သုရွင္July 24, 20131min3245
စာရေးဆရာမ ဂျူး က… ” ကျွန်မတို့ဟာ စိတ်ဖိစီးမှုကို အတိုင်းအတာ တစ်ခုအထိ လု်ိအပ်ပါတယ် “ လို့ သူမ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာကို ဖတ်မိ ၊ မှတ်သားမိပါတယ်။ မှန်ပါတယ်။ စိတ်ဖိစီးမှု  ရုပ်တရပ် မရှိတော့ရင် အထီးကျန်ဝေဒနာ စိတ်ကျ ဝေဒနာ ခံစားရတတ်တယ်ဆိုတာကို အငြိမ်းစား အရာရှိကြီးများ၊ အသက်အရွယ်ကြောင့် အလုပ်ခွင်ထဲမှ ဖယ်ကြဉ်ခံရပြီး ၊ မိမိအိမ်တွင်လည်း လူရာမဝင် ဟု မိမိတို့ကိုယ်မိမိတို့ ခံ စားနေရသူများ ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သို့သော် စိတ်ဖိစီးမှု အလွန်အမင်း များလာခြင်းအားဖြင် ့လူတွေကို ဒုက္ခရောက်စေပါတယ်။ အဲဒီဒုက္ခတွေကတော့ ၁-အစားမမှန်အအိပ်မမှန်ခြင်း ၂-ကယောင်ကတမ်းဖြစ်ခြင်း ၃-စိတ်ဖောက်ပြန်ခြင်း ၄-ဒေါသ ဖြစ်ခြင်း ၅-အိမ်ထောင်ရေးသုခ များဆုတ်ယုတ်လာခြင်း ၆-အင်အားချိနဲ့ခြင်း […]


ဇူလိုင်လ ၂၁ ရက် မိုးကာလ ထုံးစံမို့ ကောင်းကင်က အုံ့အုံ့အေးအေး၊ ကွေးလို့ကောင်းနေတုန်း ဖေကြီး- ထတော့တဲ့၊ သားတော်မောင်အသံ၊ နာရီကြည့်တော့ ခြောက်ခွဲ၊ မင်းကလည်း အစောကြီးပဲ ရှိသေးတယ်ဆိုတော့……..မရဘူး ထ၊ ရေချိုး………တဲ့၊ အေးပါကွာ…..ဆိုပြီး သားတော်မောင် အမိန့်အတိုင်း ရေမိုးချိုး……..အကျင်္ ီလဲ၊ အောက်ကိုဆင်းပြီး လဘက်ရည်ဆိုင်မှာ ခဏထိုင်ကြပါတယ်၊ သွားမယ်လေ သွားမယ်လေ လို့ စိတ်စောနေတဲ့ သားရဲ့စကားတွေကြောင့် ၈ နာရီကျော်ကျော်မှာ ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀ဝ တဲ့၊ အိုကေ……တက်ပေါ့၊ ရွှေတိဂုံကိုဖြတ်မောင်းလာလို့ စောစောစီးစီး လက်အုပ်ချီမိ၊ မရောက်တာကြာလှပါပကော…..၊ ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ဘက်ကနေ ပတ်လာတော့ အင်း….. အာဇာနည်နေ့က အကြောင်းတွေ သတိရမိပြန်ရဲ့၊ ခဏနေတော့ ရောက်ပြီတဲ့….၊ ဒါမျော်စင်ကျွန်းဝင်ပေါက်တဲ့၊ […]


nicolus agralJuly 23, 20131min2644
ဦးရာဇတ် နဲ့ ရဲဘော်မောင်ထွေးကို မြန်မာမဟုတ်ဘူး။ အလေးမပြုနိုင်ဘူး ပြောတဲ့သူတွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ သူတို့တတွေကရော မြန်မာမှ ဟုတ်ပါ့မလား။ မြန်မာဆိုတာ ဘာကြီးပါလိမ့်။ ဦးနုတောင်မှ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်သွားလို့ မရခဲ့ဘူးလေ။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာ နိုင်ငံသားနဲ့ ရောထွေးပစ်လို့မှ မရပဲ။ မြန်မာလို့ ပြောလိုက်ရင် သူ့ဘာသူ ဘာဘာသာကိုးကွယ်ကိုးကွယ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံပါ အကျုံးဝင်တယ်။ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာခဲ့သူအားလုံး မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ တိုင်းရင်းသားအားလုံး ဘယ်တိုင်းရင်းသားမဆို လူမျိုးအနေနဲ့သာ ကွဲပြားစွာ ရပ်တည်လို့ရတယ်။ နိုင်ငံသားကတော့ မြန်မာနိုင်ငံသားသာ ဖြစ်တယ်။ ဒီ့ထက်ရှင်းတာလည်း မရှိဘူး။ ဒီလောက်သပွတ်အူလိုက်ပြီး ရှင်းလို့ မဆုံးတဲ့ ကိစ္စလည်း မရှိဘူး။ ဘာလို့ဆိုတော့ အမှန်အမှား မသုံးသပ်၊ […]


