Kyi LwinAugust 9, 20131min1464
ငွေရတုပွဲကြီး ဝှဲချီးကျင်းပနေချိန်မှာ ဒီဆောင်းပါးလေးဖတ်ဖြစ်တယ်။ စဉ်းစားစရာလေးတွေပါတယ်။ ဖတ်သင့်တယ်ထင်လို့ ကူးယူဝေမျှပါတယ်။ ၈၈ တို့ ဘယ်သွားမလဲ မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ရှစ်လေးလုံးငွေရတုနဲ့ပတ်သက်ပြီး ရေးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ် စွန့်လွှတ်ခဲ့သူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည် နေကြသူတွေကို အားနာလို့ ပြည်တွင်းက ရှစ်လေးလုံး ငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာ ဖတ်ရတော့ကိုယ်နဲ့ စိတ်တူကိုယ်တူ ခံစားချက်တူ ရဲဘော် တွေအများကြီး ရှိနေတာပဲလို့ ပီတိရင်ဘတ်နဲ့ခံစားပြီး ကျေနပ်ခဲ့ရတယ်၊ ဝမ်းသာ ဝမ်းနည်းလည်း ဖြစ်ရတယ်။ လွန်ခဲ့တဲ့ ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို […]


Kyi LwinAugust 9, 20131min1192
၈၈၈၈ – အမှတ်တရ ဩဂုတ်လ ၏ မြင်ကွင်းတစ်ခု ============================== ယနေ့ လူငယ်များသည် ၈၈၈၈- နှင့် ပတ်သက်၍ တိတိပပ မသိနိုင် ခဲ့ကြ။ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဖိနှိပ်၊ တားဆီးပိတ်ပင်ဟန့်တား မှုများကြောင့် အတိတ်သမိုင်းသည်ပင် မှိန်ပျပျ။ကျောင်းသားခေါင်းဆောင် များ၏ လှုပ် ရှားမှုပုံရိပ်များသည်လည်း ဝိုးတိုးဝါးတား။ အကြောင်းမူကား သူတို့ဘဝ မျက်စိပိတ် နားပိတ်ဖြစ်ခဲ့ရသည် မဟုတ်လား။ စင်စစ် ၈၈၈၈- အရေးတော်ပုံကြီး ဖြစ်ပေါ်လာရန် ၂၈-၇-၈၈ နေ့မှ စကာ ဝါဆိုလပြည့်နေ့တွင် ကျောင်းသားများ ဦးဆောင်၍ ရွှေတိဂုံ ဘုရားပေါ်တွင် တရားဟောသည်။ ပိုစတာများကပ် သည်။ ၂၉-၇-၈၈ နေ့တွင် ဦးအောင် ကြီး၊ ဦးစိန်ဝင်း အပါအဝင် ၁ဝ ဦး ထိန်းသိမ်းခံခဲ့ရသည်။ […]


nicolus agralAugust 7, 20131min20610
