padonmarJune 13, 20161min56313
……………………………………………………………………………….. တချိန်တုံးက အစိုးရရုံများမှာ ကပ်ထားတဲ့ (ကပ်ရုံကပ်ပြီး မလိုက်နာတဲ့) ဆောင်ပုဒ်တွေ အများကြီး ရှိပါတယ်။ ဥပမာ- လာဘ်ပေးရန်မလို၊ ကူညီပါရစေ။…စသည်စသည်ပေါ့။ အဲဒီထဲ TV မှာပါ လွှင့်တဲ့ ဆောင်ပုဒ်တခု ရှိသေးတယ်။ “ရေကို မူလချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး လောင်စာကိုပါ ချွေတာပါ။.”…..တဲ့။ ထုံးစံအတိုင်း ကပ်ထားပြီးရင် လိုက်နာဖို့ မလိုဘူးလေ။ -ရေဆို ခွက်အပြည့်ထည့်သောက် ၊ပိုတာကို ဘေးပက်ထည့်လိုက်ရုံ။ ပလပ်စတစ် တခါသုံးခွက်နဲ့ သောက်ရင်လည်း ပလပ်စတစ်ခွက်ဟောင်းတွေ တောင်ပုံရာပုံ အမှိုက်ထဲသာရောက်။ -လျှပ်စစ်ကလည်း လူမရှိတဲ့ လမ်းမကြီးတွေမှာ ထိန်ထိန်ညီး။ ရုံးခန်းမီးတွေ ရုံးဆင်းသွားရင် နေ့အလားဖွင့်ခဲ့။ အလုပ်မလုပ်လည်း ပပဝတီတွေက ခုနစ်ဆောင်တိုက်ခန်း မလင်းမှာစိုးလို့ အပြည့်ထွန်း၊ (မီတာခလာတော့မှ ကိုယ့်အိမ်ဆို အမေက များတယ်အော်၊ အများဆိုင်နေရာဆို […]


padonmarJune 3, 20161min28610
မြေပဲကျွန်း ထိုင်ဝမ်မှာ ခဏနေတုံး ယာဉ်မျုးိစုံ စီးပြီး သွားခဲ့ပါတယ်။ Bullet Train (ကောင်းထျယ် )ဆိုတဲ့ အမြန်ရထားလည်း စီးခဲ့ရသလို MRT (Mass Rapid Transit=ကျယ်ယွင့်) ဆိုတဲ့ မြေအောက် ရထားလည်း စီးရပါတယ်။ မိတ်ဆွေတွေ လိုက်ပို့တဲ့ ဆလွန်းကားမျိုးစုံနဲ့ ဇိမ်ကျကျ သွားရသလို တက်စီနဲ့ လိုရာ ပြေးရတာလည်း ရှိပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတော့ စီးခွင့်မရခဲ့ပါ။ ကိုယ့်တိုင်းပြည်နဲ့ အလှမ်းဝေးနေသေးတဲ့ Bullet Train တွေ MRT တွေ အကြောင်း မပြောချင်ပါဘူး။ ကိုယ်တို့ လက်လှမ်းမီတဲ့ ဘတ်စကား စီးဖြစ်တဲ့ အကြောင်းပဲ ဖောက်သည်ချချင်ပါတယ်။ ထိုင်ဝမ်ဘတ်စကားလေး စီးကြည့်စမ်းပါ လို့ တိုက်တွန်းကြတော့ ဘတ်စကားကို စပ်စုဖို့ တရက်မှာ အခွင့်အရေးရပါတယ်။ […]


