ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ထဲသွားရင်း တွေ့လာတဲ့ ပွဲလေးတစ်ခုပေါ့။
ကျနော့ ဆိုက်က များသောအားဖြင့် ရှော့ပင်းစင်တာတွေမှာ ရှိတာ။
အပြန်ကျရင် သွားချင်ရာသွားးး ဝယ်ချင်ရာဝယ်ရုံပဲ။
ထားပါတော့။ အဲဒါ သွားရင်းလာရင်း အဲ့ဒီ နေရာ စုစုလေးကို မြင်လိုက်တာ အလုပ်ထဲကို အာရုံက မရတော့ဘူးးး။
ပြီးပြီ ဆိုတာနဲ့ တန်းပြေးတာ။ ပြေးသာ ပြေးရ ဖုန်းတစ်ခုပဲ ပါတာ။ အဲတော့ ဖုန်းကင်မလာလေးနဲ့ပဲ ကြိုးစားရိုက်ခဲ့တာပါ။
ကြည့်လိုက်ပါဦးနော်။
ဟို အရင် အာတီဒုံ ပို့(စ) မှာပြောဖူးတယ်ထင်ပါတယ်။ ဒီက ကျောင်းတွေမှာ ပရောဂျက်လေးတွေရှိရင် နေရာ အနှံ့က အိမ်တွေကို အိတ် (ဒါမှမဟုတ်) ပုံးလေးတွေ ကို ကျောင်းသားလေးတွေက လာထားလေ့ရှိပါတယ်။
အိမ်မှာ လည်း မသုံးချင်၊ လုံးဝ လွှတ်ပစ်ရလောက်အောင်လည်း မဟုတ်သေးးး နှမြောနေသေးရင် စတဲ့ ပစ္စည်းတွေကို ပေးလိုက်လို့ရတယ်။
ဒါမှမဟုတ် ဘာပစ္စည်းပဲ ပစ်ပစ် အစားအသောက်ဟောင်းတွေနဲ့ ညစ်ပေနေတာမျိုးမဟုတ်ရင် ယူသွားပါတယ်။
ကျနော်လည်း ကိုယ့်တွေ့မကြုံခင်က ဘယ်လိုများလုပ်ကြတုန်းပေါ့။
ခု ပြပွဲလေးက ကျောင်းတွေက ကလေးတွေ ဒီလို ရီဆိုင်ကယ် ပစ္စည်းလေးတွေသုံးပြီး ဖန်တီးထားတဲ့ အရာလေးတွေကို ပြထားတဲ့ ပွဲလေးပါ။
၁) ဘယ်လို ပစ္စည်းလေးတွေ သုံးပြီး ဖန်တီးထားလဲ။
၂) ဘယ်လို အတွေးတွေနဲ့ ဖန်တီးထားလဲ။
၃) ဘာလေးတွေ ဖန်တီးထားလဲ စသည်ဖြင့်တွေ့ကြရမှာပါ။ ပြခန်း အကုန် ဆိုရင် ၁၀ဝ ကျော်ရှိတာပါ။ ကျနော် အလုပ်ဆင်းချိန် လိုက်ရိုက်ရတာမို့ ကမန်းကတန်းနဲ့ ၆ဝ လောက်ပဲ ပါပါတယ်။ ၂ ပို့(စ) ခွဲတင်ပါ့မယ်။
သူ့တို့ရဲ့ အိုင်ဒီယာလေးတွေကို ဓာတ်ပုံအောက်မှာ မူရင်း အတိုင်းရေး ချင်သော်ငြားးး ဘာသာပြန်ခိုင်းမှာ စိုးလို့ မရေးတော့ပါဘူးးး
သိချင်တဲ့ ပုံကိုသာ မေးပါတော့ ပြောပြပါ့မယ်။ ဘာပစ္စည်းလေးတွေ သုံးထားတယ် ဆိုတာက ကျနော် မှတ်မိသလောက် ပြောပြပါ့မယ်။ ဘာပုံလေးတွေ ဖန်တီးထားတယ်ဆိုတာတော့ ဓာတ်ပုံမှာ မြင်ရပါ့မယ်။
Post Views: 669
26 comments
ဦးကြောင်ကြီး
July 29, 2013 at 9:06 am
ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချီးကို ပန်းချီကားမှာ အရောင် ဆေးခြယ်ဖို့ သုံးနိုင်ရင် ဘောက်ကောင်းလိုက်မဲ… ပါဖျူးမ်အတွက်ဆို ကြောင်သေး… အနံ့ပျော့ပျော့ ကိုလုံးအတွက် ကြောင်ချီး… နိပ်ဟ..
