Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


hmeeJanuary 10, 20123min53728
<div class="mceTehttps://myanmargazette.net/wp-admin/media-upload.php?post_id=92479&type=image&TB_iframe=1mp”> ဝက်သားပြုတ်အိုး။ ညက ကျက်ကျက်ခြင်း ရိုက်လိုက်တာ နည်းနည်းမှောင်နေတယ်။ ကြာဇံကြော်။ ဝက်သားဒုတ်ထိုး လှီးထားတာ။ ကြာဇံနဲ့ ဝက်သားသုတ်တာ၊ မီးမဖွင့်မိလို့ နဲနဲမှောင်သွားတယ်။ သဂျီးတခါကမေးဖူးတယ် ဂျုးတွေရော အာရပ်တွေပါ ဝက်သားမစားလို့ ဝက်သားဆိုင် မရှိဘူးလားတဲ့။ ဝက်သားဝယ်လို့ ရတယ်ဆိုတဲ့ အကြောင်းသက်သေပြတဲ့ အနေနဲ့ ဝက်သားဒုတ်ထိုး တင်လိုက်ပြီ။ အမှန်တော့ ဝက်သားဒုတ်ထိုး စားချင်တိုင်း အပြင်ကဝယ်မစားချင်တဲ့ အိမ်ကြီးရှင်အတွက် သူစားချင်တယ်ဆိုတိုင်း ချက်ကျွေးနေကြမို့ ပြန်ခါနီးလေး ချက်ကျွေးပါဦး ပြောလို့ ချက်ကျွေးတာ။ ဒီမှာ ဝက်သားဆိုင်ရှိပါတယ်။ ရုရှတွေ ရောင်းတာပါ။ ဒါပေမဲ့ ကလီဇာတော့ ဝယ်ရခက်တယ်။ သိပ်ရောင်းလေ့ ရောင်းထမရှိဘူး။ ပြီးခဲ့တဲ့ ရက်က ဈေးသွားရင်း ဝက်သားဆိုင်ဘက်ရောက်တော့ ကလီဇာတွေ ကြုံတောင့်ကြုံခဲ စုံနေတာ တွေ့လို့ အားပါးတရကို […]


hmeeJanuary 10, 20125min74641
အလှကုန်။ အရုပ်ဆိုင်။ ပန်းဆိုင်။ အထည်ဆိုင်။ ဒီမှာထူးခြားတာက ဈေးရောင်းတာ အမျိုးသားတွေ။ အမျိုးသမီးတွေက ရှော့ပင်းစင်တာတွေမှာပဲ တွေ့ရတယ်။ အာရပ်တွေ ဆေးလိပ်သောက်တဲ့ ဆေးတန်။ (ပိုက်လေးကို ပါးစပ်မှာ တပ်ပြီး တယောက်တလှည့် သောက်တာတွေ့တာပဲ။ ) ဟင်းခတ်အမွှေးအကြိုင်။ သစ်သီးဖျော်ရည်ဆိုင်။ ဂျယ်ရီဆိုင်။ ဒိန်ခဲ။ ပေါင်မုန့်ဆိုင်။ အသီးအရွက်ဆိုင်။ ဈေးလမ်း။ စပျစ်သီးဆိုင်။ အလယ်က အနီရောင်က ချယ်ရီသီးတွေ။ အသီးအရွက်ဆိုင်။ Telaviv မှာတော့ Camel ဈေးက အကြီးဆုံးပါ။ အသား၊ငါး၊ အသီးအရွက် အပြင် အဝတ်အစား လိုအပ်တာ အကုန် ဝယ်ယူနိုင်တဲ့ ဈေးကြီးပါ။ တခြားတခြား ဈေးတွေရှိပေမဲ့ ကာမဲလ်ဈေးကတော့ အစုံဆုံးမို့  ဝယ်သူပိုများပါတယ်။ အစ္စရေးမှာက သောကြာ၊ စနေက ရုံးပိတ်ရက်ပါ။ တနင်္ဂနွေမှာ ရုံးတွေဖွင့်ပါတယ်။ […]


