနဲမှုတ် ဟုတ်ကနဲငြိမ်းမသွားစေချင်ပါဘူး။ မပြီးနိုင်မစီးနိုင် မီးထိုင်ရှို့နေရမယ်လို့တော့ မဆိုလိုဘူးပေါ့။ ဒါပေမယ့် အဲဒီဖြစ်ရပ်ကနေ သင်ခန်းစာကလေးများ ရယူနိုင်မယ်ဆိုရင် အရေအတွက် အတိအကျသိဖို့ခက်တဲ့ အသက်ဆုံးရှုံးသွားရှာသူတွေအတွက် […]


ムラカミAugust 14, 20131min36717
      ထူးအိမ်သင် (၁.၇.၁၉၆၃ – ၁၄.၈.၂၀၀၄) အဘ – ဦးထွန်းမြင့် အမိ – ဒေါ်မြရင် ပုသိမ်မြို့တွင် မွေးဖွား အမည်ရင်းမှာ ကျော်မြင့်လွင် မူလတန်းပညာကို အ.မ.က(၂၀)တွင် သင်ကြားခဲ့ အထက်တန်းပညာကို အ.ထ.က(၃)တွင် သင်ကြားခဲ့ ၁၉၇၉ – ၈ဝ တွင် ဧရာဝတီတိုင်း၊ ဒေသကောလိပ်၊ ပုသိမ်သို့ တက်ရောက်ခဲ့ ၁၉၈၁ တွင် မော်လမြိုင်သို့ မိသားစုဖြင့် ပြောင်းရွှေ့ မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒဖြင့် ကျောင်းပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး(KC francis)ထံမှ ဂီတသင်္ကေတနှင့် ဂီတပညာသင်ယူ ၁၉၈၆ တွင် ပထမဆုံး တေးစီးရီးကို စတင်သွင်းယူ ၁၄.၈.၂၀၀၄၊ နံနက်(၁၁ း ၄၀)တွင် ကွယ်လွန် […]


no non negativeAugust 13, 20131min34414
ကြောင်သားဟင်းလျာ  ဇတ် လန်း မှ စ ဖိုမှူး တ ယောက် ၏ ခံစား ချက် ကို ခံ စား ချင်း တာ ဖြစ် ပါ သည်. မျည် သူ ကို မှ မ ရည် ရယ် ပါ.   စ ဖိုမှူး တ ယောက် ၏ ခံစား ချက်……….. ကြောင် ဝ တုတ် ကို  ခွါ စုတ် ရေ လှန် ဂျင်း ဆား နယ် ၍ ရှားမီး ခဲ တွင်  ရဲရဲ ကင် သည် မြိန် ပေ […]


Mr. MarGaAugust 13, 20131min39425
  . . . . . . . . . . . ဘောလုံးပွဲများမှာ မဆဲဖို့ ဗထူးကွင်း ဘောလုံးပွဲများတွင် အလွန်ဆဲနေကြသည်ဟု မိတ်ဆွေများက ပြောကြသည်။ ခဏခဏပင် ပြောကြသည်။ ကျွန်တော် ဘောလုံးပွဲသို့ မရောက်သည်မှာ တော်တော်ပင်ကြာပြီ။ ထို့ကြောင့် ဘောလုံးပွဲအကြောင်း ဘာမှမသိ။ သို့ရာတွင် ဘောလုံးပွဲတွင် ဆဲကြသည်၊ အလွန်ပဲ ဆဲနေကြသည် ဆိုသောသတင်းကို ကြားရသောအခါ အများကြီး စိတ်မကောင်းဖြစ်မိသည်၊ ဝမ်းနည်းမိသည်။ ၁၉၄၇-၄၈၊ ၄၉-၅၀၊ ၅၁-၅၂ ခုနှစ်လောက်ထိ ယခင်က ယူဘီအေကွင်းဟုခေါ်သော ဗထူးကစားကွင်းတွင် ကျွန်တော်တို့တတွေ လူကြီးလုပ်ပြီး ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်။ စစ်ပြီးကာစပွဲများ၌ ဆဲကြပါသည်။ ရန်ဖြစ်ချင်ကြပါသည်။ သို့ရာတွင် နောင်တော့ မဆဲကြတော့ပါ။ […]


WowAugust 13, 20131min57929
အချစ်အမျိုးမျိုး… Infatuation- စိတ်ကူးယဉ် ရင်သိမ့်တုန်အချစ်၊ တစ်ယောက်အကြောင်းတစ်ယောက်သိတော့ ပျက်ပျယ်… Romantic Love- တချစ်ထဲချစ်တတ်တဲ့အချစ် Eros- ကာမဂုဏ်အာရုံနဲ့ချစ်တဲ့အချစ် Companionate Love- သူငယ်ချင်းအချစ် Unconditional Love- သူဘာဖြစ်နေနေဆိုတဲ့ အကြွင်းမဲ့အချစ် Conditional Love- အကန့်အသတ်နဲ့အချစ်၊ လိုချင်တာရမှ ချစ်ပြတတ်တဲ့အချစ် Puppy Love- မတည်ငြိမ်စိတ်ကစားတဲ့အချစ် Maternal Love- မိခင်တစ်ယောက်ရဲ့အချစ် Paternal Love – ဖခင်တစ်ယောက်ရဲ့အချစ် Soulmate Love- ဘဝတစ်သက်တာ ထာဝရအချစ် Engross စိတ်ဝင်စားသည် ဖမ်းစားသည် ဈာန်ဝင်သည်။ Credit to The best English 4 You Facebook မှာတွေ့တဲ့ စာသားလေးဘာ… တညင်ကျွန်းက ခင်လွန်းမဟုတ်တဲ့ ချင်သေ့ကျွန်းက ခင်ဆွိက […]


သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။ အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို […]


Kyi LwinAugust 10, 20131min1011
မင်္ဂလာပါ မန်းဂေဇက် သူကြီးနဲ့တကွ ရွသားများ။   ဖတ်စေချင်လို့ သူများရေးတဲ့စာတွေကို  ကော်ပီလုပ်ပြီး ပို့လိုက်ပါတယ်။ သည်းခံဖတ်ပေးကြပါရန် ။ ရွှေတို့ရဲ့မြန်မာ အေးချမ်းစေကြောင်း ဆုမွန်တောင်းလျှက်။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့။


Kyi LwinAugust 9, 20131min1414
ငွေရတုပွဲကြီး ဝှဲချီးကျင်းပနေချိန်မှာ ဒီဆောင်းပါးလေးဖတ်ဖြစ်တယ်။ စဉ်းစားစရာလေးတွေပါတယ်။ ဖတ်သင့်တယ်ထင်လို့ ကူးယူဝေမျှပါတယ်။ ၈၈ တို့ ဘယ်သွားမလဲ မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ရှစ်လေးလုံးငွေရတုနဲ့ပတ်သက်ပြီး ရေးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ် စွန့်လွှတ်ခဲ့သူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည် နေကြသူတွေကို အားနာလို့ ပြည်တွင်းက ရှစ်လေးလုံး ငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာ ဖတ်ရတော့ကိုယ်နဲ့ စိတ်တူကိုယ်တူ ခံစားချက်တူ ရဲဘော် တွေအများကြီး ရှိနေတာပဲလို့ ပီတိရင်ဘတ်နဲ့ခံစားပြီး ကျေနပ်ခဲ့ရတယ်၊ ဝမ်းသာ ဝမ်းနည်းလည်း ဖြစ်ရတယ်။ လွန်ခဲ့တဲ့ ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို […]