Khaing KhaingJuly 11, 20121min22072
ကိုကိုနဲ့ကျွန်မ ချစ်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ …….. လုပ်ငန်းတူချင်း အိုးချင်းထားအိုးချင်းထိဆိုသလို အလုပ်တွေ့ပြီးချစ်ခဲ့ကြတာပါ …….နှစ်ယောက်လုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ထောင်ကြရင် မိဘဆီက လက်ဖြန့်မတောင်းပဲ မိမိတို့ဘဝမိမိတို့ထူထောင်ချင်တော့ လစာလေးတွေကို ဖဲ့ဖဲ့စုခဲ့ကြတာပေ့ါ ……… ဒီနှစ်ဝါကျွတ်ရင်မင်္ဂလာဆောင်မှာဆိုတော့ ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်အောင် တော့စဉ်းစားပြီး မင်္ဂလာခန်းမကို နှစ်ယောက်သား စုံစမ်းကြပါတယ် ……. နှစ်ယောက်သားစုထားတဲ့ ပိုက်ဆံလေးနဲ့ သူများတွေလို Trader Sedona တို့လိုနေရာမျိုးတွေတော့ မကပ်နိုင်ဘူးလေ …….. ဒါနဲ့ဘုန်းကြီးကျောင်းလိုနေရာမျိုကို စဉ်းစားမိတယ် အဲဒီနေရာတွေက ဧည့်ပရိတ်သတ်တွေလည်း ဝဝလင်လင်ကျွေးမွေးနိုင်တယ်လို့ စိတ်ကူးမိတယ် ဒါနဲ့ သံဒိသုခ မဟာစည်စတဲ့နေရာမျိုးတွေမှာဆောင်ချင်တယ် နံမည်ရှိပြီးသား ဘုန်းကြီးကျောင်းတွေလည်းဖြစ်တော့ ဧည့်သည်တွေလာရင် သိပ်ပြီးထူးထူးထွေထွေနေရာစုံစမ်း စရာမလိုတော့ပြန်ဘူးလေ ….. ကျွန်မတို့နှစ်ယောက်နေမယ့် အိမ်နဲ့လည်းနီး ဧပြီလောက်ကမှ သူငယ်ချင်းတစ်ယောက်က အဲနေရာမှာ ဆောင်ထားတော့ ကျွန်မလည်း သူငယ်ချင်းရဲ့အကြံဉာဏ်နဲ့ သူမဆောင်တဲ့ဘုန်းကြီးကျောင်းကိုပဲ […]


ခင္ခJuly 11, 20121min2208
ချမ်းသာတဲ့သူတွေ ငွေကြေးပိုက်ဆံရှိတဲ့သူတွေမှ အရင်းပြုပြီးတစ်ခုခုဝယ်ထား မြတ်ရင်ပြန်ရောင်းလို့ လုပ်နိုင်ကြတာပါ။ ဆင်းရဲသားတွေ တစ်နေ့လုပ်တစ်နေ့စားတွေ အတွက်တော့ မဆိုင်ဘူး၊ အိမ်မက်တောင်မက်စရာမလိုဘူးလို့ ပြောချင်၊ထင်ချင်သူတွေအတွက် သူဌေးတွေ၊ငွေကြေးရှိသူတွေ မှမဟုတ်ပါဘူး လူတိုင်းအမြဲ အရင်းတစ်ခုပြုနေကြပါတယ်၊ လူတိုင်းလူတိုင်း အရင်းအနှီးတစ်ခု အမြဲပိုင် နေကြတယ်လို့ ပြောပါရစေ။ ဒါကြောင့်ငါတို့မှာ အရင်း(အရင်းအနှီ)မရှိပါဘူးလို့ အားငယ်သူတွေ အတွက် ဒီပိုစ့်လေးရေးပါရစေ။ ဖတ်လို့ပြီးရင် ဝေဖန်မှု့ကိုလည်း ကြိုဆိုပါတယ်၊ လူတိုင်းအမြဲ အရင်းတစ်ခုကို အမြဲပြုနေကြပါတယ် အဲဒီအရင်းကနေ တစ်ချို့လည်း အကျိုးအမြတ် ရသွားကြသလို၊ တစ်ချို့လည်းရင်းလိုက်မှန်းမသိလိုက်ဘဲ အကျိုးအမြတ် မရလိုက်တာပါ။ အဲဒီ လူတိုင်းအမြဲအလုပ်နဲ့ရင်းနေတဲ့ အရင်းကတော့ အချိန် ပါဘဲ။ ကျွန်တော်ပြောတာမယုံဘူးလား၊ဒါဆို ကောက်သင်းကောက်ပြီး သက်သေလေးတွေကြည့်ကြည့် ရအောင်ဗျာ။ မနက်ဈေးမှာ ကောက်ညင်းပေါင်း၊အကြော်ရောင်းတဲ့သူကိုကြည့်ကြည့်ပါ။ မနက်မိုးလင်းတာနဲ့ ဈေးဝယ်သူတွေလာမှာမို့ သူများတွေအိမ်ကောင်းချိန် ၂နာရီလောက်ထပြီး ကြော်ရ၊ပေါင်းရ လုပ်နေတာလေ […]


