Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖေဖေါ်ဝါရီလအတွက် မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ.(Final Result).Best Web Awards

မန်းဂဇက်ဆိုတဲ့ရွာကြီး က ဒီရက်ပိုင်းအတွင်းထူးထူးခြားခြား လှုပ်လှုပ်ရွရွ နဲ့

တစ်ရွာလုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့…ဘယ်သူမှငြိမ်နေတာမတွေ့ရပဲ

တောင်ကလူမြောက်သွား..မြောက်ကလူတောင်ကူးနဲ့..တကဲ့ကို တစ်ခုခုအတွက်

အားကြိုးမန်တက်လှုပ်ရှားနေကြတာကလား…အကြောင်းကလည်းရှိပေတာကိုး….ဒါနဲ့

မန်းဂဇက်ရွာ ဆိုလို့ လူတော်တော်များများက သိပ်တိတိပပသိသေးကြပုံမရဘူး…

ဒီတော့ ရွာအကြောင်းမြင်သာအောင်သရုပ်ဖေါ်ရရင်..အင်း..အဲ..အဲ..ကျုပ်လည်း

သိပ်သရုပ်ပေါ်အောင်မပြောတတ်ဘူးဗျ…နေအုံး..နေအုံး..ရွာထဲ အပ်ကျတာတောင်သိတဲ့

ကာလသားဂေါင်း..ကျုပ်က အမြဲ `နီပေပါ´လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့.

.`မောင်ရဲစည်´ကိုခေါ်ပီးပြောခိုင်းမယ်..ဟဲဟဲဟဲ…သူပြောတဲ့..မန်းဂဇက်ဆိုတဲ့ရွာကြီးဆိုတာ….

ဒီလိုပါတဲ့ဗျာ…သူ့လေသံမူရင်းအတိုင်းသာ နားထောင်ကြည့်ကြပါကုန်…….

 ကျွှန်တော်တို့ ရွာကြီးတွင် …….

စနစ်ဆိုး အုပ်ချုပ်သူဆိုး မရှိပါ။ တောတောင်ရေမြေ သဘာဝ သယံဇာတများကို နည်းမလည်ပါးမလည်ဖြင့် လက်ညှိုးထိုး ရောင်းစားသူမရှိပါ။

လယ်ယာမြေတွေ အသိမ်းမခံရပါ။ စစ်ပွဲများ ကလေးစစ်သားများ မြေမြုပ်မိုင်းများ မရှိပါ။

ဘူဇွာ၊ အရင်းရှင်၊ ခရိုနီ များမရှိပါ

ဈေးမီးရှို့သူများမရှိပါ။ ကလေးလုပ်သားများ ပြောင်းရွှေ့အလုပ်သမားများ ဆင်းရဲမွဲတေသူများမရှိပါ။

လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံမှုများမရှိပါ။ နိူင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံအကျဉ်းသားများ ယုံကြည်ချက် အကျဉ်းသားများမရှိပါ။

ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ ကပ်ဘေးဒုက္ခများ မရှိပါ။ စသဖြင့် …. ဘာဆိုဘာမျှ စိတ်ညစ်စရာများမရှိပါ…….။(ဖဲဝိုင်း၊ အရက်ဝိုင်း၊ ဘောလုံးလောင်းကစားဒိုင်များကတော့

သဂျီး ကိုယ်တိုင်ဝါသနာ ပါလွန်း၍ ခွင့်ပြုထားသဖြင့်..ရှိပါသည်။ဤကား စကားချပ်။)

 

ကျွန်တော်တို့ ရွာကကြီးတွင် ………

ကျန်းမာရေးအတွက် (ဆရာဝန်၊ တိုင်းရင်းဆေးပညာရှင်များ)၊

ပညာရေးအတွက် (ဆရာ/ဆရာမများ)၊

တရားစီရင်ရေးအတွက် (ဥပဒေပညာရှင်များ၊ ရှေ့နေများ)၊

နိူင်ငံရေးအတွက် ( ကွန်မြူနစ်၊ လစ်ဘရယ်၊ ဆိုရှယ်လစ်၊ ဒီမိုကရက်တစ်၊ ကွန်ဆာဗေးတစ်များ)၊

ဘာသာရေးအတွက် ( သံဃာတော်များ၊ မိုးပြာများ၊ ဗလီဆရာများ၊ ခရစ်ယာန်သင်းအုပ်ဆရာများ) ၊

အချစ်ရေးအတွက် ( အပျိုကြီး/လေး၊ လူပျိုကြီး/လေးများ၊ အိမ်ထောင်သည်များ၊ ကလေးတပြွတ်များ၊ ကလေးမပြွတ်သူများ)

နည်းပညာအတွက်( အိုင်တီပညာရှင်များ၊ လော့ဂျစ်ပညာရှင်များ၊ ပရိုဂမ်မာများ၊ ဂရက်ဖစ်ဒီဇိုင်နာများ၊အကောင့်တပ်များ၊ ဘာသာဗေဒပညာရှင်များ)

ကုန်သွယ်ရေးအတွက်( ကုန်သည်ပွဲစားများ၊ ပွဲရုံပိုင်ရှင်များ၊ စက်ရုံအလုပ်ရုံပိုင်ရှင်များ)

သယ်ယူပို့ဆောင်ရေးအတွက် (လေယာဉ် ဒရိုင်ဘာများ၊ သဘောင်္ဒရိုင်ဘာများ၊ တက္ကစီဒရိုင်ဘာများ၊ ကုန်ကားဒရိုင်ဘာများ)

ခရီးသွားလာရေးအတွက် (ဟိုတယ်ပိုင်ရှင်များ၊ တိုးကုမ်ပဏီများ၊ တိုးဂိုက်များ)

ဖျော်ဖြေရေးအတွက် ( ဇာတ်မင်းသား မင်းသမီးများ၊ သီချင်းရေး/ဆိုသူများ၊ စာရေးဆရာများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ကဗျာဆရာများ၊ အယ်ဒီတာများ၊ ဓာတ်ပုံဆရာများ အစရှိသဖြင့် များစွာမှီတင်းနေထိုင်ကြကာ သင့်မြတ်မျှတစွာ(တစ်ခါတစ်ခါ ထချကြရင် တလလောက်ကြာတာကလွဲလို့)      ရှိနေပါသည်။ထို့ကြောင့် ကျွန်တော်တို့ရွာကြီးတွင် ဆေးရုံ၊ဆေးခန်း၊ စာသင်ကျောင်း၊ နိူင်ငံရေးအဆောက်အအုံ၊ တရားရုံး၊ သမိုင်းအဆောက်အအုံ၊ အားကစားကွင်း၊ ပန်းခြံ၊ရေကန်၊ ဟိုတယ်များ အပန်းဖြေလေ့လာစရာများ အင်ဖော်မေးရှင်းတက်ကနိူလိုဂျီစခန်းများ ပြည့်စုံစွာ ရှိနေပြီး ဖြစ်ပါသည်။

(ခွက်ဒစ်တူ- ရဲစည်။https://myanmargazette.net/168502/society-lifestyle )

(ရွာ့အကြောင်းသရုပ်ဖေါ်တာကြိုက်လွန်းလို့ ယူသုံးတာ ခွင့်လွှတ်ပါ နီပေပါ ရေ..

ခွင့်မလွှတ်လည်း သိပ်တော့ သောက်ဂရုမစိုက်ပါဘူး…ဟီး ဟိ)

ဤကား မန်းဂဇက်ဆိုသောရွာကြီး၏ သရုပ်သဏ္ဍာန် အကြမ်း ပေးတည်း…..

ရွာကြီး အထူးတလည် လှုပ်ရှားနေရတဲ့အကြောင်းကလည်း  ရှိပေတာကိုး…ဗျ

 

အဲဒီအကြောင်းကတော့ ရွာဦးကျောင်းနားမှာတည်ထားကိုးကွယ်ကြတဲ့ ရွာရဲ့

တစ်ဆူတည်းသော တန်ခိုးကြီးဘုရား ကိုးနဝင်းစေတီတော်ကြီးရဲ့…

တစ်နှစ်တစ်ခါကျင်းပလေ့ရှိတဲ့ ဗုဒ်ဓပူဇနိယ ဘုရားပွဲတော်ကြီးကို လာမဲ့ တပေါင်းလပြည့်နေ့

မှာစတင်ကျင်းပတော့မှာမို့လို့ပါပဲ…နှစ်ရက်ပဲလိုတော့တဲ့ အတွက်တရွာလုံးလှုပ်လှုပ်ရွရွ

ဖြစ်နေကြရတာပါ…ပိုပြီးထူးခြားတာက ခါတိုင်းနှစ်များနဲ့မတူပဲ…ဒီနှစ်မှ တိုက်တိုက်ဆိုင်ဆိုင်

ပြီးခဲ့တဲ့ ၈ လလောက်က စပြီး လစဉ်ဆုရွေးချယ်ပြီး ၆ လ တစ်ကြိမ် ဆုပေးဖို့ စီစဉ်ခဲ့တဲ့ အမေဒိကားပြန် သဂျီးမင်းရဲ့ မန်းလေးဂဇက်ဆိုတဲ့ ဝက်ဆိုဒ်မှာ စာရေးနေသူများထဲက စာဖတ်သူများအကြိုက်(ဖတ်ရွေးအဖွဲ့ဝင်များအကြိုက်)

`မန်းဂဇက်ချစ်သူများစာပေဆု´(2013 ခုနှစ် ဖေဖေါ်ဝါရီလအတွက်)လည်း အဲဒီနေ့မှာပဲဘယ်သူဆုရတယ်ဆိုတာကြေငြာပေးမှာမို့ပဲ…

ဒီနေရာမှာနဲနဲပြောရအုံးမယ်ဗျို့…..

မန်းဂဇက်ဆိုတဲ့ရွာကြီး ကတစ်ခြားရွာတွေထက်ထူးပါသကောဗျာ…

အရင်အုပ်ချုပ်ခဲ့တဲ့ သူကြီးမင်း `ဦးကိုင်ဘွား´ ဆိုတဲ့လူက လူတော်လူကောင်းကြီးပါ..ဒါပေမဲ့

အသက်အရွယ်  တော်တော်ထောက်လာတော့ ကျေးရွာကိစ္စတွေမှာသိပ်အားကျိုးမာန်တက်

မဆောင်ရွက်နိုင်တော့ဘူးဆိုတော့ ……..

ဟိုး ငယ်ငယ်လေးကတည်းက ဦးလေးတွေနဲ့လိုက်ပီး

အမေဒိကားမှာ နှစ်သုံးဆယ်လောက်သွားနေသူ သားကြီးဩရသ `ဦးခိုင်´ဆိုသူကို

မြန်မာပြည်ပြန်လာပီး သူ့အမွေတွေကိုဆက်ခံဖို့နဲ့ သူဂျီးမင်းတာဝန် ဆက်ထမ်းဆောင်ဖို့

အတင်းမရမနေခေါ်လို့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ပြန်ရောက်လာပါပကောလား…

သူလာတာရိုးရိုးမဟုတ်ဘူးဗျို့..သူနဲ့အတူ အင်တာနက်ဆိုတဲ့ ပညာရပ်တွေပါသယ်လာ..

ရွာမှာပညာတတ်ထဲက ဆယ်အိမ်ခေါင်းရွှေတိုက်၊စိန်ဗိုက်ဗိုက်၊အံစာတုံး၊ဖက်တီးကက်နဲ့

အမတ်ဒိန် စတဲ့ ထရိန်နာငါးယောက်လက်ရွေးစဉ်ရွေး၊ သင်တန်းအနီးကပ်ပေး…

ကျေးရွာ စာကြည့်တိုက်အတွက် ကွန်ပြူတာတွေဝယ်..ဆင်ပေး..