သူငယ်ချင်းတစ်ယောက် ဘွဲ့လွန်ဝင်ခွင့်ဖြေတော့ “ဒီနှစ် ဆိုကရေးတီးမှာ ပြိုင်နေတာ ဘာဇာတ်တော်လဲ။” လို့ အမေးခံရတယ်။ မာစတာလိုချင်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်ရေးရာ အဖြာဖြာကို ဂလောက်တော့ တီးမိခေါက်မိ ရှိသင့်တာပေါ့။ တို့သယ်ရင်းကြီးကလည်း အဲ့လောက်တော့ မပိန်းပါဘူး။ ဆရာဝန်ပါဆိုမှ ဗိုလ်ချုပ်ကို လုပ်ကြံတာ နဂါးဒေါ်ဦးပါ လို့ ဖြေမယ့်အစားမျိုးလား။ “ရာမဇာတ်တော်ကြီးပါ ခင်ဗျာ။” လို့ မဆိုင်းမတွ ဖြေလိုက်နိုင်သားပဲ။ မောင်မင်း လူကလေး။ ငယ်ပါသေးတယ်။ ကိုယ့်ဆရာကြီးတွေ ဆက်တိုက်ဆင်လာတဲ့ နောက်သိုင်းကွက်အစမှာ ကျွမ်းထိုးနောက်ပြန် တပ်လန်လာခဲ့တယ်။ “အေး ဟုတ်ပြီ။ ရာမာယနဇာတ်တော်ကြီးကနေ မင်းအတွက် ဘာတွေ သင်ခန်းစာရသလဲ။ နည်းနည်းရှင်းပြစမ်းပါဦး။” တဲ့။ အဲဒီမေးခွန်းကို ကြားမိတဲ့အချိန်မှာတော့ ကိုယ့်ပါးစပ်ကတော့ တစ်ခွန်းပဲ ထွက်တယ်။ ရာမဇာတ်တော်က ပြောချင်တာ “အိမ်ကမိန်းမကို ဘယ်တော့မှ […]


ကိုသန်းနိူင်ဦး ခင်ဗျားဘဲ ရှင်းတော့ဗျာ လက်ရှိ မန်းဒလေး ဂဇာတ်က ရဲတွေ စသုံးလုံးတွေ စစ်သံတွေ စရဖတွေ ကြံခိုင်ရေးတွေ ဒီမိုအနီးကပ် ဗုံးကြဲတွေ ဒီမိုတာဝေးပစ်တွေ မျက်ကန်းမျိုးချစ်တွေ မျက်မကန်းအကျိုးချစ်တွေ ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဝိကီအားကိုး လောင်ချာရိုးတွေ လော်ဘီတွေ ထရိုးတွေ အူကြောင်ကျားတွေ နှာဘူးတွေ အရက်သမားတွေ ဖွပေးစိုက်ထူတွေ ဆွပေးနှိုက်ယူတွေ စသဖြင့် ကုလသမတ်ဂ အဆင့်ထက် ပိုပီး လူစုံနေတဲ့ ဂဇာတ်ကြီးကို မနာလိုတာလား မလိုနာတာလား လား လား လား ဒါမှမဟုတ် ဆာဗာစောင့် နတ်စိမ်း သဂျော်တကီး တောင်ပြုန်းပွဲနီးလို့ လက်ယားတာလား လက်စားတာလား ဒညိ ဒညိ ဆိုတော့ Above the MG Above the Server Above […]


လေပြေJuly 31, 20131min2036
သန်းခေါင်ကျော်နေပြီ အိမ်ပြန်မရောက်သေးဘူး အလုပ်ပြီးတာက ညနေ ၁ဝ နာရီ..အခုရောက်ပြီ နံနက် ၁ နာရီခွဲ…..ကြက်ဥကိုမွေကြော်ပြီး မနက်က ချက်ထားတဲ့ ထမင်းကြမ်းကို မွေကျော်ထားတဲ့ ကြက်ဥနဲ့ ရောသမပြီး အာခေါင်ထဲ လောင်ထဲ့တိပ်ထည့်ကာရေနဲ့ မြောချလိုက်တယ်…ရုတ်တရက် ဗိုက်ကယ်လာပြီးအိမ်ရှေ့ခန်းက ကွန်ပြူတာဆီသွားလိုက် ဒီနေ့ဘာသတင်းထူးလဲ ပြည်မြန်မာ…….မျိုးစောင့်ဥပဒေ….လူမျိုးစု အဓိကရုန်း….