KZ
July 29, 2013 at 11:32 am
များများစားပြီး ပါထားပြီး
အောင်ကြူး အရင် သိမ်းထားလိုက်။
ပရော့ဂျက်ရှိမှ ဆက်သွယ်လိုက်မယ် နော်။
😛
ဗုံဗုံ
July 29, 2013 at 10:23 am
ဒီထဲမှာ နာရီအဟောင်းတွေနဲ့ သရုပ်ဖော်ပုံကြိုက်တယ်
စဉ်းစားတတ်လို့
မိဗုံလည်း အိမ်က ဒန်အိုးအဟောင်းတွေ ဒယ်အိုးအဟောင်းတွေနဲ့ သရုပ်ဖော်အုံးမှ
KZ
July 29, 2013 at 11:33 am
ဗုံ့ မေမေ မျက်ခုံးလှုပ်နေလောက်ပြီ။ 😀
မင်းမင်း
July 29, 2013 at 11:13 am
အတွေးစိတ်ကူးလေးတွေကို အကောင်အထည်ဖော်ပြီးပြထားတာ
အတုယူစရာပါ။ ဒီလိုသိအောင်ဖော်ပြပေးလို့ လူတွေ အသိတမျိုးမျိုးရနိုင်ပါတယ်။
ရလို့လဲ အားပေးကြတယ်ထင်ပါတယ်။
သုတ တွေရလို့ ကျေးဇူးပါ။
ပိုပြီးအမြင်ကျယ်လေရအောင် အပိုင်း နှစ်ကိုသွားလိုက်ပါအုံးမယ်။
KZ
July 29, 2013 at 11:36 am
အန်လကယ် မင်းမင်းရေ။
ဟုတ်တယ်။
ကျနော်ကိုယ်တိုင် ကြည့်ရင်းနဲ့ကို ဒီလို လုပ်လို့လည်း ရပါလားဆိုတဲ့ အတွေးရသွားတယ်။
အမှိုက်က စ ပြဿဒ်မီးလောင်မဲ့ အစား ရွှေဖြစ်အောင် လုပ်နိုင်ကြရင် ပိုကောင်းမလားပဲ။
ပြောပါတယ်ဗျာ။
ကျနော်တို့ အတွေးတွေ က ဘောင်ထဲရောက်ကုန်ပြီလို့။
အမှိုက်ဆိုရင် သုံးစားမရဘူးလို့ပဲ သိတော့တာကလားးးး 😀
အရီးခင်
July 29, 2013 at 2:17 pm
မြန်မာပြည်မှာလဲ သတင်းစာအဟောင်း၊ ဂျာနယ်အဟောင်း၊ ပလပ်စတစ်၊ သံတိုသံစ အလကားမဖြစ်။ ငွေတောင်ဖြစ်ပါသေး။ 😉
ဒီပြပွဲ ထဲ က Creative အစွမ်းရှိတဲ့ ကလေးတွေ ထဲ တို့ မြန်မာလေးတွေ လဲ ပါနေမှာ သေချာပါတယ်။
KZ
July 29, 2013 at 3:06 pm
မှန်ပါ့ဗျာ အရီးရေ။
မြန်မာ ကလေးတွေ ရဲ့ ဉာဏ်ရည်က တခြားကလေးတွေနဲ့ ယှဉ်နိုင်ပါတယ်။
ချုပ်ချယ်မှု မရှိတဲ့ ဖန်တီးမှုတိုင်းမှာ ကျနော်တို့ ဆီက ကျောင်းသားတွေ က ထိပ်တန်းမှာချည်းပါပဲ။ 🙂
ကျနော်တို့ လူမျိုးက ဉာဏ်ရည် အရ တော်ပါတယ်။
စိတ်ဓာတ် အရလည်း အခြေခံ အားဖြင့်ကောင်းကြပါတယ်။ (ဟီးးး ဒီလောက်ပဲ ပြောပါရစေ)
မျိုးစေ့မှန် တယ် ခေါ်မှာပေါ့။
ရေမြေကောင်းတဲ့နေရာမှာ စိုက်ပျိုးနည်းလေးကောင်းသာ ကောင်းးးးးးးရင်………………….. ။ 😀
Ma Ma
July 29, 2013 at 4:08 pm
နာရီအဟောင်းတွေနဲ့ ပြောချင်တာကို သရုပ်ဖော်ထားတာကို ကြည့်ပြီးးးးး
တီထွင်ဖန်တီးမှုနဲ့ ပေါင်းလိုက်တာ စွန့်ပစ်ပစ္စည်းဆိုတာတောင် ပျောက်သွားတယ်။
တရားတစ်ပုဒ်နာဖူးတဲ့အထဲမှာ အမှိုက်ဆိုတာကို အဓိပ္ပါယ်ဖော်ထားတာ….
