“ဟယ်လို….. လှိုင်ထွန်းစကားပြောနေပါတယ်ခင်ဗျာ….. Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…”           ရုံးခန်းသို့ရောက်ရောက်ချင်းပင်  မြည်လာသောဖုန်းကိုကိုင်လိုက်ကာ  ပြောနေကျစကားအတိုင်း  ကျွန်တော့်နှုတ်မှ ထွက်ကျသွား၏။ တစ်ဖက်မှပြောသောစကားသံကို ကြားရလိုက်ရသဖြင့် အတတ်နိုင်ဆုံး (English) အင်္ဂလိပ်လို ယဉ်ကျေးစွာ ကျွန်တော်ဖြေဆိုနေရသည်။ တစ်ဖက်မှ ဖုန်းချသွားကာမှ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရ၏။ နံနက်ပိုင်း စီးလာသော ဘတ်(စ်)ကားကြပ်ပါသည်ဆိုမှ ရုံးသို့ရောက်ရောက်ချင်းပင် Tourist ဖုန်းနှင့်တွေ့ရသဖြင့်  ပိုလို့ပင် အမောဆို့သွားရသည်….။           ထိုင်ခုံပေါ်တွင်ထိုင်နေရင်းပင် ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်။ ပြည်ပခရီးသွားခြင်း ဝန်ဆောင်မှုလုပ်ငန်းအား ဝါသနာပါသောကြောင့်သာ Travel & Tours တစ်ခုတွင် စာရင်းကိုင် (Accountant) နေရာတွင်… လုပ်နေသော်လည်း Hotel (ဟိုတယ်လ်) အများအပြားနှင့် ဆက်ဆံရခြင်း ၊ Tourist (နိုင်ငံခြားသား) […]


ရွှေလက်ကောက် တစ်တောင်ဆစ်လောက်နဲ့ ပိုက်ဆံအိတ်အိတ်ကို ချိုင်းမှာချိတ်လို့  ဖြိုးအောင်ရှေ့မှာ ထောင်တန်တစ်ထပ်ကို တံတွေးဆွတ်ပြီး ရေနေတဲ့ ဒေါ်ရွှေပုရဲ့လက်ကို မျက်လုံးကမခွာနိုင်ဘူးဖြစ်နေသည်။ “သုံးသောင်းနော်.. ငဖြိုး… နင့်မို့လို့ အတိုးကို  တစ်ရက်….ငါးရာပဲယူတာ……….” ဒေါ်ရွှေတုတ်ကြီးလက်ထဲမှ ငွေသုုံးသောင်း ဖြိုးအောင်လက်ထဲသို့ ရောက်လာလေသည်။ ဖြိုးအောင် ငွေသုံးသောင်းအားကြည့်ရင်း ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုပင်။ သည်ငွေသုံးသောင်းအတွက်  ဖြိုးအောင် ဒေါ်ရွှေပုကြီးအား အကြွေးသုံးသောင်း မပေးနိုင်တဲ့အချိန်အတွင်း တစ်ရက်ကို မတ်တိုး ငါးရာပေးရမည်ဖြစ်သည်။ ဒါက ဖြိုးအောင်တို့လိုမျိုး ဆင်ခြေဖုံးရပ်ကွက်တွင် ထုံးစံလိုဖြစ်နေသည်။ ငွေကြေးတစ်ရက်တာ အဆင်မပြေသူများ အလောတကြီးလိုသူများ ဈေးရောင်းရန်အတွက် အရင်းလိုနေသူများသည် မတ်တိုး (သို့မဟုတ်) နေ့သွင်းပေးရျ် ယူကြရသည်။ (မတ်တိုး – အရင်းမပေးနိုင်မချင်း… တစ်ရက်အတိုး(ယူသောငွေပမာန၏ 5 (သို့) 10 ရာခိုင်နှုန်း) ပေးသွားရမည်ဖြစ်သည်။) (နေ့သွင်း – […]