alinsettJuly 21, 20132min74818
ဝါဆိုလပြည့်နေ ့။ ဗုဒ္ဓဘာသာတွေအတွက်တော့ နေ့ထူးနေ ့မြတ်တစ်ရက်ပါပဲ ။ မြတ်စာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဓမ္မစကြာတရားဦးဟောတော်မူတဲ့နေ ့ပေါ့ ။ ——————————– ဝါဆိုလပြည့်ဆိုတာ  မြန်မာတွေအတွက် အရေးပါလှတဲ့ နေ ့လေးတစ်နေ ့ပါ။ ။ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သေ  ဓမ္မစင်္ကြာ အခါတော်နေ့ဟာ ….. သစ္စာလေးပါးနဲ ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ပါ။ (၁) ပဋိသန္ဓေတည်သည့်နေ ့-မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ ့)  (၂ ) တောထွက်သည့်နေ ့- မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ ့)  (၃) ဓမ္မစင်္ကြာတရားဦးဟောနေ ့- မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ ့ )  (၄) သောတာပန်လူသားစပေါ်သည့်နေ ့-မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် […]


nicolus agralJuly 19, 20131min5156
ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက်သုံးရက် ( ၂၂ ဇူလိုင် ၁၉၄ရ ) မှာ ပြောကြားတဲ့ သခင်နုရဲ့ အသံလွှင့်မိန့်ခွန်းထဲက အာဇာနည်ကြီးများ အပေါ် သဘောထား အမြင်များဖြစ်ပါတယ်။ သခင်နုတစ်ယောက်တည်း ပြောပေမယ့် အဲဒီအချိန်က ဖဆပလ ခေါင်းဆောင်ကြီးများရဲ့ သဘောထားများအမြင်များလည်းဖြစ်ပါတယ်။ ၁။ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်အကြောင်းဆိုလျှင် တတိုင်းတပြည်လုံး ကောင်းကောင်းသိတာပဲ။ ကျွန်တော်ထပ်ပြီး ဖေါ်ပြနေစရာ မလိုသလောက်ပါပဲ။ ဒါပေမဲ့နဲနဲတော့ ကျွန်တော်ပြောချင်သေးတယ်။ ဗိုလ်ချုပ်ရဲ့ဖြူစင်တဲ့စေတနာ၊ တည်ကြည်တဲ့ သမာဓိတွေကို အားကိုးနဲ့ ကျွန်တော်တို့ရဲ့ တသက်မှာဖြင့် တခါမှမကြုံဘူးအောင် တတိုင်းတပြည်လုံးဟာ ထူးထူးကဲကဲကြီးစည်းလုံးညီညွတ်လာပါတယ်။ ရှမ်း၊ ချင်း၊ ကချင်အစရှိတဲ့ တောင်ပေါ်သားများ ဆိုလျှင်လည်း အခြားအရှိန်တွေနဲ့ ဗိုလ်ချုပ်ရဲ့အရှိန်ကြောင့် ဗမာတွေနဲ့ ပိုမိုရင်းနှီး စည်းလုံးလာခဲ့ကြပါတယ်။ ကရင်တွေဆိုလျှင်လဲ ဗိုလ်ချုပ်ကိုပုဂ္ဂိုလ်စွဲနဲ့ ကြည်ညိုယုံကြည်တာက အစပြုပြီး ဗမာတွေနဲ့ ပိုမိုရင်းနှီးသွေးစည်းခဲ့ကြပါတယ်။ […]


