ပို့စ်လေးမရေးခင် မွန်လေးကိုယ့်ဖာသာအရင်မိတ်ဆက်ချင်ပါတယ်။ 😉 မွန်လေးကဝန်ထမ်းတစ်ဦးပါ..တစ်လကိုအစိုးရရုံးဖွင့်ရက် အတိုင်းလုပ်ရပါတယ်။ ဒါ့အပြင်အိမ်စီးပွားရေးကိုလည်း တစ်ဖက်ကနေကူညီနေရလို့..တစ်လတစ်လကိုနားတဲ့ရက်ကိုမရှိသ လောက်ကို မအားတဲ့သူတစ်ယောက်ပါ။ 😣အဲလိုနားရက်မရှိတော့ တစ်ခါတစ်လေ..စိတ်တွေအရမ်းရှုပ်လာရင်..relax ရမယ့်နေရာမျိုးကို ခရီးတွေထွက်ရင်ထွက်၊ မထွက်ဖြစ်ရင်.ရန်ကုန်မြို့တွင်းမှာ ဘယ်နေရာက relax လုပ်လို့ကောင်းလည်းရှာရော။ အဲမှာ ရန်ကုန်မှာ ကိုးရီးယားကနေလာဖွင့်ထားတဲ့ ချွေးထုတ်ခန်းကိုတွေ့ပါလေရော။ သွားကြည့်မယ်ကွာဆိုပြီး သွားတာခုဆို ဘယ်နှစ်ကြိမ်တောင်ရှိမယ်မှန်းမသိတော့ဘူး.. ရောက်ရောက်နေတာ။ 😁တကယ်ကိုစိတ်အပန်းလည်းပြေတယ်..အနားယူလို့ လည်းကောင်းတယ်။ ချွေးထုတ်လိုက်လို့ အသားရည်လည်းလှလာတယ်။😍 Ro လို့ကောင်းတဲ့နေရာလေးဆိုလည်းမမှားဘူး။ 💛💜 #တည်နေရာ🏛 တည်နေရာကတော့ ပြည်ထောင်စုလမ်းနဲ့ ပင်လုံလမ်းထောင့် (မဝတ မှတ်တိုင်အနီး)၊ မြောက်ဒဂုံမြို့နယ်ထဲမှာဖြစ်ပြီး ဖုန်းနံပါတ် ဝ၉-၄၃၁၀၉၈၆၁ ကို ဆက်သွယ်နိုင်ပါတယ်။ #ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်🕛 ဒီဆိုင်ကို စတင်ပြီးဖွင့်လှစ်ခဲ့တဲ့နေ့ကတော့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဖြစ်ပါတယ်။ ဆိုင်ကိုလည်း ၂၄ […]