အော်… ရယ်…

ခက်ကပြီ …

ကိုယ့်ဆြာလေး ကို ကိုယ်အားပေးတဲ့ဂီ တ ကို အစစ်အမှန်ဝယ်ယူတဲ့အတွက်
လေးစား ချီးကျူးပါရဲ့ဗျာ ….

ဒါပေမယ့် ကိုယ့်ဆြာလေး ရဲ့ အတွေးအခေါ်ပိုင်း လမ်းချော်နေတာလေးကိုတော့
ပြောပြချင်ရဲ့ …. ဒါ အားလုံးလည်း သိသင့်လို့ပါဗျ…
(ရှည်သွားရင် ခွင့်လွှတ် ..)
သည်တော့ စစချင်း နည်းနည်းလေး ခွဲပြီးဆွေးနွေးကြည့်ရအောင်နော..
နိုင်ငံခြား ရုပ်ရှင်ကား မြန်မာကား (ရုပ်ရှင် ကို ခနဖယ်ထား..)
ကျုပ်တို့ ခိုးသုံးနေတဲ့ ဆော့ဖ်ဝဲ တွေကို ခန ဖယ်ထား …
မြူးဇစ် ကိုပဲ ဆွေးနွေးမယ်ဗျာ …နော..
အဲ့ ..မေ့တော့မလို့ နိုင်ငံခြားကလာတဲ့ မြူးဇစ်ကိုလည်း ဖယ်ထား..
ပြည်တွင်း ဂီတ ဗျာ …ဒါပဲ ပြောမယ်….(သူ့မှာတော့ အသံ CD နဲ့
MTV ဖြစ်တဲ့ VCD, DVD ပါမယ်ပေါ့ဗျာ…)

ပထမဆုံး ညီလေးပြောတဲ့ လူတန်းစား ဆိုတာကို ဆွေးနွေးမယ်ကွာ..
ပြီးတော့ ဈေး ပေါ့ ….. ညီလေးပြောသလို သည်ဈေး ၁၆၅၀ (၂၀၀၀)လောက်
ဟာ ၃၀% ကိုပဲ တားကတ် ထားသလိုဖြစ်နေတယ် ..၇၀၀ နဲ့ေ၇ာင်းသင့်တယ်
ဆိုတာလေးပါ…
(၇၀၀ဆိုတဲ့ ဂဏန်းလေး ဘယ်က ရသလဲတော့ သိချင်သား..)
ဂဏန်းကြိုက်တယ်ဆိုရင်ဖြင့် … ဂဏန်းဟင်း ချက်ကြည့်ရအောင်ကွာ …
လက်ရှိပေါက်ခွေ တခွေဟာ မူရင်း ရောင်းရတဲ့ ..
ချပ်ရေ ၁သောင်းကနေ ၂သောင်းကြား ရှိရဲ့…

သည်လိုလေး တွက်မယ်ကွာ … လူဦးရေက သန်း-၆၀
ချမ်းသာတာ ၀ယ်နိုင်တာ မြို့နေလူတန်းစားဖြစ်တာ…(တနည်း)
ဝယ်ဖို့ လက်လှမ်းမီတာ … ၆သန်းတော့ ထားလိုက်ကွာ …နော …
၁ခွေဝယ် ၁မိသားစုလုံး နားဆင်နိုင်တာမို့ ….တမိသားစုကို ပျမ်းမျှ
၆ယောက်ထားကွာ … (ကျုပ်အများကြီး လျှော့ တွက်ထားတာနော…)
လူ အယောက် ၁သန်း အတွက် ထုတ်တယ်ပေါ့ကွာ …

