aye.kkDecember 15, 20172min74611
မနေ ့က ဓမ္မမိတ်ဆွေကျောင်းအစ်မ၏အိမ်သို ့ အလယ်ရောက်ဖြစ်သည်။ ဘာသာရေးမှာစိတ်တူကိုယ်တူမို ့ပေါင်းဖြစ်ကြသည်။ ကျောင်းဆောက်လုပ်ရန်အတွက်၊ကျောင်းအစ်မပိုင်ဆိုင်သော မြေနေရာကြည့်ရန်သွားရင်း၊သာယာသည့်လွယ်စီတုံတောင်ကို တွေ ့မြင်လိုက်ရသည့်အတွက်၊အမှတ်တရဓတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လွယ်စီတုံတောင်ပေါ်သို ့ခဏခဏရောက်ဖူး၊နေဖူးခဲ့သည့်၊ မိတ်ဆွေတစ်ယောက်လည်းပါလာသဖြင့်၊ လွယ်စီတုံတောင်၌ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ရှုခင်းအနေအထားများနှင့်ထူးခြားဆန်းပြားသည့် အကြောင်းအရာများကို ပြောပြသဖြင့် လွမ်းမောဘွယ်ရာကောင်းလှတာကိုခံစားရပါတယ်။ လွယ်စီတုံတောင်ကို ရောက်ဖူးချင်ပါသော်လည်း၊ လက်ရှိတွင် ကျွန်မ၏ ကျန်းမာရေးအခြေအနေအရ၊ လွယ်စီတုံတောင်ပေါ်သို ့တက်ရောက်ရန် မဖြစ်နိုင်ပါလေ။ ကျွန်မ၏မိတ်ဆွေ ကျောင်းအစ်မ အလယ်ခေါ်သွားသည့် လွယ်စီတုံရွာမှာဆောက်လုပ်လှူဒါန်းထားသည့် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းခွဲလေးကိုရောက်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်ဆောက်လုပ်ရန်မြေနေရာကြည့်ရင်းနဲ ့ပါ။ လွမ်းမောဘွယ်ရာ သာယာလှပနေသော လွယ်စီတုံတောင်ကိုဖြင့် အဝေးကနေ အမှတ်တရရိုက်ဖြစ်ခဲ့ပါတယ်။ လွယ်စီတုံတောင်၌ ထူးခြားဆန်းပြားလှသည့် အကြောင်း အရာများကို၊ ကြုံတွေ ့ခံစားရသည့် မိတ်ဆွေကိုယ်တိုင်က အဖြစ်သနစ်များကို ပြောပြသဖြင့် နားထောင်မိပါသော် လည်း၊ ပြန်ပြောပြပါကယုံကြည်လက်ခံနိုင်ရန် ခဲယဉ်းလှ သည့်ကိစ္စများ ဖြစ်နေ၍၊  မပြောပြလိုပါ။ ကိုယ်တိုင်သာ ရောက်ဖူးချင်မိပါသည်။  


kaiDecember 13, 20176min20776
တစ်ခေတ်မှာတစ်ယောက် စွယ်စုံရ အနုပညာရှင် (ကို)ဝင်းဦး Teaser: ဗိုလ်ကြီးလှမြင့် အဖြစ် ဩစတြေလျတွင် သွားရောက် သင်တန်း တက်ခဲ့စဉ်က ချစ်သူဖြစ်ခဲ့သော ဩဇီမလေးဆီသွားပြီး အပြီးအပိုင်နေ ထိုင်ရန် တပ်မတော်မှ နှုတ်ထွက်ခဲ့ပြီး ဩစတြေလျ မသွားခင် အပျော် သဘော လက်တည့်စမ်းသည့်အနေနှင့်”နှစ်ယောက်ထဲ နေချင်တယ်” ရုပ်ရှင်ရိုက်ခဲ့ရာမှ ရုပ်ရှင်ကော ရုပ်ရှင်ထဲမှ “မီးပုံပွဲ” သီချင်းပါ တစ်နိုင်ငံ လုံးမှာ ဟိုးဟိုးကျော် ပေါက်သွားသဖြင့် ရုပ်ရှင်ကုမ္ပဏီများမှ သူနှင့်ရုပ်ရှင် ရိုက်ရန် ဝိုင်းဝိုင်း လည်လာကြသဖြင့် ဩစတြေလျခရီးစဉ်ကို ခေတ္တရွှေ ့ ဆိုင်းကာ ၁၉၆၅ “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ရိုက်ကူးအပြီးမှာ ဩစတြေလျသို့ ထွက်ခွာရန် ပြင်ဆင်ထားသော်လည်း ထိုနှစ်တွင်ပင် တော်လှန်ရေးကောင်စီ အစိုးရ က မြန်မာနိုင်ငံသားများ နိုင်ငံခြားသို့ သွားရောက်ခြင်းကို ပိတ်ပင် […]