နှင်းတွေ ကျလာပြီ။ နှုတ်ဖျားက ‘ဒီဇင်ဘာ’ လို့ တိုးတိုးလေး ရေရွတ်မိနေတယ်။ တကယ်တော့ နှင်းလို့ပြောလို့ မရတဲ့ မြူတွေပေါ့။ ဒီဇင်ဘာရောက်ပြီ ရန်ကုန်ဆောင်းကတော့ ခြောက်ကပ်ကပ်ပါပဲ။ နံနက်မိုးလင်းရင် အပြင်ဘက်မှာ အနည်းငယ် မြူတွေစိုစွတ်နေတာက လွဲလို့ပေါ့။ မအေးဘူး မချမ်းဘူး ငွေ့ငွေ့လေးတော့ အေးနေတယ်။ ဝရန်တာမှာတော့ ကျွန်မချစ်တဲ့ လိပ်ပြာသစ်ခွတွေ ပွင့်နေတယ်။ Expresso ကော်ဖီ နှစ်ခွက်ဖျော်ထားတယ်။ အအေးဓာတ်နဲ့လိုက်ဖက်တယ်လေ။ ဝရန်တာ လက်တန်းပေါ်က မြူငွေ့ရည်ဖွဲ့နေတဲ့ စိုစွတ်မှုကို လက်နဲ့ပွတ်သပ်ကြည့်မိတယ်။ ကွက်လပ်ဆိုတဲ့ ခံစားချက်တစ်ခု လိပ်ခဲတည်းလည်းနဲ့ ကော်ဖီပူပူ တစ်ငုံလောက် ကိုယ်ထဲစီးဆင်းသွားတယ်။ လစ်ဟာနေတဲ့ ခံစားချက်ဟာ မျှော်လင့်ချက်တွေပါ ရိုက်ချိုးပစ်သလို ပါပဲ။ ပန်းအိုးထဲက လိပ်ပြာသစ်ခွကို ကတ်ကြေးနဲ့ တစ်ချက်ဖြတ်လို့ စားပွဲပေါ်က ပန်းအိုးလေးထဲ ထိုးလိုက်တယ်။ ဟုတ်တယ်လေ […]


    ကလင်းးးးးးးးးးးးးးးးးကလင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး နှိုးစက်ကထွက်လာတဲ့အသံ။ ဖွင့်မရတဲ့မျက်လုံးအစုံကိုမဖွင့်ဘဲ လက်နဲ့စမ်းကာပိတ်လိုက်တယ်။ ကျွန်မသိနေ တယ်။ ဒီနေ့ ကျွန်မနောက်မကျဘူး။ ဒီနေ့တနင်္ဂနွေနေ့လေ အလောတကြီး ကမန်းကတန်း ပြေးလွှားရုံးကန်ရတဲ့ ရသတ္တပတ်အားလုံးရဲ့ ပင်ပန်းသမျှအချိန်တွေ သည်မနက်လေးတင်ပဲ အားယူရတာ မဟုတ်လား။ မြန်မာနိုင်ငံက ပုပ္ပလိဂ ဝန်းထမ်းတွေအတွက်တော့ တနင်္ဂနွေဆိုတာ ရသတ္တပတ်အားလုံးရဲ့ အပန်းဖြေရက်လည်းဟုတ်သလို နေ့တိုင်းလိုလို အလျှင်စလိုချက်ပြုတ်ကာ ရုံးအမီပြေးရတဲ့နေ့တွေကြောင့် ကိုယ်စားချင်တာလေး ချတ်ပြုတ်စားရတဲ့ နေဆိုလည်းမမှား ဘူးလေ။ ကျွန်မတို့လို တစ်ကိုယ်တည်းသမားတွေအတွက်တော့ နံနက်လင်းဝေလီဝေလင်းလေးဟာ ပင်ပန်းသမျှတွေရဲ့ အကောင်းဆုံးအနားယူချိန်မဟုတ်လား။ နှိုးစက်ကိုပိတ် ခေါင်းအုံးပေါ်ကို ဆက်လက်ထိုးအိပ်လိုက်တာပါပဲ။ ဒီနေ့က တနင်္ဂနွေနေ့လေ။   ဗိုက်ကတစ်ချက်ဆန္ဒပြလာတာနဲ့ နာရီလှမ်းကြည့်မိတော့ (၁၀)နာရီခွဲ။ သွားတိုက်၊ မျက်နှာသစ် ဆံပင်ကိုဖြီးလိမ်း ပြီးမနက်စာဗိုက်ဖြည့်ဖို့ အပြင်ကိုခြေလှမ်းဦးတည်ပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် တနင်္ဂနွေနေ့ မေမေရှိစဉ် […]


ဒီနေ့ အရင်နေ့နှင့်မတူ ညနေစောင့်အချိန် တိမ်များထူထပ်လို့နေသည်။ အိမ်အပြန်ဝယ်စရာရှိသည်နှင့် ရုံးကိုခွင့်တောင်း ကာ နာရီအနည်းငယ်စော၍ ဆင်းလာခဲ့မိသည်။ ပြီးခဲ့သည့်တနင်္ဂနွေညမှ ပြန်ရောက်သော ကျိုက်ထီးရိုးဘုရားဖူးခရီး ကြောင့်လည်း အလွန်ပင်ပန်းသည်မို့ အိမ်တွင်စောစောပြန်နားမည်ဟု ဆုံးဖြတ်ကာ ရုံးမှစောဆင်းလာခြင်းဖြစ်၏။ ကျိုက်ထီးရိုးခရီးကို သူငယ်ချင်းများနှင့်အတူ ခြေလျင်တက်ခဲ့ရသည်ကတစ်ကြောင်း၊ ရေတံခွန်ဆိုသည့်နေရာအား မမောနိုင်မပန်းနိုင် သွားခဲ့ရသည်ကတစ်ကြောင်းမို့ အိမ်ရောက်သည်နှင့်မည်သို့မျှ မလှုပ်နိုင်အောင်ဖြစ်နေတော့သည်။ ရုံးကိုတစ်ရက်လောက် နားချင်သော်လည်း ခွင့်ယူသောရက်များနှင့် သူဌေးမျက်နှာပျက်မည်စိုးရိမ်သောကြောင့် ရုံးတက်ရ သော်လည်း လူကတော်တော်လေး ပင်ပန်းနေသည်။ ညနေစောင်းလာသည်နှင့်အေးလာသောကြောင့် ညောင်းညာမှုဒဏ် များက တဆစ်ဆစ်နှင့်ကိုက်လာတော့၏။ အိမ်စောစောပြန်နားမှဟုတွေးကာ ရုံးမှထွက်လာခဲ့တော့သည်။   အမှန်ဆိုလျှင် ခရီးပန်းလာသောပင်ပန်းမှုထက် လမ်းခရီးတွင်ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကို မမေ့နိုင်သောကြောင့် စိတ်မကောင်းဖြစ်ရသည်က ပိုသည်ဟု ကျွန်မထင်မိသည်။ ယခုလိုညနေစောင်း တိမ်တွေခပ်အုံ့အုံ့ခပ်မှိုင်းမှိုင်းများနှင့် မျောချင်ရာမျောနေသည်ကို ကြည့်ပြီးရင်ထဲမှပို၍ပင်မကောင်းဖြစ်သွားမိသည်။ ကျွန်မနှုတ်ဖျားမှ စကားတစ်ခွန်းတိုးတိုး ညင်သာစွာထွက်ကျလာမိ၏။ […]


