“နေရာပေး၏ မပေး၏” မနေ့ကအလုပ်ကပြန်ရောက်တော့ ဖိတ်စာလေးတစ်စောင်ခုံပေါ်မှာတွေ့ရပါတယ်။ ကောက်ဖတ်ကြည့်လိုက်တော့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်သွားကြတဲ့ ဆွေမျုးိအိမ်က အလှူဖိတ်စာလေးဖြစ်နေတာကိုတွေ့ရပါတယ်။ နောက်စာတိုလေးတစ်ကြောင်း။ “အကိုလေးရေ.. လူကြီးတွေလက်ထက်ကဖြစ်ခဲ့တာ ကျနော်တို့လက်ထက်မှာသင်ပုန်းချေလိုက်ရအောင်နော်” လို့ဝိုင်းစက်လှပတဲ့လက်ရေးလေးကိုဖတ်လိုက်ရပါတယ်။ ရေးတဲ့သူကတော့ကျနော့်ညီမဝမ်းကွဲ “အေးအေးမြင့်” အိမ်နောက်ဖေးကထွက်လာတဲ့ မဒမ်ပေါက်က နေ့လည်က” မိအေးကိုယ်တိုင်လာပေးသွားတာ လာမယ့်ဥပုဒ်နေ့ အကိုလေးလာဖြစ်အောင်လာပါလို့လဲ ပြောသွားသေးတယ်”လို့ သတင်းပေးပါတယ်။ ကျနော်လဲ အိမ်ထဲဝင် အဝတ်အစားလဲပြီး ပက်လက်ကုလားထိုင်ပေါ်မှာထို်င်မိမှ မိအေးရေးသွားတဲ့စာလေးကနေအစပြုပြီး အရင်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်စဉ်းစားမိပါတယ်။ @@@@@@@@@@@ @@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@ အတိတ်ဆိုတာ အကောင်အထည်မပြနိုင်ပေမယ့် မေ့ပျောက်လို့ မေ့ဖျောက်လို့မရစကောင်းတာလဲအမှန်။ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်လောက်ကဘဲဆိုပါစို့။ မိအေးတို့ အဖွား နဲ့ ကျနော့် အဖွားက အထက်အောက်ညီအမ။ အဖွားက အကြီး မိအေးတို့အဖွားက အငယ်။ မိအေးနဲ့ကျနော်ကျပြန်တော့လဲ ကျနော်က 2နှစ်ကြီးတယ်။ သူ့အကိုက ကျနော်ထက် […]