ဒေါသထွက်လာပြီး လက်နဲ့ ကီးဘုတ်တွေကို ဖျောင်းဖျောင်းနဲ့ ရိုက်ချလိုက်တာ youtube ကချာလီဆီရောက်သွားတယ်..အာပြဲမတတ် လုံးလီး ရည်လိုက်တယ်…ပြီးတော့ မျက်ခွန်လေးတွေ စင်းလာပြီး ၁ဝ နာရီက စလိုက်တာ အိမ်ရောက်တဲ့အထိ အဆင်မပြေမှု့လေးတွေ…..ကျနော့မြို့နဲ့ အလုပ်က ၄၅ ကီလိုမီတာကျော်တယ်..ကျနော့မြို့မှာတင် ၄ ကီလိုမီတာလမ်းလျှောက်ရတယ် ဘူတာကိုရောက်အောင် ဘူတာရောက်တော့ လာမဲ့ရထား ၁ဝ သို့မဟုတ် ၅


မန်းကဇက်ချစ်သူများ၏ အမှတ်တရစုစည်းမူ (၁) စာအုပ် လက်ထဲရောက်ရှိလို့လာပါပြီ။ စာအုပ်ရပြီဆိုတော့ ဖတ်ဖို့ မှတ်ဖို့ လေ့လာဖို့ သင်ယူဖို့ ခံစားဖို့ တာဝန်ရှိလာပြန်သည်။ အပြာရောင်နောက်ခံ အဝါရောင်စာလုံးများဖြင့် သပ်သပ်ရပ်ရပ်စာအုပ်အသွင်အပြင်ရှိသည်။ စာအုပ်အဖုံတွင် ဖော်ပြချက် မှန်သမျှသည် စာအုပ်၏ မူလရည်ရွယ်ရင်းကို ကိုယ်စားပြုသည်ဟုလည်းခံစားမိပါသည်။ အပြာရောင် နောက်ခံ အဝါရောင် စာလုံး ဒေါင်းတံဆိပ် Member Only အစရှိသည်များသည် အဓိပါယ်မဲ့ မဟုတ်သည်ကသေချာသည်။ နောက်စာအုပ်၏ သမိုင်းမှတ်တမ်းကိုလည်းဒီလို သိခဲ့ရသည်။ ပထမအကြိမ် အုပ်ရေ-၅၀၀ ထုတ်ဝေသည့်ကာလ- ဇူလိုင်လ ၂၀၁၃ ခုနှစ် ဒါကလည်း ကဇက်စာပေ ပုံနှိပ်သမိုင်းပင်မဟုတ်ပါလား။ နောက်မာတိကာ။ ၁ မှ ၁၆ ထိတွေ့ရသည်။ ဒီထိတော့ဖတ်ရပြီ။ နောက်ပိုင်းသိချင်ရင်ဆက်ဖတ်ကြပါ


မန်းလေးကရွာသူားတွေကိုရောင်းဘို့အတွက်စာအုပ် (၃၅)အုပ် ဦးမာဃမှတစ်ဆင့်ရောက်လာပါတယ်။ မင်ဘာများကို ရောင်းဘို့လို့သိရပါတယ်။. သတ်မှတ်ဈေးကတော့ ကျပ်နှစ်ထောင့်ငါးရာပါ။ လောလောဆယ်တော့ သုံးအုပ်တိတိရောင်းပြီးသွားပါပြီ။. 25-7-2013မှာအန်ကယ်ဂျီးက (၂)အုပ် 28-7-2013နေ့မှာ မင်းမင်းက တစ်အုပ် ပေါင်းသုံးအုပ်ပါ။ မပဒုမ္မာက ကိုပေါက် တစ်အုပ် လက်ဆောင်ယူပါလို့ ပြောထားပေမယ့် ကျနော်မယူတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုခင်ခ က ရန်ကုန်အရောက်ကျနော်ကိုပေးဘိုု့ဆိုပြီး လက်ဆောင်တစ်အုပ်ထည့်ဝယ်လာခဲ့လို့ပါ. ကိုခင်ခရေ ကျေးဇူး အကြီးကြီးတင်ပါတယ်ဗျို့။ 09-6805396 သို့ ဆက်သွယ်၍ စာအုပ်များဝယ်နို်င်ပါသည်။ မန်းလေးမြို့မှာ မိုင်(20)အတွင်း အိမ်တို်င်ယာရောက်လိုုက်လံ၍ပို့ပေးပါမည်။ စာအုပ်မဝယ်ပါက ဇွတ်လိုက်၍ရောင်းချမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။       (မှတ်ချက် ရွာထဲမှာ ဓါတ်သေဆရာ စာအုပ်ကတော့ ရောင်း၍မရပါ။ တစ်သက်လုံးအတွက် ဝယ်ယူထားသူရှိပါကြောင်း)


https://m.facebook.com/home.php?_mn_=2&refsrc=https%3A%2F%2Fwww.facebook.com%2F&refid=9&_rdr#!/photo.php?fbid=274319549375225&id=100003915476655&set=a.233741200099727.1073741827.100003915476655&refid=52 အလေးထားရမဲ့သူတွေ ———————- မင်းခန့်ကျော် ခုတလောလိုင်းတွေမရတလှဲ့ ရတလှဲ့ နဲ့ အွန်လိုင်းပေါ်တက်တိုင်း ပြန်ပြန်ကျနေတာနဲ့ လုပ်ချင်တာမလုပ်ရ။ဟိုစပ်စပ်ဒီစပ်စပ်လည်းမလုပ်ရနဲ့။ အတော်ကိုခွကျသဗျာ။ ဒီအတိုင်းလဲအငြိမ်မနေနိုင်တော့ ဒီနေ့ ဖတ်မိတဲ့အကြောင်းအရာလေးထဲ ကအပျင်းပြေရှယ်ချင်တာလေးတခု သတိရလို့ တွေးဖို့လေးတခု ပြန်မျှ လိုက်ပါတယ်။ ဆိုကြပါစို့ ။ ခင်ဗျာကိုယ်ခင်ဗျားအ စက်တစက်အနေနဲ့သတ်မှတ်ထား လိုက်ဗျာ။ အောက်ကပုံအတိုင်းစက်ဝိုင်းရဲ့အလယ်မှာရှိနေတယ်ပေါ့ဗျာ။ အလယ်မှာထားရတဲ့အကြောင်းက ဥပမာ – ခင်ဗျားကအပြင်းဖျားနေ တယ်။ခံစားနေရတယ်။ စားချင်စိတ် လဲမရှိ။သွားချင်တာမသွားရစားချင် တာမစားရ အတော်ဂွကျနေတယ်ပေါ့။ ဒီလိုမ ဖြစ်ချင်ဘူး။အမြန်ပြန်ကောင်းချင်တယ်။ ပြန်ကောင်းဖို့ခင်ဗျားနည်းမျိုးစုံနဲ့ ကြိုးစားမယ်။ ဒါကြောင့်ခင်ဗျားက ကိုယ့်ကိုကိုယ် အလေးထားတယ်။ ကိုယ့်အတွက် သိတတ်တယ်။ဒါကြောင့်ခင်ဗျားကို စက်ဝိုင်းအလယ်မှာကျနော်ထား လိုက်တာ။ ဟုတ်ပြီ။ အဲဒီဖျားနာ တာကခင်ဗျား မဟုတ်ပဲ ခင်ဗျားရဲ့အရင်းနှီးဆုံး သူတွေဖြစ်နေရင်။ ခင်ဗျားအနေနဲ့ မင်းဖျားမဲ့အစား ငါသာဖျားပေးလိုက်ချင်တယ်ဆို လောက်တဲ့ […]