kokothandarJuly 19, 20131min2062
                 အတောမသတ်လောဘ ကနေ့မြန်မာပြည်ရဲ့ ဂျာနယ်တွေ စာစောင်တွေမှာ ကျောမွဲ လယ်သမားတွေ ကတစ်ဖက် စစ်တပ်နဲ့ ခေတ်ပျက်သူဌေးတွေကတစ်ဖက်နဲ့   မြေလုပွဲတွေ ဖြစ်တဲ့သတင်းတွေ နေရာယူနေပါတယ်  လယ်သမားတွေဟာ သူတို့ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေ သိမ်းခံခဲရ တဲ့ လယ်ယာမြေကို ပြန်တောင်းဆိုတာဟာ မြေမရှိလို့ပါ ငွေတွေရှိပါရဲ့နဲ့ လယ်သမားမြေ ကိုယ့်မြေဖြစ်အောင် မတော်လောဘတွေ ရှိနေကြတော့ နစ်နာရသူတွေဟာ တောင်သူလယ်သမားတွေသာ ဖြစ်ပါတယ် တရားရင်ဆိုင်နေရတဲ့အထဲမှာ  ခေတ်ပျက်သူဌေး လွှတ်တော်ကိုယ်စားလှည်ကြီးက သူ့ရဲ့ ခမီးခမက် လွှတ်တော်ဥက္ကဌ ရှေ့မှာ လယ်သမားမြေသိမ်းထားတာတွေ ပြန်မပေးလို လို့ ၃  နှစ်လုံးအိပ်မပျော်နိုင်ပါလို့ ဖွင့်ဟသွားပါတယ်။  အတောမသတ်လောဘ သမားတွေ လွှတ်တောက်ကို အသုံးချပြီး လုပ်ကိုင်စားသောက်ဖို့ မြေယာမရှိ ဖြစ်နေရသူတွေရဲ့ ဘဝတွေကိုပျက်စီးအောင် ကျိုးစားနေကြသလိုဖြစ်လို့ လယ်သမားတွေရယ် မှီခိုသူတွေရယ် […]


ဇီဇီJuly 17, 20132min43217
ဘာရယ်မဟုတ်။ အင်တာနက်ပေါ်က တစ်ကွက်ကာတွန်းလေးတွေ လိုက်ဖတ်ရင်းက တစ်ချို့ပြန်ရှယ်လိုက်တယ်။ ခရက်ဒစ်တူ : ဟိုဝက်ဆိုဒ် ဒီဝက်ဆိုဒ် ပေါ့ဗျာ။                    


DEPARKO DEPARKOJuly 17, 20131min2315
ညိုမှောင်ပြာရီ အနောက်တောင်ဆီက တိမ်ရီုင်းတစ်အုပ် တက်သုတ်ရိုက်နှင် ထက်ကောင်းကင်ဝယ် သလ္လာတိမ်မင်း သူစစ်ခင်းသည် လျှပ်ကွင်းမိုးကြိုး သံစဉ်ပျိုးပြီး မျှားမိုးရေစက် ဖြန်းပက်ကဗလ္လာ စိမ်းရောင်စိုစို မြရည်ခိုတွဲ လယ်ကွင်းထဲဝယ် အမိုးမပါ ကြောဗလာနှင့် အမောင်လူသား ဘာဆေးစားပြီး ချမ်းသည်မမှု သည်ပန်းပုကို ပြခန်းထက်ဝယ် တင်ခဲ့ချင်သည် ဲမြန်မာပြည်သား မြန်ပြည်ဘွား။


သတင်းတစ်ခု Mizzima  မှာဖတ်လိုက်ရတယ် အဲဒါက စေတနာအရဆောက်ပေးတယ်မထင်ဘူးဗျ၊ ဒေသအစိုးရ တော့ လုပ်စားကွက်ထွင်တယ်ထင်တာဘဲဗျာ။ ဖတ်ခဲ့ရတဲ့ သတင်းလေးက ဒီလိုပါ။ “အစိုးရက ကွန်ဒိုဆောက်ပေးမည်ကို မိတ္ထီလာဒုက္ခသည်အချို့ မလိုလား ခိုင်ခိုင် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၃ ခုနှစ် ဝ၈ နာရီ ၃၄ မိနစ် အမြင်မတူသော လုပ်အုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်မဲ့သွားခဲ့ရသည့် မိတ္ထီလာမြို့မှဒေသခံများကို မန္တလေးတိုင်းအစိုးရက ကွန်ဒိုတိုက်ခန်းများ ဆောက်ပေးရန် စီစဉ်နေသော်လည်း အဆိုပါ ဒေသခံအချို့က ကွန်ဒိုများကို မလိုချင်ကြောင်း မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သော မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မိတ္ထီလာမြို့ပေါ်တွင် လူအုပ်စုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နေအိမ်များကိုမီးရှို့ကြသဖြင့် အိမ်အလုံးပေါင်း ၁၂၀ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ […]


Nan Mo KhanJuly 13, 20131min3358
                       မနေ့ညကကျွန်မတို့မိသားစုတွေညစာစားသောက်ပြီးစကားစမြည်ပြောကြသည်။ ခုခေတ်က လေးတွေကဆယ်တန်းသာအောင်တာ..ဘာမှမတတ်ဘူးတဲ့..ငါတို့ငယ်ငယ်တုန်ကဆိုခဲ့ရတဲ့မောင် ငယ်ရင်သွေးတို့ဘာတို့ဆိုခိုင်းပါလားတဲ့..ဘာမှမသိဘူးတဲ့ ဆိုကာအပြစ်တင်သည်။ ငါတို့ငယ်ငယ်တုန်းကဆိုရင်အလီတွေဆိုအပေါ်ကနေအောက်၊အောက်ကနေအပေါ်ပြောင်းပြန်ဆိုရ တာဟုပြောပြ၏။အခုခေတ်ကတော့ဒါမေး၊ဒါကျက်၊ဒါဖြေကိုအမေရဲ့..သမီးတို့လည်းဆရာမကျက်ခိုင်းတာပဲသိမှာပေါ့ဟုပြန်ပြောလိုက်သည်။ ယနေ့ခေတ်မှာကျောင်းသားများ၏လုပ်ဆောင်ချက်သည်ဘာမှမပါ။ ကျူရှင်တွေက ရှေ့နေလမ်းပြပေးသည်။ပြိးတော့ဂိုက်တွေပါလာသည်။အထူးထုပ်တွေပါလာသည်။ ကလေးတွေရဲ့အခန်းကဏ္ဍကဘယ်မှာလဲ..တဖြည်းဖြည်းနှင့်ကလေးတွေ၏ဦးနှောက်မှာသံချေးတက်နေ ပြီဖြစ်သည်။ကျူရှင်တောင် ကိုယ်ယူချင်သည့်ကျူရှင်ကိုမယူရ..အတန်းပိုင်ကျူရှင်မှတဲ့…။ ညအိပ်ယာဝင်သည့်အခါကျွန်မစဉ်းစားမိတာလေးတစ်ခုရှိသည်။ကလေးတွေအတွက်ကျူရှင်တွေ၊ဂိုက်တွေ ပဲအားကိုးနေတော့မှာလား…ကလေးတွေအတွက်ရွေးချယ်ခွင့်လေးတွေမပေးတော့ဘူးလား.. ဒီကလေးတွေရဲ့တစ်ဘဝလုံးဆရာမတွေအမေတွေကပဲဦးဆောင်သွားတော့မှာလား.ဟူရှ်ဖြစ်သည်။ ကျွန်မလည်းကျောင်းသူတစ်ယောက်ဖြစ်ရျ်ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်ရပ်တည်မှုကိုလိုလားတောင့်တပါ၏။ ရှေ့လျှောက်ဒီလိုမျိုးသာဆက်သွားနေမည်ဆိုလျှင်တော့ ဪ..မြန်မာနိုင်ငံပညာရေးစနစ် ကြီးကရင်လေးစရာပါပဲလား..။  ။


