၁။ ပါမောက္ခကြီး ဂါနီအိမ်ရှေ့သို့ သူရောက်တော့ ညနေ ခြောက်နာရီထိုးနေပြီ။ ပိတ်ထားသော တံခါးမကြီးရှေ့မှာ သူရပ်ပြီး ဝင်ရင်ကောင်းမလား၊ မဝင်ရင် ကောင်းမလား သူတွေဝေနေပြန်သည်။ ညနေခင်းကား ဆောင်းရာသီရဲ့ လိမ္မော်ဝါရနံများနှင့်အတူ သင်းပျံ့လို့နေပြီ။ မှုန်ရီဝေပြနေသော ဆောင်းညနေခင်းကား လူခြေတိတ်လွန်းလှပါသည်။ အထူးသဖြင့် ယခုလို ဆင်ခြေဖုံး ရပ်ကွက်ငယ်လေးတစ်ခုမှာ ဒီလိုညနေဆို တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်ဟု သူက တွေးလိုက်သေးသည်။ သူအကြာကြီး ရပ်နေသည့်တိုင်အောင် အိမ်ထဲမှ ဘာအသံမှ မကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ မြောက်ပြန်လေက ညှင်းသွဲ့သွဲ့တိုက်လာတော့ သူ အတော်အတန် ချမ်းလာပြီး ကိုင်ထားသည့် ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး တံခါးကို အသာအယာ သုံးချက်ခေါက်လိုက်သည်။ “ဒေါက် … ဒေါက် …. ဒေါက်” ခဏနေတော့ တံခါးက ပွင့်လာသည်။ ဖွင့်ပေးသည့် လူက […]


အိပ်မက် (၁)   အဲဒီနေ့က ပညာရှိကဏန်းကြီးနဲ့ တွေ့တော့ သူက ပြောတယ်။ “ရှေ့က သွားတဲ့ နွားက ဖြောင့်ဖြောင့်သွားမှ နောက်က လိုက်တဲ့ နွားက ဖြောင့်ဖြောင့်လိုက်မှာကွ” “အော .. ဟုတ်ကဲ့ဗျ” “လမ်းလျှောက်တဲ့ အခါ တည့်တည့်မတ်မတ်လျှောက်ရမယ် ဘေးဘီဝဲယာကို သိပ်မကြည့်နဲ့ ကိုယ့်ဦးတည်ရာကိုသာ သေချာကြည့် ကြားလား” “ဗျာ .. ဟုတ် .. ကြားပါတယ် ကိုကဏန်း” ကျွန်တော့်ကို ပညာရှိကဏန်းကြီးက သင်ပေးသွားပြီး ထပြန်သွားတယ်။ သူ လမ်းလျှောက်တဲ့ ပုံစံကို ကျွန်တော် နောက်က ကြည့်ပြီး အတုယူလိုက်တယ်။ အပြန်မှာ ကျွန်တော် အိမ်ပြန်တော့ ခြေနှစ်ချောင်းကို ကွကွကြီးလုပ်ပြီး ဟိုဘက်ရမ်း ဒီဘက်ရမ်း ကဏန်းတစ်ကောင်လို လျှောက်ပြန်ခဲ့တယ်။   အိပ်မက် […]