အသုံးမကျတာကို အမှိုက်လို့ ပြောတာမဟုတ်ပဲ
အမှိုက်ဆိုတာ နေရာမှားနေတဲ့ အရာတဲ့။
KZ
July 29, 2013 at 4:17 pm
ဟုတ်တာပေါ့ မမရေ။
မှတ်ထားရဦးမယ်။
ပကတိ တန်ဖိုးဘယ်လောက်မြင့်မြင့် သူ့ကို အသုံးမချနိုင်တဲ့ နေရာရောက်ရင် အမှိုက်ဖြစ်တာပဲပေါ့နော်။
🙂
မဟာရာဇာ အံစာတုံး
July 29, 2013 at 4:39 pm
Big Step Little Feet
ဒီပုံလေးကို အတော် သဘောကျဒယ် …
ဖိနပ်ကြိုး အစစ်ကို သုံးထားခြင်းထက် ..
ဆွဲထားတဲ့ ပန်းချီပုံရဲ့ အဒိဘယ် ကို သဘောကျတာ … နှစ်ခြိုက်တာ …
ဂွတ်ထ ဘဲ မမကေဇက် ရာ ..
KZ
July 29, 2013 at 4:56 pm
ကျန်းးးးး
မောင်ဂလေးက သေချာကို ကြည့်သွားတာတော့။
ဒီပုံကလေး က အတွေးရော၊ သရုပ်ဖော်တာလေးရော ကောင်းတယ်။ 🙂
Mr. MarGa
July 29, 2013 at 7:30 pm
ပုံတွေကို ကြည့်လိုက်တယ်
အတွေးတစ်စ ထွက်လာတယ်
ဪ………..တစ်ချိန်က ငုံ့ကြည့်ခဲ့ရတဲ့ တိုင်းပြည်
အခုတော့ မော့ကြည့်နေရပြီ
ကလေးချင်း တူရင်တောင်
ငါတို့ ကလေးတွေမတော့ ဒီလို အခွင့်အရေးတွေ အခွင့်အလမ်းတွေ ရဖို့က ဝေးနေဆဲပါလား လို့
ဒီအတွေးကိုတော့ အားငယ်တယ်ဆိုပြီး အပြစ် မဆိုလောက်ဖူး ထင်ပါရဲ့လေ
🙁
KZ
July 30, 2013 at 5:49 pm
အားမငယ်ပါနဲ့ တဂျားလေးရယ်။
တို့ ဆီလည်း ဖြစ်လာမှာပါ။
ဘယ်တော့တုန်းလို့တော့မမေးကြေးးးး 😀
ဝင့်ပြုံးမြင့်
July 30, 2013 at 1:11 am
ဒီလောက်ပုံတွေ အများကြီးကို တင်ပေးတာ ကျေးဇူးတင်လိုက်တာ မခိုင်ဇာရယ်။ အံ့လည်း အံ့ဩသွားတယ်။ တိုင်တယ်ပေးပုံကအစ ပညာရင့်လိုက်တာနော်။ သူတု့ိနိုင်ငံက ကလေးကို ဒီက လူကြီးကတောင် ကြောက်နေရပြီ။
KZ
July 30, 2013 at 5:48 pm
ကျနော် ဆို တိုင်တယ် နဲ့ ပုံနဲ့ တွဲကြည့်ရတယ်။
ဒီ တိုင်း ဆို သဘောမပေါက်လို့။ ဟီးဟီးးး 😀
kyaw swar kaung
July 30, 2013 at 2:40 am
KZ
ဒီပို ့စ်ကို ဖတ်ခွင့် ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးပါ…
ပုံတော်တော်များများကို သဘောကျပါတယ်..ချီးကျူးပါတယ်..။ အတွေးအခေးရော လက်ရာပါ အရမ်းကောင်းတယ်..။
