အရာရာတိုင်းက… ပြောင်းလည်းခဲ့ပြီနော်… ဘယ်အရာမှလည်း အသစ်ဖြစ်မလာနိုင်တော့… ဘယ်အရာတွေ ဘယ်လောက်… ပြောင်းလဲပါစေ… ပထမဆုံးကတော့… ဒုတိယအဖြစ်ကို ပြောင်းလဲပစ်လို့… မရနိုင်ပါဘူး…။ ဒီလိုပဲပေါ့ဟာ… အရာအားလုံး ပြီးဆုံးသွားပြီ… ထင်ရပေမယ့်… သတိရ လွမ်းဆွတ်ခြင်းတွေ… မပြောင်းလဲသေးဘူး….။ ခင်မင်လျှက်…မိုက်လေး


လှရွှေပြည် ရန်ကုန်မြို့မှာလ ကိုကိုမောင် ဘတ်(စ်)ကားရယ်တဲ့ ဘီးလိမ့်လို့လာ ။ ချောင်ပါတယ် မောင့် စကားရယ်ကြောင့် ယုံစားလို့တက်ခဲ့ပြန် ။ သရက်ချဉ် ၊ ငါးချဉ်နှယ် သိပ်ပါလို့ အကြွေးချန် ။ ပျိုပျိုမေဆင်းမယ်ဟြေတော့ ရက်လိုက်ဟ မြန်မြန် ။ လက်ကလေး ကိုဆွဲပါလို့ ရွရွလေးတွဲ ။ ယောက်ျားဆို အားမာန်ပျိုးလို့ရယ် ဆွဲချတဲ့ …ပွဲ ………..။


htet wayJuly 11, 20121min22916
မန္တလေး အလင်း ဂျာနယ်တွင် မန်းဂေဇက် က မန်ဘားမှာ၏ အလှူ သတင်းကို (၁၃.၇.၂၀၁၂) ရက်စွဲ ဖြင့် သောကြာနေ့ ထုတ်ဝေမည် ဖြစ်သော မန္တလေး အလင်းဂျာနယ်တွင် ဖေါ်ပြ ပါမည်။ အဆိုပါ သတင်းတွင် `မန်းဂေဇက်ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် နှင့် သူတို့ အသံ´ ခေါင်းစဉ်ပေးထားပြီး ပန်းတနော် သီတဂူအလှူ အကြောင်း ထည့်သွင်းဖေါ်ပြ ခဲ့ပါသည်။ လက်ငင်း ရခိုင် သွေးချင်းများ လက်ဆောင်ကို လည်းရေးသားပြီး မန်ဘာထဲမှ တစ်ချို့ ၏ ကွန်းမန့်ကိုဖေါ်ပြ ခဲ့ပါသည်။ သတင်း အတွက် ဆရာ ဘလက်ချော ထံ ဓါတ်ပုံ သုံးစွဲ ခွင့် ကို လည်းကောင်း၊ဆရာမ (မမ) […]


nigimi77July 11, 20121min2817
2012.03   ပိုင်းရောက်တော့   GSM  SIM  CARD  တွေ  ၂ သိန်းဆိုတော့  ဝယ်လိုက် (ငှားရမ်း သုံးစွဲ) လိုက်တယ် ။   သူက  MMS  (Multi Media Message ) ရတယ်လို ့ ဆိုပါတယ် ။  (EDGE) လို ့ ခေါ်တဲ့  မိုဘိုင်လ်း  အင်တာနက် စနစ်ကိုလည်း   သုံးလို ့ရမယ် ဆိုတော့  သွားရင်းလာရင်း  ဂေဇာတ်ကို ဖတ်ချင် Youtube ကြည့်ချင် Facebook ကြည့်ချင်တာကလည်း  ရွစိထိုးနေတော့   မစားရက် မသောက်ရက်နဲ ့   Samsung Galaxy SII ကို ဝယ်လိုက်ရော ။  ကိုယ်တော်ချောက  ကောင်းချင်ရက်နဲ […]