လောကသည် ဘဝထံသို့ ကံကြမ္မာမှတစ်ဆင့် ကြမ်းတမ်းခက်ထန်ခြင်းများ စေနှင်းလတ်သည်ရှိသောဝ် ဘဝသည် ဉဏ်ပညာ၏ မိတ်ဆွေ ဇွဲသတ္တိတို့၏အစွမ်းဖြင့်  ကြံ့ကြံ့ခံတွန်းလှန်သောအခါ လောကသည် မယှဉ်သာတော့ဘဲ ဘဝ၏လက်အောက်သို့ ကျရောက်ရရှာလေသတည်း။ ……………………………………………………………………… ပုံ …………………………………………………………………………. ဘဝဇာတ်စယာ ………………………………………………………………………………………………………….. ဂေဇက်အမှတ်တရစာအုပ်မှာ စယာကြောင်ကြီးရဲ့ စာမူများ မပါရှိခဲ့ခြင်းအပေါ်တွင် စယာကြောင်ကြီးနှင့် ထပ်တူထပ်မျှ မနာလိုမရှု့စိမ့်ဖြစ်ရပါသည်ခင်ဗျား။


Kyi LwinJuly 25, 20134min35817
သမ္မတကြီးတကယ်ရိုးသားခဲ့ရဲ့လားဖွင့်ဟချက် ဆောင်းပါးတပုဒ်ဖတ်ဖူးကြမှာပါ၊သမ္မတကြီးရွှေတြိဂံလိုနေရာမှာတိုင်းမှုးဖြစ်ခဲ့တာတောင်အဂတိကင်းတယ်၊သမ္မတကြီးကတော်ကမုန့်ဟင်းခါး ရောင်းဖို့တောင်ကြံစည်ခဲ့သေးတယ်စသဖြင့်ရိုးဂုဏ်ဖွဲ့ဆောင်ပါးလေးပါ။ချီးကျူးအားကျသနားခဲ့ရပါသေးတယ်။အခုသမ္မတရာထူးရတော့ရော အရင်အတိုင်းပဲလားဆိုတာလေးတင်ပြချင်တာပါ။တကယ်တော့ဒီတင်ပြမှုဟာစစ်အာဏာရှင်နဲ့ခရိုနီအသိုင်းအဝိုင်းရဲ့မြန်မာပြည်ကြီးကိုသွေး စုတ်ဖုတ်ကောင်လိုဂုတ်သားလေးကိုက်စုတ်လိုက်ရမှအရသာရှိတာတွေနဲ့ယှဉ်ရင်ပြောပလောက်မယ်တော့မထင်ပါဖူး။အဖြစ်မှန်တခုအကြောင်း တင်ပြခြင်းသာဖြစ်သည်။ ဒီလမ်းတဲ့တဲ့ဆင်းသွားရင် ပျဉ်းမနားမြို့ထဲရောက်တယ်။ဆန့်ကျင်ဖက် နေပြည်တော်သွားတဲ့လမ်းနံမည်ကရာဇဌာနီလမ်း၊အမြန်လမ်းမဟုတ်၊ လမ်းဟောင်းအတိုင်းလာရင်လမ်းညာဖက်မှာ ရွှေတိဂုံပုံစံ တည်ထားတဲ့ဘုရားရှိတယ်၊ဆက်သွားရင်နေပြည်တော်မရောက်ခင်လမ်းဆုံမှာသမ္မတခြံ လို့ခေါ်တဲ့ဧက၅၀ဝကျယ်တဲ့သမ္မတပိုင်ခြံကြီးရှိပါတယ်၊ခွင့်ပြုချက်မရှိပဲအပြင်လူလာလို့မရပါဖူး၊ခွင့်ပြုချက်တခုကြောင့်အခုလိုတင်ပြနိုင်တာပါ။ ပြီးခဲ့တဲ့လလောက်ကဥရောပနိင်ငံတွေသမ္မတကြီးသွားတော့မွေးမြူရေးခြံတွေလျှောက်လေ့လာတာဘာအတွက်လဲဆိုတာလဲသိသာလာမှာပါ။ ၂၁၅မိုင် အမြန်လမ်းမှာသရက်ခြံကြီးတခုကိုလည်းသမ္မတပိုင်ပါတယ်ဧကတော်တော်များပါတယ်။အဲ့ဒီခြံကထွက်တာဆိုပြီးတရုတ်သမ္မတဆီအပြင် ကမျိူးကောင်းသရက်သီးတွေဝယ်ပြီးလက်ဆောင်ပို့ခဲ့ဖူးပါသေးတယ်။လူကြီးပိုင်းတော်တော်များများရဲ့ကိုယ်ပိုင်သတ်မှတ်ထားတာတွေ အဲ့ဒီ မိုင် တိုင် ပတ်ဝန်းကျင် မှာအပြည့်ပါပဲ။ ဧက၅၀ဝကျယ်တဲ့သမ္မတခြံကြီးထဲမှာဘာတွေရှိလည်းဆိုတော့ဆန်စက်က၂လုံးရှိ၊စပါးစိုက်ခင်း၊သစ်ခွနဲ့နဂါးမောက်အပါအဝင်စိုက်ခင်းများ၊ နွားဝက်ကြက်မွေးမြူရေးခြံကြီးများ၊ဆန်ဂိုထောင်များရှိပါတယ်။ သစ်ခွခြံဆိုကုန်ကျငွေသိန်း ၃၀ဝ ကျော်လောက်ရှိမယ်။ ဆန်စက်ဆို ဒေါ်လာသန်းနဲ့ချီကုန်တာစိုက်ခင်းတွေကလည်းမနည်းမနောဘဲနဂါးမောက်တို့ နေကြာ ပုလဲသွယ်ဆိုတဲ့စပါးမျိုးတွေ နွားတင်းကုတ်ဆို ရွာကဟာတွေမျက်စေ့ထဲသွားမမြင် နဲ့ ဟင်ဂလန်သံချောင်းတွေ နဲ့တိုင်ထောင်ပြီး အလူမီနီယံသွပ်မိုးထားတာ၊ ဒါက ခရမ်းသီး သခွား မွှေးသီး အသီးအနှံတွေပျိုးဖို့အ ဆောက်အဦးတွေ၊ ဆန်စက်တလုံးကိုအသီးအနှံထားဖို့အအေးခန်းအဖြစ်စကာင်္ပူကအင်ဂျင်နီယာတွေလာဆင်ပေးနေတာပါ။ တကယ်တော့သမ္မတလဲပိုင်ဆိုင်မှုဆိုတာရှိနိုင်ပါတယ်။ဒါပေမယ့်ဘယ်သူပေးတဲ့ဆုလာဒ်ဆိုတာတော့အားလုံးသိကြမှာပါ။ သမ္မတလုပ်လိုက်လို့ရတဲ့ဆုလာဒ်ဆိုတာကလဲအရင်စစ်အာဏာရှင်လက်ထက်မှာမထူးခြားပေမယ့်ပိုင်ဆိုင်မှုပြရတဲ့ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ထောက်ပြစရာပါ။ဒီထက်ထူးခြားတာကရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုပြီးနာမည် ခံထားပေမယ့်ပြည်သူပိုင်စီမံကိန်းများသာတည်ဆောက်ရတဲ့ဆည်မြောင်းဦးစီးဌာနကလူရောငွေရောအကုန်ခံလုပ်ပေးနေတာပါပဲ။ ဘယ်လိုစာရင်းပြမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဝန်ထမ်းအခေါ်တော့(BLACK)လုပ်ပေးတယ်ခေါ်တာပေါ့။ ရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုရင်လည်းအပြင်လူငှားလုပ်သင့်ပါတယ်။အစိုးရဝန်ထမ်းတွေက တဦးတယောက်ပိုင်ခြံကိုဝန်ထမ်းနေတာမြင်မကောင်းပါဖူး။ ဒီကြားထဲ ဝန်ကြီးအတွက်ကဘယ်နှစ်ဧကသမ္မတသားမက်အတွက်ကဘယ်နှစ်ဧကအဲ့လိုဝယ်ပေးရတာလည်းရှိသေးတယ် ပြောချင် တာက […]


Don Juan RonaldJuly 24, 20131min2047
                                          အား လုံး မင်္ဂလာ ပါ ~~~ တချိန် က ကမ္ဘာ့ အ မြင့် ဆုံး အဆောက်အဦး ဖြစ် ခဲ့ ဘူး တဲ့ ထိုင်ဝမ် နိုင်ငံ ရဲ့ Taipei 101 skyscraper ထဲ တွင် ၊ ခေတ် လူ ငယ် တွေ ပြု လုပ် လေ့ ရှိ တဲ့ “ […]