မဟုတ်တရုတ်ကူမြူနစ်သူလ ျှို ကြေးမုံဂျီး ကူမြူနစ်ပါတီရဲ့ ရက်စက်ယုတ်မာမှုအပေါင်း သရဖူဆောင်းခဲ့ပုံ ပြန်ပြောင်းသိစေဖို့ ဖဘမိတ်ဆွေ Tun Aung shared 天下第一‘s post. +17 天下第一 added 20 new photos. October 28 · တီအန်းမင်အရေးအခင်းမှ ကောက်နုတ်ချက်များ ၁၉၈၉ ခုနစ် #တီအန်းမင်_အရေးအခင်း “ကျောင်းသားတွေ ကိုယ့်အိမ်ကို ပြန်ကြပါ။ နောင် နှစ်ပေါင်း ၂ဝ အတွင်းမှာ တိုးတက်လာမယ့် တရုတ်ပြည်ကြီးရဲ့ ပြောင်းလဲလာမှုတွေကို ပြတင်းပေါက်ကနေ စောင့်ကြည့်ပေးကြပါ။” တိန့်ရှောင်ဖိန် တီအန်းမင်အရေးအခင်း ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၂၈ ပြည့်သွားပါပြီ။ မြန်မာမှာ ၁၉၈၈ ခုနစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်ပြီး နောက်တနှစ် ၁၉၈၉ ခုနစ်မှာတော့ တရုတ်ပြည်မမှာ ဒီမိုကရေစီ […]


KyaemonDecember 11, 201726min18052
၊ ၊ချင့်ချိန်ပြီးမှယုံ၊ ၊ယုံကြည်ချက်အတိုင်းလုပ်ဆောင်   ICOLDက၊လေးနက်တည်ကြည်  ၊ရှေ့ဆောင်းပါးမှာဖော်ပြသလိုကမ႓ာ့အကြီးစားရေကာတာအသင်းICOLDကတရုပ်နိုင်ငံဇီပင်ပူးရေကာတာဆီကို၊ ၊သွားရောက်လေ့လာဆန်းစစ်ခဲ့တယ်၊ ၊အောက်တွင်ပါရှိတဲ့ရေကာတာ၅ခုကိုလဲအချက်ကျကျအသေးစိတ်လေ့လာခဲ့တယ်၊ အသင်းသားနိုင်ငံတွေအတွက်တာဝန်ရှိရှိအကျိုးဆောင်ကြတယ်၊ ICOLD Committee on Seismic Aspects of Dam Design Array CONTENTS 1. Introduction 2. Reservoir Triggered Seismicity Phenomena and Development of their Evaluation and Interpretation 3. Frequency of Reservoir Triggered Seismicity 4. Characteristics of Reservoir Triggered Seismicity 5. Mechanism of Reservoir Triggered Seismicity and Rheology of Earth […]