ဟိုး……. အဝေးတစ်နေရာကနေ… နင့်ကို လွမ်းနေ သတိရနေတဲ့… လူတစ်ယောက် ရှိနေတယ်ဆိုတာ… နင် သိနိုင်ပါ့မလား….။ ဟင့်အင်း….. နင် သိနိုင်မှာ မဟုတ်သလို… နင် သတိထားမိမှာလည်း မဟုတ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့… ဟို….အရင်အချိန်တွေကတည်းက… နင့်ကို သတိရ လွမ်းနေတဲ့… လူတစ်ယောက်ကို… နင်မေ့နေခဲ့တာ ကြာပြီပဲလေ…။ ငါလေ နင့်အတွက်… ခံစားချက်များစွာနဲ့လဲ… ကဗျာတစ်ကြောင်း ဖြစ်အောင်မစပ်တတ်ဘူး…။ ဒါပေမယ့်…….. နင့်အတွက်နဲ့….ငါ စာတွေလည်း ရေးတတ်နေပြီ… စကားလုံးများစွာက … င့ါစိတ်ကူးထဲမှာ နင့်အတွက် အပြည့်အကြပ်… သတိရ လွမ်းဆွတ်ခြင်းတွေက… င့ါရင်ထဲမှာ နင့်အတွက် အပြည့်အနှက်… ဒါတွေ ပေါင်းစပ်ပြီးတော့လည်း… ကဗျာတစ်ပုဒ်ဖြစ်အောင်… မစပ်တတ်ခဲ့ပြန်ဘူး…။ ဒါပေမယ့်လေ… သိစေချင်လိုက်တာ… နင့်ကို သတိရ လွမ်းနေတဲ့….. လူတစ်ယောက်ရှိနေတယ်ဆိုတာကိုပေါ့…။ ။ ခင်မင်လျှက်….မိုက်လေး


ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ ခိုးခိုးကြည့်စရာ မလိုပါဘူး… ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက သိသာတယ်နော်… အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့… (  ဖတ်ဖူးတာလေးပါ)


may flowersJuly 11, 20121min1489
ကျွန်မအဒေါ်ရဲ့ ကျေးဇူးနဲ့လူခြောက်ဆိုတာလေးကို လေ့လာခွင့်ကြည့်ရှုခွင်ရခဲ့ပါတယ်။ အဲဒီလူခြောက်လေးဟာ ကျွန်မတို့သွားကြည့်တဲ့အချိန်က မွေးတာနှစ်ပါတ်လောက်ရှိနေ ပြိီမို့ တော်တော်လေးခြောက်နေပါပြီ။ လူပုံသဏ္ဍန်နဲ့ လက်လေးတွေခြေထောက်လေး တွေအပြည့်အစုံပါပါတယ်။ ဒူးနေရာလေးတွေဆို ဒူခေါင်းလုံးပုံသဏ္ဍန်လေးဖုနေပါတယ်။ အရှည်ကလက်တစ်ထွာလောက်သာရှိတဲ့လူခြောက်ယောက်ျားလေးပါ။ထိုလူခြောက် လေးကို ကိုရာစနိုးဘူးတွေထဲ့တဲ့ စက္ကူဘူးဖုံးလေးပေါ်တင်ထားတာပါ။  မျက်နှာမှာလည်း မျက်နှာဖုံးလို့ ပြောတဲ့အရေပြားစအခြောက်စတစ်ခုလိုလိုကပ်နေပါသေးတယ်။ ကိုင် တော့မကြည့်ခဲ့ရပါဘူး။ ပိုင်ရှင် ၊ အိမ်ရှင်တွေက သိပ်လိုလိုလားလားမရှိလှတာကြောင့် ခဏပဲကြည့်ပြီး ပြန်လာခဲ့ရပါတယ်။ ကျွန်မအဒေါ်ပြောတာကတော့ ခုခြောက်သွားလို့ တဲ့ အရင်မွေးခါစက တကယ့်ကလေးလေးတစ်ယောက်လိုပဲ အသားတွေပြည့်ပြည့် ဖြိုးဖြိုးနဲ့ပါတဲ့။ယောက်ျားလေးအင်္ဂါတွေကအစအကုန်လုံး(လူသေးသေးလေးဖြစ်နေတာ ကလွဲလို့) နားရွက်သေးသေးလေးတွေတောင်ပါသေးတယ်တဲ့။ ဒါပေမဲ့ ကျွန်မ တို့ကြည့်ချိန်မှာတော့ သိပ်သဲသဲကွဲကွဲမရှိလှတော့ပါဘူး။ တော်တော်လေးခြောက်နေပါ ပြီ။ ဒါနဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကျောင်းကိုပြန်မယ်ဆိုပြီး နာရီကိုကြည့်လိုက် တော့ ကျောင်းတက်ချိန်ကိုတောင်ကျော်နေပါပြီ။ ဒါကြောင့်အဒေါ်တွေအိမ်မှာခဏဝင် ပြီး အချိန်ဖြုန်းကြပါတယ်။ အဲဒီမှာ အဒေါ်ကပြောပြပါတယ်။ ဒီလူခြောက်လေးရဲ့အမေဟာ ရိုးရိုးကလေးသုံးယောက် […]


