ပြီးတော့ လာကြည့်တဲ့ သူတွေကိုလည်း ပို့(စ) ကာတ် လေးတစ်ခုစီပေးပြီး ဗုဒ်ခိုင်းတာပါ။
ဘယ် လက်ရာ/အတွေးကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်တယ်။
စိတ်အားတက်စေမဲ့ ကောမန့်လေး စသည်ဖြင့် ရေးခိုင်းတာပါ။ ကော်မန့်ပေးရတဲ့ လူတွေ ကလည်း အနုပညာ ဆန်ဆန်များပေးချင်ရင် ပေးလို့ရအောင် ရောင်စုံခဲတံ၊ စတစ်ကာ စသည်ဖြင့် ထိုင်ခုံလေးတွေမှာ တင်ပေးထားပါတယ်။
တော်တော်စည်ကားနေတယ်ပဲ ပြောရမှာပေါ့လေ။
ကလေးတွေရဲ့ ပကတိ အတွေး
ပကတိ လက်ရာ
အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဘယ်လို အသုံးဝင် အောင် သုံးရမလည်းဆိုတဲ့ အတွေ့ အကြုံ
စတာတွေ တိုးတက်လာနိုင်တဲ့ ပွဲမျိုးမို့ သူများတော့မသိ။ ကျနော်တော့ ကိုယ်တိုင် လည်း ထစ်ကနဲရှိ လွှတ်ပစ်မယ်ဆိုတဲ့ အကျင့်ကြီးဖျောက်ပြီး တတ်နိုင်ရာလေး စဉ်းစားပြီး ပြန်သုံးမှပဲလို့ တွေးမိလို့။
(ကျနော် ဒီ မှာ နေတာ အမှိုက်ခွန်ပေးရတာ အတန်ဆုံးပါပဲ။ ဟီးးးးးးး)
ဒါမဲ့ ကျနော်တို့ အတွေးတွေက ကလေးလေးတွေ အတွေးလောက်တောင် မကျယ်ပြန့်တော့ပဲ ဘောင်ခတ်ထားတာ နေသားကျနေခဲ့ပါပြီ။
နားလည်မှု လွဲမှားတစ်စုံတစ်ရာ ရှိခဲ့သော် ကျနော့ ချို့ယွင်းမှုသာဖြစ်ကြောင်းးးးး
ကျေးဇူးတင်ပါတယ်။
Post Views: 636
25 comments
ဗုံဗုံ
July 29, 2013 at 10:20 am
လှလိုက်တာ တော်လိုက်တာကလေးတွေက
မမဂျီးနဲ့ မိဗုံနဲ့ အကြိုက်တူတယ်
အသည်းပါရင်ကို ကြိုက်နေတော့တာ..
မိဗုံတို့ဆီက စွန့်ပစ်ပစ္စည်းတွေကိုလည်း ပြစားမယ်လေ
ဘယ်သူမှ ကြည့်နိုင်မှာမဟုတ်ဘူး နံစော်နေတာနဲ့
KZ
July 29, 2013 at 11:29 am
အဲ။
ဗုံ ကလေးးးး
မမဂျီးပြောတာ အဲဒီ နံစော်နေတဲ့ စွန့်ပစ် ပစ္စည်းပြောတာဟုတ်ဘူးးး
မိုက်ကယ်ဂျော်နီအောင်ပု
July 29, 2013 at 10:49 am
ကျုပ်တိုူ့ဆီမှာတော့ ပလင်းခွံဆိုရင်ငံပြာရည် ရေနံဆီထည့်တယ်
ဘူးတွေဆိုရင် အချိုမှုန့်တို့ ငြုပ်သီးမှုန့်တို့ ဆနွင်းမှုန့်တို့ထည့်တယ်
အဲ့သည်နည်းနဲ့ စွန့်ပြစ်ပစ္စည်းတွေကို အသုံးချဂျဘါဒယ်
KZ
July 29, 2013 at 11:28 am
အဲဒါလည်း ရီစိုင်ကလင်း တစ်နည်းပဲ။
မင်းမင်း
July 29, 2013 at 11:22 am
ကလေးတွေရဲ့ အတွေး အိုင်ဒီယာကောင်းကြ တော်ကြသလို့
အန်တီခိုင်ဇာကလည်း တင်ဆက်ဖေါ်ထုတ်ဝေမျှမူ့အပိုင်းမှာလည်း
အင်မတန်တော်ပါပေတယ်။(အားအားယားယားတော့မမြှောက်တတ်ဘူးမှတ်ပါလေ
KZ
July 29, 2013 at 11:26 am
မန်းလေး လာမှ မုန့်ဝယ်ကျွေးမယ် အန်လကယ် မင်းမင်းကို။ 😀
အရီးခင်
July 29, 2013 at 1:11 pm
လက်ရာတွေက တကဲ့ ပရိုတွေ ဘဲ။
ပန်ဒါလေး တွေ ကို အရမ်းချစ်တယ်။
