မင်္ဂလာပါ မြို့သူားအပေါင်းသူတော်ကောင်းတို့… ကျုပ်က သဂျီး…သဂျီးနဲ့ အားရပါးရခေါ်ပြောလာခဲ့သော ကိုခိုင်(Kai) ဆိုသူ တည်ထောင်ထားခဲ့သော www.myanmargazette.net ဆိုတဲ့ မန္တလေးဂေဇက် ဝက်ဆိုဒ်ကို စတင်မိတ်ဆက်ပေးခဲ့သူကို ပြောပြပါဆိုရင်….ဂဇက်ရွာသား `အညာတမာ´ ပါ.. သူက ကျုပ်စက်ရုံက well experienced Production Manager ပါ… ကျုပ်အလုပ်သစ်(ယခုလည်းလုပ်နေဆဲ)စတင်ဝင်တော့..ပြောရမှာရှက်လည်းရှက်ပါရဲ့ အင်တာနက် မပြောနဲ့ ကွန်ပြူတာတောင် ကျွမ်းကျင်စွာမသုံးတတ်သေးပါဘူး… ဒါပေမဲ့…ဒီအလုပ်ကိုလက်ခံလိုက်ပြီဆိုကတည်းက ကွန်ပြူတာကတော့ကျွမ်းကျင်စွာ သုံးနိုင်ရမှာပါ…အလုပ်ဝင်ဖို့ အင်တာဗျူးမှာလည်းသေချာကိုမေးပါတယ်.. `ကွန်ပြူတာကျွမ်းကျင်စွာသုံးတတ်လား´တဲ့…ထုံးစံအတိုင်း..အလုပ်ရချင်တော့..`ဟုတ်ကဲ့ ကျွမ်းကျင်ပါတယ်´ပေါ့….တကယ်က ဖွင့်တတ်ပိတ်တတ်ရုံလောက်တတ်တာ….. အဲဒီအလုပ် အင်တာဗြူး ပီးသွားတာနဲ့ ကျုပ် ကွန်ပျူတာတစ်လုံး အပြေးဝယ်… ကွန်ပြူတာကျွမ်းတဲ့ ကျုပ်ညီတော်မောင်ကို သူညနေရုံးဆင်းရင်အိမ်ကိုခေါ်ပြီးသင်ရတာပေါ့.. အဲဒါကိုအပြစ်တင်မယ်ဆိုလည်းတင်ကြပေတော့…. တက္ကသိုလ်တက်နေတုန်းကလည်း ကွန်ပြူတာဆိုတာမမြင်ဘူးသေး… ကျောင်ပီးလို့အစိုးရအလုပ်လုပ်ရပြန်တော့လည်း..ကွန်ပြူတာမပြောနဲ့ လက်နှိပ်စက်တောင် ဂျိုကျိုးနားရွက်ပဲ့ ဂဂျိုးဂဂျောင်… (၈) နှစ်လောက် အစိုးရအရာရှိဘဝနဲ့ အငတ်ငတ်အပြတ်ပြတ်နေလာခဲ့ပြီး… […]