Seeing is believingဟု ပရက်စလေသီချင်းလုပ်ဆိုခဲ့သည်။မြန်မာတို့ကမူ ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံငါးပါးကို စိတ်ဟုခေါ်သော ဓမ္မာရုံဖြင့် ဆုံးဖြတ်သိတတ်စေသည်ဟူ၏။ နားလည်လွယ်အောင်ဆိုရလျှင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့မှ အာရုံခံအနေဖြင့် သတင်းပေးပို့ခြင်းကို ဦးနှောက်မှ ဘာ/ဘယ်ဟုဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။လူ့ခန္ဓာ၏ သတင်းပို့/အမိန့်ပေးလမ်းကြောင်းများသည် နှူရွန်ခေါ်လျှပ်စီးဓာတ်နှင့် ဓာတုအချက်ပြချက်တို့ဖြစ်သည်။ လူ့ဦးနှောက်သည် ၁၂-၂၅ဝပ်မျှ LEDမီးလုံးတလုံးမီးထွန်းစာမျှသော စွမ်းအင်ကိုထုတ်သုံးကာ အမိန့်ပေးမောင်းနှင် လူရှင်သန်နေခြင်းဖြစ်ပါသည်။ အစိုးရတို့၏ ဥပဒေတို့အလိုအရ ဦးနှောက်သေပါလျှင် လူသေသည်ဟု တရားဝင်ဆုံးဖြတ်ကြလေ၏။ တနည်းအားဖြင့် ဦးနှောက်(ဝါ) ဓမ္မာရုံသည် လူ့အသက်ဖြစ်သည်။ “ခေတ်ယောင်၏ အစ” Apple Vision Pro (ဓာတ်မျက်မှန်)ကိုအမေရိကားအတွက်သာဟူ၍ ဖေဖော်ဝါရီ ၂ ၂၀၂၄ မှစထုတ်ဝေဖြန့်ချိခဲ့သည်။ကင်မရာ ၁၂လုံး၊ မိုက်ခရိုဖုံး ၆လုံးပါ ပထမမျိုးဆက် Gen 1 ဖြစ်ပါသည်။ […]