Mon LayDecember 8, 20174min4663
ခရီးသွားတဲ့အခါ မျက်နှာပေါ်တဲ့ပုံရိုက်မှ လှတာမျိုးမဟုတ်ပဲ မျက်နှာ ကိုကွယ်ထားပြီး ရှုခင်းအသားပေးပြီး အထာကျကျ ပို့စ် တွေပေးလို့ရတယ်နော် 🌸  


kaiDecember 8, 20174min152317
► Las Vegas မှာ Miss Universe ၂၀၁ရ ပြိုင်ပွဲဝင်ခဲ့တဲ့ Miss Universe Myanmar ဇွန်သံစဉ်။ ► Los Angeles ရဲ့ Plus Three Band စင်တင်ဂီတည။ ►San Francisco က YSE လူငယ်အဖွဲ့ရန်ပုံငွေ စင်တင်ဂီတပွဲတော်။ ► မောင်စွမ်းရည်ရဲ့ အမျိုးသားနေ့ရောက်ပါပြီ ဆောင်းပါး။ ►ကမ္ဘာ့ဗုဒ္ဓသာသနာပြုပီနန်ဆရာတော်ကြီးရဲ့နောက်ဆုံးမိန့်ကြားချက်ဩဝါဒကထာ။ ► ဝင့်ပြုံးမြင့်ဘာသာပြန်တဲ့ The First Bishop of Rangoon ► မောင်မိုးညိုရဲ့ Insurance ဝယ်သင့်မဝယ်သင့် ဆောင်းပါး။ ► U.S. ဖျော်ဖြေရေးခရီးလာတဲ့ ၃ထပ်ကွမ်းအကယ်ဒမီထွန်းအိန္ဒြာဗိုနဲ့ အမေးအဖြေ။ ► ဒီဇင်ဘာအလှပန်း 2017 Miss Universe Myanmar ဇွန်သံစဉ်နဲ့အမေးအဖြေ။ […]


Kaung Kin PyarDecember 7, 20171min4201
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မှတ်သားဖွယ်စကားကြီးတစ်ခွန်းကြားခဲ့ပြီးနောက်ပိုင်း အဲ့ဒီစကားကို ခုချိန်ထိ မမေ့နိုင်ဘူး…။ မနောက်ပါဘူး၊ အတည်ပြောတာ…။ အဲ့ဒီစကားက ဘာမှလဲ မထူးဆန်းသလို ကြားနေကျလို့တောင် ပြောလို့ရတဲ့ စကားပါ…။ သတိရစရာအကြောင်းကလဲ နေ့တိုင်းတိုက်ဆိုင်နေတော့ နေ့တိုင်းနီးပါ ဒီစကားကို သတိရရနေတယ်ရော.. တခါက အလုပ်မှာ နေ့လည်ထမင်းစားချိန် အတူဝိုုင်းဖွဲ့စားကြရင်း အရင်စောပြီးသွားတဲ့ အမတစ်ယောက်က သူ့ထမင်းချိုင့်ကို ဘေစင်မှာ ဆေးပါတယ်…။ သူက ရေဘားကို အဆုံးထိဖွင့်ပြီး သူ့ထမင်းချိုင့်ကဆပ်ပြာတွေကို ဆေးချနေတဲ့အချိန်ပေါ့…။ အဲ့အချိန် ရုံးကသူဌေးမ ထမင်းစားခန်းကနေ အပြင်ကိုထွက်ဖို့ ဖြတ်တယ်…။ သူဒီလိုဆေးနေတာကို မြင်တော့…စကားတစ်ခွန်းလှမ်းပြောတယ်…။ “ရေကို တစ်ဝက်ပဲဖွင့်ပါ” တဲ့ ကုမ္ပဏီက သစ်ကုမ္ပဏီဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အမြတ်အစွန်းတော်တော်လေးရနေတာပေါ့…။ ပြီးတော့ ကုမ္ပဏီခွဲတွေ အများကြီးအပြင်ကို နိုင်ငံခြားမှာပါ ကုမ္ပဏီတွေ ဖွင့်ထားနိုင်တဲ့အနေအထားရှိတဲ့သူတွေပါ..။ လွိုင်ကော်မှာ လက်ဖက်ရည်ဆိုင်သေးသေးလေးကနေ […]