အင်တာနက်လိုင်းမရရအောင်ချိတ်ပေးပြီး…ခုနင်က လက်ရွေးစင်ထရိန်နာတွေကတဆင့်

တစ်ရွာလုံးက စိတ်ပါဝင်စားသူမှန်သမျှ..သင်ပေးတော့တာကိုးဗျ…ပထမတော့

လူငယ်အချို့သာစိတ်ဝင်စားကြပေမဲ့ နောက်ပိုင်းကျတော့..ကျုပ်တို့လို လူကြီးတွေပါမနေနိုင်မထိုင်နိုင် သင်ဖြစ်တော့တာကိုး….အဲ..အားလုံးလည်း

လူကြီးလူငယ်မရွေးအဲဒီအင်တာနက်ဆိုတာစွဲနေကြပြီ…သဂျီးထောင်ထားတဲ့

မန်းလေးဂဇက်ဆိုတဲ့ဝက်ဆိုဒ်မှာလည်း စာမရေးရမနေနိုင်၊ ဓါတ်ပုံမတင်ရမနေနိုင် ကွန်မင့်လေးမှမပေးရမနေနိုင်ဖြစ်နေကြပြီ..ဘိန်းစွဲသလိုစွဲနေကြပီဆိုပါတော့…

လား..လား..ဒီတော့မှ နိုင်ငံတကာက ဘစ်ဇနက်တွေလေ့လာတတ်ကျွမ်းခဲ့တဲ့

သဂျီးက ဇတ်လမ်းစတော့တာ…အပေါ်က သူ့အမာခံထရိန်နာတွေကို

အင်တာနက်ဆိုင်တွေမှာခန့်…`ဒီနေ့ကစပြီး အင်တာနက်သုံးချင်ရင်

တစ်နာရီ လေးရာကျပ်နှုံးတဲ့…´ လုပ်ပုံလုပ်ပုံ…

ပထမတော့ ရွာသူားတွေတော်တော်ဒေါသထွက်ကြတာပေါ့…ဟုတ်တယ်လေ

တလျှောက်လုံးအလကားသုံးခဲ့ရတာကိုး…လူလယ် သဂျီးက လည်း

ရွာသူားတွေ ဒေါပွသွားကြတာကြည့်ပီး..ကျုပ်ရှင်းပြပါရစေအုံးဗျာတို့..

`တသက်လုံးတော့ ဘယ်အလကားပေးသုံးနိုင်မလဲဗျ..

ကွန်ပြူတာတွေပျက်ရင်ဘာနဲ့ပြင်မလဲ…အင်တာနက်

ဝန်ဆောင်ခက ရေရှည်ဘယ်လိုပေးမလဲ.ခင်ဗျားတို့ရေးနေတဲ့ မန်းဂဇက်ဝက်ဆိုဒ်ဆာဗာဖိုးက ဘယ်သူပေးမလဲ….ရပ်ရွာတိုးတက်ဖွံ့ဖြိုးရေးကိုဘာနဲ့လုပ်ကြမလဲ…အခုတောင် ကျုပ်ကမြင်းတောင်ထပြီး အင်တာနက်ကို ရွာနဲ့ မိတ်ဆက်ပေးလိုက်တာ ကျုပ် အမေဒိကားမှာ နှစ်ပေါင်းများစွာ အငတ်ခံပြီး စုလာခဲ့သမျှ ဒေါ်လှတွေ တော်တော်ပြောင်သွားလို့

ကျုပ်မိန်မ ကျုပ်ကို အိမ်ကနှင်ချနေပြီဗျ..´

စသည်..စသည်..အာပေါက်အောင်ရှင်းတော့မှ…အောင့်သက်သက်နဲ့သဘောတူကြရတာ…

မသုံးပဲမနေနိုင်အောင်လည်းစွဲနေပီကိုး…အော်..အင်တာဘိန်းစားများနေတဲ့ ရွာကြီးပါတကား..

.ပီးတော့ရှိသေးတယ်..မန်းဂဇက်မှာစာတွေရေးနေ လာရာကနေ..

ဝက်ဆိုဒ်ကြီးမှာ စာရေးကောင်းသူတွေ ပိုမိုများပြားလာအောင် ဆွဲဆောင်တဲ့

အနေနဲ့ စာပေဆုလေးလစဉ်ပေးကြဖို့ အဆိုတင်သူကတင်လာပြန်တယ်…

အဆိုတင်လာသူကတော့ ဂဇက်ရွာတံခါးစောင့်ကြီးတို့ ..ရွာသူားတွေကို ချိုပေါ့ကျ ပုံမှန်တိုက်သူအဖြစ်ဒီဝက်ဆိုဒ်ှ်မှာ ကျော်ကြားတဲ့…`“တွံတေး ဘလက်ချော”ပါပဲ…

(သူက လက်ဝှေ့ကျော်တစ်ဦးလည်းဖြစ်ပေသကိုး..တွံတေးသိန်းတန် တို့ တွံတေးစိုးအောင်တို့ မွေးဇာတိဖြစ်တဲ့ တွံတေးသား။..လက်ဝှေ့လောကမှာ နာမည်တစ်လုံးရပီးမှ..ဒီ ဂဇက်

ဆိုတဲ့ရွာကြီးကို ရောက်လာပီး..ဂဇက်ရွာသူနဲ့အိမ်ထောင်ကျတာ..)

..အဲတော့ ရွာ့လူကြီးသူမတွေက

ခေါင်းချင်းရိုက် တိုင်ပင်ကြပြီး ..ရွေးတာတော့ဟုတ်ပါပြီ…ဘယ်လို စည်းကမ်းချက်တွေနဲ့

ရွေးမှာလည်းဆိုတာကရှိသေး…ဒီတော့ ရွာ့အရေးအမြဲရှေ့ကပါလေ့ရှိတဲ့ ဦးဦးပါလေရာက..

အဟမ်းးး..ဟမ်း..ဟွတ်..ကျနော်ပြောမယ်ဗျာ…ဆိုပီးဗျာ ပြောပါလေရော..ခရားရေလွှတ်…

ဒီအချိန်မှာ…ကထူးဆန်းက…ဟိုး..ဟိုး..ဟိုး..ဦးပါ..ခင်ဗျားဒီလိုပြောသွားတော့ဘယ်သူက လုံးစေ့ပါတ်စေ့မှတ်မိမှာလဲဗျ…ဆိုတော့…ဟုတ်ပီ..ဒါဆို ကျုပ်မနက်ဖန်မနက် စောစော

စည်းကမ်းချက်တွေအသေအချာချရေးပြီးတော့ အားလုံးဆီ..ဂျီမေးနဲ့ပို့ပေးမယ်ဗျာ…

အဲဒီအပေါ်မှာလိုတာထပ်ဆွေးနွေးကြပေါ့…တဲ့…အားလုံးးအကြမ်းဖြင်း အားဖြင့် ဦးပါပြောတာသဘောတူကြပြီး..ဒီနေ့အဖို့ ဒီလောက်ပဲဆိုပီး လူချင်းခွဲခဲ့ကြတယ်…

နောက်တစ်နေ့…….

ဦးပါလေရာရဲ့မေးထဲမှာ..အောက်ပါအတိုင်းတွေ့ကြရတော့တာပါပဲ….

တော်တော်သွက်တဲ့ဦးပါ…အားလုံးဖတ်ပီးဦးပါလေရာရဲ့ အရည်အချင်းနဲ့ ရွာ့အပေါ်ထားတဲ့စေတနာကို..လက်ဖျားခါသွားကြရပါရဲ့….(ဥပဒေတစ်ခုကို တစ်နှစ်နဲ့အပီးမသတ်နိုင်တဲ့ ခုခေတ် ကျင်းပနေတဲ့

လွှတ်တော်အစည်းအဝေးတွေနဲ့များ..ကွာပါ့..)

အဓိကမူဝါဒ ကြီး၆ချက်နဲ့ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်း အချက်၂ဝကျော် ပါဝင်တဲ့ အင်မတန်ရှည်လျှားပြီး တိကျလှတဲ့

မန်းဂေဇက်ချစ်သူများစာပေဆု ရွေးချယ်ရေးအဖွဲ့

မူဝါဒ၊ စည်းမျဉ်း နှင့် လုပ်ထုံးလုပ်နည်းများ”

ဆိုတဲ့ စာတန်းကြီးကို ဝိုင်းဖတ်ပြီး ပြည့်စုံနေတာကြောင့် အတည်ပြုလိုက်ကြပါတယ်…။

အဲဒီထဲက မှတ်သားစရာအချက်တစ်ခုကတော့ .. ရွေးချယ်ရေးစည်းမျဉ်း အပိုဒ်၃-(ဆ)

မှာ…

(ဆ) ရွေးချယ်ပြီးနောက် အမှတ်အများဆုံးရသူ တစ်ဦးထက်ပိုလျှင်- အမှတ်အများဆုံးရသူများတွင် ရွေးချယ်ရေးအဖွဲ့ဝင်များပါဝင်ပါက ရွေးချယ်ရေးအဖွဲ့ဝင်များကို ပယ်ရမည်။

ဆိုတာလေးပဲ….ကိုင်းကြည့်ကြပါအုံး ပရိပ်သတ်တို့….

ဘယ်လောက် အသေးစိတ်ကျသလဲလို့ ဒီစာပေဆုကိုကရော်ကမယ်ဆောင်ရွက်ခဲ့တာ

မဟုတ်ဘူး ဆိုတာလေးပရိပ်သတ်ကိုသိစေချင်တာပါ…

ဒီနေရာမှာ….မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ ဖြစ်လာအောင် စတင်စိတ်ကူးပြီး အဆိုတင်သွင်းခဲ့တဲ့ “တွံတေး ဘလက်ချော”နဲ့ စိတ်ရှည်လက်ရှည် ကိုယ်ပိုင်အချိန်တွေပေးပီး

စည်းမျဉ်းများကို စေတနာထားရေးသားပေးခဲ့တဲ့အတွက်…`ဦးဦးပါလေရာ´တို့ကို

ကျေးဇူးတင်ကြောင်း အထူးမှတ်တမ်းတင် ဖေါ်ပြ လိုပါတယ်……

အဲဒီစည်းမျဉ်း စည်းကမ်းတွေလည်းဖတ်ပီးရော…တစ်ယောက်ကစောဒက တက်တယ်…

 

`မန်းဂေဇက်ချစ်သူများစာပေဆု´ ဟုတ်ပါပီ..အားလုံးလက်ခံပါတယ်….

 

ကဲကဲ..စည်းမျဉ်းစည်းကမ်းကတော့ ဟုတ်ပါပြီ…အရေးအကြီးဆုံးတစ်ခုကျန်နေတယ်…

`ဆု´ `ဆု´ `ဆု´

ဟုတ်တယ်လေ..ဆုကိုဘယ်ကပိုက်ဆံနဲ့ပေးကြမလဲ…သဂျီးကိုတော့ထည့်မစဉ်းစားနဲ့..

ဒီကိစ္စက သဂျီးကစတာမဟုတ်ဘူး…ပီးတော့ သဂျီးက ကပ်စေးနဲကြီး..ဟီးးး

အခု သူစမိတ်ဆက် ပေးခဲ့တဲ့ အင်တာနက်တောင် အလကားမသုံးရတော့ဘူး…

မနေနိုင်မထိုင်နိုင်ကျုပ်တို့သဘောနဲ့ကျုပ်တို့စကြတာလေ…

အဲဒီအချိန်မှာ…မင်းသမီးကြီး ဒေါ်ပဒုမ္မာ က စပြောတယ်…

ဖတ်ရွေးအဖွဲ့ဝင်တွေ တစ်ယောက် တစ်လကို..၃၀၀ဝ စီထည့်ရမယ်..

ကျမတို့ ဖတ်ရွေး ၉ယောက်က တစ်လ ၃၀၀ဝ စီ နဲ့ ၆လတွက် ၁၈၀၀၀ ဆိုတော့ ၁၆၂၀၀၀ ရမှာပေါ့…ပြောရင်းနဲ့ ဖတ်ရွေးအဖွဲ့ ဝင်အဖြစ် အရွေးခံထားရသူတွေကိုမျက်လုံးငဲ့ကြည့်လိုက်တော့..ဖတ်ရွေးအဖွဲ့ဝင်တွေက

`အားလုံးသဘောတူပါတယ်တဲ့`..ဝိုင်းအားပေးကြတာပြောပါတယ်….

နောက်နှစ်ရက်လောက်ကျတော့..ဒီစာပေဆုပေးပွဲသတင်းလဲပြန့်သွားရော…

ရွာထဲက အထူးအလှူရှင်တွေပေါ်လာပါလေရော….

သူတို့ကတော့……

အဘဆွေ နဲ့  ကိုအက်ဖ်အာ၊ က  တစ်လ ၁၀၀၀ဝ စီနဲ့  ၆လတွက် ၆၀၀၀ဝ ဆိုတော့ ၁၂၀၀၀၀

(အဘဆွေက အပြောမဟုတ်..တစ်နှစ်စာ ၁၂၀၀၀ဝ ကို သူနေထိုင်ရာ ဘိလပ်ကနေ ချက်ချင်းပို့လိုက်ပါတယ်)

ဆိုတော့..အခုတင်…၂၈၂၀၀ဝ ရသွားပီပေါ့….အင်းဒီလောက်ဆို ဆုပေးပွဲအစီအစဉ်ဖြစ်သွားပီပေါ့….

