အဆိုးကြီးလည်းမဟုတ် အကောင်းကြီးလည်း မဟုတ်

Mg OggaJuly 3, 20101min713

တစ်ခုသော နွေရာသီ ညနေခင်းမှာ အညာက သာယာကုန်းဆိုတဲ့ ရွာလေးမှာ ကိုကျော်ဆန်းဆိုသူသည် စွတ်စို ပေကျံ မောပန်းစွာဖြင့် အိမ်ပြန်လာသည်ကို အိမ်နီးနားချင်းဖြစ်သူ ကိုဆန်းမောင်က ကိုကျော်ဆန်း အဖြစ်ကို သူခြံထဲမှ လှမ်းမြင်လိုက်လျှင် တစ်ခုခုတော့ ကိစ္စပေါ်ပြီဟု ထင်၍ သူ၏ စပ်စပ်စုစု လုပ်ချင်စိတ် ပေါ်လာ သဖြင့် ကိုကျော်ဆန်းကို အကျိုးကြောင်း လှမ်းမေးလိုက် လေသည်။

ဆန်း။ ။ ဘယ်ကပြန်လာတာလဲ ကိုကျော်ဆန်းရဲ့ တစ်ကိုယ်လုံးလည်း ရေတွေ ရွဲ လို့ပါဘလား ဘယ်လိုဖြစ်လာတာလဲဗျ

ကျော်။ ။ ကျွန်တော်မြို့ တက်ပြီး နွားသွားရောင်းတာပါဗျာ

ဆန်း။ ။ ဟင် ဟုတ်လား ဒါဆို ငွေတွေရလာပြီပေါ့ မနည်းဘဲ ဟဲဟဲ ဘယ်လောက်ရခဲ့ လဲ ဗျ

ကျော်။ ။တစ်ပြားမှမရခဲ့ဘူးဗျ

ဆန်း။ ။ ဟား ဟား ဒါဆို ခင်ဗျား မိန်းမ မကြည်ဌေးတော့ တော်တော်စိတ်ဆိုးပြီး ခင်ဗျာကို ဆော်ပလော်တီးခံ ရတော့မယ်

ကျော်။ ။ မဆိုးသေးပါဘူးဗျ

ဆန်း။ ။ ကျုပ်နဲ့ ခင်ဗျား လောင်းမလား ခင်ဗျားမိန်းမ စိတ်မဆိုးရင် ခင်ဗျားကို ငွေ ၅၀၀၀ဝ ပေးမယ် စိတ်ဆိုးရင် ခင်ဗျားက ကျုပ်ကို ငွေ ၅၀၀၀ဝ ပေး ဘယ်လိုလဲ

ကျော်။ ။ စိန်လိုက်လေ ကြာသလားလို့

ဒီလိုပြောနေရင်းနဲ့ ပဲ သူတို့ နှစ်ဦးသား ကိုကျော်ဆန်းတို့ အိမ်အဝကို ရောက်သော်

ကျော်။ ။ ခင်ဗျားက တံခါးကြားဝင်ပုန်းနေ ဒါမှ ကျုပ်တို့ လင်မယားနှစ်ယောက် ပြောနေတာ အကုန်ကြားရမှာ

ဆန်း။ ။အေး….ကောင်းသားဟ

ကျော်။ ။ ဟေ့ မကြည်ဌေး

ကြည်။ ။ ဟော ကိုကျော်ဆန်း ပါလား ရှင်ဒီနေ့ အဆင်ပြေရဲ့ လား

ကျော်။ ။အင်း…သိပ် အဆိုးကြီးလဲ မဟုတ်သလို အကောင်းကြီးလဲ မဟုတ်ပါဘူးကွာ

ကြည်။ ။ရှင် ! ဘာလိုကြီးလည်း ရှင်ဟာကလွဲ

ကျော်။ ။ နွားသွားရောင်းတော့ လပြည့်နေဆိုတော့ ဈေးပိတ်ထား သဟ ဒါနဲ့ ပြန်လာတော့ မိုးတွေ မိလို့ အခု စိုရွဲ ကုန်သာ ပေါ့ ခဏသွားမိတော့ မြင်းတစ်ကောင်ဆွဲလာတဲ့ လူတစ်ယောက် နဲ့ တွေပြီး အခုလို မိုးရွာ နေချိန် ဆို ရွာကို မြင်းနဲ့ ပြန်ရင် ကောင်းမှာပဲလို့ ငါတွေးမိတယ် ဟ ဒါနဲ့ ငါ့ နွားနဲ့ သူ့ မြင်းနဲ့ လဲ လိုက်တာပေါ့

