“ မကျစကောင်း ကျစကောင်း” တစ်ရက် ကိုအောင်မောင်းရယ် ကျနော်ရယ် ကိုဆန်းရယ် လက်ဖက်ရည်ဆိုင် အတူထို်င်ဖြစ်ကြပါတယ်။ ကျနော် လက်ဖက်ရည်ဆိုင်ကိုအလာ နေပူပူမှာ မျက်မှန်မတပ်ဘဲဆိုင်ကယ်စီးလာတော့ မျက်စေ့ထဲကိုဖုန်ဝင်တာရော လေတိုးတဲ့အရှိန်နဲ့နေအပူရှိန်ကြောင့်ပါမျက်ရည်ပူတွေကျလာပါတယ်။ ကျနော်မျက်ရည်ကျတာကို လှမ်းကြည့်နေတဲ့ ကိုဆန်းက ပြုံးစေ့စေ့နဲ့ မုတ်ဆိတ်တိုနံ့နံ့ကို ပွတ်နေတာမြင်တော့ သူ့မှာပြောစရာရှိနေပြီဆိုတာကို ကျနော်ရိပ်မ်ိလိုက်ပါတယ်။ သူ့ဘာသာသူဆိုရင် စကားတစ်ခွန်းစဘို့ ခက်ပေမယ့် ပြောပြီဆိုရင် အရှည်ကြီးပြောပြတတ်တဲ့ ကိုဆန်းအကြောင်းကို သိနေတဲ့ကိုအောင်မောင်းက “ကိုဆန်း ဘာတွေများတွေးမိလို့ ပြုံးနေပြန်တာလဲ”လို့မေးလိုက်တော့ ထုံးစံအတိုင်း မေးစေ့လေးကို လက်နဲ့ပွတ်ပြီး “ခင်ဗျားမျက်ရည်ကျတာမြင်တော့ ဒီတစ်ခေါက် ခရီးမှာကြုံခဲ့တာလေးကို သွားသတိရလိုက်လို့ပါ။ ဒီလိုဗျ…………”လို့အစချီပြီး သူ့အတွေ့အကြုံလေးကိုပြောပြပါတော့တယ်။ { ပြီးခဲ့တဲ့လက ကျနော့်ဆရာက အလုပ်တစ်ခုကိုလက်ခံထားလိုက်တယ်။ အလုပ်ကတော့အကြွေးဟောင်းတွေလို်က်တောင်းပေးရတဲ့အလုပ်ဗျ။ ကုမ္ပဏီတစ်ခုက သူတို့ရဲ့နယ်ကုန်သည်တစ်ချို့ဆီက ကုန်ကြွေး မရတာတွေ အတော်လေးများနေတာရယ် ငွေမသွင်းတဲ့ရက်ကြာနေတဲ့ ကုန်သည်တွေလဲ ရှိနေတယ်ဆို […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းလေး ခံစားမူ့နှင့်ယှဉ်သော………………) (ခံစားမှု့နှင့်ယှဉ်သော………….) လူငယ်ဘဝ ဆယ်တန်းမအောင်သေးခင်အထက်တန်းကျောင်းသားဘဝနဲ့ဆယ်တန်းကိုလွန်မြောက်လို့ တက္ကသိုလ်ရောက်တဲ့ကာလ ဒီကာလနှစ်ခုမှာ အချိန်ကွာခြားချက်ကသိပ်မကွာပေမယ့် စိတ်ခံစားမှု့ကတော့အများကြီးကွာသွားပါတယ်။ ဆယ်တန်းအောင်လို့ တက္ကသို်လ်ဆိုတာကြီးကို တကယ်မတက်ရသေးတဲ့အချိန်မှာတောင် မြကျွန်းညိုညိုတက္ကသိုလ်တို့ တက္ကသိုလ်တမာတန်း တို့ သစ်ပုတ်ပင်တို့ ဂျဒ်ဆင်တို့ အမိတက္ကသိုလ်တို့ ရေနီမြောင်းတို့ စိန်ပန်းရိပ် တို့ဆိုတဲ့ တက္ကသိုလ်နဲ့ပါတ်သက်တဲ့အသုံးအနုန်းကိုဖတ်ရကြားတာနဲ့တင် ရင်တွေ ခုန်နေပါတယ်။ တက္ကသိုလ်နဲ့ပါတ်သက်တဲ့ အချစ်ဝတ္တုုတွေကို ဖတ်လို့ ခံစားလို့ကောင်းတဲ့အချိန်ပေ့ါ။ အဲဒီအချိန်မှာ မောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”တက္ကသိုလ်နောက်ခံဝတ္တုုကရှပ်ရှင်အဖြစ်ထွက်လာပါတယ်။ မင်းသားက ညွန့်ဝင်း မင်းသမီးက ခင်ယုမေ ဒုတိယမင်းသားကအောင်လွင်။ လူငယ်ဘဝ အတွေးထဲမှာအချစ်တွေနဲ့ထုံမွှန်းနေချိန်ဆိုတော့ အဲဒီကားကြည့်ရတာအတော်လေးကို အရသာရှိပါတယ်။ စစခြင်းအခန်းမှာ ကိုက လွမ်းစရာ။ မိုးတွေအုံ့မိူင်းနေတဲ့တစ်ရက်နဲ့ဇာတ်လမ်းကို အစပြုပါတယ်။ တက္ကသိုလ်ဆရာအဖြစ်သရုပ်ဆောင်တဲ့ညွန့်ဝင်း(အောင်လတ် လို့ထင်ပါတယ်) ကျောင်းသွားဘို့အတွက်ခန်းတံခါးပိတ်လို့အပြင်အထွက်ကောင်းကင်မော့ကြည့် ထီးလေးကို လက်မှာချိတ်လို့ထွက်အလာ […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” ( တတိယပိုင်း……. ခေတ်ကောင်းချိန်နဲ့တောက်ပခဲ့သောကြယ်ပွင့်များ) ကျနော်တို့လူပျိုပေါက်စအရွယ်ရောက်တော့ နောင်တစ်ချိန် မြန်မာရုပ်ရှင်လောကမှာ ဂုရုကြီးတစ်ပါးဖြစ်လာမယ့် ကျော်ဟိန်း ပေါ်လာပါတယ်။ သူ့နဲ့လက်တွဲဖော်ဖြစ်လာမယ့် စန္ဒာနဲ့တွဲဖက်လို့ နုနုငယ်ငယ်နဲ့ဖူးစာလမ်းဆုံဇာတ်ကားက နေအစပြုလိုက်တာ အောင်မြင်လို့ လူကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဆံပင်ကောက်ကွေးသလို လူကလဲတွန့်လိန်ကောက်ကွေးပြီး သရုပ်ဆောင်တတ်တဲ့ ကျော်ဟိန်းကို လူငယ်များကနှစ်သက်ပေမယ့် လူကြီးအများစုကတော့ သရုပ်ပျက်တယ်ဆိုပြီး ဆန့်ကျင်ခဲ့ကြပါတယ်။ ကျော်ဟိန်းက သီချင်းဆိုတာဝါသနာပါ ပါတယ်။ ဒါပေမယ့်အသံတော့သိပ်မကောင်းဘူး။ “ချစ်သလား မုန်းသလားပြောပါလား မုသားမသုံးနဲ့လေ…. လူသားလကမ္ဘာယောက်တာလဲတစ်ခေါက်မကတော့ဘူး ….”ဆိုတဲ့သီချင်းလေးကို ကိုယ်တိုင်ဆိုလို့သရုပ်ဆောင်ခဲ့တာပေါ့။ ကျော်ဟိန်းငယ်ငယ် က လူက ပိန်ပိန် ဆံပင်ကလဲ တွန့်လိန်လိန် ဒါပေမယ့် တစ်စထက်တစ်စ ရုပ်ရှင်တွေရိုက်လာရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာကျော်ဟုန်းက သူနဲ့ခေတ်ပြိုင်တစ်ယောက်ရဲ့နောက်ကဘဲရှိနေခဲ့ပါတယ်။ သူနဲ့ခေတ်ပြိုင်မင်းသားကတော့ မန်းလေးသား။ “မင်းရည်မှန်းသူက မြခဲစိန်ခဲ […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်) ၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..) ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊ ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။ မြန်မာသီချင်းတွေကိုပြောတာပါ။ ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။ တိတ်ရီကော်ဒါရှိမယ်။ နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။ တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။ ဒါအကုန်ပါဘဲ။ နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။ ဓါတ်စက်မရှိ။ တိတ်ရီကော်ဒါမရှိ။ ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။ ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။ ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့် ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။ အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့ သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။ […]


“အလန်းဇယားတွေ ဖွင့်လို့ ပွင့်သွားတဲ့ကံစမ်းမဲ” အဲဒီနေ့က စိတ်တွေအတော်ကိုလေသွားတာ။ တကယ့်ကို ရိုးရိုးသားသား မဟုတ်မခံပုံစံ နဲ့လူကြီးက လာကွိုင်တာဗျာ။ သူပြောတဲ့အတိုင်းများ မရရင် တကယ်ဆော်မယ့်ပုံ။ ေနောက်ဒေါကြီးမာန်ကြီးနဲ့ “ဒါက မင်းတို့ ဆီက ထုတ်ပေးထားတဲ့လက်မှတ်လေ….မင်းတို့တာဝန်ယူရမှာပေါ့။ ရက်လွန်တာ မလွန်တာလာမပြောနဲ့ ငါမသိဘူး ။ မင်းတို့စာရွက်ထဲမှာ ပါတဲ့အတိုင်းပေးမှာလား မပေးဘူးလား ဒါပဲပြော။ကျန်တာလာမပြောနဲ့ မကြားချင်ဘူး” ဆိုတာကိိုဘဲထပ်ခါထပ်ခါပြော ပြောနေတော့ ကြောက်တာပေါ့ဗျာ။ ဒါလေးက ကိုအောင်မောင်းက သူအလုပ်ထဲမှာ တစ်ခါက ကြုံခဲ့တာလေးကို ပြန်ပြောပြနေတာပါ။ ” နောက်ဘယ်လိုပြီးသွားလဲဗျာ”လို့မေးလိုက်တော့ “လူကြီးတွေရောက်လာတော့ မှ သူပေါက်ထားတဲ့ ကံစမ်းမဲနဲ့ ညီမျှတဲ့ပိုက်ဆံအလျော်ပေးလိုက်ရတာပေါ့”လို့ပြန်ဖြေပါတယ်။ ဖြစ်တာက ဒီလိုပါ ကိုအောင်မောင်းတို့ ကုမ္မဏီက ထုတ်တဲ့ပစ္စည်းအသစ်ကို ကံစမ်းမဲတွေထည့် လို့အရောင်းမြှင့်တင်ရေးလုပ်ပါသတဲ့။ အဲဒီကံစမ်းမဲကာလကို ခြောက်လ အတွင်းဆိုပြီးရက်တွေဘာတွေသတ်မှတ်လို့ထည့်ပေးလိုက်ပါသတဲ့။ ကံစမ်းမဲပေါက်လို့လာထုတ်တဲ့အချိန်က သတ်မှတ်ထားတဲ့ရက်တဲ့ […]