အောင် မိုးသူDecember 19, 20121min1583
“နာရီစင်ကြီးရယ်**********မကြာမီဆိုညည်းတော့မယ်******သီချင်းကြားထဲ နှစ်သစ်ကိုရောက်မယ်**** ဒီမှာကိုယ် တစ်ယောက်တည်း******နှင်းများတဖွဲဖွဲကျနေ ဒီညလေးကိုငေးမာကြည့်နေတုန်း…….” ကျွန်တော်ဖြတ်လျှောက်သွားတဲ့ လမ်းမတစ်လျှောက်မှာ အလွမ်းနှစ်ကူးဆိုတဲ့ သီချင်းသံလေးတွေ ညံစီလို့။ အောက် စွပ်ကျယ်တစ်ထပ်နဲ့အပေါ်က ခေါင်းစွပ်(Hoody)ကို ကျွန်တော်ဝတ်ထားတယ်။ ရန်ကုန်ဆောင်းလား သိပ်မအေးဘူး။ နှင်းကျလားဆိုတော့ သိပ်မကျဘူး။ မြူတွေလောက်ပဲတွေ့ရတတ်တဲ့ ရန်ကုန်ဆောင်းရယ်။ ဒီညလား ဒီညက နှစ်သစ်ကူး (New Year) ညလေ။ ဒါကြောင့် လမ်းတိုင်းလမ်းတိုင်းလိုလို လူစည်ကားနေတာ။ နှစ်သစ်ကို ကြိုကြတော့မယ် လူငယ် လူကြီူး အစုံအလင်ပါပဲ။ ကျွန်တော်လည်း လူငယ်မို့ နယူးရီးယားညကိုကြိုဖို့ သူငယ်ချင်းအိမ်ကိုထွက်လာမိတယ်။ လက်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့မိနစ်သုံးဆယ်။ ချမ်းစိမ့်စိမ့်ရာသီကြောင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ် ထဲ ထည့်ပြီးလမ်းလျှောက်လာမိတယ်။ ကျွန်တော့်နှုတ်မှလည်း ထိုသီချင်းကို ညည်းနေရင်း လမ်းလျှောက်နေမိတယ်။ “လူတွေအားလုံးသိပ်ပျော်တယ်**********ဒီလိုနှစ်သစ်ရောက်ရင်ကွယ်****ပျော်စရာသီချင်းသံများနဲ့***မင်းပျော် နေတာ့မယ်****ငွေရောင်လကကောင်းကင်ထက်***ကိုကြည့်ရင်းငိုချင်တယ်***နှစ်သစ်ရောက်ရင်ပြန်ခဲ့မယ်** ခုတော့ကိုယ့်ကိုမေ့ပြီကွယ်****” တိုးတိုးလေးညည်းနေတဲ့ကြားထဲ အေးစိမ့်တဲ့လေတစ်ချက်အဝေ့ကြောင့် ကျွန်တော်မျက်ဝန်းတွေထဲမှာ […]


အောင် မိုးသူSeptember 22, 20121min1953
ဖဖေတေဲ့………………………………။ ဘောလ်ပင်နဲ့စာရွက်အကွာအဝေးကပဲ ကျွန်မအတွက် ကမ္ဘာခြားလွန်းနေ သလိုလို။ ဆို့နင့်လာတဲ့လည်ချောင်းဝကနေ ကျွန်မအားတင်းပြီး ခေါ်ကြည့်မိသည်။ “ဖေဖေ……….”