နောက်ဆုံးတစ်ခု ကျန်နေသေးဗျာ….ဆုပေးပွဲဆိုကတည်းက တွေ့ဆုံပွဲပါ ပါလာပီဆိုတော့..

နေရာ..ရယ် ၊ဘာနဲ့ဧည့်ခံမလဲဆိုတာပေါ့……

ဒီအတွက်လည်း…ရွာထဲက သဘောင်္ဒရိုင်ဘာကြီး ကိုအက်ဖ်အာကပဲ…ဧည့်ခံစရိတ်နဲ့ နေရာ

ထိုင်ခင်းစရိတ်ကို သူ့တာဝန်ထားပါ..လို့ဆိုလာပြန်တယ်…

ဒါပေမဲ့…အဖွဲ့ဝင်အားလုံးက..တစ်ဦးတည်းတာဝန်ယူတာတော့ များလွန်းပါတယ်လို့သုံးသပ်ကြပြီး..ကောက်ခံလို့ရတဲ့ ရံပုံငွေထဲကတစ်ဝက်ခံမယ်..

ကျန်တဲ့တစ်ဝက်ကိုတော့  ကိုအက်ဖ်အာ ပေးတာကိုလက်ခံတာပေါ့လို့ ဆုံးဖြတ်ကြတယ်..

ဒါနဲ့ပဲ အစည်းအဝေးကိုအောင်မြင်စွာပြီးဆုံးပြီ(ဟုယူဆပြီး)

ရုပ်သိမ်းလိုက်ကြတယ်..(ဟုတ်တယ်..မှောင်တောင်နေပီ..အားလုံးအိမ်ပြန်ချင်ပီလေ..)

အဲဒီလိုနဲ့ `မန်းဂေဇက်ချစ်သူများစာပေဆု´ ရွေးချယ်ခဲ့ကြပီး..ပထမ ၆လ အတွက်

ဆုပေးပွဲကြီးကိုတောင် ဒီနှစ် ဇန္နဝါရီလ၂ဝရက်နေ့ကအောင်မြင်စွာ

ကျင်းပနိုင်ခဲ့ပါပြီကောဗျာ……..ဒီနေရာမှာ..ပုံမှန်လစဉ်ငွေထည့်ကြတဲ့ ဖတ်ရွေးအဖွဲ့ဝင်များအားလုံးနဲ့…အထူးတလည် ငွေရေးကြေးရေးပါဝင်ကူညီခဲ့ကြတဲ့

အဘဆွေ နဲ့ အဘဖေါ (ခေါ်) Foreign Resident တို့ နှစ်ဦးကိုလည်း တစ်ရွာလုံး

ကိုယ်စား ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ပါရစေ…

ပြီးခဲ့တဲ့ ၆ လအတွက် ဆုပေးပွဲနဲ့တွေ့ဆုံပွဲ
ပြီးခဲ့တဲ့ ၆ လအတွက် ဆုပေးပွဲနဲ့တွေ့ဆုံပွဲ

CIMG3046

ပေးအပ်ခဲ့သော ဆုများနှင့်အမှတ်တရလက်ဆောင်များ

နောက်ထူးခြားတာတစ်ခုကတော့ မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးပါထည့်ထားလို့

တစ်ရွာလုံးပိုပီး စိတ်ဝင်စားနေကြပါသဗျာ…နေ့ခင်းစာအတွက်ကတော့ တစ်ရွာလုံးမီးခိုးတိတ်..

ရွာ့မိရွာ့ဖလည်းဖြစ် ရွာရဲ့ လယ်ပိုင်ရှင်သူဋ္ဌေးကြီးနှစ်ယောက်လည်းဖြစ်တဲ့ဦးဦးပါလေရာ နဲ့

ဦးဆာမိတို့က `ဝါဆိုထမင်း´ နဲ့ တစ်ရွာလုံးကိုဧည့်ခံကျွေးမွေးမတဲ့…လေးစားလောက်တဲ့ပုဂ္ဂိုလ်

ကြီးတွေပေပဲ…

အဲ..ညပိုင်းကျတော့လည်း..ရွာသူခေါင်းဆောင်မင်းသမီးကြီး `လေဘာတီပဒုမ္မာ´နဲ့ ဇတ်ဆရာကြီး အဘဆေွတို့ဦးစီးတည်ထောင်ထားတဲ့..မန်းဂဇက်အငြိမ့်အဖွဲ့ကြီးက

ကပြအသုံးတော်ခံအုံးမှာလေ.. ဇတ်ဆရာအဘဆွေဆိုတာကလည်း..ပေါ့ပေါ့မဟုတ်..

ဘိလပ် လို့ ကျုပ်တို့ခေါ်ကြတဲ့ အင်္ဂလန်နိုင်ငံကြီးမှာ..ဆာဘားနပ်ချောတို့ ရှိတ်စပီးယားတို့ ရေးတဲ့ပြဇတ်တွေ

ရုံတင်ကပြတာကို နှစ်ပေါင်းများစွာ အနီးကပ်လေ့လာသင်ယူခဲ့တာကလား…

နောက်ပိုင်းကမဲ့ဇတ်အတွက် သမိုင်းနောက်ခံဝတ္ထုကိုလည်း သမိုင်းပညာမှာဝါရင့်

တဲ့ ဆရာစံလှကြီးကိုတိုင်ရေးဆိုပဲ…ခေါင်းဆောင်မင်းသမီးကြီ ပဒုမ္မာဆိုတာကလည်း

အနုပညာမှာ မျိုးနဲ့ရိုးနဲ့ …တချိန်က နိုင်ငံတဝှမ်း လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးလေဘာတီမမြရင်ရဲ့ မြေးအရင်းခေါက်ခေါက် …ဆိုတော့…အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား…. ဘာလိုသေးလည်းပေါ့ဗျာ….

မင်းသမီးကြီး လေဘာတီပဒုမ္မာရဲ့ အကနဲ့အလှ
မင်းသမီးကြီး လေဘာတီပဒုမ္မာရဲ့ အကနဲ့အလှ
ဇတ်ဆရာ အဘဆွေ နဲ့အဖွဲ့ ဇတ်တိုက်နေစဉ်
ဇတ်ဆရာ အဘဆွေ နဲ့အဖွဲ့ ဇတ်တိုက်နေစဉ်
မင်းသမီးကြီးလေဘာတီပဒုမ္မာနဲ့အတူ ပါဝင်ကပြကြမဲ့ ရွာသူချောများ
မင်းသမီးကြီးလေဘာတီပဒုမ္မာနဲ့အတူ ပါဝင်ကပြကြမဲ့ ရွာသူချောများ

 

 

ဒီလို အင်မတန်ထူးခြားတဲ့ပွဲတော်ကြီးဖြစ်တာမို့လည်း…စီးပွားရေးသဘောအရရော…

.လုပ်ငန်းသဘောအရပါ..နိုင်ငံရပ်ခြားရောက်နေကြသူ ရွာသူားများဖြစ်ကြတဲ့…ကိုသစ်မင်း၊ အရီးခင်လတ်၊ ကိုကြောင်ကြီး၊ကိုကိုကြောင့် ပါရမီဖက် ကြေးမုံဂျီး၊ ကိုအောင်၊ ကိုရင်မောင်၊ အဘဆွေ၊ ကိုကျောက်ခဲ၊ ကိုအက်ဖ်အာ၊ ကဖုန်းကျော်၊ မိုက်ကယ်ဂျော်နီအောင်ပု၊ ကိုရင်ရှုံး၊ ခိုင်ဇာ၊ ရွှေကြည်၊ မိုချို၊ မောင့်ကျက်သရေဂီကရင်စည်သူ၊ ကရဲစည်..

စတဲ့ ..စတဲ့ ရွာသူားဟောင်းတွေလည်းနေရပ်ဋ္ဌာနီပြန်လာကြတဲ့ အပြင် မြန်မာနိုင်ငံအနှံ့

ခြေဆန့်နေကြသူတွေပါ…ရွာပြန်လာကြတာမို့လို့ ရွာကြီးဟာ အုံးအုံးထလို့နေတာပေကိုး…

ဒီလိုခမ်းနားလှပြီးပျော်စရာကောင်းမဲ့ ပွဲတော်ကြီး အောင်အောင်မြင်မြင်ခြိမ့်ခြိမ့်သဲ

ကျင်းပနိုင်ရေးအတွက်…ဒီမိုသဂျီး ဦးခိုင်က ရွာဦးကျောင်းဆရာတော် ဦးပဇင်း ဇောက်ထိုး

ကိုအမှုးထားပြီး ပွဲတော်မတိုင်မီ နှစ်ပါတ်လောက်ကတည်းက ရွာလုံးကျွတ်အစည်းအဝေး

ခေါ်ယူပြီး ပွဲတော် အတွက် တာဝန်တွေ ပေးပါလေရောဗျို့…ဒီလို..ဒီလိုတွေ…

လုံခြုံရေး

ဒီပါကို၊ ကိုလင်းဝေ၊ နိုဇိုမိ

ဆက်သွယ်ရေး(ပြည်တွင်း/ပြည်ပ)

ဂီဂီ၊ ဖက်တီးကက်

ကျန်းမာရေး(အရေးပေါ် သူနာပြု)

သီတာစိုး၊ အေကေကေအို၊ ကိုခင်ခ၊ ကိုထက်ဝေး၊ မိုချို

အခမ်းအနားမှတ်တမ်းတင်

ကိုပေါက်(မန်း)၊ လုင်၊ ဆြာအုပ်၊ကိုစိန်သော့၊ ရွှေမင်းသား

လျှပ်စစ်မီးဖက်ဆိုင်ရာ နှင့် အင်တာနက်တာဝန်(ကမာ္ဘကိုဖြန့်ရန်)

စွယ်တော်ရွက်၊ အံစာတုံး၊ ပေါက်ဖေါ်(ဗိုက်ကလေး)

လက်ဝှေ့ ကြိုးဝိုင်းဒိုင်

ပီချိုကြီး၊ မိုက်ကယ်ဂျော်နီအောင်ပု

လက်ဝှေ့ အမှတ်ပေးဒိုင်(အောက်ဒိုင်)

အက်ဖ်အာ၊ ကြောင်ကြီး၊ ကိုရှုံး၊ ကိုရင်မောင်၊ ကိုကျောက်ခဲ၊ ကိုအဏ်ဏဝါ

ဆိုင်းဝိုင်း

ရွာစားကျော်မင်းနန္ဒ

အခမ်းအနားမှုး

ရွှေတိုက်စိုး၊ အမတ်မင်း

မီဒီယာ(စာနယ်ဇင်းများတွင်ထည့်ရန်)

ကမ်းကြီး၊ အာဂ၊ နွယ်ပင်၊ သူရဇော်

ဧည့်သည်များတည်းခိုရေးနှင့် သယ်ယူပို့ဆောင်ရေး

ကထူးဆန်း၊ ဂျော်နီဒီးယား၊ ကိုဆာမိ၊ လမင်းကဗျာ၊ လုံမလေးမွန်မွန်၊ ကိုနွေဦး

ဈေးရောင်းပွဲတော်ကြီးကြပ်ရေး

မဝေ၊ မအိ၊ မမ၊ မနိုဗွီ၊ ခိုင်ဇာ၊ အီးတုံး

လောင်းကစားဝိုင်းကြီးကြပ်ရေး(အာဝါဒေးပွဲ)

မောင်ပေ၊ မိုဘိုင်း၊ မျိုးသန့်၊ ကိုအောင်၊ ဘဲဥ၊ ဖရဲသီး

 

တာဝန်အသီးသီးခွဲပေးပြီးတော့သူဂျီးက…

`ကဲ..ကဲ..အခုတာဝန်ပေးအပ်ခံရတဲ့ပုဂ္ဂိုလ်များအနေနဲ့…မိမိတို့ကျရာတာဝန်အသီးသီးကို

ကျေပွန်အောင် အစွမ်းကုန်ဆောင်ရွက်ပေးကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်..

အခက်အခဲတစ်စုံတရာရှိရင် ကျုပ်ကိုချက်ချင်းပြောကြပါ..ကျုပ်ဖြေရှင်းဆောင်ရွက်ပေးပါ့မယ်..

အစီအစဉ်အားလုံး လပြည့်နေ့မတိုင်ခင် ညနေဖက်မှာ အဆင့်သင့်ဖြစ်ပါစေ..