snow whiteJuly 11, 20121min42327
သရဲဆိုတာလည်း ဘာဆိုတာမသိဘူး တစ္ဆေဆိုတာလည်းဘာဆိုတာမသိ ဘူး    မြင်လည်းမမြင်ဖူးဘူးကြားဘဲကြားဖူးတယ်    သရဲဆိုတာ ဘယ်လိုလူတွေမှ ပြတာလည်းခြောက်တာလည်းပေါ့   တကယ်ကိုမသိဘူးသူများ  ပြောတာတော့ ကံနိမ့်တဲ့သူမှ မြင်ရတာတဲ့ ဟုတ်လားမဟုတ်လားလည်းမသိဘူး ဒါပေမယ့်သရဲကိုမြင်လည်းမြင်ဖူးချင်တယ် ကြောက်တဲ့စိတ်ကတော့ ဖြောင့်လို့ဘယ်ရမလဲ  သရဲလို့အသံကြားတာနဲ့  တင် ဘုရားစာလည်း ဘယ်တွေရောက်လို့ရောက်မှန်းမသိဘူး ရွတ်တာလည်းတောင်ရောက်  မြောက်ရောက်တွေ ဖြစ်ကုန်ရော     အိမ်တိုင်းအသုဘဆိုတာ ကြုံဖူးရရင် ကြုံဖူးမယ်  တစ်နည်းအားဖြင့်   သချိုင်းသုသာန် ကိုတစ်ခေါက် တော့ အသုဘလိုက်ပို့ဖူးလိမ့်မယ်လို့ထင်မိတယ် စနိုးဆို အသုဘလိုက်ပို့လို့ပြန်လာပြီးတိုင်း    ကြောက်တဲ့စိတ်ကပါပါလာတယ်  ဘာကြောင့်လည်းဆိုတော့အသုဘပို့တော့ပို့တယ်   အလောင်းတွေကိုလိုက်ကြည့်တယ် ပြီးရင် အဲ့သေသူတွေ မျက်နှာကိုမျက်လုံးမှာစွဲလို့ ညရောက်ရင်   ကြောက်တယ် အိမ်သာတောင် မသွားရဲလောက်အောင်ကြောက်တယ်    သရဲကိုအဲ့လောက်ထိကြောက်တယ်     တစ္ဆေဆို အသက်ပါ ထွက် မလားမသိဘူး တစ်နေ့စနိုးတို့နားကအန်တီက    တရားရိပ်သာတစ်ခုကို လိုက်ဖို့ စနိုးအမေကိုလာပြောတယ်  စနိုးအမေကလည်း လိုက်သွားပေါ့ အကျင့်ရအောင် […]