“ကိုပေါက်လမ်းသလားနေသည်- အပိုင်းငါး(ဆွေမျိုးတွေဆုံတဲ့ ရန်ကုန်ကမင်္ဂလာပွဲကလေး) (29-6-2011) မင်္ဂလာဆောင်ကျင်းပမယ့်ရက်မှာ မနက်လေးနာရီလောက်ကတည်းက တအိမ်လုံးလှုပ်လှုပ်ရွရွ။ ဒီတော့အိပ်ရေးမဝပေမယ့်လဲ အိမ်ယာကထရပါတော့တယ်။ 5နာရီကျော်ကျော်လောက်မှာတော့ အလှပြင်မယ့်သူတွေထက်အရင် ရေအမြန်ချိုး ရပါတယ်။ မင်္ဂလာဆောင်ကို ဘယ်အချိန်သွားမလဲဆိုတာမေးတော့ ကိုးနာရီအိမ်ကထွက်မယ်ပြောပါတယ်။ ဒါနဲ့ဘဲ မဒမ်ပေါက်ကို 8း30ခွဲအရောက်ပြန်လာမယ်ပြောပြီး ကင်မရာကိုင်လို့လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ညက အတော်သဲသဲမဲမဲရွာတဲ့မိုးကြောင့် မနက်မိုးလွတ်ပါ့မလားလို့စိတ်တွေပူခဲ့ရပေမယ့် မနက်ခင်းရဲ့ကောင်းကင်ကြီးကတော့ ကြည်ကြည်လင်လင်ဆိုတော့ အတော်လေးကို အပြောင်းအလဲမြန်တဲ့ ရန်ကုန်မိုးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။ ဒါနဲ့ဘဲ ကုန်းတံတားအောက်ကနေဖြတ် သံလမ်းလေးကို ကျော် မနက်စောစော ဆိုင်ဖွင့်ဘို့ပြင်နေကြ တဲ့မီးခိုးတစ်အူအူနဲ့ ထမင်းကြော်ဆိုင်လေးတွေ၊အကြော်ဆိုင်လေးတွေ ၊လက်ဖက်ရည်ဆိုင်လေးတွေကို ငေးရင်း မီးသတ်ဌာနချုပ်နံဘေးကဖြတ်လို့ ကြီးမားခန့်ထည်တဲ့ စွယ်တော် မုဒ်ဦးကြီးအောက်ကနေလမ်းလျှောက်လို့လာခဲ့ပါတယ်။ ဟို………….ခပ်ဝေးဝေးမှာတော့ ရွှေရောင်အဆင်းနဲ့တင့်တယ် မနက်ခင်းမှာ သပ္ပါယ် တော်မူလှတဲ့စွယ်တော်စေတီကို ဖူးမျှော်ရပါတယ်။ တောင်ဘက်မုဒ်ဦးကနေစွယ်တော်ကိုသွားရာလမ်းရဲ့ညာဘက်ခြမ်းမှာစွယ်တော်ပင်တွေကို တန်းစီလို့စိုက်ထားတာကတော့ အမြင်အေးလှပါတယ်။ နှစ်လွှာပေါင်းမှာ တစ်ရွက်လို့ ကဗျာဆန်ဆန်တင်စားခံရတဲ့ […]


“ကိုပေါက်လမ်းသလားနေသည်- အပိုင်းလေး (ယောင်လည်လည်တစ်ယောက်ထဲ) ဒီပုံလေးကတော့ ရန်ကုန်မြို့ရဲ့ မီးပွိုင့်နံဘေးမှာ ကလေးပြပြီးတောင်းနေတဲ့သူပါ။ ကိုယ့်အားကိုယ်ကိုးပြီးရန်ကုန်မြို့ကြီးထဲကို ချီတက်ရတော့မယ်ဆိုတာသေချာသွားပြီဆိုတော့ ပထမဆုံးလုပ်ရတာကတော့ တရားဝင်မတော်ရသေးတဲ့ တူတော်မောင်ကို စုံစမ်းစပ်စု လုပ်ရပါတော့တယ်။ ဒီကနေဆူးလေသွားရင် အငှားကားစီးရင်ဘယ်လောက်အများဆုံးပေးရသလဲတို့၊ ဒီနားကနေဘတ်စ်ကားစီးမယ်ဆိုရင် ဘယ်ကားနံပါတ်ကို စီးရသလဲတို့၊ ဘယ်အရပ်ကအခုနေတာရဲ့ ဘယ်ဘက်မှာ ရှိသလဲတို့။ ကြည့်မြင်တိုင်က ဘက်ဘက်မှာလဲတို့ ရွှေပြည်သာစက်မူ့ဇုံဘယ်ကသွားလဲတို့၊ ဆင်မလိုက်သင်္ဘောကျင်းကိုသွားရင် ဘယ်နားက ကားစီးရင် ရသလဲတို့ ။ အာရှတော်ဝင်က ဘယ်နားမှာလဲတို့ မြေနီကုန်းစီးတီးမတ်ဆိုရင် ငါတို့အိမ်ကနဲ့ ဘယ်လောက်ဝေးလဲတက္ကစီငှားရင်ဘယ်လောက်ပေးရမလဲ ဆိုတာတွေကို စုံတကာစေ့နေအောင် မေးရပါတော့တယ်။ ကျနော်တကယ်သိတာကတော့ ဆူးလေဘုရားပါဘဲ။ ကျောင်းသားဘဝ သူငယ်ချင်းတွေဆီအလည်သွားရင်း ပျော်ခဲ့ရတဲ့ လှည်းတန်းနဲ့ရန်ကုန်တက္ကသိုလ်ဧရိယာတွေသိတယ်၊ ဦးချစ်ဆိုင်သိတယ် ဂျဒ်ဆင်သိတယ် သစ်ပုတ်ပင်သိတယ်။ အင်းလျားကိုသိတယ်။ စက်မူ့တက္ကသိုလ်ဘက် ဆေးဝါးစက်ရုံနား က ဈေးသက်သာတဲ့ ထမင်းဆိုင်တွေကို သိတယ်။ ကျောင်းထဲက […]


“အတိတ် သို့အလွမ်း” သက်ဆိုင်သူတွေလွမ်းကြပါတဲ့………………. မေ့ထားတာကို သတိတွေရအောင် လုပ်ရက်တဲ့သူ။ အတိတ်ဟောင်းရဲ့ အလွမ်းတွေကို ပြတ်ဆက်တဲ့ ကိုဖက်တီး ရေ……………….. ဝေးနေတာကြာတဲ့ တက္ကသိုလ်မြေက မှတ်တမ်းပုံတွေကို ကိုမြင်မိတော့……………………… အင်းလျား ရေတမာ ဦးချစ် သစ်ပုတ်ပင်နဲ့ ဂျဒ်ဆင် ဘွဲနှင်းသဘင်ခန်းမ အဓိပတိလမ်းမ တစ်ခါတစ်လေ မျက်စေ့လည်မှရောက်တတ် တဲ့စာသင်ခန်း ညည သီချင်းတွေသွားဆိုတဲ့ အဆောင်များ ချစ်သူနဲ့ ကြည်နူးဖွဲ့ဆင်ခဲ့တဲ့ခုံတန်းလျား အလွမ်းစကားတွေနဲ့ လမ်းခွဲစကားဆိုခဲ့တဲ့ မြေနီလမ်း မိုးရေစက်များ ရွက်ကြွေများ တောင်ပိန္နဲသီးအပိုင်းအစများ ရယ်မောသံများ ရှိုက်ငိုသံများ လက်ခုပ်သံများ တက်ခေါက်သံများ သီချင်းသံများ များ………များ……………များ ကြား………ကြား…………..ကြား ယောင်လာမိပေါ့ နားထဲမှာ။ ဟိုအရင် တက္ကသိုလ်ရက်များထဲကအသံတွေပေါ့။ အတိတ်ဆိုတာတော့ အတိတ်ပါဘဲ။ ပြန်ပြင်ဆင်လို့မရပေမယ့် သူ ရင်ထဲကို ခဏခဏ အလည်လာတယ်လေ………………… ကဲအခြေအနေမပေးလို့ […]


“တစ်ခါစား ……….အပိုစား နဲ့ အလျော့စား” တစ်ရက်လမ်းသွားရင်း ဆိုင်ကယ်ဘီးပေါက်ပါလေရော။ ဖြစ်ချင်တော့ နယူးစီပီလိုင်းလို လူနေအိမ်ခြေကျဲပါးတဲ့ ရပ်ကွက်ထဲမှာဆိုတော့ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်က အလွယ်တကူနဲ့ရှာမတွေ့ပြန်ပါဘူး။ အဲတော့လဲ ဆိုင်ကယ်က လူပြန်စီးသပေါ့။ လေးငါးပြလောက်တွန်းပြီးတဲ့အခါမှာ စက်ဘီးပြင်တဲ့ခုံလေးချထားတဲ့ဆိုင်လေးတွေ့တော့ အတော်ဝမ်းသာသွားပါတယ်။ အဲဒီဆိုင်လေးမှာလည်း “ဆိုင်ကယ်ဘီးဖာသည်”လို့မြေဖြူခဲနဲ့ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ့တော့ ပိုသေချာသွားတာပေါ့။ လှမ်းကြည့်လိုက်တော့ ဆံပင်စုတ်ဖွားနဲ့လူတစ်ယောက်ထဲ မြေကြီးပေါ်ဖင်ချထိုင်ပြိးဆေးပေါ့လိပ်ဖွာနေပါတယ်။ သူနဲ့မလှမ်းမကမ်းမှာတော့ သူလို့ဆိုင်လေးတစ်ဆိုင်တွေ့ပါတယ်။ အဲဒီဆိုင်ကချထားတဲ့ခုံတန်းလျားလေးမှာ ထိုင်နေတဲ့လူနှစ်ယောက်သုံးယောက်ရယ် ဆိုင်ကယ်နှစ်စီးရပ်ထားတာကိုတွေ့ရပါတယ်။ ကြည့်ရတာ ဆိုင်ကယ်ဘီးဖာမလို့စောင့်နေတဲ့ ကျနော်လိုလူတွေဘဲဖြစ်မယ်ထင်ပါတယ်။ ကျနော်ကလဲ မစောင့်ချင်တာရယ် မြန်မြန်ပြီးချင်တာရယ်ကြောင့် လူရှင်းတဲ့ဆိုင်ကို ဘဲ ဝင်လိုက်ပါတယ်။ ကျနော်ဆိုင်ရှေ့ရောက်တော့ မြေကြီးပေါ်ထိုင်နေတဲ့လူက “ဘီးဖာမှာလား “လို့မေးသံကြားတော့ နည်းနည်းတော့ စိတ်တိုသွားပါတယ်။ ဒါနဲ့ဘဲ “ဟုတ်တယ်”လို့ခပ်တိုတိုပြောပြီး အဲဒီနားက ခုံပေါ်ထိုင်ချလိုက်ပါတယ်။ အဲဒီကိုစုတ်ဖွားကတော့ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး ဘီးဖြုတ်ပါတော့တယ်။ လုပ်တာကိုင်တာကလဲ စိတ်မရှည်သလိုဟိုဆောင့်ချဒီဆောင့်ချနဲ့ပါ။ […]


“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းတစ်) (လက်ဆောင်ပဏ္ဏာ) ဒီနေ့ညနေထမင်းစားပြီး အိမ်အနီးအနားမှာလမ်းလျှောက်ထွက်လာတဲ့အချိန်လမ်းမပေါ်မှာဈေးလည်ရောင်းနေတဲ့ အချဉ်ပေါင်းသည်တွေဖွင့်ထားတဲ့သီချင်းသံလေးက နားထဲကို တိုးဝှေ့လို့်ဝင်လာပါတယ်။ ခပ်ဝေးဝေး ကြားစကတော့ မသဲမကွဲ အနီးရောက်လာလေသီချင်းသံက ပီသလေပါဘဲ။ “နိုင်ငံအကျိုးများကိုသာ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ…….. ပြုပြင်ရေးလုပ်တဲ့ရွာ အမျုးိသားအတွက်ဆို မငြိုငြင်ပါ………………………” နန်းတော်ရှေ့ဆရာတင်ရေးပြီး သုမောင်သီဆိုထားတဲ့ “ကျေးရွာဝါဒ” သီချင်းထဲကစာသားလေးပါဘဲ။ အခုဒီသီချင်းစာသားလေးကို နားထောင်လိုက်ရတော့လည်းကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေကိုပြန်လည်လို့သုံးသပ်မိပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတဲ့ ပုံစံအသစ်နဲ့တက်လာတဲ့ အစိုးရအသစ်လက်ထက်မှာ အခုလောလောဆယ် အကျယ်လောင်ဆုံး အားလုံးစိတ်အဝင်စားဆုံးလို့ပြောနိုင်တာ တစ်ခုကတော့ “လာဘ်စားမှု့လျော့နည်းပပျောက်ရေး” ဆိုတဲ့အသံတွေပါဘဲ။ “လာဘ်လာဘ “ဆိုတဲ့စကားရဲ့မူလအနက်အဓိပ္ပါယ်ကတော့ ကောင်းပါရဲ့။ ဒါပေမယ့်လည်း ” စားတယ်”ဆိုတာနဲ့လဲတွဲလိုက်ရော စက်ဆုပ်စရာစကားလုံးအဖြစ်အော်တိုမက်တစ်ပြောင်းသွားပါတော့တယ်။ အဲတော့ လာဘ်စားတယ်ဆိုတဲ့အကြောင်းကိုပြန်စဉ်းစားကြည့်မိတော့ ဘယ်အချိန်ကတည်းက စခဲ့တယ်ဆိုတာကို အတိအကျ မသိရပေမယ့် ကိုယ်ငယ်စဉ်ကလေးဘဝက ကြားခဲ့ရတဲ့ “တံခါးမှူး ဒတ္တ” ဆိုတဲ့ဇာတ်လမ်းမှာတောင် လာဘ်စားတဲ့ အကြောင်းကို […]


“မပြစကောင်း…………. ပြစကောင်း…………” မနေ့က စိန်မောင်ရယ် အောင်မောင်းနဲ့သူတပည့်ကောင်လေးရယ်ကျွန်တော်ရယ် သူအလုပ်လာတဲ့လမ်းမှာနေ့စဉ်လိုလိုမြင်နေရတာလေးကိုပြန်ဖောက်သယ်ချပါတယ်။ မနက်မနက်ဆိုသူက 7း00နာရီလောက်မှာ ဘုရားကြီး စာတိုက်ကွေ့နားကိိုရောက်ပါတယ်တဲ့။ အဲဒီလိုသူလာတဲ့အချိန်ဆိုရင် ဧရာဝတီမြစ်ကို ကူးပြီးမှ မန္တလေးကိုရောက်ရတဲ့ မြို့တွေဖြစ်တဲ့ စစ်ကိုင်း ရွှေဘို မုံရွာ ကလေးတမူး ဘက်ကလာတဲ့လူစီးကားတွေ ကုန်တင်ကားတွေနဲ့ ဘုရားကြီးအောက်ကျင်းက ကုန်းအတက်မှာဆုံလေ့ရှိပါသတဲ့။ အဲဒီကုန်းအတက်မှာဆိုရင် လူအပြည့် ကုန်အပြည့်တင်လာတဲ့ကားတွေက မနဲဟဲပြီးတက်လာရပါသတဲ့။ အဲဒီ ကားတွေကို ကြည့်ရတာလဲ တကယ့်ကိုသနားစရာပါတဲ့။ ရွှေဘိုဘက်စစ်ကိုင်းဘက်ကလာတဲ့ ဒိုင်နာကားတွေကလဲ လိုက်ချင်ပါတယ်ဆိုတဲ့သူအကုန်လုံးကိုခေါ်ချင်တယ်ဆိုတော့ ခေါင်မိုးပေါ်မှာလူအပြည့်တင၊် ဘေးတန်းက ရနိုင်သလောက်တွယ် ၊ နောက်မြီးမှာ ပြုံခဲနေအောင်တင်ပြီးလာတတ်သလို၊ ကလေးတမူးဘက်ကနေဆင်းလာတဲ့ ကုန်သည်တွေက ပါးလိုက်တဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ရမှာကိုအားနာလွန်းလို့ ကားခေါင်မိုးပေါ်မှာ မဆန့်မပြဲတင်လာပါသတဲ့။ သူတို့သယ်လာတဲ့ကုန်တွေက ဘယ်လောက်အမြင့်ထိတင်လာသလဲဆိုရင် ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းကူးလို့ လေထဲမှာတန်းလန်းဆွဲထားတဲ့ လျှပ်စစ်ဓါတ်ကြုးိတို့ တယ်လီဖုန်းကြိုး တို့ […]