အဲအဲ..မေ့တော့မလို့…ဒီလိုဗျ…ပွဲတော်စမဲ့ မနက် ၈နာရီကစပြီး မြန်မာ့ရိုးရာလက်ဝှေ့

ပြိုင်ပွဲအရင်စဖွင့်မယ်…၈နာရီကနေ ၁ဝနာရီအတွင်းတော့ ရွာထဲက လက်ဝှေ့ဝါသနာရှင်တွေရဲ့

အလွတ်တန်းပြိုင်ပွဲလေးတွေပေါ့…မနက်၁ဝနာရီ၁၅မိနစ်ကနေ ၁၁နာရီထိ ၄၅မိနစ်ကတော့

စိန်ခေါ်သူလက်ရှိချန်ပီယံ “တွံတေး ဘလက်ချော”နဲ့ ချန်ပီယံလုဖို့ ထိုးသတ်မဲ့ `တောင်လှေကားကြီးမိုက်´တို့ရဲ့ အထူးပွဲကြီးကိုကျင်းပမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေး…

ကြိုပြောထားချင်တာပါ… အားလုံးကိုကျေးဇူးတင်ပါတယ်..´

ဒီလိုနဲ့အစည်းအဝေးကြီးလည်းအောင်မြင်စွာပီးဆုံးခဲ့ပါတယ်…

ဒီလိုနဲ့..ပွဲတော်ရက်လည်းတဖြည်းဖြည်းနီးလာပြီး… တစ်ရွာလုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့…….

 

 

xxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီနေ့ တပေါင်းလပြည့်နေ့ဗျ…ပွဲတော်ကြီးကျင်းပမဲ့နေ့ဆိုပါတော့…

ဒီနေ့တော့ ကြီးမိုက်တစ်ယောက် မနက်လေးနာရီလောက်ထဲက အိပ်ယာထပြီးနေပီ

အိပ်ယာကနိုးတာနဲ့ မျက်နှာကမန်းကတမ်းသစ်..ရေ နှစ်ဖန်ခွက်လောက်သောက်ပြီး

အိမ်ရှေ့ သရက်ပင်ကြီးအောက်က မြေသားပြောင်ပြောင်ကွက်လပ်ကလေးမှာ..နေရာယူပြီး

သွေးပူလေ့ကျင့်ခန်းလုပ်နေလိုက်တယ်…ဟုတ်တယ်လေ..ဒီနေ့က ကြီးမိုက်အတွက်အလွန်အရေးကြီးတဲ့နေ့တစ်နေ့မဟုတ်ပါလား…..

တောင်လှေကားကြီးမိုက်ရဲ့ အပြင်းအထန်လေ့ကျင့်ဟန်
တောင်လှေကားကြီးမိုက်ရဲ့ အပြင်းအထန်လေ့ကျင့်ဟန်

ကြီးမိုက်ငယ်ငယ်က ကော့သောင်းက ယိုးဒယားနယ်စပ်မှာ အဖေနဲ့လိုက်ပြီး နှစ်တော်တော်ကြာကြာနေခဲ့ဖူးတယ်..အဲဒီမှာနေရင်း အဖေ့မိတ်ဆွေ ပလျူးလူမျိုး

“အုပေါင်” ဆိုတဲ့ လက်ဝှေ့ဆရာကြီးနဲ့ ခင်မင်ရင်းနှီခွင့်ရခဲ့ပါတယ်..သူက ကျနော့ကို

ယိုးဒယားလက်ဝှေ့သင်ပေးခဲ့တယ်…သူ့ဆီမှာ ၆လ လောက်သင်ပီးတာနဲ့

အဲဒီခေတ်က ကျေးရွာဘုရားပွဲတွေမှာ အမြဲပါလေ့ရှိခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေမှာ

ဝင်ထိုးသတ်စေခဲ့တယ်..နိုင်တဲ့အခါရှိသလို အကွဲကွဲအပြဲပြဲနဲ့ရှုံးလာခဲ့တာလည်းမနည်းဘူး..

ဒါပေမဲ့ ဆရာကြီးအုပေါင် ကတော့ ရှုံးလာတဲ့အခါတိုင်း…ပွဲစဉ်ကိုပြန်သုံးသပ်ပြပြီး

ကြီးမိုက်ရဲ့အားနည်းချက်တွေကို ထောက်ပြပြီး အပြင်းအထန်ပြန်လေ့ကျင့်စေခဲ့တယ်…

ဒီလိုနဲ့ ၃နှစ်လောက်အကြာ..ကြီးမိုက် ၁၆နှစ်သားလောက်မှာ အဲဒီနယ်တစ်ဝိုက်

ရွယ်တူ တန်းတူတွေကြားမှာ ကြီးမိုက်ကိုယှဉ်ထိုးသတ်နိုင်သူမရှိသလောက်ဖြစ်လာခဲ့တယ်..~

နောက်တော့ ကြီးမိုက်အဖေ အလုပ်ပြောင်းရတာနဲ့ ဆရာကြီးအုပေါင်နဲ့ အဲဒီနယ်ကို

စွန့်ခွါခဲ့ရတယ်လေ….ဒီလိုနဲ့ အဖေ့အလုပ်ပြောင်းရာနောက်လိုက်နေရင်း စာလည်းသင်

အားတဲ့အချိန် လက်ဝှေ့လည်းလေ့ကျင့်နဲ့..လက်ဝှေ့သဘာနဲနဲရင့်လာခဲ့တယ်ဆိုပါစို့..

ရောက်ရာအရပ် ဘုရားပွဲတွေက လက်ဝှေ့ အလံလုပွဲတွေ လည်းဝင်ဝင်ထိုးလေ့ရှိတော့

လက်ဝှေ့လောကမှာလူသိနဲနဲများလာတယ်ပေါ့ဗျာ…

ထူးခြားတာက ဆရာရင်းအုပေါင်ရဲ့ အကောင်းဆုံး ပွဲသိမ်းတိုက်ကွက်ဖြစ်တဲ့

တစ်ဖက်လူရဲ့ မသိမသာညွတ်ထားတဲ့ဒူးခေါင်းပေါ်ကို ဘယ်ခြေနဲ့ဖြတ်ကနဲ

လျှပ်ပျက်သလို ခုန်တက်ပီး ညာဒူးနဲ့ တစ်ဖက်လူရဲ့ မေးရိုးကိုပစ်ဆောင့်လိုက်တဲ့တိုက်ကွက်ပဲ..

အဲဒီအချက်မိလိုက်လို့ကတော့ ဘယ်သူမှပြန်မထနိုင်ဘူး..ပွဲသိမ်းပဲ…

အဲဒီတိုက်ကွက်သုံးလွန်းလို့ မြန်မာ့လက်ဝှေ့လောကမှာ..“တောင်လှေခါးကြီးမိုက်”

ဆိုပီးနာမည်တစ်လုံးရလာခဲ့တယ်…..ဆရာကြီးအုပေါင်ကျေးဇူးတွေပေါ့…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ဒီအချိန်မှာတော့ ကြီးမိုက်လည်း အသက်ကရလာတော့ သိပ်မထိုးဖြစ်တော့ပါဘူး..

ဒါပေမဲ့ စိန်ခေါ်လာရင်တော့ တိမ်ပေါ်ထိ လိုက်ထိုးတတ်တဲ့ တောင်လှေခါးကြီးမိုက်

ဆိုတော့ အခုရွာ့နှစ်ပါတ်လည်နေ့ ပျော်ပွဲရွှင်ပွဲနဲ့ ဟောဒီဂဇက်ရွာကြီးရဲ့ လက်ဝှေ့

သရဖူလုပွဲကြီးမှာ တစ်ဖက်ကစိန်ခေါ်လာတဲ့ “တွံတေး ဘလက်ချော”ရဲ့ စိန်ခေါ်ချက်ကို

ရဲရဲကြီးလက်ခံခဲ့တယ်လေ…သူနဲ့တော့ မထိုးသတ်ဖူးသေးပါဘူး…

ဒါပေမဲ့ ကြားထားရသလောက်ကတော့ သူလည်းခေသူတော့မဟုတ်ဘူးဗျ…

တစ်ချက်တစ်ချက် ရုတ်တရက်ရွာကနေ အကြာကြီးပျောက်ပျောက်သွားတတ်တယ်…

ဘယ်သွားမှန်းလည်းဘယ်သူမှသိတာမဟုတ်.သူက သဂျီးကိုတောင်ခွင့်တောင်း

သွားတာမှမဟုတ်တာ..ဒါပေမဲ့လို့ ရွာမှာအပ်ကျတာကအစသိသိနေတဲ့ ဆယ်အိမ်ခေါင်း

“ရွှေတိုက်စိုး”ကို သူကြိုက်တဲ့ အံစာတုံးရဲ့ ထန်းတောက ပင်ကျရေလေးတိုက်ပီး နှိုက်မေးလိုက်တော့ အကြောင်းစုံသိရသပ..ဟာဟ..

ကရင်ပြည်နယ်ဘက်သွားပြီးဆရာ့ဆရာကြီးတွေထံ လက်ဝှေ့ပညာသွားဆည်းပူးဆိုပဲ..

လက်ဝှေ့ကျော် ရွှေဓူဝံနဲ့တောင်ထိုးဖူးဆိုလား(ကြွားတာလည်းဖြစ်ချင်ဖြစ်မှာပေါ့)

တစ်ခါတစ်ခါ ယိုးဒယားဘက်တောင် သွားသင်သတဲ့….အင်း..ဒီနေ့တော့

ဘယ်သူ့လက်ရည်သာတယ်ဆိုတာ လက်တွေ့သိရတော့မှာပလေ…

ဂဇက်တစ်ရွာလုံးလည်းဒီပွဲကိုပဲ အထူးစိတ်ဝင်စားနေကြတာကလား…

ကြီးမိုက် လည်းသွေးပူလေ့ကျင့်ခန်းလေးပီးတာနဲ့ သရက်ပင်မှာချိတ်ဆွဲထားတဲ့

သဲအိပ်ကြီးကိုရန်သူပြိုင်ဘက်လိုသဘောထားပြီး တဗုံးဗုံးထိုးနေလိုက်တော့တာပေါ့..

အလင်းရောင်နီလေးနဲနဲပေါ်လာတာနဲ့ သူ့လေ့ကျင့်မှု့ကိုရပ်လိုက်တယ်…

ဟုတ်တယ်လေ..သူ့ရဲ့ ထူးခြားတဲ့ တိုက်ကွက်တွေ တစ်ဖက်လူမြင်လို့ဘယ်ဖြစ်ပါ့မလဲ နော့..

 

တပေါင်းလပြည့်နေ့ ပွဲတော်နေ့မနက်မှာတော့…

မနက် ရ နာရီခွဲကတည်းက  အခမ်းအနားမှုး ရွှေတိုက်စိုးနဲ့ အမတ်မင်းတို့က တစ်လှည့်စီ အခမ်းအနားအစီအစဉ်များကိုကြေငြာပေးနေပါတယ်…

အခမ်းအနားမှုး အစီအစဉ်များကြေငြာ
အခမ်းအနားမှုး အစီအစဉ်များကြေငြာ

 

ရွာသူားတွေလည်းအခမ်းအနားကျင်းပရာနေရာဆီ..အသီးသီး ချီတက်နေရာယူနေကြပါပြီ…

မျှော်လင့်တကြီး စောင့်စားကြည့်ရှုနေတဲ့ ရွာ့ပရိပ်သပ်
မျှော်လင့်တကြီး စောင့်စားကြည့်ရှုနေတဲ့ ရွာ့ပရိပ်သပ်

 

ပထမဆုံးအစီအစဉ်အရ…လက်ဝှေ့ အပျော်တန်းပွဲလေးတွေ

ပီးတော့……………

ဒုတိယအစီအစဉ်အရ..ပရိတ်သတ်မျှော်လင့်စောင့်စားနေရတဲ့

စိန်ခေါ်သူ.. “တွံတေး ဘလက်ချော” နဲ့ ..“တောင်လှေခါးကြီးမိုက်”တို့ရဲ့ ချံပီယံလုပွဲ

ကြီးစတင်ပါပြီ…ကြိုးဝိုင်းဒိုင်တွေ…အောက်ကအမှတ်ပေးဒိုင်တွေလည်းအသင့်ဖြစ်နေပြီ…

ကြိုးဝိုင်းအောက်က ဆိုင်းဝိုင်းတာဝန်ယူထားတဲ့.. ရွာစားကျော်မင်းနန္ဒ ဆိုင်းဝိုင်းကလည်း

မြူးမြူးကြွကြွ ဘိန်းမောင်းတိုက်ပေးနေပါတယ်… အခမ်းအနားမှတ်တမ်းတင် တာဝန်ယူထား

ကြတဲ့ ကိုပေါက်(မန္တလေး) ဦးဆောင်တဲ့ ကင်မရာမင်းတွေကလည်း ရှု့ထောင့်မျိုးစုံကနေရာယူ

ကင်မရာတွေချိန်နဲ့ အလုပ်ရှုပ်လို့ပေါ့..