ဆိုတော့ ..ပေါက်ခွေ …(ထားလိုက်ဦး နံပါတ်-၁ စူပါဟစ် မဟုတ်)
တော့ပ်တန်းလောက်တော့ ၀င်တဲ့ အခွေ ဆိုပါစို့ ….
လူ ၁၀ယောက်မှာ ၁ယောက်တော့ ကြိုက်မယ်ထင်တယ်ကွာ..
လူကြီးလူငယ် ကျားမ … ရော့ကာ ရပ်ပါ ရောရာကွာ …
သည်တော့ လူ ၆ယောက်ပါ မိသားစု အစုပေါင်း ၁သန်း ရဲ့ ၁၀ပုံတပုံ
မိသားစု ၁သိန်း အတွက် အချပ် ၁သိန်းတော့ ရောင်းရသင့်ပါတယ်ကွာ…
ဒါ တတ်နိုင်တဲ့သူတွေကိုချည်း တားကတ် လုပ်ပြထားတာနော….
ခု ဟာက ၁သောင်း …ကွာ …. (အများကြီးလျော့တွက်ထားတဲ့)
ရောင်းရသင့်တာရဲ့ ၁၀ပုံ ၁ပုံ …

ဒါဆို ရှင်းနေတာပဲ ညီရာ …၀ယ်နိုင်နေလျက်နဲ့ ခိုးကူး ၀ယ်နေကြတယ်ဆိုတာ..

ရှက်လို့ရေးတယ် မှတ်ပါကွာ …တကယ်လည်း ရှက်လို့ပါ…
အမှန်အကန် ရောင်းရတာ …၁သောင်းကနေ ၂သောင်းကြားဟုတ်စ…
အေးကွာ တွက်ရလွယ်အောင် ၁သောင်း၂ထောင် ကနေ ၂သောင်း၎ထောင်ထား

လူဦးရေ သန်း ၆၀နဲ့ အချိုးချရင် …0.02% နဲ့ 0.04% ပဲ ရှိသဗျ…
ကဲ ဟုတ်ပြီကွာ ..ဒါဆို တောရော မြို့ပါ …ဆာဗေးလေး ဆင်းကြည့်ကြတာပေါ့
……..ဘယ်ဆီကိုမင်းရောက်နေလဲ ………..
ဆိုတဲ့ စာသား အဆုံးမှာ ဘာလာမလဲဆိုပြပါဗျာ လို့ …မေးပြီး စာရင်းပြုစုမယ်ကွာ …….
လူ ဘယ်နှယောက်လောက် ဆိုပြနိုင်မယ်ထင်သလဲ……
နောက်တခု…
……………လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့ ….
နောက်တခု ကွာ …
……………နင်ဟာ ငါ့ရဲ့ ကမ္ဘာ ……
နောက်တခု
……………လွမ်းစိတ်ရင်ထဲမင်းမူ ချစ်ဖူးခဲ့သမျှ ဒဏ္ဍာရီ …..

ကောင်းပြီညီရေ …စနစ်တကျ အဲ့သည့်နည်းနဲ့ ဆာဗေးလုပ်ကြည့်ပြီး..
အော် လူတယောက် အခွေ ၁ခွေဝယ် လူ၁၀ယောက် (မိသားစုနှင့်ပါတ်ဝန်းကျင် နောက်ပြီး
လက်ဖက်ရည်ဆိုင် ထီဆိုင် ) ကြားမှာပဲလေ လို့ တွက်ရင်တောင် ….
ရောင်းအား 0.02% 0.04% ဆိုတဲ့ ဂဏန်းတွေနဲ့ ဘယ်နည်းနဲ့မှ မအပ်စပ်ဘူးကွာ …..
သည်တော့ … သည်ဈေးနဲ့ ၃၀% ကိုပဲ တားကတ်ထားပါတယ်…
မရှိနွမ်းပါးသူလည်း မတတ်နိုင်လို့ ခိုးကူး အားပေးပါတယ် ဆိုတဲ့ အချက်ကို
ငြင်းဆိုတယ်ကွာ …..။ ဟေ့… ရှိလည်း ခိုးနေတာပဲ မဟုတ်လားဗျာ……
ကျုပ်တို့ လူမျိုးမှာ တခါတခါ လွဲတတ်တာလေးရှိတယ်. …ဈေးရောင်းဈေးဝယ်နဲ့ ပါတ်သတ်ပြီး …
ဝယ်တဲ့ဘက်က ဈေးဆစ်ရမှ လျှော့ပေးမှ .. ..အဆစ်ရမှ ကြိုက်တယ်ကွာ …
ရောင်းတဲ့ဘက်ကလည်း …. တင်ရမှ မသိရင်မသိသလို ဆော်ရမှ အားရလေ့ရှိတယ်…
အဲ့သည့်အမွေဆိုးပါလာတယ် ယူဆတာပဲ….. အယူအဆတွေလွဲပုံများပြောပါတယ်….