KyaemonJuly 11, 20127min1032
    သူများက တကူးတက ရိုက်တင်လာတဲ့ ဗီဒီယို တွေကိုဖွင့်ကြည့်နိုင်တာ၊   ဗီဒီယို link လင့်ခ တွေကို နှိပ်ပြီး ကျန်ဓာတ်ပုံတွေကိုလဲ ကြည့်နိုင်တာပါ၊       ခရီးသွား လမ်းညွှန်စာအုပ်မှ ထူးခြားတဲ့ နေရာ ရှုခင်းတွေ Travel Guide: Norway’s Top Attractions – YouTube http://www.youtube.com/watch?v=Js5U0yK-2bk&NR=1&feature=endscreen တောင် ကမ်ဘားကြား သမုဒ်ဒရာ မြစ်ကြောင်းလေးမှ နေရာ ရှုခင်းတွေ – ၁ Norway fjord part 1 – Norwegia część 1 – YouTube http://www.youtube.com/watch?v=aCZENVCSubU   တောင်ကမ်ဘားကြား သမုဒ်ဒရာ မြစ်ကြောင်းလေးမှ နေရာ ရှုခင်းတွေ […]


ဦးဇင်းတို့သင်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ်မှာ အာဂုံဆောင်တာကိုပဲ အားပေးတယ်၊ အာဂုံရမှ အာဂလူ ဆိုတဲ့ ဆိုးရိုးစကားကို ဆရာသမားတွေကလည်းလက်ခံကြတယ်၊ အားပေးကြတယ်။ စီစစ်ဝေဖန်မှု၊ ထီထွင်ကြံဆ မှုကိုအားမပေးကြဘူး။ အထူးသဖြင့် ဝေဖန်ကြံဆတာကိုလက်မခံကြဘူး။ ဒီလိုဖြစ်နေတာဟာ ရှေးရိုးစွဲဆရာတော်ကြီးအချို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကြောင့်လို့ ထင်ပါတယ်” ………………………………………………………………နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပညာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆော်အော်လာကြတယ်။ အနှေးနဲ့အမြန်ဆိုသလို ပညာရေး စနစ်တခုလုံး ပြောင်းလဲဖို့ ဖြစ်လာမှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်နဲ့အတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲလာတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဓိကဗဟိုချက်မမှာ […]