ဆူးမမရဲ့ “ဘဝမှတ်တိုင်”ကို ဖတ်လိုက်မိတဲ့အခါ ဆရာဝန်ဆုံးဖြတ်ချက်မှားတာကြောင့် ရောဂါနာမယ်အတပ်မှား။ ရောဂါမှားတော့ ဆေးမှား။ မှားမှန်းသိတဲ့အခါမှာ နောက်ကျသွားတော့ အသက်ဆုံးရှုံး။ တစ်ချို့လဲ ဒုက္ခိတဘဝရောက်လို့ဘဝဆုံး၊ တစ်ချိုကြပြန်တော့လဲ မလိုအပ်ဘဲ ဝေဒနာခံစားလိုက်ရ၊ တစ်ချို့ကြပြန်တော့လဲ လွယ်လွယ်လေးပြီးရမှာကို ခက်ခက်ခဲခဲကုသရ၊ တစ်ချို့ကြပြန်တော့ လဲ ရောဂါအမှန်သာသိရင် အသက်မသေနိုင်၊ တစ်ချို့ကြပြန်တော့လဲ သေသာသွားတယ်ရောဂါမည်မှန်ကို သိမသွားရ၊ ဆိုတဲ့ ကိုယ်တိုင် ရော ကိုယ့်ပါတ်ကျင်မှာရော ကြုံတွေ့ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။ နှစ်အတော်ကြာက တောင် ကာယကံရှင်တွေမှာ မေ့မရတဲ့ နိုင်တဲ့အကြောင်းကစရင် “ရီရီ”ဆိုတဲ့အဖေ့ညီမအပျိုကြီးကို အရင်ဆုံးပြေးသတိရမိပါတယ်။ သူက အဲဒီခေတ်က သက်သာဆိုင် ဝန်ထမ်းပေါ့။ သူအလုပ်လုပ်တဲ့ရုံးကို စက်ဘီးကိုယ်တိုင်စီးလို့ သွားတတ်ပါတယ်။ တစ်ရက် သူ့ကို ကားတစ်စီးက ဝင်ချိတ်သွားတဲ့အခါ ညာဘက်ခြေထောက်ခိုင်းမိသွားတော့ဆေးရုံပေါ်ရောက်သွားပါတယ်။ ဓါတ်မှန်တွေရိုက် ဘာတွေရိုက်လုပ်ပေမယ့် အရိုးကျုးိတဲ့လက္ခဏာမတွေ့ပါဘူး။ ဒါပေမယ့် လူနာက […]


“မအမ်းစကောင်း ………အမ်းစကောင်း………………” အလုပ်ပိတ်တဲ့တစ်ရက် နေပူတော့ အပြင်လဲမထွက်ချင် မီးပျက်တော့ ရုပ်ရှင်လဲကြည့်မရ စာကလဲမဖတ်ချင်၊အိမ်မှာကလဲစကားပြောဖော်ကမရှိ ၊ ပျင်းပျင်းရှိတာနဲ့ အိမ်က ဘီရိုကို ရှင်းဘို့ အတွေးရလာတာနဲ့ ချက်ခြင်းအကောင်အထည်ဖော်ပါတော့တယ်။ ဘီရိုထဲက ပစ္စည်းတွေအပြင်ထုတ်အောက်ခံစက္ကူတွေ အသစ်ပြန်ခင်း ပရုပ်လုံးတွေထပ်ထည့် ၊ မဝတ်တော့တဲ့ အကျီင်္တွေ အပြင်ထုတ်လို့ အလုပ်မဟုတ်တာကို အလုပ်လိုသဘောထားလုပ်လို်က်တာ အပြင်ထုတ်ထားတဲ့ပစ္စည်းတွေဘီရိုထဲ အကုန်ပြန်ထည့်ပြီးတော့ မှ နာရီကို ပြန်ကြည့်မိတဲ့အခါ ပျင်းစရာကောင်းတဲ့အချိန်တစ်နာရီလောက်တော့ အလိုလိုကုန်သွားပါတယ်။ ဘာများအပြင်မှာကျန်သေးလဲ လို့ ပြန်ကြည့်မိတော့ ခပ်လှမ်းလှမ်း နို့မူန့်ပုံးတစ်ပုံးကျန်နေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီနုို့မူန့်ပုံးကို ထိုင်ရက်ကနေလှမ်းပြီးယူတာပါမလာပါဘူး။ မပါဆို အတော်လေး လေးနေလို့ပါ။ အဲဒီပုံးနားကို သွားပြီးဖွင့်ကြည့်လိုက်တော့ အကြွေစေ့တွေဖြစ်နေတာကိုတွေ့ရပါတယ်။ အဲဒီဘူးကို ဖင်ကမတဲ့ပြီး ဖျာပေါ်သွန်ချလိုက်တော့ မကြားရတာ ကြာနေပြီးဖြစ်တဲ့ အနုတ်သံတချွမ်ချွမ်ကြားရပါတော့ တယ်။ ဖျာပေါ်မှာ ပြန့်ကျဲနေတဲ့ အနုတ်တွေကို […]