အဖမ်းအဆီးမရှိ …ခိုးကြောင်ခိုးဝှက်လုပ်စရာမလို ပြဿနာ တက်ဖို့ မရှိ. ..
၂၅၀ နဲ့ ကိစ္စပြတ်မယ့်ဥစ္စာ … မင်းမို့ ရူးလို့ …၁၆၅၀ ပေးဝယ်တယ်ကွာ ဆိုတာမျိုးလေးတွေ….
အမှန် လုပ်တာကပဲ အ လို့ န လို့ ဆိုတဲ့ အထှာမျိုးတွေ ….
အမှိုက်ကောက်တာ ရှက်စရာ မဟုတ် အမှိုက်ပစ်တာ သာ ရှက် စရာ
ဆိုတာမျိုးတွေ ဆော်သြယူရတာသာ ကြည့်တော့ကွာ …..

သည်တော့ ရှက်တယ်ဗျာ. …. ကျုပ်လည်း ခိုးကူး ၀ယ်ခဲ့ဖူးလို့ မကင်းခဲ့ဖူးလို့
ညီ အပါအ၀င် ခင်ဗျားတို့လည်းရှက်ကြပါဗျာ …. ဘာလို့ အတင်းကြီးကို ရှက်ခိုင်းနေလဲ သိလား…
ပြောပါ့မယ်ဗျာ ….
(အော်. .. မရှိလို့ ခိုးတာ မဟုတ် …အလွယ်ရလို့ တတ်နိုင်လည်း ခိုးကူးတယ် ဆိုတာလေးတော့)

၇၀၀ကျပ် ဆိုတဲ့ ကိစ္စလေးဘက်သွားရအောင် …..
အခွေလွတ် (မီဒီယာ) ကာဗာ ၂၀၀ လောက်ကျမယ် …၅၀၀ ကျန်မယ် ဆိုပါတော့ဗျာ ….
တခွေရောင်း ၅၀၀ စားရမယ် …၁၆၅၀ ဈေးနဲ့ ၃၀% တားကတ်မထားနဲ့ ၇၀၀ဈေးနဲ့
၁၀၀% တားကတ်ထား … ဆိုတာလေးပါ…

mass production နည်း ကို တိုက်တွန်းချင်တာ … per unit အရ အမြတ် ကျသွားပေမယ့်
unit ပိုရောင်းရလို့ economy of scale ပိုရလာမယ် …ပို အမြတ်ကျန်လာမယ်
ဆိုတာမျိုးပြောချင်တာလို့ ထင်ပါရဲ့ ….
သည်နေရာမှာ … ညီလေးရေးထားတဲ့
>>> ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို
ကိုယ်တိုင်သရုပ်ဆောင်နေတဲ့ အခွေတစ်ခွေကို ၁၆၀၀ ၂၀၀၀ ဝယ်ကြည့်နေရတာကတော့
တော်တော့်ကို မတန်တာပါ။

ဆိုတာလေး .. ကို ရှင်းချင်ရဲ့ …..
အဲ့သည့်အောက်မှာပါတဲ့
>>>၇၀ရာခိုင်နှုန်းလောက်က လက်လုပ်လက်စားနဲ့ မချမ်းသာသူတွေပါ
(ဆင်းရဲနေကြတယ်လို့ မဆိုလိုပါ)။

အင်း …. music production process ကို အစအဆုံး သွားကြည့်မယ်ကွာ …
frontmen ဆိုတဲ့ စကားလုံးလေး ကြားဖူးသလားမသိဘူးဗျ….
အဲ့ဒါ အဆိုရှင် … ၀ါ ..စင်ပေါ်တက်တီးတဲ့ band ကို ညွှန်းတာဗျ….
ဒါဆို frontmen ရှိရင် behindmen လည်း ရှိမပေါ့ ….

