“ခင်ဗျားရဲ ့စားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်နေလဲ” သူက- “ကျနော် မြို ့ထဲမှာ အင်တာနက်ဆိုင်ဖွင့်ထားတယ်” “စားလောက်လို ့လား” “စားလောက်ယုံပါပဲ” ခြေထောက်ကလည်းထော့နဲ ့ထော့နဲ ့။ ထောင်ထဲက ထွက်လာတာမကြာသေးတဲ့လူ။ သူ ့စီးပွားရေးအခြေအနေနဲ ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောတာကို ကျနော်တို ့အစည်းအဝေးထဲမှာ အတိုင်းသားကြားနေရတယ်။ ဒီအစည်းအဝေးကို နိုင်ငံပေါင်းစုံမှာ ရောက်နေတဲ့ ၈၈-ကျောင်းသားဟောင်းတွေနဲ ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူအတော်များများတက်ကြပါတယ်။ အင်တာနက်ကနေ တက်လို ့ရတဲ့ အစည်းအဝေးတစ်ခုပါ။ ပြီးခဲ့တဲ့အပတ်ကမှ ကျနော်လည်း စိတ်ဝင်စားတာရယ်၊ အလုပ်အားနေတာကြောင့်ပါ တနေကုန်နီးပါး နားထောင်ဖြစ်ခဲ့တယ်။ ကျနော်က ဆက်ပြီး နိုင်ငံရေးကို ထောင်ကျခံ စီးပွားအပျက်ခံပြီး လုပ်နေတဲ့ပြည်တွင်းက ဆင်းရဲတဲ့ လူတွေကို လက်တွေ ့ကျကျ ကူညီချင်လို ့ သူ ့ကို ဆက်မေးပါတယ်။ […]