။ ထိုနာမ်စားအား ကျွန်မနှုတ်ဖျားက ခေါ်ခွင့်မရခဲ့တာ နှစ်ပေါင်း(၂၁)နှစ်ရှိတော့မယ်။ စာရွက်ပေါ်မှာရေးမိတဲ့ စာသားတွေက ဝတ္တုတစ်ပုဒ်မဟုတ်ဘဲ ဖေဖေဆိုတဲ့စာသားတွေဖြစ်နေမိတာ ကျွန်မ မမှားပေ။ တစ်ချက်သာ ရှိုက်ပြီး မျက်ဝန်းထောင့်က မျက်ရည်တစ်စသာ စာရွက်ပေါ်ကို ဖောက်ကနဲ ကျသွားသည်။ စာရေးဖို့ ဘော်လ်ပင်ကိုင်ထားတဲ့ ကျွန်မလက်ဖျားတွေက တုန်ခါလို့ စားပွဲခုံပေါ်သာ ကျွန်မခေါင်းငိုက်စိုက် ကျသွား၏။ နောက်နေ့အမေ့ကို အဖေ့အကြောင်းသေချာ မေးရဦးမည်။ စာရေးဝါသနာပါသောကျွန်မ အွန်လိုင်းပေါ်ကဆိုရှယ်ဝက်ဆိုက်ဒ်များမှာ ဝါသနာရှင်ကလောင်လေးကို သွေးရင်း သွေးရင်း စာများကိုအနည်းငယ် ရေးဖြစ်ခဲ့သည်။ တစ်ရက်တော့ သတင်းတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မဆီ ရောက်လို့လာခဲ့သည်။ “ဟေးးးးးးးးးး….ဆူး” “ဟေးးးးးးးးးးးးးးးးဖြူ” “နေကောင်းလား…ဆူး ငါနင့်ကိုသတင်းတစ်ခုပေးမလို့” “အင်း..ကောင်းပါတယ်.. ဘာသတင်းလဲဟ” “အော်….. […]


သည်ရပ်ကွက်ထဲမှာ ဘကြီးအောင်ကို မသိသူမရှိသလောက်ဘဲ……။ ဘကြီးအောင်ဆိုတာကလည်း… ဒီမြို့နယ်လေးမှာပဲ မွေးခဲ့တာဆိုတော့…. လူဟောင်း၊လူသစ်အကုန်သိနေတာပေါ့…..။ ဘကြီးမှမဟုတ်ပါဘူး..။ ဘကြီးအောင်တို့ အဖေ၊ အမေ၊ အဖိုးတို့ကတည်းက သည်မြို့နယ်လေးမှာနေခဲ့တာကိုး….။ တောင်ဥက္ကလာ ဆိုတဲ့ သည်မြို့နယ်လေးကလည်း….အရင်တုန်းက ခုလိုဘယ်ဟုတ်မလဲ….။ မြို့သစ်ဆိုတဲ့အတိုင်း ဖုန်တထောင်း…ဖုတ်တထောင်းထောင်းနဲ့ အိမ်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ ရှိသေးဆဲပေါ့….။ အဲသည်ကတည်းက ဘကြီးအောင်တို့ အဖိုးတွေက သားသမီးတွေနဲ့ မြို့သစ်ကလေးမှာ နေလာခဲ့ကြာတာ လေ။ ဘကြီးအောင်ကြီးလာတဲ့အထိပဲ… ။ ကျောင်းပိတ်ရက်တွေ ၊ လသာတဲ့ညဘက်တွေဆို…. ဘကြီးအောင်ရဲ့ အိမ်ခြံဝန်းလေးထဲမှာ ကလေးတွေမှ တပြုံကြီး….။ ဗဟုသုတ ပုံတိုပတ်စလေးတွေ ပြောတတ်တဲ့ ဘကြီးအောင်နားမှာ ကလေးတွေ ဝိုင်းနေတာပေါ့…။ မိုးအကုန် ဆောင်းအကူး မြောက်ပြန်လေအေးအေးတိုက် နေတဲ့….ညနေခင်းတစ်ခုမှာ…. ဘကြီးအောင် အရင်ကအကြောင်းတွေတောင် ပြန်စဉ်းစားမိနေသေးတယ်…..။ ကြာခဲ့ပါပြီဆိုတော့လည်း….. ဘကြီးအောင်တော့ အမှတ်ရနေတုန်း……။ […]