hmeeJanuary 8, 20125min40421
ဘုရားကျောင်းရှေ့က ကျောက်စာတိုင်။ ရုပ်တုလေးပဲ။ ရေချိုးခန်းနေရာ။ ကလီယိုပက်ထွှာရေချိုးခန်းနေရာ။ နွားနို့နဲက ချိုးတယ်ဆိုပဲ။ မှန်လောက်တယ် နွားနို့ အလွန်ပေါတာကိုး။  မြို့ဟောင်းအကြောင်း ရေးထားတဲ့ဗုဒ်။ သဂျီးအတွက်။ မြေထဲပင်လယ်ကြီးနဲ့ တဲအဗီးလ်မြို့။ စစ်သား၊ စစ်သမီးတွေ လေ့လာရေး ထွက်လာတယ် ထင်ပါရဲ့။ Jaffa မြို့ဟောင်းရဲ့ မီးပြတိုက်ဟောင်း။ ရုပ်တုပဲ ဘာအရုပ်လည်းတော့ မသိဘူး။ အမြောက်။ နပိုလီယန်ရုပ်တုလေး။ ဘုရားကျောင်း။ နပိုလီယန်တံတား ထိပ်က ဆိုင်းဗုဒ်လေး။ နပိုလီယန်ခေတ်က အဝတ်အစားနဲ့ မင်္ဂလာစုံတွဲ ရာသီခွင်ကိုင်ပြီး ဆုတောင်းနေတဲ့ပုံ။


hmeeJanuary 8, 20123min54017
အပေါ်က ရုပ်တုကို ရေးထားတဲ့စာ။ တံတားထိပ်က ကုန်းပေါ်က ရာသီခွင်ပုံလေး။ နပိုလီယန်တံတား။ တံတားလက်တန်းမှာ အခုလို ရာသီခွင်လေးတွေ ရှိတယ်။ ကိုယ့်ရာသီခွင်ကို ကိုင်ပြီး ဆုတောင်းရင် နောက်တခါ ထပ်လာရတယ်လို့ ပြောတယ်။ နပိုလီယန်တံတား။ အိမ်ကြီးရှင် ရိုက်ပေးတာ။ မြို့ဟောင်း အဝင် လမ်းအလယ်က နာရီစင်။ ခန့်ညားလွန်းလို့ လမ်းလယ်ကနေ ရိုက်ထားတာ။ အစ္စရေးကို စရောက်ရောက်ခြင်း ပထမဆုံးရောက်ခဲ့တာက  လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ဝက  မြို့ဟောင်း  Jaffa ကိုပါ။ Telaviv နဲ့ကပ်လျှက်မို့ နီးပါတယ်။ ( လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ဝကမြို့ကတော့ ဂျယ်ရီကိုဆိုတဲ့မြို့ပါ  ပါလက်စတိုင်းဘက်မှာမို့ မရောက်ဖူးပါဘူး)။  ရောက်စတုန်းက ရွာသူကလည်း မဖြစ်သေးတာမို့  မှတ်တမ်း ဓါတ်ပုံရိုက်ဖို့ သတိမရဘူး။ ကိုယ့်ပုံတွေပဲ လျှောက်ရိုက်နေတာလေ။ နောက်  […]