than loneDecember 23, 20111min42313
အဲဒီမနက်က…. တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဝေလီဝေလင်းအချိန်.. မိုးဖွဲလေးတွေကလည်း ကားလမ်းမကြီးပေါ်မှာ တဖျောက်ဖျောက်ရွာနေလေရဲ့.. လမ်းမီးတိုင်မရှိပေမဲ့ မကြာခင်မှာ အာရုံဦးအလင်းရောင်ကို မြင်တော့မှာမို့… နို့ပုံးတင်လာတဲ့ စက်ဘီးကို ခပ်မြန်မြန်လေးနင်းလိုက်မိတယ်… လေတိုက်တိုင်း လန်သွားတက်တဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းရင်း… နင်းအလာ… ကျွီ….. !    ဒုန်း….. အား…..   ကတ္တရာလမ်းမကို…. ကားဘီးတာရာ ပွတ်တိုက်သံနှင့်အတူ… ကျွန်တော် ခန္ဒာကိုယ်မြောက်တက်သွားတယ်…. ပြီးတော့ပြန်ကျလာတယ်… ခေါင်းထဲမှာပူကနဲ… သွေးရူးသွေးတန်းနဲ့ ပြန်ထမယ်အလုပ်… အရုပ်ကြိုးပျက် ပြန်လဲကျသွားတယ်.. ပြီးတော့ ကျွန်တော် မျက်လုံးတွေပြာလာပြီး.. အမှောင်.. …. မှောင်သွားလိုက်တာ.. ကျွန်တော် ဘာမှမသိတော့ပါဘူး……   အခန်း(၂) ၂၀၀၃ ခုနှစ် နွေရာသီကာလ… လက်ပံပွင့်တွေ ကြွေကြတတ်တဲ့… အညာနွေ နေ့ခင်းအချိန်မှာ အရှေ့ဘက်ဘုန်းကြီးကျောင်းဆီသို့ ဥိးတည်နေတဲ့ ရွာလမ်းမကြီးရဲ့ […]


thatoeJanuary 12, 20111min1110
တွေဝေတွန့်ဆုတ်လှသော ခြေလှမ်းတွေကို အနိုင်နိုင် အားယူလှမ်းလာ ခဲ့ကြပါသည်။ နေ့စဉ်နှင့်အမျှ ဒေါသနှင့် မျက်ရည် လုံးထွေးနေခဲ့သော မမကြီး၏ ပြင်းရှလှသော ရာဇသံကြောင့်သာ သူ… ဦးဆောင်ရာနောက်သို့ ရှေ့တိုးနောက်ငင် လိုက်ပါလာခဲ့ကြရသည်။ ပြီး… ကျွန်မတို့တတွေ၏ သဲသဲလှုပ်၊ ချစ်မြတ်အလေးထားရဆုံးသော မောင်ငယ်လေး၏ တစ်ဘဝလုံးနှင့်စပ်ဆိုင်သော အရေးကိစ္စလည်း ဖြစ်နေသေးတာကြောင့်သာ…။ ဒါပေမယ့်… `ကျွန်မ ဆက်ဆက်လာတွေ့ပါမယ်´ဟု ကတိပေးလွယ်ခဲ့သော သူမသည် ချိန်းဆိုထားသောနေရာသို့ ရောက်မလာခဲ့ပါ။ ************ တစ်ကြိမ်၊တစ်ခါလောက်ကလေး သူမနှင့်တွေ့ရပါ့မည့် အရေးအတွက် ကျွန်မတို့အချင်းချင်း အပြန်ပြန်၊ အလှန်လှန်၊ အကြိမ်ကြိမ်၊ အခါခါ ငြင်းခုန်းကြရ၊ ညှိနှိုင်းကြရ၊ သတ္တိအားတွေ မွေးခဲ့ကြရတာ သူမ မသိရော့သလား။သူမ စိုးစေ့မျှ ထည့်တွက်ရကောင်းမှန်းမသိတတ်ခဲ့သော ပတ်ဝန်းကျင်ဆိုသည်မှာ ကျွန်မတို့အတွက်တော့ တစ်ဘဝလုံးစာ အရေးပါ ပတ်သက်နေသည်သာ။ သူမက ထီမထင်စွာ […]