သုရွင္July 24, 20131min2015
စာရေးဆရာမ ဂျူး က… ” ကျွန်မတို့ဟာ စိတ်ဖိစီးမှုကို အတိုင်းအတာ တစ်ခုအထိ လု်ိအပ်ပါတယ် “ လို့ သူမ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာကို ဖတ်မိ ၊ မှတ်သားမိပါတယ်။ မှန်ပါတယ်။ စိတ်ဖိစီးမှု  ရုပ်တရပ် မရှိတော့ရင် အထီးကျန်ဝေဒနာ စိတ်ကျ ဝေဒနာ ခံစားရတတ်တယ်ဆိုတာကို အငြိမ်းစား အရာရှိကြီးများ၊ အသက်အရွယ်ကြောင့် အလုပ်ခွင်ထဲမှ ဖယ်ကြဉ်ခံရပြီး ၊ မိမိအိမ်တွင်လည်း လူရာမဝင် ဟု မိမိတို့ကိုယ်မိမိတို့ ခံ စားနေရသူများ ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သို့သော် စိတ်ဖိစီးမှု အလွန်အမင်း များလာခြင်းအားဖြင် ့လူတွေကို ဒုက္ခရောက်စေပါတယ်။ အဲဒီဒုက္ခတွေကတော့ ၁-အစားမမှန်အအိပ်မမှန်ခြင်း ၂-ကယောင်ကတမ်းဖြစ်ခြင်း ၃-စိတ်ဖောက်ပြန်ခြင်း ၄-ဒေါသ ဖြစ်ခြင်း ၅-အိမ်ထောင်ရေးသုခ များဆုတ်ယုတ်လာခြင်း ၆-အင်အားချိနဲ့ခြင်း […]


ဇူလိုင်လ ၂၁ ရက် မိုးကာလ ထုံးစံမို့ ကောင်းကင်က အုံ့အုံ့အေးအေး၊ ကွေးလို့ကောင်းနေတုန်း ဖေကြီး- ထတော့တဲ့၊ သားတော်မောင်အသံ၊ နာရီကြည့်တော့ ခြောက်ခွဲ၊ မင်းကလည်း အစောကြီးပဲ ရှိသေးတယ်ဆိုတော့……..မရဘူး ထ၊ ရေချိုး………တဲ့၊ အေးပါကွာ…..ဆိုပြီး သားတော်မောင် အမိန့်အတိုင်း ရေမိုးချိုး……..အကျင်္ ီလဲ၊ အောက်ကိုဆင်းပြီး လဘက်ရည်ဆိုင်မှာ ခဏထိုင်ကြပါတယ်၊ သွားမယ်လေ သွားမယ်လေ လို့ စိတ်စောနေတဲ့ သားရဲ့စကားတွေကြောင့် ၈ နာရီကျော်ကျော်မှာ ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀ဝ တဲ့၊ အိုကေ……တက်ပေါ့၊ ရွှေတိဂုံကိုဖြတ်မောင်းလာလို့ စောစောစီးစီး လက်အုပ်ချီမိ၊ မရောက်တာကြာလှပါပကော…..၊ ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ဘက်ကနေ ပတ်လာတော့ အင်း….. အာဇာနည်နေ့က အကြောင်းတွေ သတိရမိပြန်ရဲ့၊ ခဏနေတော့ ရောက်ပြီတဲ့….၊ ဒါမျော်စင်ကျွန်းဝင်ပေါက်တဲ့၊ […]