padonmarJune 3, 20161min3457
မြေပဲ ကျွန်း ထိုင်ဝမ်မှာ ဘယ်တွေ ရောက်ခဲ့လဲ လို့ မေးရင် ဆေးရုံတွေ ရောက်ခဲ့ပါတယ်လို့ ဖြေရပါမယ်။ Dalin Tsu Chi Buddhist Hospital Havo Medical Center Shin Kong Memorial Hospital West Garden Hospital Far Eastern Hospital နာမည်မှတ်မရတာ ကျန်ဦးမယ်ထင်ပါရဲ့။ ရောက်တဲ့ ဆေးရုံမှာ ဆေးဘယ်လိုကုတယ်ဆိုတာတော့ အရည်ပျော်ဦးနှောက်က စိတ်မဝင်စားဘဲ Volunteers လို့ နာမည်ထိုးပေးထားတဲ့ waist coat တွေ ဝတ်ထားတဲ့ သက်ကြီးပိုင်းတွေကို လိုက်ကြည့်နေမိပါတယ်။ အဲဒီ Volunteer တွေက လူနာတွေကို စာရင်းသွင်းပေးတာ၊ သွေးဖောက်ဖို့ လမ်းညွှန်ပေးတာ၊ သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်ပြီး မှတ်တမ်းစာရွက်လေး ထုတ်ပေးတာ၊မသွားတတ်တဲ့ […]


padonmarMay 15, 20163min60112
  ထိုင်ဝမ်ဆိုတဲ့ မြေပဲကျွန်းမှာ ခဏရောက်တုံး သဘောကျမိတာလေးတခုကတော့ အများနဲ့ ဆိုင်သောနေရာများကို အများသုံးခွင့်ရတာပါပဲ။ Public usage of public space လို့ ဘိုလိုတော့ကြည့်ပါမယ်။ တရုတ်လိုတော့ (ပုဟွေ့ကျန်ဟွ) မပြောတတ်လို့ပါ။ ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ ဓမ္မသင်တန်းဖွင့်လှစ်ရာ ကျုံးဟို အလယ်တန်းကျောင်းမှာ ညဖက်ဆို ကျောင်းသားလေးတွေ အကကျင့်တာ၊ စန္ဒယားတီးတာ၊စာဖတ်တာတွေ တွေ့ခဲ့ရသလို လူကြီးတွေလည်း ထိုက်ကျိကျင့်တာ၊ဝူရှူး ကျင့်တာ ညတိုင်းတွေ့ခဲ့ရပါတယ်။                   တနင်္ဂနွေတရက်မှာ အမျိုးတွေရှိရာ ပန်ချောင်းရပ်ကို ဒေါက်တာနှင်းဝတ်ကြည် Hnin Wut က MRT နဲ့ လိုက်အပို့ ပန်ချောင်းဘူတာရဲ့ မြေအောက်ထပ် အကျယ်ကြီးမှာ လူငယ်လေးတွေ […]


KyaemonDecember 17, 201111min1232
          ထိုင်ပေ့ မြို့မှ လူငယ့် စွမ်းရည် ပြိုင်ပွဲမှာ မောင်ရဲမာန်အောင်က ဒုအကြိမ် ပါဝင်ယှဉ်ပြိုင်တာ ဒီတခါတော့ ကြယ်ပွင့် ၂၅ ပွင့်စလုံး အမှတ်ပြည့်ကို အောင်မြင်စွာ ဆွတ်ခူးနိုင် ခဲ့တယ်၊ နှစ်ပါးသွား   Whitney Houston  ရဲ့   Saving all my love for you    သီချင်း နဲ့Celine Dion ရဲ့  My heart will go on သီချင်း တို့မှာ အသံမြင့်မြင့် နဲ့ ဆွဲငင်ပြီး ခဲရာခဲဆစ် ဆိုရတဲ့ လူကြိုက်များတဲ့သီချင်း ၂ပုဒ် ကို သူက ဟန်ပါပါ […]


PareByokeMarch 12, 201131min1070
VISITING TAIWAN, THE REPUBLIC OF CHINA.   MANY BURMA EXPATRIATES LIVE IN TAIWAN. NOT ONLY BURMA-CHINESE, BUT ALSO KACHINS, BAMARS, AND SO ON EMIGRATED THERE OVER THE YEARS.   YouTube – Taiwan-Where Mountains Meet Sea 山海台灣 http://www.youtube.com/watch?v=0xHhppH7uMg&playnext=1&list=PL59A71FAC8228F4E6 High mountains capture essences of heaven and earth, the great ocean welcomes a hundred mighty rivers. OS: In […]