“မစားစကောင်း ………….စားစကောင်း” တစ်မနက်အလုပ်သွားနေတုန်းလမ်းမှာမဆုံတာလေးငါးလလောက်ကြာနေတဲ့”အီးကယ်ဂျန်”ကိုတွေ့တော့ ခဏရပ်ပြီး မာကြောင်းသာကြောင်းနှုတ်ဆက်ပါတယ်။ စကားပြောနေရင်းမှ သတိထားမိတာ သူအတော်လေးပိန်သွားတာကိုပါ။ သူလဲမအားကိုယ်လဲ မအားဆိုတော့ ခဏလေးနဲ့စကားဖြတ် ဆက်သွားမယ်လုပ်တော့ “ကိုပေါက် တော်တော်လေးဝနေပြီနော် အစားလျှော့စားအုံး ကျုပ်ကတော့ ညစာထမင်းမစားတာ သုံးလလောက်ရှိပြီ”လို့ပြောသွားတော့မှ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပါတယ်။ စိတ်ထဲမှာ သိပ်ဝတယ်တော့မထင်မိပါဘူး။ ဒါပေမယ့် အရင်ကအင်္ကျီတော်တော်များများကတော့ မတော် တော့တာလဲ အမှန်ပါဘဲ။ အဲလိုသူပြောလိုက်တော့ မှ အလုပ်ထဲရောက်တဲ့အခါ ကိုယ့်ဘေးနားပါတ်ဝန်းကျင်ကို သတိထားကြည့်မိပါတော့တယ်။ အင်္ဂျင်နီယာဌာနက “ဝမေမေ”ဆို ညစာ ထမင်းမစားတော့တာ အတော်ကြာပြီပြောပါတယ်။ ခေါက်ဆွဲပြုတ်နည်းနည်းနဲ့ အသီးအရွက်ဘဲစားတာပါတဲ့။ ဝသထက် ဝလာမှာစိုးလို့တဲ့ ။ (သူ့အရပ်က 5ပေ6လက်မလောက်ရှိပါတယ် အလေးချိန်ကတော့ ပေါင်တရာလျော့လျော့ ပိန်ပိန်ပါးပါး စကားပြောရင် “မေကလေ………. မေကလေ………” သူ့ကို ဝမေမေ လို့ နာမယ်ပြောင်ပေးထားကြတာပါ) ဟို အပေါ်ဆုံးထပ်က […]