hmeeJanuary 5, 20121min129846
အနီးကပ်ရိုက်လိုက်တယ်။ ထိုင်းငါးပိထမင်းကြော်။ ကျွန်မ ရွာထဲကို စရောက်တော့ ၂၀၁ဝ နှစ်လယ်လောက်။ သူငယ်ချင်းတယောက်က မင်္ဂလာဈေး မီးလောင်နေတဲ့ အကြောင်း လှမ်းပို့တာကနေ ဂေဇက်ကို စရောက်ပါတယ်။ ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ပါပဲ သိပ်အလေးမထားမိဘူး။ သူကပဲ နောက်တခါ တခုထပ်ပို့ပါတယ်။ ဘာအကြောင်းလဲတော့ ကျွန်မလည်း မမှတ်မိတော့ဘူး။ အဲ့သည်မှာ ချက်ချင်း ပြန်မထွက်ဖြစ်ပဲ စာတွေ လိုက်ဖတ်မိတယ်။ မလည်မဝယ်နဲ့ ရွာထဲ စရောက်ခြင်းပါပဲ။ အဲ့ကနေစပြီး ရွာလည်ပါတော့တယ်။ ပထမဆုံး သတိထားပြီး ဖတ်မိတာက “သားလှလူလေး မေ့ရင်သွေး” ပါ။ ဘယ်သူရေးလဲတော့ မသိဘူး အဆုံးသတ်တော့ မပါရှာဘူး။ အဲ့စာကို လိုက်ရှာရင်းနဲ့ ဖတ်ကောင်းတာတွေ မှတ်သားစရာတွေ တွေ့လာတော့  Book marks မှာ မှတ်ထားလိုက်ပါတယ်။ နောက်တော့ နေ့တိုင်း […]


hmeeJanuary 1, 20121min67621
ပွဲပြင်ပြီး အုန်းနို့ခေါက်ဆွဲ။ ရွှေတောင်အုန်းနို့ခေါက်ဆွဲ ပွဲပြင်ထားတာ။ စားရန် အရန်သင့်။ ချက်စားဖြစ်တာက ခရစ်စမတ်နေ့ကတည်းက တင်မယ် စိတ်ကူးလိုက် ပျက်သွားလိုက်နဲ့ အခုမှ နှစ်သစ်ကူး အမှတ်တရ ချက်ကျွေးတယ် သဘောထားပြီး တင်လိုက်ပါတယ်။ ပါဝင်သော ပစ္စည်းများ ၁. ကြက်သားရင်ဗုံသား ( အတုံးသေးသေးလေးတွေ တုံးထားပါ)။ ၂.ကြက်သွန်ဥကြီး ၃၊၄ လုံးကို ကုဗပုံ အတုံးလေးတွေ လှီးထားပါ။ ၃. အရောင်တင်မှုန့် အနည်းငယ်။ ၄. ကြက်သွန်ဖြူ ၃၊၄ မွှာ နုပ်နုင်စဉ်းထားပါ။ ၅. ဆီ  အနည်းငယ်။ ၆. အုန်းနို့ အနည်းငယ်။ ၇. ငရုပ်သီးမှုန့် ( အကျက်မှုန့်ထက် အကြမ်းမှုန့်ကို  ဆီနဲ့ ကြော်တာက ပိုကောင်း)။ ၈. ပဲမှုန့် အကျက်မှုန့်။ […]


hmeeDecember 23, 20112min80229
ကိုဘလက်က အသားမပါဘူးလာ မေးလို့ ကမန်းကတမ်း အသားပါကြောင်း သက်သေပြဖို့ အပြေးအလွှား ဓါတ်ပုံရိုက်ပြီး ထပ်တင်လိုက်ပါတယ်။ 🙂 ပညာသည်မဟုတ်တဲ့ ပညာဝယ်လေး  မလုပ်တတ် လုပ်တတ် လုပ်ထားတာမို့ သူ့ခမျှာ ရုပ်လေးကတော့ မလှရှာပါဘူး။ ဒါပေမဲ့ အရသာတော့ ကောင်းတာမို့ အားပေးသွားပါဦး။ အားပေးပါဦး ကြက်သားပေါက်စီလေး။ ဒါက အနီးကပ်ပုံ။ ဇိမ်ပို့စ်ထဲမှာ အင်ဇာဂီက ပေါက်စီဓါတ်ပုံလေး တင်ထားတာတွေ့လို့  ပေါက်စီအကြောင်း ပို့စ်တင်ဖို့ အာရုံရသွားတယ်။  တမနက်လုံး ပေါက်စီလုပ်ဖို့ ဂျုံနယ်၊ အဆာအတွက်ပြင်နဲ့ အလုပ်ကိုရှုပ်လို့။ အားလုံးပြီးသွားတော့ ပေါက်စီတလုံး လက်ကကိုင်ပြီး ရွာထဲလည်း ဝင်လိုက်ရော မောင်မောင်ဂီဂီရဲ့ ပေါက်စီနဲ့ တန်းတိုးတာပဲ။  ဒါနဲ့  ရွာသူားတွေ ကိုယ်တိုင် အလွယ်လုပ်စားလို့ရအောင် ပေါက်စီလုပ်နည်းလေးတင်လိုက်ပါတယ်။ ပေါက်စီ (၈)လုံးစာ ၁. ဂျုံမှုန့် […]