YingLampJuly 11, 20121min27214
၂၀၀၃ လောက်က ထင်တယ် .. အိုဂျေတီဆင်းတုန်းက အိုင်စီတီထဲမယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “အတောင့်လေးတွေ” ကိုကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင်ဆွဲထားကြတယ် .. အဲ့တုန်းကတော့ အဲသလိုအတောင့်လေးတွေ ဆွဲထားရင် အကောင်ပေါ့ဗျာ .. အဲသဟာ ဘာတောင့်ပါလိမ့်ဆိုတာ တိုးတိုးတိတ်တိတ် လိုက်မေးရတာ မှတ်မိသေးတယ် .. သူငယ်ချင်းတယောက်ဆီကသိရတာက အဲဒီအတောင့်လေးဆွဲထားရင် စီဒီပြားမလိုတော့ဘူးတဲ ့… 😀 ဘာတောင့်လဲဆိုတာလဲသိရော ပိုက်ဆံတွေစု အဲသဟာလေးတတောင့်လောက်တော့ ဝယ်ဆွဲဦးမဟဲ့ ပေါ့လေ .. ( ဝယ်တော့ ဝယ်ဖြစ်တယ် .. မဆွဲဖြစ်ခဲ့ပါ ) .. ၂၀၀၅ လောက်ကျပြန်တော့ .. ရန်ကုန်မယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “ဟင်းဖုန်း”တွေကို ကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင ်ဆွဲထားကြပြန်ရော .. “ဟင်းဖုန်း” ဆွဲထားလို ့ကတော့ အကောင်ပဲ …. […]


Ma EiJuly 11, 20125min37329
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (5 )…မွေတော်ကက္ကူ ဘုရား…   မွေတော်ကက္ကူ စေတီကို အရင်ဆုံး သွားရောက်ဖူးမြော်ကြပြီး အဲ့ဒီကမှ ထန်စမ်းဂူ၊ တောင်ကြီးစူဠာမုနိဘုရား၊ရပ်တော်မူဘုရားကြီး၊တောင်ပေါ်ဘုရားများနှင့်တောင်ကြီးဈေး တို့ကိုလည်ကြမယ်လို့ ခရီးစဉ်ဆွဲလိုက်ပါတယ်…   တောင်ကြီးအတက်လမ်းအစမှာ အေးသာယာ စပျစ်ဝိုင်ခြံရှိပါတယ်…နိုင်ငံခြားစံချိန်မှီ ဝိုင်နီ၊ဝိုင်ဖြူ များထုတ်လုပ်ပါတယ်… ခြံထဲမှာ စပျစ်ပင် စိုက်ခင်းများနဲ့ ဝိုင်ထုတ်လုပ်မှုကို ကြည့်ရှုလေ့လာနိုင်ပြီး စားသောက်ဆိုင်လဲရှိပါတယ်…   တောင်ကြီးမှ မွေတော်ကက္ကူ အသွားလမ်းမှာကြက်သွန်ဖြူစိုက်ခင်းတွေ ယာခင်းတွေ စပါးစိုက်ခင်းတွေနဲ့ ပြောင်းဖူးတွဲတွေ၊ကြက်သွန်ဖြူအမိတ်နဲ့ အစည်းလိုက် စီချိတ်ထားတဲ့ပအို့ပ် အိမ်ကလေးတွေတောင်တန်းတွေကို မြင်ရတာ ကြည်နူးစရာကောင်းပြီး အရမ်းလှတဲ့ လမ်းကလေးဖြစ်ကြောင်း အမှတ်ထင်ထင်ရှိခဲ့ပါတယ်… မမျှော်လင့်မိတာက အရင်တုံးက ရှိခဲ့တဲ့ ကြက်သွန်ဖြူ စိုက်ခင်းများနေရာမှာ အခုတော့ လူနေအိမ်ခြေတွေဖြစ်နေတာကိုတွေ့ရတာပါ… အချို့နေရာတွေကတော့ခြံခတ်ထားတဲ့ အနေအထားမှာဘဲရှိပြီး၊ လက်ဘက်ပင်၊စပါးခင်း စိုက်ပျိုးထားတဲ့ လယ်ယာ […]