မျှပေးတာလေး ကျေးဇူးပါ ကေဇီ ရေ့။
မင်းမင်းပြောတာ မှန်ပါ့။ 😛
KZ
July 29, 2013 at 3:10 pm
ကျနော်ဖြင့် ဓာတ်ပုံလိုက်ရိုက်ရင်းးးးး
ကိုယ်သာဆို ဒီလို အတွေးမျိုး လက်ရာမျိုး
မရနိုင် မလုပ်နိုင်ဘူး ဆိုတာ သေချာနေတာပဲ။ ဟီးဟီးးး
ဖန်တီးနိုင်မှု အားနည်းခဲ့ပါတယ် အရီးရေ။ 😀
kai
July 29, 2013 at 3:43 pm
သီဟပူရီယန်( သီဟပူရီးစ်မဟုတ်) တွေ .. ဒီလိုနယ်ပယ်နေရာမျိုးမှာ.. အရင့်ပညာအရမ်းမြင့်တယ်ထင်မိတယ်…
ကမ္ဘာတန်းအဆင့်မှီယုံမက.. ကျော်တယ်ထင်ကြောင်း. :kwi:
KZ
July 29, 2013 at 4:00 pm
ပိုက်ဆံနဲ့ ပတ်သက် ပညာတိုင်းမှာ သာပါတယ် တဂျီးရယ်။
ဘာမဆို ဒါနဲ့ ပဲ တိုင်းကြတယ်။ 😀
“Minimising waste makess Economic cents and Enviromental sense” တဲ့
မဟာရာဇာ အံစာတုံး
July 29, 2013 at 4:49 pm
ဒီပုံတွေလည်း မိုက်တယ် …
ကျုပ်သာဆို ဘာမှ လုပ်တတ်မှာ မီဟုတ်ဝူးးး
အဲ့လောက် တော်ဒါ … ဟီးးဟီးး
KZ
July 30, 2013 at 5:43 pm
အခု တစ်ခု အောင်မြင်ပြီဟုတ်။
ကွန်ဂရက်ကျူလေးရှင်းးး
ခုမှ ပြောရမယ်။ နာ့မောင်လေးကို။
padonmar
July 30, 2013 at 3:53 am
တခါက YWCA မှာ တစ်ရက်တာ သင်တန်းစုံတက်ဖူးတယ်။
သင်တန်းတစ်ခုကို ၅၀ဝ ပေးတက်ရတယ်။
လက်ကိုင်ပန်းစည်းနည်း၊ထုပ်ပိုးစက္ကူတွေနဲ့ ခွက်ကလေးတွေ အလှခြယ်နည်း၊
ငါးအကြေးခွံတွေကို ဆေးရောင်ခြယ်ကော်နဲ့ စက္ကူမှာကပ်ပြီး ပန်းချီကားလုပ်နည်း၊
လမ်းဘေးက မြက်ပန်းကလေးတွေနဲ့ ပန်းချီလုပ်နည်း
စိတ်ဝင်စားလို့ လိုက်သင်မိတယ်။
အဲဒါလေးတွေ ကလေးတွေကို ကျောင်းမှာ ဖွံ့ဖြိုးရေးချိန်သင်ပေးရရင်ကောင်းမှာပဲ။
KZ
July 30, 2013 at 5:41 pm
ကျောင်းဖွံ့ဖြိုးချိန်တွေ ဘာသင်ကြလည်း မသိတော့ဘူး အာတီဒုံ။
အနော် တို့တုန်းက မိန်းကလေး အိမ်တွင်းမှုတွေဘာတွေသင်သေးဗျ။
🙂
Ma Ma
July 30, 2013 at 10:56 am
အခုဒီမှာလုပ်နေကြတဲ့ ကျောက်ပန်းချီဆိုတာလည်း စွန့်ပစ်ပစ္စည်းကို အကောင်းဆုံးနည်းနဲ့ အသုံးချနေတဲ့ ဝင်ငွေရပေါက်ရလမ်းကြီးတစ်ခုပေ့ါ။
တွင်းထွက်ကျောက်တွေကို သွေးတဲ့အခါ ထွက်လာတဲ့ ကျောက်အစအနတွေကို ပန်းချီပညာနဲ့ လှပအောင်ပေါင်းစပ်လိုက်တော့ တန်ဖိုးရှိတဲ့ အလှဆင်ပစ္စည်း ဖြစ်လာတယ်။
ကျောက်အစအနဖြစ်ပေမယ့် တွင်းထွက်မို့ ချက်ကျောက်ထက်စာရင် တန်ဖိုးရှိတာ အမှန်ပဲ။ 🙂
KZ
July 30, 2013 at 5:39 pm
ဟုတ်တယ်မမ။
ကျနော်က ကျောက်ပန်းချီ အရမ်းသဘောကျတာ။
မိုးကုတ်နေတုန်းက တော်တော်စုမိတယ်။ 🙂
Min Zarni
July 30, 2013 at 11:59 am
Shee တွေ့ရင် အတော် စိတ်ဝင်စားမှာဗျ…သူ့ကိုပြဖို့ မှတ်သွားပါဂျောင်း..