ကလေးတွေလို ့ထောင် မထင်ရပါဘူး..။
ခုဒီဘက်မှာဆို ကလေးအတွေး ကလေးလက်ရေး ကလေးလက်ရာစတိုင်နဲ ့နာမည်ကြီး လုပ်ငန်းကြီးတွေကအစ ကြော်ငြာအဖြစ်
သုံးတယ်..။
မြန်မာကလေးတွေ တော်ပါတယ်.. လိုအပ်နေတာက ပံ့့ပိုးမှုပါ။
ခုပွဲက ဘယ်နိုင်ငံမှာလဲ မခိုင်။
KZ
July 30, 2013 at 5:47 pm
စင်ကာပူမှာ ပါ ကိုကျော်စွာ။
😛
padonmar
July 30, 2013 at 3:38 am
မယ်ဆွိရေ၊ကျေးဇူးပါ။ကြိုးစားပမ်းစား မျှဝေပေးလို့။
အမှိုက်ကရွှေ ဖြစ်အောင်လုပ်တဲ့ ချင်ကျားပူ ကလေးတွေကို ချီးကျူးပါတယ်။
ဒို့ကလေးတွေလည်း ဒီလို လုပ်ခွင့်ရရင် ဒီလိုပဲ တော်ကြမှာပါ။
KZ
July 30, 2013 at 5:47 pm
ကျနော်တို့ ကလေးတွေ က ဉာဏ် ပိုကောင်းပါတယ် အာတီဒုံရေ။ 🙂
TNA
July 30, 2013 at 8:25 am
စိတ်ကူးကောင်းလိုက်တာ။ သားကိုပြဖို့သိမ်းထားလိုက်အုံးမယ်။ သူတို့လဲလုပ်တော့လုပ်တယ် ပြပွဲထိတော့ မဖြစ်လာဘူး။ အိမ်ကနေ ပိတ်စလက်ဝါးလောက်ကလေးတွေဖြတ်ပေးလိုက်ရသေးတယ်။ သတင်းစာနဲ့တော့ သစ်ကုလားအုပ်လုပ်လာသေးတယ်။ နောက် တခါသုံးထမင်းစားဖော့ပန်းကန်ပြားနဲ့ နာရီလုပ်ထား တယ်။ ကေဇီပြောတဲ့ဟာမျိုးဖြစ်မယ်ထင်တယ်နော်။
KZ
July 30, 2013 at 5:46 pm
ကလေးတွေ ရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ကို သိရတာပေါ့ မွသဲရေ။
စု၊ တု၊ ပြု လို့လည်း ရတာပေါ့။
🙂
Min Zarni
July 30, 2013 at 5:53 pm
တချို့လက်သရမ်းတဲ့ကောင်တွေ ကျတော့
စု စု ပြီးမှ ဖျက်တာဗျ. ငိငိ
တော်သေးတယ် မဟာဂီတဲ့ နီးစပ်တဲ့ ရှီး က
သူ့ပိတ်သတ်မဟုတ်လို့
KZ
July 30, 2013 at 5:58 pm
နာ့ ပို့(စ) မှာ သူ့ ကြွားခွင် မရှိတာကို ရအောင် ကြွားသွားသေးးး
လေးစားလောက်ပါရဲ့။
ပညာ တစ်ဝက်လောက် ပေးပါ။ 😀
ဦးကျောက်ခဲ
July 30, 2013 at 6:13 pm
အိမ်က ပစ္စည်းအကောင်းတွေကို ဖျက်…
စု၊ တု၊ ပြု ပြီး စွမ်းရည်ပြမည့် ကလေးများနဲ့ တွေ့ပါစေကွယ်…
ဟီ ဟိ 🙂
အလင်း ဆက်
July 30, 2013 at 9:05 pm
အံ့မခန်း…လက်ရာလေးတွေ…