ကြည် ။ ။ အမလေး ကောင်းသပါ့ ကိုကျော်ဆန်းရယ် မြင်းဆိုရင် မြင်းလှည်းဆွဲလိုရ တာပေါ့ ကျုပ်တို့ ရွာမှာလည်း မြင်းလှည်း ရှားသား တော့် ကဲ ….ရှင်မြင်းကို တင်းကုပ်ထဲ မှာ သေသေချာချာ သွားချည်ထား ရအောင်

ကျော်။ ။နေပါဦး မိန်းမရယ် ငါ့မှာ အခု မြင်း မပါလာ သေးဘူးဟ

ကြည်။ ။ဟောတော့

ကျော်။ ။ ငါလည်း မြင်းကျောပေါ် တက်လိုက်ရော မြင်းက ဂနာမငြိမ်ဖြစ်ပြီး ဟီလိုက် ပတတ်ရပ်လိုက် တယ် ငါလည်း လိမ့်ကျမှာ စိုးလို့ ကြောက်ကြောက်နဲ့ လည်ပင်းကို အတင်းဖက် ထားလိုက်တာပေါ့ အဲ …နောက်ဆုံး မြင်းက အတင်း ခုန်ပေါက်ပြီး ခါချလိုက်တာ ငါ ဘယ်လို့မှ မဟန်နိုင်တော့ ဘဲ လွင်စင်ကျသွားတော့တာပေါ့ဟ

ကြည်။ ။ဖြစ်မှ ဖြစ်ရလေ ကိုကျော်ဆန်းရယ် ကျွတ်ကျွတ်

ကျော်။ ။ဒါနဲ့ ငါ မြေကြီးပေါ်က ပြန်မထခင် လူတစ်ယောက် အနားလာရပ်ပြီး သူပါလာတဲ့ ဝက်နဲ့ ကျုပ် မြင်းနဲ့ လဲ မလားလို့ လာမေးတယ် ငါ ကလည်း အေးလေ လဲတာပေါ့ ဆိုပြီး ဝယ်မကြီးကို ယူထားလိုက်တယ်

ကြည်။ ။ အို ..ရှင် ပိုတောင်ကောင်းသေးတယ် ကျုပ်တို့ ဝက်တစ်ကောင်ပိုင်ရင် မဆင်းရဲတော့ ဘူးရှင် ဝက်သားလေးတွေ ပေါက်လာပြီး ပိုက်ဆံတွေ အများကြီးရမှာ

ကျော်။ ။ နေပါဦး မိန်းမရယ် ငါ့မှာ ဝက်လည်း မရှိတော့ဘူး ဟ ဝက်မကြီးကိုဆွဲလာတော့ ဗွက်အိုင်တစ်ခု ကိုဖြတ်တော့ မရွှေဝက် က ရွှံတွေထဲလူးလှိမ့် နေပြီး မောတော့ မထပဲ နေလိုက်တာ ဘယ်လိုမှ ဆွဲလို့ မရဘူး ငါ အဲသည်လို စိတ်မော လူမော ဖြစ်နေတုန်း အနောက်ဘက်ဆီက နေ စကားပြောသံကို ကြားလိုက်ရတယ် “ဗျို့ ဆရာ ခင်ဗျားဝက်နဲ့ ကျုပ် ဆိတ် လဲမလား” ဆိုပြီး ပြောလာတာနဲ့ ဆိတ်နဲ့ ဝက်ကို လဲ လိုက်တယ်ဟ