zaw linDecember 6, 20171min4884
ဥဥဒီအထဲဝင်ကြည့်လိုက်တိုင်း မိတ်ဆွေတွေ အရေးကြဲ အတွေးတွေဆဲ မမြဲကြပါလားလို့တွေးမိတယ် ရွာကြီးဟာ အရင်ကလောက်မစည် လက်မညီကြတော့ပါလား သင်္ခါရတရားကြောင့်ဘဲထင်ပါရဲ့ အင်း တစ်နေ့နှစ်ပုတ်ကို နဲတယ်ထင်ခဲ့တဲ့ကိုယ်တောင် ယောင်တောင်ပေါင်တောင်နဲ့ ခေါင်းပြောင်အောင်စဉ်းစား အနုပညာသမားပေမို့ ရွာစားရေ ကလိုက်ပေစမ်း အဖွင့်တစ်ပုတ်။    


zaw linDecember 6, 20171min4363
အနီနဲ့အဝါ ဖြူပြာပြာခရမ်းချယ်လို့ ပိတ်စမှာစုတ်ချက်တင်းတယ် ချစ်သူ့ပုံလွှာ။   ကြော့ကေသာ လေပြေမှာနော့ကာကစားတယ် ကမ္ဗလာချည်နုထွေးရယ် ထွေးပွေ့ကြည်သာ။   တိမ်သလ္လာ နေညိုချိန်ရေသောက်ဆင်းတယ် ရောင်စဉ်ဖြာချယ်ပန်းချီရေးရင်ဖြင့် စုတ်ချက်မညှာ။   နုုမာယာ တီတီတာချိုခွန်းဖွဲ့ကာဖြင့် ရင်ခွင်မှာနွဲ့ကာဆိုးလေတော့ သဲနုငယ်ညှာ။   တွေးဝင်္ကဘာ ချစ်ရသူအလိုပြည့်စေဘို့ နှလုံးသွေးကိုဖေါက်ကာဆေးချယ်လို့ ချစ်ပန်းချီဆက်ကာသပြီမို့ ကြည်ဖြူကာမျက်တော်ပြေစေကြောင်း ကဗျာချယ်စီကာကုန်းပို့မယ် မြေကမာ႓တည်ကာသက်သေပေါ့ မျက်ပြေစေမင်း ။   ဒီပါကို


Mon LayDecember 5, 20177min5750
မုံရွာမှာလည်ပတ်ခဲ့ပြီးတော့ ဒီတစ်ခါ မန်းလေး၊အင်းဝကို လည်ပတ်ခဲ့တာလေး ဆက်ရေးပါမယ်။ #မင်းကွန်းပုထိုးတော်ကြီး 😲😲 မင်းကွန်းကိုရောက်ဖို့ဆို လမ်းက၂လမ်းရှိပါတယ်။ ကားနဲ့သွားလို့ရသလို့ boat စီးပြီးလည်းသွားလို့ရပါတယ်။ မွန်လေးပထမတစ်ခါသွားတုန်းက တော့ ကားနဲ့သွားခဲ့ပါတယ်။စစ်ကိုင်းတံတားကိုဖြတ်ပြီးသွားခဲ့တာပါ..လမ်းမှာစစ်ကိုင်းတောင်လည်းဝင်ဖူးရင်းနဲ့ပေ့ါ။ ခုတခါကတော့ နိုင်ငံခြားဧည့် သည်တွေကိုပို့တဲ့နည်းအတိုင်းဘုတ်နဲ့သွားခဲ့ကြပါတယ်။ ဘုတ်ကစီးချိန် ၄၅မိနစ်တော့ကြာပါတယ်။ ရှုခင်းလေးကြည့်၊ဓါတ်ပုံလေးရိုက်၊မုန့်လေးစား ရင်း၊ လေလေးတွေတိုက်တာခံရင်း မှေးရင်းနဲ့ အိပ်ပျော်မလိုတောင်ဖြစ်သွားခဲ့ပါတယ်။ 😛 မင်းကွန်းပုထိုးတော်ကြီး (သို့မပာုတ်) ကမာ္ဘ့အကြီးဆုံးပုထိုးတော်ကြီးအကြောင်းလည်းဗဟုသုတအဖြစ်ဖတ်ကြည့်ကြပါဦးလို့။ စစ်ကိုင်းတိုင်း မင်းကွန်းမှာ တည်ရှိသော မင်းကွန်းပုထိုးတော်ကြီးကို ၁၈ ရာစုနောက်ပိုင်းမှာ ကုန်းဘောင်မင်းဆက် ၆ဆက်မြောက်ဖြစ်သော ဘိုးတော်ဘုရားမင်းမှ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘိုးတော်ဘုရားပာာ ဒီဘုရားကြီးကို မင်းကွန်းမှ မိုင် ၆ဝ ခန့်ဝေးသော ရွှေဘိုမှ မြင်ရအောင် ရွှေဘိုမှ ဖူးမြှော်လို့ရအောင်လို့ရည်ရွယ်ပြီး အလွန်ကြီးမားလှသော ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ သို့သော် ဘိုးတော် […]