hmeeDecember 13, 20114min60519
နှစ်ခြင်းခံမဲ့ သူတွေပါ။ နှစ်ခြင်းခံနေတာပါ။ ဂါလီလီရေပြင်။ ဂါလီလီရေကန် ကမ်းစပ်က ငါးတွေဖမ်းတဲ့နေရာမှာ ရှိတဲ့ ဘုရားကျောင်း။ ဘာသာစကားမျိုးစုံနဲ့ ရေးထားတဲ့ နှစ်ခြင်းခံခြင်းအကြောင်း စာပိုဒ်လေး။ တရုပ်၊ ဂျပန်စာရောတွေ့ပါရဲ့။ ပန်းပုလေးပါ။ ဂျုတီဖရီးဆိုင် နံရံက နှစ်ခြင်းခံနေတဲ့ပုံလေးကို သဘောကျလို့ရိုက်လာတာ။ ဂျော်ဒန်မြစ်ပါ။ ဟိုး…လက်ယာဘက်က အဖြူတန်းလေးက တမံတုတ်ထားတာလေးပါ။ ဂျုတီဖရီးဆိုင်ကို ဂျောဒန်မြစ်ကမ်းဖက်က ရိုက်ထားတာ။ ဂျုတီဖရီးဆိုင် ဝင်ပေါက်နေရာပါ။ ကျွန်မတို့တွေ  ဂါလီလီရေအိုင်ဘက်ကို ခရီးထွက်ဖြစ်ကြပါတယ်။ ကျွန်မလည်း ကင်မရာကို အိတ်ထဲသေချာ မမေ့မလျှော့ထည့် စာအုပ်တအုပ်နဲ့ ဘော့ပ်င်ပါ မကျန်စေရ ဝိရီယတွေ  ကောင်းနေပါတယ်။  ငယ်တုန်းက သမိုင်းမှာ သင်ခဲ့ရတဲ့ ဂါလီလီရေအိုင် နောက် စာအုပ်တွေမှာ ဖတ်ရတဲ့  အစ္စရေးစစ်ပွဲတွေထဲက ဆီးရီးယားနယ်စပ်ပါ ရောက်ရင်ရောက်မယ်လို့ လိုက်ပို့တဲ့  အစ်ကိုကြီးက  ပြောလို့ ရင်တွေခုန်ပေါ့။ […]


hmeeDecember 5, 20113min77632
အာလူးချောင်းကြော်၊ ဗယာကြော်။ ဒါလည်း စားချင်သလောက် ယူစားခွင့်ရှိတယ်။ ဒါလည်း ဆလပ်ပါပဲ။ လွတ်နေတဲ့နေရာက ဆလပ်ကုန်သွားလို့ အသစ်ပြန်လုပ်နေလို့ လွတ်နေတာ။ ဘယ်ဘက်အစွန်က ခရမ်းချဉ်သီးအနှစ်၊ ခရမ်းသီးအနှစ်၊ ငရုပ်သီးအနှစ်၊ ကုလားပဲအနှစ် စတာတွေ ထည့်ထားတဲ့ ဇလုံတွေပါ။ ဆလပ်တွေပါ။ ကိုယ်ကြိုက်ရာကို ကြိုက်သလောက် စားခွင့်ရှိတယ်။ ကြက်သား အသားလွှာတွေကို အဲ့လိုကင်တာ။ Shawaram ကို အနီးကပ်ရိုက်ထားတာ။ အဖြူအနှစ်တွေက humous လို့ခေါ်တဲ့ ကုလားပဲနှစ် အရမ်းစိမ့်တယ်။ ဗယာကြော်၊ အာလူးချောင်းကြော်၊ အသီးလေးတွေက သံလွင်သီးကို အချဉ်တည်ထားတာပါ။ ဖန်လွန်းလို့ မစားနိုင်ပါဘူး။ ရွာသူားတွေကို ပြချင်လို့ ထည့်လာတာ။ ဆလပ်တွေပါ။ ခရမ်းချဉ်သီး အနှစ်ဆမ်းထားတာ။ ကျွန်မလည်း ပြီးခဲ့တဲ့ ရက်တွေတုန်းက နေမကောင်းတာရယ်၊ ပျင်းတာရယ် ရောပြီး စာကို မရေးဖြစ်ဘူး။ […]


hmeeNovember 19, 20111min66618
ဒီနေ့တော့ အေးအေးဆေးဆေးပါပဲ။ အရင်နေ့တွေလို အလုပ်သိပ်မရှုပ်လို့ အေးရာအေးကြောင်း။ တလင်းကလည်း သိမ်းပြီမို့   တလင်းစောင့်အတွက် ညနေစာ ထမင်းပို့စရာမလို။ ညနေမီးသံချောင်း ခေါက်သံကြားတော့ မီးမွှေး ရေနွေးအိုး အရင်တည်။ အညာက မီးဖိုဆိုတာက သစ်သား လေးချောင်းထောက်စင်ပေါ်မှာ   မြေကြီးအပြည့်ထည့်  ညီအောင်ခင်းပြီး အုတ်နီခဲ နှစ်လုံးဆင့်စီတင်။  စုစုပေါင်း ရှစ်လုံးဆိုတော့ တခါတည်း အိုးသုံးအိုး အပြိုင်တည်လို့ရတယ်။ အရှေ့ဘက်ဆုံးမှာက အမဲနှပ်အိုး။ သူ့ဘေးက ရေနွေးအိုး။ တခါတည်း အနောက်ဘက်ဆုံးဖိုကို မီးကူးပြီးထား။ ပြီး  ဆန်ဆေး။ တခါတည်း  ထမင်းအိုးပါတည်ရော။  ပြောင်းဖူးအူတိုင်မီးကလည်း ဂရုစိုက်ရင် စိုက်သလောက် တောက်အားကောင်းတော့ တအောင့်ပဲ။ ရှိရှိသမျှ ဓါတ်ဗူး၊ ရေနွေးအိုးတွေ  ခတ်ပြီးတော့ ထမင်းအိုးက ပွက်ပြီ။ သူ့ ဌဲ့ပြီးတော့  မီးတောက်တွေဖယ်  မီးကျီခဲကို […]


hmeeOctober 28, 20114min35410
အိမ်ရဲ့ အရင်က ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ပြတဲ့ မြေပုံ။ ဘုန်းကြီးတွေ အဲ့ခုံ အနောက်မှာ ရပ်ပြီး တရားဟောတာ။ ဒီလို နိုင်ငံအများကြီးက လှုထားတဲ့ ပန်းချီကားတွေက နိုင်ငံနာမည်တွေထိုးလို့ နံရံအပြည့်ပါ။ ကျောင်း အဝင်က သံထွင်းတံခါးကြီးကလည်း ခမ်းနားလှပါတယ်။ ယောသပ် အလုပ်ခန်းပုံ နံရံက ပန်းချီပါ။ မယ်တော် မာရိ အသုံးပြုခဲ့တဲ့ ဘေစင်နေရာပါ။ မြောက်ဖက်က ရိုက်ထားတာပါ။ ရှေ့တည့်တည့်က မြင်ကွင်း။ နာဇာရက်ကို သွားခဲ့တာက နဲနဲကြာပြီဆိုတော့ အချိန်တွေ ဘာတွေ သိပ်မမှတ်မိတော့ဘူး။ အစ္စရေးလို့ ဆိုလိုက်တာနဲ့  လူတွေမျက်လုံးထဲ ဘာအရင်ပြေးမြင်လဲဆို သဲကန္တာရ အရင်ပြေးမြင်မိတာပဲ။  တကယ်တော့ တနိုင်ငံလုံး ကန္တာရကြည့် မဟုတ်ပါဘူး။ နိုင်ငံလေးက ငယ်ပေမဲ့ အစုံရှိပါတယ်။  သစ်တောတွေ ဖုံးနေတဲ့ မြင့်မားတဲ့ […]