ကြိုးဝိုင်းပေါ် ပထမဆုံးတက်ပီးဟန်ရေးပြသူကတော့ “တွံတေး ဘလက်ချော”ပါပဲ..

ပရိတ်သပ်ကြီးကလည်းလက်ခုတ်ဩဘာဆူညံသွားအောင်အားပေးလိုက်ကြပါတယ်…

သူဟန်ရေး အတန်ကြာပြပြီးတော့..ကြိုးဝိုင်းပေါ်ကို ..“တောင်လှေခါးကြီးမိုက်”တက်လာပါတယ်..အပေါ်ရောက်တာနဲ့ ပရိပ်သတ်ကို လှည့်ပါတ်

ပီးဂါရဝပြုလိုက်တယ်ဆိုရင်ပဲ..ပရိတ်သပ်ကြီးရဲ့လက်ခုပ်ဩဘာသံတွေဆူညံသွားပြန်ပါတယ်…

အဲဒီအချိန်မှာပဲ.ကြိုးဝိုင်းဒိုင် တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျော်နီအောင်ပု က .ပြိုင်ဖက်နှစ်ဦးကို

လက်သီးချင်းထိထားစေပြီး..အောက်ဒိုင်ရဲ့ ခေါင်းလောင်းသံကိုစောင့်နေပါတယ်…

မကြာခင်လေးမှာပဲ..ကိုကြောင်ကြီးက ပွဲစ ခေါင်းလောင်းကိုအထိုး..ကိုအောင်ပုက

ပြိုင်ဖက်နှစ်ယောက်ရဲ့လက်နှစ်ဘက်ကိုဖြတ်ချလိုက်ပါတော့တယ်…ပရိတ်သပ်ကြီးလည်း..

ဟေး..ကနဲအော်လိုက်ကြပြီး စိတ်ဝင်တစါးစောင့်ကြည့်နေကြပါတယ်….

ပထမတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းမဝင်သေးပဲ ကြိုးဝိုင်းထဲမှာလှည့်ပါတ် အကွက်ရှာနေကြပါတယ်…စလှုပ်ရှားလိုက်သူက ကြီးမိုက်ပါ..

ဘယ်လက်ဟန်ပြပြီးညာဖြောင့်လက်သီးတစ်လုံးပစ်သွင်းလိုက်တော့..ဘလက်ချောက

ခေါင်းကိုအသာတိမ်းရှောင်ပြီး..ချက်ချင်းလျှပ်ပျက်သလို ညာဝိုက်လက်သီးပစ်အသွင်း

ရှောင်ချိန်မရလိုက်တဲ့ ကြီးမိုက်နံဘေးကိုထိသွားပြီး အွတ်ကနဲအသံထွက်သွားတော့..

ပရိပ်သတ်ကြီးရဲ့ အော်ဟစ်အားပေးသံတွေ ဝေါကနဲထွက်ပေါ်လာပြန်ပါတယ်…

ကြီးမိုက်အသက်ရှုမှားနေတုံး ဘလက်ချောက တဆက်ထဲဆက်တိုက်ဖိထိုးဖို့အတင်းဝင်တော့

ကြိုးဝိုင်းဒိုင် ပီချိုကြီးက ကြားဝင်တားထားလိုက်ပြီး ကြီးမိုက်ကို ဆက်ထိုးလို့ရမရ မျက်ရိပ်ပြမေးလိုက်ပါတယ်…ကြီးမိုက်က ခုံဆွဆွလုပ် အသက်ရှုမှန်အောင်ကြိုးစားရင်း

ဆက်ထိုးနိုင်ကြောင်း ခေါင်းဆတ်ပြပါတယ်..ဒီတော့မှ ပီချိုကြီးက လက်ကာထားတာလွှတ်လိုက်ပီး..ဆက်ထိုးစေလိုက်ပါတယ်…

ဒီတခါအပြင်းအထန်တိုက်စစ်ဆင်ထိုးနေတာက ဘလက်ချောပါ…လက်သီးမျိုးစုံ

ဆက်တိုက်ပစ်သွင်းနေတာ ကြီးမိုက် ခေါင်းတောင်မဖေါ်နိုင်အောင်ရှောင်တိမ်းနေရပါတယ်..

တစ်ချက်မှာတော့ ဘလက်ချော ခြေတဖက်ယိုင်ကနဲအဖြစ် အခွင့်ကောင်းကိုလက်လွှတ်မခံတဲ့

ကြီးမိုက်ရဲ့ဘယ်ပင့်လက်သီးဟာ…ဘလက်ချောမေးအောက်ကိုတဲ့တဲ့ကြီး

ဝင်သွားပါတော့တယ်…ဘလက်ချော ဖင်ထိုင်ရက်ကျသွားပီး မူးနောက်သွားဟန်နဲ့

ခေါင်းခါနေပါတယ်…ချက်ချင်းပဲ ဂျော်နီအောင်ပုက ဘလက်ချောရှေ့မှာပိတ်ရပ်လိုက်ပီး…

`တစ်´…………….

`နှစ်´……………..

`သုံး´…………….ပရိတ်သပ်ကြီးကလည်းတိတ်ဆိတ်သွားပီး ကိုအောင်ပု နံပါတ်စဉ်မှတ်သံနဲ့အတူ စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပါတယ်..

`လေး´……………..

`ငါး´…………….အမှတ်စဉ်ငါးအရောက်မှာတော့ ဘလက်ချောအားယူထလိုက်ပြီး

လက်မထောင်ပြလိုက်လို့…ပရိတ်သပ်ကြီး..ဟေး ကနဲအော်လိုက်ကြပါတယ်…

ကိုအောင်ပုက နှစ်ဦးကြားရပ်နေရာကနေဖယ်လိုက်ပီး ပြန်စခွင့်ပြုလိုက်ပါတယ်…

ဒီတစ်ချီမှာတော့ နှစ်ယောက်လုံးလည်း အတော်မောနေကြပြီ..အချင်းချင်းလဲနဲနဲ

သဘောပေါက်သွားကြပီဆိုတော့ နှစ်ယောက်လုံး အတော်သတိထားပီး

အမှားစောင့်နေကြပါတယ်…ပါတ်ချောင်းနေကြရင်း..တချက်မှာတော့..

ဘလက်ချောရဲ့ ဘယ်ဘက်ခြေဒူး နဲနဲကွေးပြီးအားယူလိုက်တာကြီးမိုက်တွေ့လိုက်တော့

ချက်ကောင်းစောင့်နေတဲ့ ကြီးမိုက်လည်း..သူ့ရဲ့ ပွဲသိမ်းတိုက်ကွက်ဖြစ်တဲ့

တောင်လှေကားတိုက်ကွက်ကို မိမိရရကြီးအသုံးချလိုက်ပါတယ်…

ဘလက်ချောရဲ့ ကွေးနေတဲ့ ဒူးပေါ်ကို ဖတ်ကနဲဘယ်ခြေဖျားနဲ့ခုန်တက်လိုက်ပီး

မေးအောက်ကို ညာဒူးနဲ့တိုက်ချလိုက်ပါတယ်…ပရိတ်သပ်ဆီကလည်း..

`ဟယ်´ကနဲအသံကြီးထွက်ပေါ်လာပါတယ်………တစ်ကယ်တော့..

တောင်လှေကားကြီးမိုက်တစ်ယောက်…

မှန်းချက်နဲ့ နှမ်းထွက်မကိုက်လိုက်ပါဘူး…

ချွေးတွေအဆီပြန်သလိုထွက်နေတဲ့ ဘလက်ချောဒူးခေါင်းဖျားမှာ ကြီးမိုက်ရဲ့ဘယ်ခြေဖျား

နဲနဲချော်သွားပီး ဟန်ချက်နဲနဲပျက်သွားတော့ သူတိုက်လိုက်တဲ့ ပွဲသိမ်းဒူးဟာလဲ

ဘလက်ချောမေးရိုးကို ရှပ်ထိရုံထိပီး..လူကိုယ်ကလယ်ထွက်သွားတော့…လျှင်လှတဲ့

ဘလက်ချောကလဲ အချိန်မဆိုင်း…ဟန်ချက်ပျက် လယ်ထွက်သွားတဲ့ ကြီးမိုက်ရဲ့

နံဘေးကို ညာဝိုက်လက်သီးပစ်သွင်းလိုက်တော့..တဲ့တဲ့ကြီးဟစ်မိပီး..ကြီးမိုက်

ကြမ်းပြင်ပေါ်ဘိုင်းကနဲပစ်ကျသွားပါတော့တယ်…

ပီချိုကြီးက ချက်ချင်း ကြီးမိုက်လဲနေရာရှေ့ပိတ်ရပ်၊ လက်ကိုမြှောက်လိုက်ပြီး….

`တစ်´……..

`နှစ်´………….

`သုံး´………..

`လေး´………..

`ငါး´………. ကြီးမိုက်နဲနဲလှုပ်ရှားလာပါတယ်…

`ခြောက်´…….

`ခုနစ်´……….. ကြီးမိုက် လဲနေရာက ထိုင်လိုက်ပီး လက်ထောင်ပြပါတယ်…

`ရှစ်´….. ဒိုင်ကအမှတ်မစဉ်ရေတာ မရပ်ပဲဆက်ရေပါတယ်

`ကိုး´….. ကြီးမိုက် ရုပ်ကနဲထရပ်လိုက်တော့…ပီချိုကြီး အမှတ်စဉ်ရေနေတာရပ်လိုက်ပြီး

ဆက်ထိုးလို့ဖြစ်ပါ့မလား ဆိုတဲ့အကြည့်နဲ့ ကြီးမိုက်ကိုကြည့်တော့…ကြီးမိုက်က

`ရတယ်´`ဆက်ထိုးမယ်´

သတ်မှတ်အချိန် ၄၅ မိနစ်ကလည်းပြည့်ခါနီးလာပါပြီ….

ဒီတစ်ခေါက်ပြန်အစမှာတော့ နှစ်ယောက်လုံး သူတစ်ပြန် ကိုယ်တစ်ချက်နဲ့

အောင်ပွဲအဆုံးအဖြတ်အတွက် တရစပ် တိုက်စစ်ဆင်နေကြပါတယ်…ပရိတ်သပ်ကြီးလည်း

ရင်တမမနဲ့ အားပေးနေကြတာ အသံဗလံတောင်တိတ်ဆိပ်လို့နေပါတယ်…

“တွံတေး ဘလက်ချော”ရဲ့ ဟန်ရေးပြပုံ
“တွံတေး ဘလက်ချော”ရဲ့ ဟန်ရေးပြပုံ
တွံတေးဘလက်ချော နဲ့ တောင်လှေကားကြီးမိုက်တို့ ဘတပြန်ကျားတပြန်
တွံတေးဘလက်ချော နဲ့ တောင်လှေကားကြီးမိုက်တို့ ဘတပြန်ကျားတပြန်

 

ဒီတစ်ချီမှာှတော့ နှစ်ယောက်လုံး ရှောင်ဖို့မကြိုးစားကြတော့ဘဲ အပြန်အလှန်ထိုးသတ်နေကြတာမို့ နှစ်ယောက်လုံးအထိနာကြပြီး…ယိုင်နေကြပါပြီ..

ဒီအချိန်မှာပဲ…အောက်က အမှတ်ပေးဒိုင် ကိုကြောင်ကြီးရဲ့ ခေါင်းလောင်းသံအကျယ်ကြီးထွက်ပေါ်လာလို့  ကြိုးဝိုင်းဒိုင် ပီချိုကြီးနဲ့မိုက်ကယ်ဂျော်နီအောင်ပုတို့…အပြင်းအထန် ထိုးသတ်နေသူနှစ်ဦးကြား

အတင်းဝင်ပီးဖြန်ဖြေ…တစ်ဦးစီကိုသက်ဆိုင်ရာ ကြိုးဝိုင်းထောင့်တွေကို တွန်းပို့လိုက်ကြပါတယ်

ကြီးမိုက်ဖက်ထောင့်က..ဦးမာဃ ရယ် အလင်းဆက်ရယ်..

ဘလက်ချောဖက်ထောင့်က..ရွှေတိုက်နဲ့ဗိုက်ကလေး..အသီးသီးတက်လာကြပြီး

လက်ဝှေ့ကျော်နှစ်ဦးကို လိုအပ်သလိုနှာနှပ် ပြုစုပေးနေကြပါတယ်…

နှစ်ဦးစလုံးမျက်နှာတွေကလည်း…အာလူးသီးတွေထွက် ဖူးရောင်ကွဲပြဲပြီး..သွေးသံ

တရဲရဲနဲ့ပါ… ကျန်းမာရေး(အရေးပေါ် သူနာပြု)တာဝန်ယူထားကြသူ..