nicolus agralJuly 13, 20131min72443
ခေတ်ကာလ လူသားများဟာ တီထွင်ဖန်တီးမှုများစွာနဲ့ ခေတ်မီတိုးတက်တဲ့ နည်းပညာအရိပ်အောက်မှာ ဘာမဆို အဆင်ပြေလွယ်ကူသက်သာနေတာတော့ မှန်ပါရဲ့။ တွေးတောဆင်ခြင် သုံးသပ်မှုပိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ တုန်းက လူသားတွေကို မမှီလောက်ဘူးလို့ တွေးမိပါတယ်။ လူ့သမိုင်းတလျှောက်မှာ အဲသည်အချိန်ကလောက် အသိဉာဏ် အတွေးအခေါ်တွေ ကွန့်မြူးဝေဆာနိုင်တဲ့ ခေတ်တစ်ခေတ် ထပ်ပေါ်မလာတော့ဘူး။ အဲသည်တုန်းကဆို တရုတ်ပြည်မှာ ကွန်ဖြူးရှပ်စ်ကြီး ရှိတယ်။ ခုချိန်ထိ သူ့အယူအဆတွေကို တူတူတန်တန် အငြင်းပွားချေပနိုင်တဲ့သူ မရှိသေးဘူး။ ကိုယ်တို့ မဇ္ဇိမအရပ်မှာဆို ဂေါတမဗုဒ္ဓပွင့်ခဲ့တယ်။ ဥရောပတိုက်တလွှားမှာလည်း တွေးခေါ်ပညာရှင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့တယ်။ အလုပ်မလုပ်ပဲ မုတ်ဆိတ်ကြီးပွတ်ပြီး ငုတ်တုတ်ထိုင်နေရင် သမီးနဲ့အတင်းခေါ်ပေးစားခံရတယ်ဆိုတာ အဲသည်ခေတ်က ဖြစ်လိမ့်မယ်။ ရန်ကုန်တက္ကသိုလ်မှာ ဒဿနိကဗေဒလို့ခေါ်တဲ့ ဖီလော်ဆော်ဖီပညာရပ်က သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ တွေးခေါ်ပညာရှင်တွေဟာ ၂ဝ ရာစုက လူသားတွေထက် ဘီစီ […]


DEPARKO DEPARKOJuly 13, 20131min2437
အိုဘယ့် ဘပြောင် ညအမှောင်နေတုန်းကပေါ့ လရောင်ကိုမျှော်ကာတမ်းတ စိတ်မှာပန်းလျှ။ အိုဘယ့် ဘပြောင် လစန္ဒာရောင်ဝါလင်းသည်မို့ ပိုးစုန်းကြူရှောင်ကာပုန်းပြီပေါ့ တွေးခက်လှသေး။ ညမှောင်မှောင် လရောင်ရယ်မမြင်ရချိန်က အလင်းရောင်ကူကာပေးနေတဲ့ ပိုးစုန်းကြူငယ်ငယ်လေးတွေက လမ်းပြချည်သေး။ အိုဘယ့် ဘပြောင် မင်းသော်တာနေ့အလင်းမှာပေါ့ နေသူရိန်ရှိန်ဝါမတုနိုင်ဘု လသော်တာဘယ်မှာပုန်းရှာလိမ့် ဖြေခက်လှသေး။


သုရွင္July 12, 20131min2634
“Non-violence is a sign of strength, self-confidence and truth.” အကြမ်းမဖက်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်ခြင်း၊ အမှန်တရားနဲ့ ခွန်အားရှိခြင်းတို့ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ Buddhism https://www.facebook.com/BuddhistPeople?ref=stream&hc_location=stream   ကျွန်တော်တို့ နို်င်ငံမှာ ကွဲပြားနေတဲ့ အမြင်တွေရယ်၊ အယူအဆတွေရယ်၊ ဝါဒတွေရယ် ကိုယ်စီကိုင်စွဲ ထားတဲ့ လူတွေရှိကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ဦးတည်ချက်ပန်းတိုင်ကတော့ အံဩစရာကောင်းလောက်အောင်၊ မယုံကြည်စရာကောင်းလောက်အောင် တူညီနေတာတွေ့ရပါတယ်။ ဒါကတော့……… မြန်မာဆိုတဲ့ တိုင်းပြည်ကို ပိုမိုကောင်းမွန်တိုးတက်ပြီး အေးချမ်းသာယာ လိုကြခြင်းပဲဖြစ်ပါတယ်။ ဘယ်သူမှ စိုးရိမ်ကြောင့်ကျပြီး မနေလိုကြပါ ဘူး။ ဘယ်သူမှ ပူပင်သောက မရောက်လိုကြပါဘူး။ ဒါကို ဘယ်သူမှ မငြင်းခုံနိုင်ပဲ သဘောတူကြမှာဖြစ်ပါတယ်။ ကွဲပြားနေကြသည့်အမြင်များမှာ… ထိုသို့အေးချမ်းသာယာပြီး တိုးတက်တဲ့ နို်င်ငံ အဖြစ်သို့ရောက်အောင် […]