သိပ်ရှိတာပေါ့ဗျာ ….။ band manager တို့ band PR representative
တို့လို နိုင်ငံခြား band/artists တွေကလိုမျိုး..မရှိတာ ထားတော့ ….
ဒီသီချင်းတပုဒ်ကို ဖမ်းပေးတဲ့ စတူရီယိုက အသံဖမ်း ဆြာလေး ရဲ့ လခ…
အဲ့သည့် စတူရီယိုက မီးစက်မောင်းတဲ့ ကောင် ဒလ၀မ် ရဲ့ လခ…
ကောင်းပြီ recording stage ကို ကျော်လိုက် … အခွေချောဖြစ်လာပြီ…
ကူးစက် ကိုင်တဲ့ စက်ဆြာ… စာရေးမ … အရောင်း စာရေး …
အဆုံးအစွန်ပြောမယ် …အနှီအခွေတွေကို တေးသံသွင်း ဆိုင်တွေကို
လိုက် ဖြန့်ဝေပေးရတဲ့ ..စာရေး/စာရေးမလေးတွေ … နောက်ဆုံးကွာ
ကားဒရိုက်ဘာ …. နယ်တေးသံသွင်းတွေ အရောင်းဆိုင်တွေကို ရော…
ဘယ်သူက ကုသိုလ်ဖြစ်ဆိုပြီး သယ်သွားပေးသေးတယ် ထင်ပါသလဲ…
အဆိုပါ transportation charges … နောက် ကိုယ်ကအခွေထုတ်မေ၇ာင်းပေမယ့်
အခွေဆိုင်ဖွင့်ရောင်းတဲ့အခါ …ကိုယ့် ၀န်ထမ်းစရိတ် ဆိုင်ခန်းစားရိတ်
အခွန် စားရိတ် တွေ ကုန်ကျရတဲ့ နယ်က ဆိုင်တွေ ..

အဲ့သည့်လူတွေ အဲ့ဒါတွေက သီချင်းတစ်ပုဒ် စသွင်း ပါပြီ ဟေ့
ဆိုတဲ့နေရာကနေခင်ဗျားတို့ ကျုပ်တို့ နားထဲ ရောက်လာတယ် ဆိုတ
အချိန်ထိ …supply လုပ်ပေးနေတဲ့ supply chain ကြီးဖြစ်တယ်ဗျ…
နောက် ကန့်လန့်ကာနောက်ကွယ်က လူတွေဖြစ်တယ်ဗျ….
ကိုယ်တိုင် ရေး-ဆို-ရိုက် ကို မတန်ဘူး ပြောတာဟာ …သည်လူတွေ ထမင်းအိုးကို
တုတ်နဲ့ ထိုးတာ လို့ ခပ်ရဲရဲ ပြောပါရစေတော့ ….