ဒေါက်သီတာစိုး၊ အေကေကေအို၊ ကိုခင်ခ၊ ကိုထက်ဝေး၊ မိုချိုတို့ကလည်း ဆေးဝါးတွေနဲ့

ပံ့ပိုးကူညီနေကြတယ်….အဲ..အဲ..

…ပွဲခင်းထဲက ရှေ့ဆုံးတန်းတစ်နေရာမှာတော့……

ဘေးချင်းကပ်ထိုင်နေတဲ့ မဒမ်မိုက်နဲ့ မဒမ်ဘလက်တို့ နှစ်ယောက်

မျက်ရည်လည်ရွှဲ နှပ်တွဲလဲနဲ့ တစ်ဦးကိုတစ်ဦး ဖက်ပီးငိုနေကြလေရဲ့…

(သူတို့နှစ်ယောက်လုံး လင်တော်မောင်တွေကို ဒီလိုရန်ညှိုး ရန်စမရှိ အသေအကြေ

မထိုးသတ်ကြဖို့ အတန်တန် တားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြဘူးလေ..

သူတို့ ဝါသနာကိုတားမရဘူးဆိုပါတော့…)

 

 

တစ်ချိန်တည်းမှာပဲ..အမှတ်ပေးဒိုင်များဖြစ်ကြတဲ့…

အက်ဖ်အာ၊ ကြောင်ကြီး၊ ကိုရှုံး၊ ကိုရင်မောင်၊ ကိုကျောက်ခဲ၊ ကိုအဏ်ဏဝါ တို့

ကလည်းခေါင်းချင်းရိုက်ပီး အမှတ်ပေါင်းနေကြပါတယ်…

ဒိုင်ပွဲရပ်လို ဘယ်သူကမှ အလဲမထိုးနိုင်ခဲ့တော့…အမှတ်နဲ့ပဲဆုံးဖြတ်ရမဲ့သဘောပါ…

ပရိပ်သပ်ကြီးကလည်း..ဘယ်သူအနိုင်ရလေမလဲလို့ စိတ်လှုပ်ရှားစွာနဲ့

စောင့်နေကြလေရဲ့………………………………………………………

ဒေါင်….ဒေါင်….ဒေါင်…..

ခေါင်းလောင်းထိုးသံ သုံးချက်ထွက်ပေါ်လာပါပြီ….အဖြေလည်းထွက်ပါပြီ…

ကြိုးဝိုင်းဒိုင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျော်နီအောင်ပု က အောက်က အမှတ်ပေးဒိုင်ချုပ်

ကိုအက်ဖ်အာကြီး ပေးတဲ့ ရီဇတ်စာရွက်ကိုလှမ်းယူလိုက်တာတွေ့ရပါတယ်……

ပီချိုကြီးကလည်း ယှဉ်ပြိုင်သူနှစ်ယောက်လုံးကိုစည်းဝိုင်အလည်ခေါ်လိုက်ပီး

လက်တစ်ဖက်စီကိုင်လို့ ဂျော်နီအောင်ပုရဲ့ ကြေငြာသံကိုနားစွင့်နေပါတယ်..

ပရိတ်သပ်ကြီးကလည်း စိတ်ဝင်စားလွန်းလို့ တိတ်ဆိတ်နေလိုက်တာ…

ဆိုင်းဝိုင်းကြီးလည်းခေတ္တရပ်ထားတော့ ..ငြိမ်လို့……..

“အဟွတ်..အဟွတ်..အဟမ်း..ဘွတ်..(တောက်စ်….အီးကထွက်သွားသေးတယ်)..

အခု အမှတ်ပေးဒိုင်သူကြီးများရဲ့ အမှတ်တွေပေါင်းခြင်းအရ…(တော်တော်လေးငြိမ်နေပါတယ်)

ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ ချံပီယံဗိုလ်လုပွဲကြီးမှာ

အနိုင်ရသွားသူကတော့….”  ဒီနေရာမှာဆက်မပြောပဲ…ကိုအောင်ပုက…ပရိတ်သပ်ကိုတစ်ပါတ် ဝေ့ကြည့်နေပါတယ်….

“မြန်မြန်ပြောပါတော့ဗျို့”…ပရိတ်သပ်ကြီးစိတ်မရှည်လို့အော်ကြ ဆဲကြနဲ့ ဆူညံသွားပါတယ်……အဲတော့မှ..မိုက်ကယ်ဂျော်နီအောင်ပုက…ဆက်ပီး

“အမှတ်တူနဲ့ ပူးတွဲချံပီယံ သတ်မှတ်လိုက်ပါတယ်ဗျား..”ကိုအောင်ပုအသံလည်းဆုံးရော…

ပီချိုကြီးကလည်းချက်ချင်း ပြိုင်ဘက်နှစ်ဦးလုံးလက်ကို ပျော်ရွှင်စွာမြှောက်လိုက်ပါတော့တယ်..

ဝေးးးးးးးးးးးးးးးးးးးးးးဟေးးးးးးးးးးးးးးးးဟေးးးးးးးးးးးးးးး

ပရိတ်သပ်ကြီရဲ့ အော်ဟစ်အားပေးသံများဘဝဋ်သို့တိုင်ညံသွားပါတော့တယ်….

 

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခမ်းအနားမှုး ရွှေတိုက်စိုးအသံ ရုတ်တရက် ထွက်ပေါ်လာပါတယ်…..

“မင်္ဂလာပါဗျာ…ပရိတ်သပ်ကြီးလည်းဗိုက်ဆာနေလောက်ပါပြီ…

ကျနော်ကိုယ်တိုင်လည်းဗိုက်တော်တော်ဆာနေပါပြီ..အာဟိ..

ခဏလေးသီးခံပီးစောင့်ကြပါဗျာ….အစီအစဉ်အရ…မကြာခင်အချိန်အတွင်းမှာပဲ

၂၀၁၃ခုနှစ်ရဲ့  ဒုတိယမြောက်လဖြစ်တဲ့ ဖေဖေါ်ဝါရီလ အတွက် မန်းဂဇက်ချစ်သူများစာပေဆု

ရရှိသူကို…ဖတ်ရွေးအဖွဲ့ ဥက္ကဋ္ဌ မင်းသမီး မပဒုမ္မာကနေကြျေငြာပေးဖို့ဖြစ်ပါတယ်…”

(ပထမ ၆လ အတွက် ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဦးဦးပါလေရာ ကလည်းစိတ်ဝင်တစားကြည့်လို့နေပါတယ်)

ဖတ်ရွေးအဖွဲ့ ဥက္ကဋ္ဌ မင်းသမီး မပဒုမ္မာကြေငြာပြီးတာနဲ့…ထမင်းစားမဏ္ဍတ် မှာ

အလှူ့ရှင် ဦးဦးပါလေရာနဲ့ ကိုဆာမိတို့ လှူဒါန်းတဲ့ ဝါဆိုထမင်းကိုသုံးဆောင်ကြပါ

လို့ မေတ္တာရပ်ခံအပ်ပါတယ်….အားလုံးကိုကျေးဖူးတင်ပါတယ်ခင်ဗျာ..”

ချက်ချင်းဆိုသလိုပဲ…

မင်းသမီးလဲဖြစ်..လက်ရှိဖတ်ရွေးဥက္ကဋ္ဌလည်းဖြစ်တဲ့ မပဒုမ္မာ စင်ပေါ်တက်လာပါတယ်…

“လေးစားရပါသော သဂျီးမင်းနဲ့တကွ ရွာသူရွာသားအပေါင်း မင်္ဂလာပါရှင့် ဟ ဟ ဟ ဟတ်ချိုး…ဟတ်..ဟတ်..ဟတ်..ဟတ်ချိုး…အော်အရေးထဲ….(လက်ကိုင်ပုဝါနဲ့

ပါးစပ်ကိုကမန်းကတမ်း သုတ်လိုက်ရင်း..)

တောင်းပန်ပါတယ်ပရိတ်သပ်ကြီးရှင့်…လှချင်လွန်းတာနဲ့ မနက်ကရေချိုးတာနဲနဲကြာသွားလို့ပါ….

ဒီလအတွက်..မန်းဂဇက်ချစ်သူများစာပေဆု ရွေးချယ်ခဲ့ရာမှာ…..အဲ..အင်း..

၂၀၁၃ ဖေဖော်ဝါရီ အတွက် မန်းဂဇက်မှာ တက်လာခဲ့တဲ့ ပို့စ်ပေါင်းဟာ

ကျမတို့ ဖတ်ရွေးအဖွဲ့ကြီးရဲ့ အတွင်းရေးမှုး မဟာရာဇာခြောက်မျက်နှာရဲ့..

`ယနေ့ပို့စ် ´အရ စုစုပေါင်း..(၃၈၃) ပုဒ် တက်လာခဲ့ပါတယ်ရှင် ….။

စာရေးကြသူတွေ ကလည်း နည်းနည်းနောနော မဟုတ်ဘူးရယ် …

(၁၂၁) ယောက် တောင်မှ ရှိပါတယ်…

အသစ်ရော၊ အဟောင်းရောပဲ …။ အရင် မရေးတာကြာတဲ့ လူဟောင်း အချို့လည်း ပြန်ဝင်ရေးကြတာ တွေ့ရတဲ့အတွက် အထူးပဲ ဝမ်းသာမိပါတယ်… ဟတ်..ဟတ်..ဟတ်..ဟတ်ချိုး…အော်..ဒုက္ခပါပဲ…မဖြစ်တော့ပါဘူး….

အဲ…ကျန်းမာရေးက နဲနဲ ဖေါက်နေလို့ ပရိပ်သတ်ကြီး ခွေးလွှတ်ကြပါ…

ဆက်ကြေငြာရမဲ့ ကိစ္စကို…ခုလေးတင် လက်ဝှေ့ ထိုးလာခဲ့တဲ့..တောင်လှေကားကြီးမိုက်

ကပဲဆက်ကြေငြာပေးပါလိမ့်မယ်ရှင့်….(ပြောပြောဆိုဆို နှခေါင်းလက်ကိုင်ပဝါနဲ့

အုပ်ပီး ဆင်းသွားပါလေရော)…

ကြီးမိုက် ကယိမ်း ကယိုင်နဲ့ တက်လာပါတယ်..အား..ကျွတ်..ကျွတ်…ကျွတ်

မျက်လုံးနှစ်ဖက်ကလည်း ပိတ်လုလုနဲ့ ဖူးယောင်လို့ပါ…အဟမ်း..အဟမ်း..

လူတကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတဲ့ကြားက ကြိုးစားပီး ကြေငြာပေးပါ့မယ်..

ဥက္ကဋ္ဌကြီး ဒေါ်ပဒုမ္မာ ပြောသွားသလိုပါပဲ…..