Khaing KhaingJuly 11, 20121min21172
ကိုကိုနဲ့ကျွန်မ ချစ်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ …….. လုပ်ငန်းတူချင်း အိုးချင်းထားအိုးချင်းထိဆိုသလို အလုပ်တွေ့ပြီးချစ်ခဲ့ကြတာပါ …….နှစ်ယောက်လုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ထောင်ကြရင် မိဘဆီက လက်ဖြန့်မတောင်းပဲ မိမိတို့ဘဝမိမိတို့ထူထောင်ချင်တော့ လစာလေးတွေကို ဖဲ့ဖဲ့စုခဲ့ကြတာပေ့ါ ……… ဒီနှစ်ဝါကျွတ်ရင်မင်္ဂလာဆောင်မှာဆိုတော့ ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်အောင် တော့စဉ်းစားပြီး မင်္ဂလာခန်းမကို နှစ်ယောက်သား စုံစမ်းကြပါတယ် ……. နှစ်ယောက်သားစုထားတဲ့ ပိုက်ဆံလေးနဲ့ သူများတွေလို Trader Sedona တို့လိုနေရာမျိုးတွေတော့ မကပ်နိုင်ဘူးလေ …….. ဒါနဲ့ဘုန်းကြီးကျောင်းလိုနေရာမျိုကို စဉ်းစားမိတယ် အဲဒီနေရာတွေက ဧည့်ပရိတ်သတ်တွေလည်း ဝဝလင်လင်ကျွေးမွေးနိုင်တယ်လို့ စိတ်ကူးမိတယ် ဒါနဲ့ သံဒိသုခ မဟာစည်စတဲ့နေရာမျိုးတွေမှာဆောင်ချင်တယ် နံမည်ရှိပြီးသား ဘုန်းကြီးကျောင်းတွေလည်းဖြစ်တော့ ဧည့်သည်တွေလာရင် သိပ်ပြီးထူးထူးထွေထွေနေရာစုံစမ်း စရာမလိုတော့ပြန်ဘူးလေ ….. ကျွန်မတို့နှစ်ယောက်နေမယ့် အိမ်နဲ့လည်းနီး ဧပြီလောက်ကမှ သူငယ်ချင်းတစ်ယောက်က အဲနေရာမှာ ဆောင်ထားတော့ ကျွန်မလည်း သူငယ်ချင်းရဲ့အကြံဉာဏ်နဲ့ သူမဆောင်တဲ့ဘုန်းကြီးကျောင်းကိုပဲ […]