hmeeOctober 25, 20113min47213
ညာဘက်က တံတားလေးကနေ တက်သွားရတာပါ။ ဒေးဗစ်ဘုရင် အုတ်ဂူပါ။   ဒီတစ်ခါ အိမ်ကစထွက်တော့ မနက်(၈)နာရီ  ဂျေရုစလင်ရောက်တော့ (၁၀)နာရီ ကျော်ကျော်ပဲ ရှိသေးတယ်။ Dom of The Rock က  (၁၂) နာရီမှ ဖွင့်မှာ စောနေသေးလို့  ဂျေရုစလင်မြို့ထဲ  လျှောက်သွားပါတယ်။  ဂျေရုစလင် အသည်းနှလုံးလို့ တင်စားထားတဲ့  Ben Yehuda Street  မှာ လမ်းလျှောက်ဖို့ ကြံကြပါတယ်။  လမ်းမရောက်ခင်မှာ ကားပေါ်ကဆင်း ပြီးတော့ အဲ့ဒီလမ်းဆီ ခြေလျှင် ချီတက်ကြပါတယ်။ အဲ့လမ်းက ကားဝင်လို့ မရပါဘူး။  သူက တောင်စောင်းလို ဆင်ခြေလျှော တလျှောက် ရှိနေတဲ့လမ်းပါ။ ဘေးနှစ်ဖက်က ဆိုင်တွေ လမ်းလယ်မှာက ခုံတွေခင်းထားပါတယ်။ တချို့နေရာလေးတွေမှာ လမ်းလယ်ပန်းဆိုင်က အလှအပနဲ့   သစ်ပင်ကြီးတွေ […]


hmeeOctober 21, 20112min66826
ရဘိုင်တွေ ဘုရားရှိခိုးနေတာ။ ရဘိုင်တွေပါ။ လိုချင်တဲ့ဆုကို စာရွက်မှာရေး ပြီးတော့ ကျောင်းတော်ဟောင်းရဲ့ အုတ်ကြားထဲ ထည့်ပြီး ဆုတောင်းကြပါတယ်။ အုတ်ကြားထဲက အဖြူလေးတွေက စာရွက်လေးတွေပါ။ ဂျေရုစလင်က တောင်ပေါ်မြို့လေးပါ။ တောင်စောင်းတွေမှာ တိုက်တွေတည်ထားတာများ အလွန်လှပါတယ်။ တောင်စောင်းတွေမှာ တည်ထားလို့များ ကားလမ်း မပေါက်ဘူးမထင်နဲ့  ချောင်လျှိုချောင်ကြားမကျန် ကားလမ်းပေါက်ပါတယ်။ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ် ပစ္စည်လေးတွေဟာ ဂျေရုစလင်မြို့ပုံစံကို ပုံဖော်ထားတယ် ထင်တာပါပဲ။ တောင်စောင်းမှာ တည်ထားတဲ့ မြို့ပုံစံလေးတွေ ထွင်ထားတာပါ။ ဂျေရုစလင်ဟာ အစ္စရေးရဲ့ မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ပါ။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝခန့်က ဒေးဗစ်ဘုရင်က တည်ခဲ့တာပါ။  အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်လို့ ဝန်ကြီးဌါနအားလုံး (ကာကွယ်ရေးဝန်ကြီး ဌါနမှ လွဲပြီး)  ဂျေရုစလင်မှာ ရုံးစိုက်ကြပါတယ်။ အနာဂါတ်မှာ ပေါ်ထွန်းလာမဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော် […]