16-12-12 တနင်္ဂနွေနေ့က ရွာအလှူ ကပြန်လာတဲ့ ကိုဘလက်၊အမတ်မင်း၊ရွှေတိုက်တို့နဲ့ ချိန်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရနေတဲ့ ဗိုက်ကလေး ကိုသွားတွေ့ပီး သတင်းမေး အားပေးခဲ့ကြပါတယ်..အဲဒီကအပြန် ၉မိုင် ရွှေနှင်းဆီလမ်းကထွက်တော့ ရှေ့တည့်တည့် မှာရှိနေတဲ့ ရှမ်းဘုန်းကြီးကျောင်းဝန်းကြီးကိုမြင်တော့ တစ်ခါက ဖူးခဲ့ဘူးတဲ့ နှီးဘုရားကြီးကို သတိရသွားပါတယ်..ဒါနဲ့ အမတ်မင်းကို ရောက်ဖူးလားမေးတော့ မရောက်ဖူးဘူးပြောလို့ လာ..ဒါဆိုတခါတည်း လမ်းသင့်တုန်းဝင်ဖူးလိုက်ကြရအောင်ဆိုပြီး ဝင်ဖူးဖြစ်ခဲ့ပါတယ်… ရန်ကုန်မြို့လယ်မှာရှိနေပေမဲ့ အမှတ်တမဲ့ ဖြတ်သာသွားပြီး မရောက်ဖူးသေးသူများ အတွက် ရှမ်းဘုန်းကြီးတွေ လက်မှု့ပညာနဲ့ ပြုလုပ်ကိုးကွယ်ထားတဲ့ နှီးဘုရား(ရှမ်းအခေါ်..“ဖရားအင်းဆံ”)ရုပ်ပွားတော်ကြီးပုံလေးတွေ မျှဝေလိုက်ပါတယ်ဗျို့….ရောက်ပီးသား..ဒီရွာထဲတင်ပီးသား ဆိုရင်တော့လည်းခွင့်လွှတ်ပြီးထပ်ဖူးမျှော်ကြပါအုံးလို့….. ဒီစာလေးတွေက ဘုရားပုံတော်ဓါတ်ပုံနောက်ကျောမှာရေးထားတာပါ။ ကဲ ..ကဲ..ဘုရားဖူးကြရပြီမဟုတ်လား…. ရွာသူားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်… ဘာရယ်မဟုတ်ပါဘူး..ပို့စ်မတင်နိုင်တာကြာပီမို့…သတိတရ ရှိအောင်ကြံဖန်တင်လိုက်တာပါ။ အားလုံးကိုခင်တဲ့… ကြီးမိုက်။ :hee: […]