ခင္ခJuly 11, 20121min2148
ချမ်းသာတဲ့သူတွေ ငွေကြေးပိုက်ဆံရှိတဲ့သူတွေမှ အရင်းပြုပြီးတစ်ခုခုဝယ်ထား မြတ်ရင်ပြန်ရောင်းလို့ လုပ်နိုင်ကြတာပါ။ ဆင်းရဲသားတွေ တစ်နေ့လုပ်တစ်နေ့စားတွေ အတွက်တော့ မဆိုင်ဘူး၊ အိမ်မက်တောင်မက်စရာမလိုဘူးလို့ ပြောချင်၊ထင်ချင်သူတွေအတွက် သူဌေးတွေ၊ငွေကြေးရှိသူတွေ မှမဟုတ်ပါဘူး လူတိုင်းအမြဲ အရင်းတစ်ခုပြုနေကြပါတယ်၊ လူတိုင်းလူတိုင်း အရင်းအနှီးတစ်ခု အမြဲပိုင် နေကြတယ်လို့ ပြောပါရစေ။ ဒါကြောင့်ငါတို့မှာ အရင်း(အရင်းအနှီ)မရှိပါဘူးလို့ အားငယ်သူတွေ အတွက် ဒီပိုစ့်လေးရေးပါရစေ။ ဖတ်လို့ပြီးရင် ဝေဖန်မှု့ကိုလည်း ကြိုဆိုပါတယ်၊ လူတိုင်းအမြဲ အရင်းတစ်ခုကို အမြဲပြုနေကြပါတယ် အဲဒီအရင်းကနေ တစ်ချို့လည်း အကျိုးအမြတ် ရသွားကြသလို၊ တစ်ချို့လည်းရင်းလိုက်မှန်းမသိလိုက်ဘဲ အကျိုးအမြတ် မရလိုက်တာပါ။ အဲဒီ လူတိုင်းအမြဲအလုပ်နဲ့ရင်းနေတဲ့ အရင်းကတော့ အချိန် ပါဘဲ။ ကျွန်တော်ပြောတာမယုံဘူးလား၊ဒါဆို ကောက်သင်းကောက်ပြီး သက်သေလေးတွေကြည့်ကြည့် ရအောင်ဗျာ။ မနက်ဈေးမှာ ကောက်ညင်းပေါင်း၊အကြော်ရောင်းတဲ့သူကိုကြည့်ကြည့်ပါ။ မနက်မိုးလင်းတာနဲ့ ဈေးဝယ်သူတွေလာမှာမို့ သူများတွေအိမ်ကောင်းချိန် ၂နာရီလောက်ထပြီး ကြော်ရ၊ပေါင်းရ လုပ်နေတာလေ […]


KyaemonJuly 11, 20127min1012
    သူများက တကူးတက ရိုက်တင်လာတဲ့ ဗီဒီယို တွေကိုဖွင့်ကြည့်နိုင်တာ၊   ဗီဒီယို link လင့်ခ တွေကို နှိပ်ပြီး ကျန်ဓာတ်ပုံတွေကိုလဲ ကြည့်နိုင်တာပါ၊       ခရီးသွား လမ်းညွှန်စာအုပ်မှ ထူးခြားတဲ့ နေရာ ရှုခင်းတွေ Travel Guide: Norway’s Top Attractions – YouTube http://www.youtube.com/watch?v=Js5U0yK-2bk&NR=1&feature=endscreen တောင် ကမ်ဘားကြား သမုဒ်ဒရာ မြစ်ကြောင်းလေးမှ နေရာ ရှုခင်းတွေ – ၁ Norway fjord part 1 – Norwegia część 1 – YouTube http://www.youtube.com/watch?v=aCZENVCSubU   တောင်ကမ်ဘားကြား သမုဒ်ဒရာ မြစ်ကြောင်းလေးမှ နေရာ ရှုခင်းတွေ […]


ကိုပါႀကီးJuly 11, 20121min2029
ဦးဇင်းတို့သင်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ်မှာ အာဂုံဆောင်တာကိုပဲ အားပေးတယ်၊ အာဂုံရမှ အာဂလူ ဆိုတဲ့ ဆိုးရိုးစကားကို ဆရာသမားတွေကလည်းလက်ခံကြတယ်၊ အားပေးကြတယ်။ စီစစ်ဝေဖန်မှု၊ ထီထွင်ကြံဆ မှုကိုအားမပေးကြဘူး။ အထူးသဖြင့် ဝေဖန်ကြံဆတာကိုလက်မခံကြဘူး။ ဒီလိုဖြစ်နေတာဟာ ရှေးရိုးစွဲဆရာတော်ကြီးအချို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကြောင့်လို့ ထင်ပါတယ်” ………………………………………………………………နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပညာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆော်အော်လာကြတယ်။ အနှေးနဲ့အမြန်ဆိုသလို ပညာရေး စနစ်တခုလုံး ပြောင်းလဲဖို့ ဖြစ်လာမှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်နဲ့အတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲလာတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဓိကဗဟိုချက်မမှာ […]