ဒချိ..ဒချိ။
ဦးကျောက်ခဲ
July 30, 2013 at 12:52 pm
အင်းပေါ့လေ…
မိလ္လာရေဆိုးကိုတောင် ပြန်သန့်စင်ပြီးသုံးကြတဲ့ ခြင်ကြားပူ ဆိုတော့…
ဒေါ်မြလေး လေသံနဲ့ မန့်လိုက်မယ် “ပြောချင်ဘူး… ပြောချင်ဘူး” ဟီ ဟိ
🙂
Min Zarni
July 30, 2013 at 12:56 pm
တူရို့ကျွန်းက မှာလို့ တားတို့ကျွန်းက ပို့နေတာကြာပေါ့…
ငိငိ..
http://www.foxnews.com/scitech/2011/06/17/japanese-scientists-create-meat-from-poop/
တားတို့ကတော့ အဲ့ကရတဲ့ပက်ချံ နဲ့ ကိုဘေးမှာ နွားခြံဆောက်ဒယ်..။
:kwi:
ဦးကျောက်ခဲ
July 30, 2013 at 1:00 pm
ကျောက်စ်နဲ့ ကိုမတ်တောင်မှ…
Evian ရေသန့်ဝယ်သောက်ပြီး၊ ကျွန်းသူကျွန်းသားတွေအတွက်…
အလှူဒါနပြုကြသူငါ၊ ကုသိုလ်ပြု၊ အားပေးခဲ့သေးတယ်ဗျ…
သာဓု ခေါ်ကြပါ… ဟီ ဟိ
🙂
KZ
July 30, 2013 at 5:37 pm
အာ။
ဒီ အဖေနဲ့ ဒီ သား ဒီပို့(စ) ကို မနှောက်ပါလားလို့ မှတ်နေတာ။
သောက်ရေက ဝယ်သုံးတာပါအေ။ နာမည်မဖျက်ကြပါနဲ့။ 🙂
ရွာစားကျော် မင်းနန္ဓာ
July 30, 2013 at 2:50 pm
ဪ
ကလေးတွေရဲ့လက်ရာတဲ့
ကိုယ်တွေ ဘယ်လိုမှ မစဉ်းစားမိတဲ့ အိုက်ဒီယာနဲ့ ဖန်တီးမှုတွေဗျ
လေးစားလောက်တယ်..
KZ
July 30, 2013 at 5:38 pm
ကျနော်တို့က တခြား ပုံသေနည်းတွေ စဉ်းစားရသေးတာကိုးးး
lele kyi
July 31, 2013 at 10:13 am
နောက်ကျပြီးမှဒီပိုစ့်ကိုရောက်လာမိတယ်။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့သူတို့လက်ရာတွေပဲ။။suntec city မှာလုပ်တာလားဟင်။ မပြီးသေးရင်သွားကြည့်ချင်သေးတယ်။ တောမှာရောက်နေတဲ့ ကျမအတွက်က ခိုင်ဇာ တို့သတင်းပေးမှ သိရတာ။ လောကကြီးနဲ့ နဲနဲအဆက်ပြတ်နေသလိုပဲ။ နေမထွက်ခင်ရုံးရောက်။ နီယွန်မီးတွေလင်းမှအိမ်ရောက်နဲ့။ 🙁
KZ
August 1, 2013 at 1:50 pm
ခုမှပဲ ရီပလိုင်း ပြန်ရတော့မယ် လဲ့လဲ့ရေ။
ကျနော်လည်း အလုပ်က အဲ့ဒီမှာမို့သာ သိလိုက်တာ။
နို့မို့ မသိလိုက်မသိဘာသာဖြစ်နေမှာ။
ပြီးခဲ့တဲ့ စနေကတော့ မရှိတော့ဘူးးးး
ခရီးသွား လက်မှတ်ကိစ္စတွေ လုပ်နေကြတာတွေ့တာပဲ။
🙂