ညီပြောထားတဲ့ စာသား အရ (အတန်ငယ်ဖြည့်စွက်ပြီး)
front man ၁ယောက် ဒါမှမဟုတ်လည်း ၅-၆ယောက် (1 band)
ပေါ့ကွာ …. ဒါကိုပဲကြည့်ပြီး …. ခိုးမကူးသင့်ဘူး ပြောလိုပါရဲ့ ….
ဘာလို့လဲ ဆို ညီ ပြောသလို ..၇၀% က မချမ်းသာဘူး …ဒီလူတွေကို ငဲ့ပါဆိုရင်…
ဒီ အနုပညာ ကို ဖန်တီးတဲ့ frontman လောက် producer လောက်ကလွဲရင်….
ဒီလောကရဲ့ လက်လုပ်လက်စား .(လခစား) တွေရဲ့ ထမင်းအိုး ကို ရိုက်ခွဲမလို့လား …
ကျနော် အရင်ပိုစ့်မှာ ဒီအကြောင်း မပြောဘဲ ချန်ထားဖြစ်ခဲ့လို့ …
ခု တခုတ်တရပြောရခြင်းဖြစ်ပါတယ် …. အရင်ပိုစ့်ရဲ့ အဓိက themes က
ဂီတ အနုပညာရှင်တွေဟာ ..(ရွှေရင်ရှုပ်နဲ့တောင် မတူဘဲ …ပေးဆပ်နေကြပါတယ်)
သူတို့သည် ကမ္ဘာ့အဆင့် သီချင်းများကို ကော်ပီ ကူးလင့်ကစား ကမ္ဘာ့အဆင့် တူရိယာ
နည်းစနစ် အပျော့ထည် .. စသည်တို့ သုံးပြီး အမှန်တကယ် ပေးနေကြတာပါ
ဆိုတဲ့ …point of view ကရေးချင်တာမို့ သည်အကြောင်း ချန်ထားလိုက်ရတာပါ…

ခုတော့ ရေးလက်စ နဲ့ ရေးပြီဗျာ …။ ချမ်းသာလည်း ၀ယ်နိုင်လည်း
လွယ်ရင် ခိုးနေမှတော့ ..ကွာ …ခိုးတာ မမှားဘူး ထင်နေမှတော့ …
အင်း …..

ပုံပြင်လေး ပြောပြပါဦးမယ်.. ဟိုတေးသံသွင်းမှာ ကားမောင်းတဲ့
ကားသမား ကိုအဟွာ အလုပ်ပြုတ်တယ် …. မေးကြည့် …သိပါဘူးဗျာ..
ဆိုင်ရှင်တွေ ရောင်းမကောင်းလို့တဲ့ …. စာရေးမလေး မအဟွာ အလုပ်ပြုတ်တယ်..
မသိဘူးရှင့် အခွေဈေးကွက် အေးလို့ဆိုလားပဲ ….. သူတို့လဲမသိဘူး …
သေချာတာ သူတို့ကိုယ်တိုင်လည်း သူတို့အိမ်တွေမှာ ကူးခွေတွေ ၀ယ်ဖြစ်နေ
နားထောင်ဖြစ်နေတာပဲ …..။ အော် ….အဖြစ်ဆိုးထှာ …..။
အ၀ဲယားနက်စ်ဗျ ..အ၀ဲယားနက်စ် ….။

လွယ်ရင် သူကြွယ်တောင် မနေဘူး ဆိုတဲ့ စကားက …သိပ်မှန်သလိုဖြစ်နေလေရဲ့…
စာဖတ်သူရေ…
ခင်ဗျား ချမ်းသာရင် ပေါ့ ဗျာ …….လွယ်ပေမယ့် သမာဓိရှိတဲ့ သူကြွယ် မဖြစ်ချင်ဘူးလား..
ဒါမှမဟုတ်
ခင်ဗျား ဆင်းရဲရင်ပေါ့ဗျာ …….. အူမမတောင့်ပေမယ့် သီလ အကျိုးမခံတဲ့ လူ မဖြစ်ချင်ဘူးလား ..

