မြတ်စွာဘုရားဟောကြားတော်မူသော

အောင်မြင်ချမ်းသာ ကြီးပွားကြောင်းတရား လေးပါးမှာ…

၁။ ဥဋ္ဌာန သပ္မဒါ -မိမိ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် ကျွမ်းကျင်မှု ရှိရပါမည်။အလုပ်ကို စိတ်ပါလက်ပါ လုပ်ကိုင်ရမည်။

၂။ သမဇီဝိတ သမ္မဒါ -မိမိဝင်ငွေနှင့် လိုက်လျှောညီစွာ
ချင့်ချိန်နှိုင်းဆပြီး အတိုင်းအတာ ပမာဏအမှန်ကို ချိန်ဆတတ်ရမည်။ စည်းနဲ့ကမ်းနဲ့ သုံးစွဲတတ်ရမည်။

၃။ အာရိက္ခာ သပ္မဒါ – ရရှိသည့် ပစ္စည်းဥစ္စာကို ကောင်းမွန်စွာ
ထိန်းသိမ်းစောင့်ရှောက်ရမည်။

၎။ ကလျှာဏမိတ္တ သပ္မဒါ – မိမိအပေါ်သစ္စာရှိပြီး အကျင့်သိက္ခာ၊ဥာဏ်ပညာ၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတဲ့
မိတ်ကောင်းဆွေကောင်းရှိရမည်။ မကောင်းမှုကိုရှောင် ကောင်းမှုကို သက်ဝင်စေသည့် မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းရမည်။

ပြောချင်တာ ဒီကြီးပွါးကြောင်းတရား လေးပါးမှာ..

ဗေဒင် ကိန်းဂဏန်းအရ စီးပွါးဖြစ်တယ်လို့လည်း ဘုရားမဟောခဲ့ပါဘူး?

ဲဂြိုလ်နက္ခတ်နဲ့ နတ်ကတော်တွေကြောင့် ကြီးပွါးဖြစ်တယ်လို့လည်း မဟောခဲ့ပါဘူး?

ယတြာတွေချေလို့၊ ရက်ရာဇာပြဿဒါး အရွေးမှန်လို့
သူဋ္ဌေးဖြစ်ကြောင်းလည်းမဟောခဲ့ပါဘူး?

မွေးဖွါးတဲ့ နေ့ရက်အချိန်ဆိုတဲ့ (ကံဇာတာ) ကောင်းလို့
သူကြွယ်ဖြစ်တာလည်းမဟောခဲ့ပါဘူး?

အရင်ဘ၀က ဒါနအားကောင်းခဲ့လို့ ဓါနရှင်ဖြစ်တာလည်း မဟောခဲပါဘူး?

ဘုရားဟာ…”အတ္တဟိ အတ္တာနော နာထော”
မိမိကိုယ်မိမိ အားကိုယ်းတတ်ဖို့ မိမိသာလျှင်
ကိုယ်းကွယ်ရာ၊ မှီခိုရာ၊ လှဲလှောင်းရာ…
မိမိကိုယ် မိမိစီမန်ခန့် ခွဲတတ်ဖို့၊ မိမိကိုယ် မိမိအရှင်သခင်ဖြစ်ဖို့
တွေဘဲဘုရားက သင်ပေးခဲ့တယ်…ဒီထဲမှာ ငါ့ကို ပန်းရေချမ်းတွေနဲ့ ရှိခိုးဆုတောင်းပြီးရင် စီးပွါးကြီးပွါး
ဖြစ်မယ်လို့ မဟောခဲ့တာ အထင်အရှားပါ…

အသက်ထင်ရှားရှိစဉ်..”၀ဂ္ဂလိကို”…ငါ့ရဲ့ အပုပ်ကောင်ကြီးကို ရှိခိုးနေလို့ ဘာထူးမလဲ? တရားကိုမမြင်ရင်ငါ့ကို မမြင်ဘူးလို့ ဟောခဲ့တာဘဲ မဟုတ်လား?…
ဘုရားပြောတဲ့ စကားကိုသဘောပေါက်လို့ အဲဒီအတိုင်းလိုက်နာကျင့်သုံးရင် ဘုရားကိုပူဇော်ရာရောက်ပါတယ်…

ပြောချင်တာ ကိုယ့်ရဲ့ စီးပွါးကြီးပွါးအောင်မြင်တိုးတက်ချင်တယ်ဆိုရင် ဒီအချက်လေးချက်ကို လိုက်နာဖို့ပါဘဲ…