Knowledge SeekerJuly 11, 20129min1031
Don’t mess with the Sugar King, Jibby The following is a translation of the 忠政快讯 commentary on how Najib stole Robert Kuok’s sugar business so that greedy UMNO cronies could enjoy the profits, and how Malaysia’s economy suffered as a result. Recently, the govt offended Robert Kuok. As a result, the Malaysian economy suffered a […]


mamanoyarJuly 11, 20121min34319
ဝင်စပြုနေပြီဖြစ်သည့် နေမင်းကို ကျောခိုင်းပြီး သမီးပြန်အလာကို မျှော်နေမည့် အမေရှိရာ တဲအိုလေးဆီကို ခပ်သွပ်သွပ် လျှောက်လာနေမိသည်။ ရလာသည့် အဝတ်လျှော်ခ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ခါ အမေအစားချင်ဆုံး မုန့်ဟင်းခါးလေး တစ်ပွဲဝယ်ကျွေးချင်မိသည်။ သို့သော်….. သားအမိစားဖို့ မနက်ဖြန်စာ ဆန်မရှိသည့်အဖြစ် .. မုန့်ဟင်းခါးဆိုင်ရှေ့ ဖြတ်အလျှောက် တစ်ခါတစ်လေတော့လည်း မုန့်ဟင်းခါးလေး တစ်ပွဲလောက်တော့ စားချင်မိတယ် ဆိုသည့်  အမေ့မျက်နှာကို မြင်ယောင်မိသော်လည်း…….. မျက်စိမှတ်ဖြတ်လျှောက်ခဲ့ရသည့်အဖြစ်။ ဆန်ဝယ်ဖို့ ဆိုင်ထဲဝင် သားအမိနှစ်ယောက်စာ ဆန်လေးဝယ် တုန်ရီနေသော လက်အစုံက ခပ်နွမ်းနွမ်းပိုက်ဆံလေးတွေအတွက် လုပ်ရသည်နှင့်မကာ အပြောခံလိုက်ရသည်က မိမိဘဝနှစ်ပြားမတန်ဖြစ်ခဲ့ရသည့် အဖြစ်ကိုမျက်ရည်ဝဲမိသည်။ ဖျက်ခနဲသတိအဝင် မိမိခြေလှမ်းတွေ လေးလံနေလို့မဖြစ် ထမင်းဆာ၍ မိမိပြန်အလာ မျှော်နေရှာမည့် အမေ။ ကျန်းမာရေးချုချာသောအမေ့ကို မိမိတတ်နိုင်သောလုပ်အားနှင့် ဆေးများဝယ်တိုက်ခဲ့၍ အခုရက်ပိုင်း အမေ့ကျန်းမာရေး နလန်ထူလာနိုင်ခဲ့ပြီ […]


အထူးခေတ်ကို တကယ်သာကြံကြပေါ့ – သူရဿဝါ – ခေတ်က အထူးခေတ် ဖြစ်လေသည်။ တစ်နှစ်တွင် (၁၂) လရှိသည်တွင် (၁၂) လလုံး အထူးလများ ဖြစ်၏။ ရိုးရိုးလ ဟူ၍ မရှိ။ ကုန်ပစ္စည်း အရောင်းအဝယ်၊ ကြော်ငြာရှင်များ အထူးနှင့် ပရိုမိုးရှင်းကို တွဲ၍ စပ်၍ ထည်လဲ သုံးနိုင်မှ အောင်မြင်သော အချိန်ဖြစ်သည်။ နည်းနည်းပဲ ထူးထူး၊ များများပဲ ထူးထူး တစ်နည်း မဟုတ် တစ်နည်း နှင့်တော့ ထူးမှကို ရမည် ဖြစ်သလို ပရိုမိုးရှင်း ဈေ းလျှော့ ရောင်းလျှင်လည်း နည်းနည်းပဲ လျှော့လျှော့ များများပဲ လျှော့လျှော့ တစ်နည်းနည်း နှင့်တော့ လျှော့သည် ဆိုမှပင် အဆင်ပြေ၏။ ဘာပစ္စည်းကို ရောင်းရောင်း၊ […]


