“အိမ်” ဆိုတဲ့ စကားလုံးလေးကို ကြားလိုက်ရတာနဲ့ အဝေးရောက်နေသူများအဖို့ လွမ်းဆွတ်မှု၊ နွေးထွေးသလို ခံစားမှုနဲ့ အိမ်မှာရှိတဲ့ အိမ်သားအားလုံးကို သတိရမှုတွေအကြောင်း မိမိ မျက်နှာနဲ့မျက်ဝန်းတွေက အလိုလို ဖော်ဖော်ပြနေကြတယ်။ အိမ်မှာရှိနေတုန်းက တန်ဖိုးမထားခဲ့မိ။ အဝေးရောက်သွားမှ အိမ်ဆိုတဲ့ နေရာလေးတစ်ခုမှ ရှိနေကြတဲ့ အမေ့ရဲ့ မေတ္တာ၊ အဖေ့ရဲ့ စေတနာ၊ ညီအစ်ကို မောင်နှမများရဲ့ ပွင့်လင်းနွေးထွေးတဲ့ မေတ္တာတွေကို နားလည်တတ်ခဲ့ပြီ။ “ဘဝ” ဆိုတဲ့ ဘတ်စကားကြီးကို စီးနေကြချိန်မှာ ခရီးဖော် မိတ်ဆွေ၊သူငယ်ချင်း များနဲ့ ဆုံကြချိန်မှာတော့ အိမ်ဆိုတဲ့ မှတ်တိုင်ကြီးတစ်ခုကို အခါအလျှောက် မေ့လျှော့ခဲ့ဖူးကြပေလိမ့်မည်။ ဘဝ ဆိုသည့် ဘတ်စကားကြီးပေါ် စီးလာတာချင်း တူပေမယ့် တစ်ဦးနှင့်တစ်ဦး အဆင်းမှတ်တိုင်ချင်း မတူကွဲပြာကြသဖြင့် တစ်နေ့နေ့ ဆိုသည့်အချိန်မှာတော့ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ခွဲခွာကြရသည်မဟုတ်ပါလား။ လမ်းခရီးတစ်လျှောက် […]