သင့်အေးရိပ်December 4, 20177min20202
        အလုပ်နဲ့ဘဝ ——————————————————-   အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ… ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။   ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာ ဖြစ်တယ်။ အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..   အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။   အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊ ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ – […]


ဒီလိုဗျာ.. .. လာမည့် နှစ်သစ်ကူး အရင်တုံးက လုပ်သလို စုပေါင်းရွာအလှူ ပြုချင်တယ်။ အဲဒါ ဒီဇင်ဘာလကုန် သို့မဟုတ် ဇန်နဝါရီလဆန်း မှန်းတယ်။ အလှူက ပဲခူး အင်းတကော်မှာ ရှိတဲ့ ဆရာမ ချစ်မြတ်နိုး (ခ) ဒေါ်ကုသလစာရီကျောင်း လိုရာသုံးဖို့ပါ။ ဆရာမက လူသိထင်ရှား ကြော်ငြာကောက်ခံတာ တားမြစ်တာမို့ ကိုယ်ချင်းကိုယ်ခြင်းပဲ ကောက်ပါမည်။ အယင်က ပတ်ဘလစ်ဖွင့်လဲ ရွာထဲကလူပဲ အများဆုံးလှူတာပါ။ ရှင်းအောင်ထပ်ပြောရလ ျင် ယခု အလှူကောက်တာ ကိုယ့်သဘောနဲ့ပါ။ ဆရာမ ဝေနေယျအချို့ကို အသိပေးတာကလွဲလို့ ခွင့်ပြုချက် မယူထားပါဘူး။ ရငွေကို သဘာဝတရားရိပ်သာ အကောင့်ထဲသွင်း ဒါမှမဟုတ် ရွာသူအန်တီဝေါင်း ဘဏ်အကောင့်ထဲ လက်ခံဖို့ ကြံထားပါတယ်။ သဘာဝ ရိပ်သာ အကောင့်ထဲ ထည့်လျင် ပိုရှင်းတာမို့ […]


ကျောက်ကျိယန်၏ လ ျှို့ဝှက်မှတ်တမ်း စာအုပ်ကို တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ အနှစ်၂ဝ ပြည့် နှစ်ပတ်လည် မတိုင်ခင် ထုတ်ဝေလိုက်သည်။ (၂၀၀၉ခုနှစ်က) နိုင်ငံတော် အကျဉ်းသား စာအုပ်မှ ကောက်နှုတ်တင်ပြချင်တာ ….. တိန်အင်န်မင်ရင်ပြင် ဖြိုခွင်းမှုကို သူဆန့်ကျင်ပြီးနောက် ဖြုတ်ထုတ်သတ် လုပ်ခံရ သော တရုတ်ကူမြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ကျောက်ကျိယန် ကြုံတွေ့ရသည့် နောက်ဆက်တွဲ အကျိုးဆက်များ ….. ….. ကျောင်းသား ဆန်ဒပြပွဲအပေါ် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ကျနော့်အမြင် နဲ့ အင်အားသုံး ဖြိုခွဲရေး ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းပယ်ခဲ့လို့ ဘယ်လို အကျိုးဆက် ရရှိမည်၊ ဘယ်လို ပြုမူဆက်ဆံ ခံရလိမ့်မည်ကို သိပြီးသားပါ။ ကိုယ့်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျင် အဆုံးမှာ  ရာထူး အထုတ်ပယ်ခံရဖို့ စိတ်ပိုင်းဆိုင်ရာ […]