ကျုပ်လည်း မကင်းခဲ့ပါဘူး ..
ရှက်လည်း ရှက်ပါတယ်….
ကျနော့် ဘော်ဒါတွေကိုလည်းပဲ ရှက်တတ်စေချင်ပါတယ်…

စာရေးသူ ညီလေး ကို နောက်ဆုံးပြောချင်တာကတော့ …
၇၀၀ လောက် ဆိုတဲ့ စကားက မဖြစ်နိုင်လွန်းသောဈေးပဲကွ…
ထုတ်လုပ်မှုစားရိပ်နှုတ်ပြီး ကျန်တဲ့ ၅၀၀ ကို အထက် က (သည် sector ထဲက လူတွေ မျှယူကြကွာ..)
ဆိုတာမျိုး ရေးတာကို လက်မခံဘူးကွာ …
(ညီ့ကို ထောက်ခံတဲ့ အထဲ ကျုပ်နဲ့ သိပ်ခင်မင်တဲ့ ဘော်ဒါတွေပါပေမယ့် ….)
သည်ဈေး ကိုတော့ ရဲရဲကြီး ရှုံ့ချတယ်ကွာ ….

အောက်ကြေးနဲ့ဖိုက် ..မကိုက်ရင် ခိုးကူး လိမ့်လိမ့်မယ် လို့
ဆိုထားတဲ့ လေးစားရတဲ့ ..ကိုကြောင့် စကားကိုလည်း ..
ဒီနေရာမှာ ဆန့်ကျင်ကြောင်း ပြောပါရစေ ….။

ကျုပ် နှစ်သက်တဲ့ band တခုက ၁၉၉၀-၁၉၉၅ အတွင်းထွက်ခဲ့တဲ့ သီချင်းတပုဒ်
ကြိုက်လွန်းလို့ ၀ယ်မလို့ ကြည့်တယ် …၀.၉၉ဆင့် တဲ့ဗျ..(၁ဒေါ်လာပေါ့…)လး
(တရားဝင်ဈေးပြောတာနော…)

၁၆၅၀ လောက်ဆိုတာ ၂ဒေါ်လာ လောက်ရှိတာပါဗျာ ..ခင်ဗျားကို အယ်လ်ဘမ် ၁ချပ်လုံး
ပေးတာ …နိုင်ငံတကာ အဆင့် မမှီပါဘူးကွာ …ကော်ပီကြီးပါကွာ …
ခနလေး ထားပါ ..အထက်ကရေးခဲ့တဲ့ လူတန်းစားတွေကို လည်းကြည့်ပါဦး…
ကိုယ့်ကိုကိုယ်လည်းရှက်ပါဦး ….

၇၀၀ ဆိုတဲ့ ကိန်း နဲ့ ၁၆၅၀ ဆိုတဲ့ ကိန်း ခြားနားခြင်း ၁၀၀၀ လောက်ရှိတယ်မလား…
ညီလေး… မင်း ထင်တာမင်းပြောခွင့်ရှိတယ် … ကိုယ်လည်းကြိုက်တာပြောခွင့်ရှိတယ်..
အေး ….. စီဒီ အလွတ် စက်ရုံက ထုတ်စားတဲ့ တီရုပ်တွေကို (အခွေ အလွတ်ပဲဖြစ်ပါစေနော)
တချပ် ၁၅၀ ဒါမှမဟုတ်..၂၀၀ ပေးနေတဲ့ ကျုပ်တို့ … ကျုပ်တို့ဘာသာနဲ့ ဆိုတားတဲ့တေးသီချင်းတွေ
အပေါ်မှာ …သည်လောက်တောင် မသထာဘူးလား …..။

၇၀၀နဲ့ ၁၆၅၀ ကြားက ဘ၀တွေ မြင်နိုင်ပါစေကွာ …။
ပြေလည်နိုင်ကြပါစေ …
အားပေးသူ ဖန်တီးသူ …သက်ဆိုင်ရာအကျိုးအမြတ် ရကြပါစေ….

 

နောက်တခု ….
ဒါမျိုး ထပ်မရေးဖို့လည်း မေတ္တာရပ်ခံပါရဲ့ …..။
(ဆင်နာရီယို မပလေးတော့ဘူး ညီလေးရေ ….မင်းလည်း
အချဉ်မှမဟုတ်ဘဲကွာ..)
ခင်တဲ့
ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011