ကျန်တာတွေဟာ အပိုအလုပ်တွေပါ…အဲဒီအချိန်ပိုတွေ၊ အပိုအလုပ်တွေကို နုတ်လိုက်ပြီးကျန်တဲ့ နေရာမှာ အကျိုးရှိရှိ အသုံးချလိုက်မယ်ဆိုရင် ဆင်းရဲတွင်းက လွတ်မြောက်ဖို့
အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်…

ဘုရားလက်ထက်က ဘုရားဟာဆွမ်းခံကြွတယ်ဆိုတာအလုပ်မလုပ်ဘဲ
တောင်းစားတယ်လို့မထင်နဲ့…

လူတွေက ပစ္စယနုဂဟ ပစ္စည်းလေးပါးကို တာဝန်ယူရင်..
ရဟန်းသာမဏတွေက ဓမ္မနုဂဟ ဆိုတဲ့ လူတွေ ကြီးပွါးစီးပွါးဖြစ်ဖို့၊ ချမ်းသာဖို့၊လူတွေငြိမ်းချမ်းဖို့ဆိုတဲ့ အသိတရားကို လမ်းညွှန်မှု ပြန်ပေးရပါတယ်…
ဒါရှင်းရှင်းပြောရရင် အရောင်းအ၀ယ်၊ အလှဲအလှယ်လုပ်တာဘဲ`?..

ဒါဖြင့်ရင် ကနေ့ကျွန်တော်တို့ ပင်ပင်ပန်ပန်းနဲ့ ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကို ပေးကမ်းလှူဒါန်းတဲ့ နေရာမှာ
ကျွန်တော်တို့ အတွက်ဘာ အသိတရားတွေ ပြန်ရလဲ?… ဘယ်လောက်အထိ ကျွန်တော်တို့ကို အထောက် အကူပြုလဲ? စစ်ဆေးဖို့လိုတယ်?..

လူတွေဟာ စီးပွါးရေး…ကျန်းမာရေး စသည့် စသည့်အရေးတွေမှာကျတော့ ဟုတ်မဟုတ်၊ အလိမ်များခံရလေမလား?. ဆိုပြီး စစ်ဆေးလိုက်ကျတာမပြောနဲ့..
ဘာသာရေးမှာကျတော့..မျက်စိမိတ်ပြီး အကန်းယုံနေကြတာဘဲ? ဟုတ်မဟုတ်စစ်ဆေးမှုပြုလုပ်ဖို့ မေ့နေကြတာများတယ်…

တကယ်တော့ ဘ၀လမ်းညွှန်အဖြစ် ဘာသာရေးကို ကိုယ်းကွယ်ကြတာဘဲမဟုတ်လား? ဒီနေရာမှာ သူ့ကို ပိုပြီးစစ်ဆေးသင့်တယ်လို့ အကြံပြုလိုပါတယ်…

ဘာသာရေးကို စီးပွါးရေးလုပ်သလိုသာ စစ်ဆေးကြမယ်ဆိုရင် လူတွေဒီလောက် ဆင်းရဲကြမှာမဟုတ်ဘူး?…

စစ်ဆေးမှုပြုလုပ်တာ သံသယ၀ီစိကိစ္ဆာ ကိလေသာမဟုတ်ပါဘူး…

မှတ်သားဖူးခဲ့တဲ့ လင်္ကာလေးနဲ့ မျှဝေပေးလိုက်ပါတယ်..ရေးစပ်သူရဲ့ နာမည်ကို မမှတ်မိတာ ခွင့်လွတ်နားလည်ပေးပါ..

တဆင့်ကြားသိ မိရိုးဖလာ
ကောဋ္ဌာဟာလ ကျမ်းစာမျှနှင့်
ကြံဆ နည်းမှီ
ဆီလျှော်သုံးသပ် ယူခြင်းထပ်လို့
ယုံအပ်သူဘဲ ဆရာစွဲဖြင့်
လွဲပုံစိတ်ချ မယူကြနှင့်…

ဒိဋ္ဌကျင့်ကြံ ကိုယ်ပိုင်ဥာဏ်ဖြင့်
မှားမှန်ကောင်းဆိုး သိအောင်ကြိုးဟု
မျိုးကုလားမ ဟောညွှန်ပြ…

About Ko out of...

Ko out of... has written 91 post in this Website..