snow whiteJuly 11, 20121min45728
            အရက်သမားစကားကို တော်ရုံလူကနားခံတာရှားပါတယ်  အရက်သမားဆို ဝေးဝေးကရှောင်ကျတာလည်းများပါတယ်  အရကကြိုက်လို့သောက်သည်ဖြစ်စေ မကြိုက်လို့သောက်သည်ဖြစ်စေ  အရက်သမားကဖြစ်ရတာလွယ်တယ် စွဲသွားရင်ဖြတ်ဖို့ခက်တယ် အရက်မသောက်တက်ရင်သင်ပေးမယ့်သူလည်းများတယ်  သောက်တက်ကြည့်ဒီကောင် အရမ်းသောက်နိုင်တာ ဒီကောင် နဲ့တွေ့ရင်ငါ့တို့ရှင်းရရင်မလွယ်ဘူး နောက်တစ်ဆို်င်ပြောင်း  သောက်မယ်ဖြစ်ကုန်ရော  တစ်ခါက ရွာတစ်ရွာ မှာ  လူပျိုပေါက်အရွယ်  ကောင်လေးတစ်ယောက် အကြောင်းလေးပြောပြမယ်   သူနာမည်လေး ကမောင်စံသိန်းတဲ့ ကွယ်  သူမိသားစုလေးမှာသူက သားလေးတစ်ယောက်ထဲပါတယ် လေ မောင်စံသိန်းကအစ်မ ၂ယောက်  မွေးချင်း၃ယောက်မှာ သူကငယ်ဆုံးလည်းဖြစ်တယ်   သူလိုချင်တာမှန်သမျှလည်း  တောရွာမှာနေပေမယ့် သူအစ်မတွေကမြို့မှာ နေတော့ ပေါ်သမျှ ရွာမှာဆိုသူက star ပေါ့လေ  သူ အသက်လေး ၁ရနှစ် အရွယ်ရောက်လာတော့  ရွာထဲက ကာလသား တွေက သူကိုအားကျ တဲ့သူများတယ်ဆိုပါတော့ကွယ် သူကလည်း […]


aye.kkJuly 11, 20121min42331
ယ ခင် ကျ မ တို ့ မိ ဘ လက် ထက် ဈေး ရောင်း စဉ် အ ခါ က ၊ ဖောက် သည် လက် လီ လက် ကား အ ကြွေး ပေး ရ ၏ ။ အ ချို့ က သ စ္စာ ရှိ ပြီး ၊ အ ဟောင်း ကို ဆပ် ပြီး မှ သာ အ သစ် ထပ် ယူ ၏ ။ တ ချို ့က အ ဟောင်း […]


ムラカミJuly 11, 20121min61745
  ကျုပ် သိသမျှလေး နည်းနည်းလောက် ပွားချင်လို့ဗျာ ….. နည်းနည်း …ချဉ်လို့ …. အဲ…. စည်းနဲ့ ကမ်းနဲ့ …(အကျိရဲ့) လစ်ဘရယ် ယောက်ျား ဆိုတော့လည်း… သမိုင်းပေးတာဝန်အရ ….ကွန်ဇာဗေးတစ်ဗ်တွေကို နည်းနည်း ရှုံ့ချရပေမပေါ့ ..အာဟိ…. နောက်တာပါ … အတည်ပြောပါ့မယ်…. သည်သတင်းက နည်းနည်းတော့ ငုတ် နေတဲ့ သတင်းခည … အပျက်ကြီးတွေ အများကြီးထဲက အပျက်ကလေး ဆိုတော့ … လူတွေ သတိမပြုမိတာ လည်း ဖြစ်ချင်ဖြစ်မယ်…. ထားပါတော့ … အစဖော်ပြီး ဖွပါ့မယ် … (သဂျီး ကတော့ သူများအတင်းမချရဝူးတဲ့..) ချမှာပဲအေ. … အဝဲယားတွေ နက် ဖို့ပါ…   သည်လိုဗျ …ကျုပ် […]


SPEED UP YOUR FIRE FOX ! (မော်ဇီလာမြန်နှုန်းမြင့်စေမည့်နည်လမ်းများ) မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်း ချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ […]