ခွိ။ ခရစ်စမတ်ကို ချစ်ရင် ဘာသာအယူလွဲတော့မဲ့အတိုင်း စိုးရိမ်ပူပန်ကြသော အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ သူမို့ ခရစ်စမတ်ကို ချစ်ကြောင်း ရဲရဲကြီးမပြောဝံ့တာကိုကြာပါပေါ့။ နို့မို့ မျိုးချစ် ဘာသာချစ်တွေက မြန်မာ့နေ့ကြီး အခါကြီးတွေ သိလို့လားတို့ ဘာတို့မေးမှာလည်း ကြောက်ရသေးးးး :mrgreenn: ဘာဖြစ်ဖြစ်ပေါ့နော့။ ပြောချင်တာပြောကြပေါ့။ ဆောင်းကိုချစ်လို့ ခရစ်စမတ်ကိုပျော်တယ်။ ကျောင်းရက်ရှည်ပိတ်လို့ပျော်တယ်။ ခရစ်စမတ်မှာ မောင် နှမ အမျိုးတွေ စုံလို့ပျော်တယ်။ အစား မျိုးစုံစားရလို့ ပျော်တယ်။ ရေးဖူးတယ်နော်။ အဲအကြောင်းးးး အဲ။ စလုံးရောက်တော့ မီးရောင်စုံမြင်ရလို့ပျော်တယ်။ ၂၀၀၉ က ခရစ်စမတ်နေ့ကြီး ဟောင်ကောင် ဒစ်စနေလန်း ရောက်ဖူးတော့ အပျော်မျိုးစုံတွေ့ရလို့ပျော်တယ်။ ခရစ်စမတ် ကို ပျော်တယ်ပြောမိလို့ ဗုဒ္ဓဘာသာမစစ်ဘူးးး ဘာဘူးးး လာထင်လို့ကတော့ လဲသေကြလို့ ပြောလိုက်ချင်တယ်။ (အိမ်မက်ထဲမှာပါ၊ အပြင်မှာတော့ […]