chitkayMay 20, 20101min1975
ရွာတစ်ရွာမှာ ကွမ်းတောင်ကိုင်ကောင်မလေး ဝါဝါဆိုတာရှိတယ်။ဝါဝါက ချောလည်းချော၊ ဥစာလည်းပေါတော့ ရွာက ကာလသားတိုင်းက သူ့ကို စိတ်ဝင်စားကြတာပေါ့။ ဝါဝါ့ရြဲ့ အချစ်သာရမယ်ဆိုရင် မီးပင်လယ် ကိုပဲ လက်ပစ်ကုးရမလား။ ဓါးတောင်ကိုပဲ ကျော်ရမလား အဲဒီလို ကောင်တွေက အများသား။ အဲဒီထဲကမှ ဝါဝါကစိုးမိုးရဲ့ အချစ်ကို လက်ခံထားတာ။ ဒါကြောင့် ဒီကောင်စိုးမိုး မြောက်ကြွမြောက်ကြွဖြစ်နေတာပေါ့။ စိုးမိုးကလည်း ဝါဝါမကို အရမ်းချစ်တာပါပဲ။ တာနောယက်ခဘီလူးလို ငုံထားမတတ်ချူစ်တာ။ ဝါဝါမ သေးပေါက်ချရင်တောင် မြိုချဦးမှာတဲ့။ အဲဒီလောက်ကို ချစ်တာ။ တစ်နေ့ သူတို့ရွာကို မြို့ကဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူ့နာမည်က ဆက်ပိုင် တဲ့။ ဆက်ပိုင်က ဝါဝါမကို တွေ့ရော မြင်မြင်ချင်းချစ်မိသွားတာပေါ့။ ဒါကြောင့် သူက ဝါဝါမ အချစ်ကို ရဖို့ ကြိုးစားတော့ တာပေါ့။ ******************************************************** -ဝါဝါ…နင်…ဆက်ပိုင်ကို မချစ်ရဘူးနော်- -အိုး…. ကိုရင်စိုးမိုးကလည်း ကျုပ်ရင်ထဲမှာ […]


chitkayMay 20, 20101min99
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ခင်ဗျားကြီး ဖျက်ဆီးပစ်တယ်။ ကျွန်တော့်ရဲ့ ယုံကြည်မှုကို ခင်ဗျားကြီး ရိုက်ချိုးပစ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခင်ဗျားကြီး…………. မုန်းတယ်။ ခင်ဗျားကြီးကို ကျွန်တော်မုန်းတယ်။ လောကမှာ အမုန်းဆုံးက ခင်ဗျားကြီးကိုပဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် ခင်ဗျားကြီးကို ကျုပ် ပိုက်ဆံပေးထားတာပါ။ ဒါပေမယ့် ခင်ဗျားက ဒါကို ဂရုတောင်မစိုက်ဘူး။ လုပ်ရက်တယ်။ ပြောရရင် ခင်ဗျားကြီး အရမ်းရက်စက်တယ်။ ကျွန်တော့် အသည်းတွေကွဲနေပြီ။ ဟင်း….. ဒီသက်ပြင်းချသံကြီးက ဘယ်တော့များမှ အဆုံးသတ် မှာလဲ။ ရှင်ကွဲ ကွဲနေရတဲ့ ဒုက္ခကို ခင်ဗျားကြီးက လွဲပြီး ဘယ်သူမှ မကယ်နိုင်ဘူးဆိုတာကို ခင်ဗျားကြီး သိရက်နဲ့ လုပ်ရက်တယ်ဗျာ…….. ကျွန်တော့်အိပ်မက်မှာ ကျွန်တော့်ချစ်သူ လက်ထပ်သွားပြီတဲ့။ အဲဒီညက ကျွန်တော်ငို လိုက်တာ […]


khinmintatthuMay 17, 20101min1220
၁၉၈ဝ ပြည့်နှစ်မှ ၁၉၈၂ ခုလောက်ထိ ဂီတပဒေသာ မဂ္ဂဇင်းတွင်  ပန်းဝင်္ကပါအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့ဖူးပါ သည်။ ကျွန်တော်ရောက်ရှိ ကျင်လည်ခဲ့ရသော ပြဇာတ်နယ်ပယ်မှ အတွေ့အကြုံအဖြစ်အပျက်များကို  တင်ပြရခြင်းဖြစ်ပါသည်။ ယခု နောက်ပိုင်းတွင် တွေးရင်းငေးရင်းနှင့် ထိုစဉ်ကမရေးမိခဲ့သောအကြောင်း အရာအချို့ကို ပြန်လည်မြင်ယောင်လာပါသည်။ ဤသည်မှာလည်း သက်ရွယ်ကြီးရင့်လာကြပြီဖြစ်သော မိတ်ဟောင်းဆွေဟောင်း (ပြဇာတ် မိတ်ဆွေများ) များနှင့် တွေ့ကြုံမေးမြန်းပြောဆိုရာမှ ဟောင်းမြည့်ခြင်း တို့ သစ်လွင်ဖူးပွင့်မွေးပျံ့လာရခြင်းဖြစ်သည်ဟု ဆိုရပါမည်။