အဲဒီ စာရေးသူ ၁၂၁ယောက်ရဲ့ ပို့စ် ၃၈၃ ပုဒ် ထဲကမှ ၂၀၁၃ ဖေဖော်ဝါရီ အတွက်

ဇကာတင်ရွေးချယ်ခံရတဲ့ ပို့စ်တွေကတော့……စုစုပေါင်း (၂၇)ပုဒ် တောင်ရှိခဲ့ပါတယ်..ဒါကိုကြည့်ရင်…

ဖတ်ရွေးအဖွဲ့ဝင်တွေ အကြိုက် သိပ်မတူကြတာပေါ်လွင်ပါတယ်…အဲဒီပို့စ်တွေကတော့…

 

၁။ သမီးလေးရေ…                johnnydeer

https://myanmargazette.net/167695

 

၂။ “မြေပဲပြုတ်၊ မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်´´ ခင်ခ

https://myanmargazette.net/166366/

 

၃။ မသုံးသင့် သော Android ဆော့ဝ် များ                Mobile House https://myanmargazette.net/165912/

 

၄။ မကျွေးနိုင်ရင် မမွေးကြပါနဲ့           အာဂ

https://myanmargazette.net/166838/

 

၅။ အီစီကလီ အမျိုးသားကြောင့် အိမ်သူသက်ထား ဂုဏ်မငယ်စေလို              TheWinner              https://myanmargazette.net/167345/

 

၆။ ဖိုးကြား၊ မိုမို နှင့် ဆြာအုပ်             ဂန္ဓာရီ ဆြာအုပ်

https://myanmargazette.net/167313/

 

၇။ ရခိုင်ပြည်နယ်သို့တစ်ခေါက်          P chogyi

https://myanmargazette.net/167793/

 

၈။ ရေဆန်လမ်းမှ ပန်းတစ်ပွင့် ( ၁ )             Myo Thant              https://myanmargazette.net/166421/creative-writing

 

၉။ ကျွန်တော် မကောင်းဘူး…            johnnydeer

https://myanmargazette.net/167408/creative-writing/short-story

 

၁၀။ ဂျာနယ်တစ်စောင် ထုတ်ဝေခြင်း            Kyaw Nyo Thway               https://myanmargazette.net/166439/mandalay-gazette-2/editors-choice

 

၁၁။ သွားဖြီးပြတဲ ့နွားနဲ ့ တဲနန်းရှင်ရဲ ့ဗေဒင်    တောတွင်းပျော်                   https://myanmargazette.net/166397

 

၁၂။ ကြီးမိုက်ပေါ်သူတို့အမြင်-Their View                Kyeemite                https://myanmargazette.net/167588/creative-writing

 

၁၃။ လူစိတ်ပေါက်လို့တာဝန်ယူတတ်ပါစေ                etone

https://myanmargazette.net/167607/society-lifestyle

 

၁၄။ ကျနော်နဲ့သူမ                သစ်ဆန်းခန့်

https://myanmargazette.net/166308/creative-writing/short-story

 

၁၅။ ကျမအလုပ်ရှူပ်နေတယ်မောင်               Wow

https://myanmargazette.net/166967/creative-writing

 

၁၆။ အိုဘယ့်လောကဓံ          ရဲစည်

https://myanmargazette.net/167205/society-lifestyle/aha-jokes

 

၁၇။ လက်ဖက်ရည်သောက်ခြင်းအနုပညာ                niki ta           https://myanmargazette.net/167923/uncategorized-other/copypaste

 

၁၈။ လမ်း၌ယဉ်ကျေးမှု(၃)။ အမှိုက် ၁၊၂၊၃ -Disposal           Padonmar               https://myanmargazette.net/167413/creative-writing

 

၁၉။ “လူငယ်တစ်ရောက်ရဲ့ ထပ်ဆင့်အတွေးများ”        ရင် နင့် အောင်           https://myanmargazette.net/168140/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

 

၂၀။ (၁၀)တန်းဖြေမည့် လူငယ်များနှင့် မိဘများအတွက်         asiamasters             https://myanmargazette.net/167950/arts-humanities/burmese-myanmar-asian-culture-mythology-folklore

 

၂၁။ “အတိတ်က….အမှတ်တရ”         aye.kk

https://myanmargazette.net/167456/creative-writing/my-dear-diary

 

၂၂။ “လက်ရှိဘဝထက် မြင့်မြတ်တာ ဘာဆိုဘာမှ မဖြစ်နိုင်ပါ            TheWinner              https://myanmargazette.net/166614/creative-writing/my-dear-diary

 

၂၃။ ကျမ..ချစ်သောတောင်ပေါ်မြို့ လေးရဲ့ မွေးနေ့ပွဲ           Traditional Medicine           https://myanmargazette.net/166248/uncategorized-other/copypaste

 

၂၄။ Copyright Issues Again II                အင်ဇာဂီ                  https://myanmargazette.net/164888/business-economy

 

၂၅။ ယဉ်ကျေးမှု အမွေ           Mr. MarGa

https://myanmargazette.net/167636/arts-humanities

 

၂၆။ သံသရာလမ်းမအလယ်… မဂ္ဂင်ဖောင်ကြီးစီးလို့               ကြောင်ဝတုတ်           https://myanmargazette.net/167571/creative-writing

 

၂၇။ ဪ…အနိစ္စ…. အ နိပ် စ                  ဦးကျောက်

https://myanmargazette.net/167133/creative-writing

 

ပို့စ် ၂ရ ခု ဖြစ်ပေမယ့် စာရေးသူ (၂၄) ဦး ဇကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

 

ဒီလ (၂၀၁၃၊ဖေဖေါ်ဝါရီလ) မန်းဂဇက်ချစ်သူများ စာပေဆုရွေးချယ်ရာမှာ

ဖတ်ရွေးအဖွဲ့ဝင်တွေ အကြိုက် သိပ်တထပ်တည်းမကျလို့ ဇကာတင်ပို့စ်တွေ

များနေတာ အားလုံးသိတော်မူကြတဲ့ အတိုင်းပါပဲ…..အဲဒီထဲကမှ…အမှတ်

အများဆုံးနဲ့ ရွေးချယ်ခံလိုက်ရသူကတော့……………………..

ရွာထဲကိုရောက်တာမကြာသေးပေမဲ့ ရေးလိုက်တဲ့ပို့စ်တိုင်း အင်မတန် ဖတ်ကောင်းအောင်

အရေးအသားကောင်းကောင်းနဲ့ ရေးနိုင်တဲ့…. ရေဆန်လမ်းမှ ပန်းတစ်ပွင့် ( ၁ )   ရေးသူ

ကို မျိုးသန့်   ပဲဖြစ်ပါတယ်ခင်ဗျား……….

ကွန်ဂရက်ကျူလေးရှင်းပါ ကိုမျိုးသန့်ရေ……..

နောက်…ဆုမရသေးသော်လည်း ဇကာတင်ရွေးချယ်ခံရသူများအားလုံးကိုလည်း

လေးစားချီးကျူးပါကြောင်း ပြောပါရစေခင်ဗျာ…

အမှတ်ရရှိမှု့ ဇယားလေးပါ..
ဖေဖေါ်ဝါရီလအတွက် အမှတ်ရရှိမှု့ ဇယားလေးပါ..

images

 

 

ကိုင်း..ကိုင်း

ကြီးမိုက်ဆိုတဲ့ကောင်ကတော့ ..မရေးတတ် ရေးတတ်နဲ့ တတ်သလောက်တော့လုပ်ချလိုက်ပြီ

သည်းခံပြီးဖတ်ရှုကြပါလေကုန်လော့….အမှားပါကလည်း ခွေးလွှတ်၍ ထောက်ပြကြပါကုန်…

ဓါတ်ပုံများကို ဂူးဂဲ အင်းမိတ် မှရယူပါသည်။

ခင်မင်ရင်းနှီးစွာဖြင့်…

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

 

 

 

 

 

 

76 comments

  • ဗုံဗုံ

    March 11, 2013 at 11:24 am

    ရွှီးး ဖြောင်းးး ဖြောင်းးး ဖြောင်းးးးးးး ယောက်ခမဂျီးကွးးး ကောင်းကောင်းအဖေမို့ ဒီလောက်တော်တာ:mrgreen: း ကို်င်း ကိုင်းး ချွေးမလေးက စားဖို့ သွားကြားထိုးပြီးပြီနော းး အများကြီး ဂုဏ်ယူဝမ်းသာပါကြောင်း ကောင်းကောင်းကိုလည်း လွမ်းပါကြောင်း သတိရပါကြောင်း (ဘာမှလည်းဆိုင်ဘူး :mrgreen: )

  • blackchaw

    March 11, 2013 at 11:27 am

    ပို့စ်ထဲမှာ ကျွန်တော့်လို အသားမည်းကို ထည့်ရေးပေးလို့ ဝမ်းသာသွားပါတယ်…။
    🙂
    ပို့စ်ထဲမှာ ဖေါ်ပြထားတဲ့ ဘလက်ချောပုံက အပြင်ကဘလက်ချော လောက် အသားမမည်းတာမို့ စိတ်မကောင်းဖြစ်ရပါတယ်…။
    🙁
    မည်သို့ပင်ဆိုစေကာမူ…
    ဝင်ရောက်အားပေးဖတ်ရှု သွားပါတယ်ဆိုတဲ့အကြောင်း…
    :mrgreen:

    • kyeemite

      March 15, 2013 at 9:49 am

      ရဲဘော် တွံတေးဘလက်ချောရေ…
      ခင်ဗျားကို သနားလို့ ကျုပ်လျှော့ထိုးလိုက်တာပါနော… :mrgreen:
      ခင်ဗျားပြောမှပဲ ရီပလိုင်းဆိုတာနှိပ်ပီး တစ်ဦးချင်းစာပြန်ရမှန်း သိသွားတယ်
      ကျေးဇူးပါဗျာ..
      ခင်တဲ့ “အ”တဲ့
      တောင်လှေကားကြီးမိုက်။ :ha:

  • Ma Ei

    March 11, 2013 at 11:30 am

    ဈေးရောင်းပွဲ အတွက်ချက်ပြုတ် ကြော်လှော် နေရတာနဲ့ပဲ အလုပ်များနေလို့
    လက်ဝှေ့ပွဲ မကြည့်လိုက်ရသလို အခြားသောပွဲတွေလဲ လွတ်ကုန်ခဲ့တယ်…
    အငြိမ့်ကြည့်ပြီးမှဘဲ ရေဆန်လမ်း ပြန်ဖတ်လိုက်ဦးမယ်…
    ဆုကြေငြာပုံဆန်းလေးတွေလဲ တစ်မျိုးစီ ကောင်းကြလို့
    နောက်လ အလှည့်ဘယ်သူကဘယ်လိုရေးမလဲ စောင့်ဖတ်ပါဦးမည်….

  • Myo Thant

    March 11, 2013 at 1:03 pm

    အရင်ဆုံး အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ ၊
    စာရေးစေတတ်ခဲ့တဲ့ အမေ့ရဲ့ သွေး
    ကဗျာရေးစေတတ်ခဲ့တဲ့ အဖေ့ရဲ့ သွေး
    ဒီသွေးတွေလှည့်ပတ်စီးဆင်းနေတဲ့ ကျနော့်အတွက် ရင်ဖွင့်စရာ ဂဇက်ရွာ
    ဒါတွေဟာ မေ့နိူင်စရာမှ မဟုတ်တာ ၊
    ဇန်နဝါရီ ၂၂ ရွာသားဖြစ်ချိန်က စလို့ စကားလုံးတွေနဲ့ ရင်းနှီးခဲ့ရသူတွေဟာလည်း ဘဝမှာ အမှတ်တရပါ ၊
    ရွာသားဖြစ်ပြီး ၁၄ – ၅ ရက်အတွင်းမှာပဲ ယောက်ခမ အခေါ်ခံရတာကလည်း ထူးခြားလှပါရဲ့ းP
    ရွာသူရွာသားတွေနဲ့ ဆုံရမယ့်ရက်မှာ သားလေးနဲ့ မရောက်ရောက်အောင် လာပါ့မယ်ဗျာ ၊
    ( ကချင်ပြည်နယ်မှာမွေးဖွား လှည်းတန်းနဲ့မဝေးကွာ ပြည်ရိပ်မွန်မှာ နေပါသည် ၊ )

  • Shwe Ei

    March 11, 2013 at 5:03 pm

    တောင်လှေခါး ကြီးမိုက်ကွ……ဗရာဘို :mrgreen:
    ဆုရတဲ့ ယောက်ခမဂျီး (သများခေါ်လို့ လိုက်ခေါ်တာ ..ဟိ) ဗရာဘို :harr:

  • MaMa

    March 11, 2013 at 7:07 pm

    ဒီလ ဖတ်ရွေးနားဖို့ ခွင့်တင်ထားလို့ မရွေးလိုက်ရပေမယ့် …
    ကိုယ်တိုင်ရွေးရင်လည်း အဲဒီပိုစ့်ကိုပဲ ရွေးဖြစ်မှာ။
    မျိုးရိုးကြောင့်ရော
    စာရေးသူကိုယ်တိုင်ရဲ့ အစွမ်းကြောင့်ရော…
    ထူးကဲလှပတဲ့ ပိုစ့်လေးပါ။
    ဒီလပိုစ့်ကောင်းတွေ များလွန်းလို့ ဖတ်ရွေးတွေ ရွေးရခက်ကြီး ဖြစ်သွားကြမယ်ထင်တယ်။ :hee:

  • အရီးခင်လတ်

    March 11, 2013 at 9:28 pm

    ကကြီးမိုက် ရဲ့ လက်ဝှေ့ပွဲမှာ သရဖူဆောင်း အနိုင်ရသူ ကိုမျိုးသန့် နဲ့ ဆကာတင်ပါသူ များသာမက စာရေးသူ အားလုံး ကို လေးစားဂုဏ်ယူပါတယ်။
    ကျွန်မလဲ အပြင်မှာ လက်သီးထိုး နေရတာမို့ အလဲထိုးမခံရလေအောင် အပြင်းအထန် လေကျင့်/ ကာကွယ်နေရတာကြောင့် ရွာထဲ မှာ ပျောက်နေရင် သတိရပေးကြပါနော်။
    လေးစားခင်မင်စွာဖြင့်
    :hee:

    • MaMa

      March 12, 2013 at 7:02 am

      မလတ်ရေ-
      လောကကြိုးဝိုင်းမှာ လောကဓံကို အလဲထိုးအနိုင်ယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
      အရီးလတ်ဆိုတဲ့ အရီးဟာ ရွာထဲမှာ နှစ်ယောက်မရှိတာမို့ …..
      မပြောပေမယ့်လည်း သတိတရရှိကြတယ်ဆိုတာ …..။

      သွေးသောက်ညီအမများရဲ့ ကိုယ်စား
      :hee:

  • kyeemite

    March 12, 2013 at 8:37 am

    ကွန်မန့်လေးတွေနဲ့ ဝင်ရောက်အားပေးချီးမြှင့် သူများအားလုံးကို
    တောင်လှေကားကြီးမိုက်က ကျေးဇူး အထူးတင်ကြောင်းပါဗျာ… :hee:
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဆုရသွားသူ ကိုမျိုးသန့်ဟာ စာရေးအင်မတန်ကောင်းပါတယ်…
    အဲဒီလိုစာရေးကောင်းသူတွေ ရွာထဲတိုးလာလို့ ဝမ်းမြောက်မိကြောင်းပါ….
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုခင်လတ်ကြီး ..ဘဝတိုက်ပွဲ အနိုင်နွဲဖို့ရယ်၊ အလဲထိုးမခံရလေအောင် အပြင်းအထန် လေကျင့်/ ကာကွယ်နေလို့ မအားတဲ့ကြားက အချိန်ပေးပြီး ဝင်ရောက်အားပေးလို့ အားတက်မိပါဂျောင်းးးးးးး
    မမ ဆုတောင်းသလိုပဲ ကူးချဆုတောင်းပေးပါရစေ..“လောကကြိုးဝိုင်းမှာ လောကဓံကို အလဲထိုးအနိုင်ယူနိုင်ပါစေလို့ ” :hee:
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မမ ရေ..ဟုတ်တယ်ဗျာ…ဒီလ ရွေးချယ်မှု့တွေ တော်တော်ပြန့်သွားတယ်…
    စာရေးကောင်းတွေများလာလို့ပေါ့…ဝမ်းသာစရာပါ
    ဒီကြေငြာတဲ့ပို့စ်အတွက်တော့ အတော်ခေါင်းစား၊ အချိန်ပေး အားထုတ်လိုက်ရပါဂျောင်းးးး :kwi:

  • ကထူးဆန်း

    March 12, 2013 at 9:14 am

    ကိုမျိုးသန့်ရေ နှင့် ဇကာတင်စာရင်းဝင်သူများ အားလုံး .. congratulation ပါ ဗျို့ ။
    တင်ဆက်သူ တောင်လှေကားဦးကြီးမိုက် နဲ့ အလံ မလှဲ တဲ့ ဖတ်ရွေး အဖွဲ့ကြီးကိုလည်း ဘရာဗိုပါဗျာ ..

  • etone

    March 12, 2013 at 11:04 am

    ဦးမိုက်ရေ မင်္ဂလာပါရှင့် ။

    ရေးတတ်လိုက်တာ ..တချို့တလေတွေ မျက်နှာလည်း မြင်ဖူးထားတော့ ၊ ရေးထားတဲ့ နေရာနဲ့ တွဲ တွဲ ပြီး မြင်ယောင်လို့ .. ရယ်လိုက်ရတာ တခွိခွိပဲ 😆 ဒါနဲ့ .. လက်ဝှေ ့ပွဲ စရင် ညက်မှန် ချွတ်ကြဖို့ တတိမမေ့နဲ့ အူးနော် …. ။ ဒိုင်လူရီးတွေ မွှား အထိုးခံရမှာ စိုးလို့ ဘာာာ ။
    ———————————————–
    Congratulation ပါ ယောက္ခမဂျီး …………… ဝမ်းသာပါအိ ……. ဟီး :mrgreen: (ချွေအိ အူးလို့ ဖစ်ဘူးပဲ …သူက ညင်သမျှ ညက်ချောင်းထိုးနေဒါ …. ခိခိ .. ) :kwi:

  • ရွာစားကျော် မင်းနန္ဓာ

    March 12, 2013 at 12:00 pm

    လက်ဝှေ့ပွဲမှာ မတိမ်းမစောင်း ဘိမ်းမောင်းနဲ့ အားပေးရင်း ဟိုင်း.. ရော့..
    ရေးတတ်ပါပေ့ ခမည်းခမက်ကြီးရေ…
    ..
    ဆုရတဲ့ ကိုမျိုးသန့်လည်း ကွန်ကရက်ကျူလေးရှင်းပါ..
    သူလည်း လောလောဆယ်မှ ရွာမှာ ဝင်ရေးတာပေမယ့် ရေးအားရှိတယ်

  • ခင်ခ

    March 12, 2013 at 4:33 pm

    ဆုရသူ ကိုမျိုးသန့်ရေ ကွန်ကရက်ကျူလေးရှင်းပါဗျို့။

  • AKKO

    March 12, 2013 at 6:10 pm

    present လုပ်သွားတဲ ့ ကိုမိုက်ရော ၊ ဆုရသူများရော ၊ ပိုစ့်ရေးတဲ့သူတွေရော ၊ ဖတ်တဲ့သူတွေရော၊ ရွာသူားတွေအားလုံး လူတော်ကြီးတွေပါပဲဆိုတာ ပြလိုက်နိုင်တာ ပါပဲ။

  • johnnydeer

    March 13, 2013 at 8:21 pm

    ကျုပ်တော့ ဒီနေ့မှ ဒီထဲ ဝင်ဖတ်လိုက်တာ…နှစ်ပို့စ်တောင် ဝင်တယ်ဆိုတော့ ဝမ်းသာထှာဗျာ…ဇကာထဲ ဝင်ဝင်…ဇကောထဲဝင်ဝင် ဘယ်ထဲဝင်ဝင် ပျော်တယ်ဗျို့…ဖတ်ချင်သူရှိရှိ မရှိရှိ လက်ညောင်းခံရေးလိုက်ဦးမယ် နောက်ထပ်ပို့စ်တွေ…

    • MaMa

      March 14, 2013 at 3:13 pm

      johnnydeer ရေ-
      အခုလို ကြားရတဲ့အသံတွေက ဖတ်ရွေးတွေအတွက် တကယ့်အားဆေးပါပဲ။ :hee:

  • kyeemite

    March 14, 2013 at 3:58 pm

    လက်ဝှေ့ပွဲမှာ မတိမ်းမစောင်း ဘိမ်းမောင်းနဲ့ အားပေးတီးပေးခဲ့တဲ့..ရွာစားကျော်မင်းနန္ဓာ ကို
    ကျေးဇူးနော… :hee:

    etoneရေ..ဒိုင်လူဂျီးတွေကို မှားထိုးတာမဟုတ်..တမင်ကိုဒဲ့ထိုးချင်နေတာ..နာ့ကိုအနိုင်မပေးလို့.. :harr:

    ကျုပ်ကိုဆေးဝါးကုသပေးတဲ့ ဒေါက်တာAKKO ကိုလည်းကျေးဇူးနော..

    ကထူးဆန်း…ဖတ်ရွေးထဲပြန်လာပါလားဗျာ…ပိုအားရှိသွားအောင်..

    “ဇကောထဲဝင်ဝင် ဘယ်ထဲဝင်ဝင် ပျော်တယ်ဗျို့…ဖတ်ချင်သူရှိရှိ မရှိရှိ လက်ညောင်းခံရေးလိုက်ဦးမယ် နောက်ထပ်ပို့စ်တွေ…”

    ကိုjohnnydeerကစာရေးကောင်းပါဗျာ…
    ရေးပါ..ရေးပါ..ကျနော်ဆို ခင်ဗျားရေးတဲ့ “ကျနော်မကောင်းဘူး”ဆိုတဲ့ပို့စ်သိပ်ကြိုက်ပေါ့..
    ကျနော့အဖြစ်နဲ့တူလို့.. :kwi:

  • ကိုမျိုးသန့်ရေ ကွန်ကရစ်ကြူးလေးရှင်းပါဗျို့။
    ဆုရပြီးတာနဲ့ရပ်မသွားဘဲ ဆက်ရေးပါဗျိုး။

  • padonmar

    March 14, 2013 at 11:43 pm

    ကိုမျိုးသန့်
    ကွန်ဂရက်ကျုလေးရှင်းပါ။

    ဦးမိုက်
    အမှတ်ဇယားလေးက စောင်းစောင်းလေးဆိုတော့ ဇကာတင်တွေ ကိုယ်ပါမှန်းမသိကြသေးဘူးထင်တယ်။
    နောက်ပြီး မှတ်ချက်ကလေးတွေ ဝေဝေ့လို အိမ်တိုင်ယာရောက်ပို့ပေးနိုင်ရင် ဝမ်းသာကြမယ်ထင်ပါတယ်။
    ဦးမိုက် ရဲ့ လက်ဝှေ့ပွဲကြီး ကို အားနာလို့ မောင်အံကများ အဲဒီတာဝန်လေး ယူပေးနိုင်ရင် အတော်ကောင်းမှာပဲ။

    • kyeemite

      March 15, 2013 at 9:43 am

      ဥက္ကဋ္ဌဂျီးခင်ဗျာ….အမှတ်ဇယားမတင်ခင် ဇကာတင်စါရင်းကို
      စီပီး ဖေါ်ပြထားတယ်လေ….ဒါပေမဲ့ ကိစ္စမရှိပါဘူး…
      ဥက္ကဋ္ဌဂျီး ပြောသလို “မှတ်ချက်ကလေးတွေ ဝေဝေ့လို အိမ်တိုင်ယာရောက်ပို့ပေးဖို့”
      အတွင်းရေးမှုး အံစာတုံးကို မေးပို့ပြီးအကူအညီတောင်းထားပါဂျောင်းးးး :kwi:
      ခင်မင်လေးစားလျှက်…
      လက်ဝှေ့ ဒဏ်ကြောင့် နလံမထူနိုင်သေးတဲ့
      တောင်လှေကားကြီးမိုက် :harr:

        • Wow

          March 15, 2013 at 5:49 pm

          ဖိတ်စာရလို့လာပါဘီအေ…
          ဆုရသွားသူ ကိုမျိုးသန့် ကို ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောပါရဇေ….
          ဇကာတင်ဝင်တဲ့စာမျိူးတော့ ထပ်မရေးလိုတော့ပါ… တစ်ခါရေးရင် ရင်အတော်နာလို့ပါ…
          အော်… အခုတစ် ဇတ်တွေဆက်တိုက်နာနေပါဒယ်ဆို….
          ပြန်လယ်မဖြေကြားဖြစ်တာများရှိရင် ခွေးလွှတ်ကျဘာာာ

  • kai

    March 15, 2013 at 6:02 am

    ထုံးစံအတိုင်း.. ဂဇက်ကွန်ဖရင့်ကျရင်.. ဆုရတာတွေအထဲက.. တပုဒ်ကိုပုံနှိပ်ဖေါ်ပြဖို့ရွေးပါမယ်နော…
    ကွန်ဖရင့်တက်သူများကိုလည်း… လက်ဆောင်မဲပို့ပေးဦးမှာဖြစ်ပါကြောင်း..

    အရင်တခေါက်ကထက်.. လက်ဆောင်ပိုဝယ်မယ်ဖြစ်ပါကြောင်း..။
    ခုတလော… Satire အရေးကောင်းတဲ့ ကာလသားခေါင်း.. အဲ.. ကာလသားဖင်တွေကိုတော့.. ဆွစ်လုပ်ချောကလက်ထဲ.. ဗမာမိုးမျှော်ငရုပ်သီးမြုပ်ထည့် .. ဆွစ်-ဗမာချစ်ကြည်ရေးစတုဒီတာလုပ်မလားတွေးနေပါကြောင်း..။ :kwi:

    • ကြောင်ဝတုတ်

      March 15, 2013 at 9:55 am

      သူကြီး… ရန်မစနဲ့နော်… ခိခိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • mobile

    March 24, 2013 at 1:02 pm

    ဘယ်တူရသွားလဲ ခုမှဝင်ကြည့်မိတယ်………..
    ဘဂျီးမျိုးသန့်ကိုဗျ…………..
    ဝမ်သာပါကြောင်းးးဗျာ………….

  • အတွေးလေး

    March 28, 2013 at 12:34 pm

    ဝမ်းသာပါတယ်ကိုကြီး မျိုးသန့်ရေ ထပ်တူထပ်မျှ ပါဗျာ။

Leave a Reply