ကြည် ။ ။ ရှင့် စဉ်းစားဉာဏ် မဆိုးဘူး ကိုကျော်ဆန်း ဝက်က သိပ်ဂရုစိုက်ရတာ အစားစာ လည်း များများ ကျွေးရတယ် နောက်ဆုံးမျ အသားပေါ်လို့ ရတာ ဆိတ်က တော့ သူဘာသာသူ မြက်ရှာစားတတ်တယ် ဆိတ်နို့လည်းရတယ် နောက်ဆုံး ဆိတ်သားပေါ်ရင် ဝက်သားထက်ဈေးကောင်းရတယ် အဒီဆိတ်လေး သွားကြည့် ရအောင်ဟာ

ကျော်။ ။ နေပါဦး မိန်မရာ ငါ့ဆီမှာ ဆိတ်မပါလာဘူး ငါလက်ထဲ ဆိတ်ချည်ထားတဲ့ ကြိုးလည်းရောက်ရော့ တကတဲ့ ဆိတ်က ရုတ်တရက်များ ပျားတုတ်လိုက်သလိုပဲ တစ်ဟုန်ထိုး ခုန်ပေါက် ပြေးထွက်သွားတာပဲ ဒါနဲ့ ငါလည်း ဆိတ်ချည်တဲ့ ကြိုးကို သစ်ပင်မှာ ပတ်ပြီး မြဲမြဲကြီး ဆွဲထားလိုက်တာပေါ့ အဲဒီအချိန်မှာ လူတစ်ယောက်လာပြီး “ခင်ဗျား ဆိတ်တစ်ကောင်နဲ့ ဒုက္ခရောက်နေပြီထင်တယ် ခင်ဗျားက ဆိတ်မှ မကိုင်တတ်ပဲ ခင်ဗျားဆိတ်နဲ့ ကျုပ်ကြက်ဖ လဲမလား ဒုက္ခငြိမ်းအောင်လေ”ဆိုပြီးလာပြောတော့ ငါလည်း မောလှပြီဆိုတော့ လဲလိုက်တာပေါ့

ကြည်။ ။ ဟင် ဟုတ်လား အဲဒီကြက်ဖကြီးကော ဖြူလား ပြာလား ဝလား လှလား ကြည့်ရအောင်လေ

ကျော်။ ။ နေဦး မိန်းမရဲ့ ဒီကြက်ဖကြီးပိုက်ပြီး လမ်းလျှောက်လာတော့ ဗိုက်ဆာလာတာနဲ့ တွေ့တဲ့ ရွာထဲကို ဝင်ပြီး ထမင်းဆိုင်ရှာ တာပေါ့ အဲဒီအချိန်မှာပဲ ရွာအဝင်စပ်မှာ ဗိုက်ထဲက အောင့်လို့ ညည်းထွားပြီးထိုင်နေတဲ့ အချိန်မှာ ကောင်လေးတစ်ယောက်ရောက်လာပြီး “ ဦးလေးဘာ ဖြစ်တာလဲ ဒီနားမှာ ကျန်းမာရေးမှုး အိမ်ရှိတယ် လိုက်ခဲ့” လို့ ခေါ်တာနဲ့ ကျန်းမာရေးမှုး ထံရောက်သွားလို့ အဲဒီ ဆရာကြီး က ရောဂါအခြေအနေမေးမြန်ပြီး ဆေးတွေတိုက် ဗိုက်ကို ဆေးလူးပေးပြီး ကျပ်စည်းထားလိုက်တာ မကြာမှီပဲ ပျောက်သွားတော့ ငါလည်း ဗိုက်ဆာနေကြောင်းပြောတော့ ထမင်းပူပူလေးကို ဆိဆမ်းပြီး ကျွေးရှာ တယ်ဟ ဗိုက်အောင့်ပျောက်အောင် ကုပေးတဲ့ အပြင် ထမင်းပါ ကျွေးတဲ့ ကျန်းမာရေးမှုးကြီးကို ကျေးဇူးဆပ်မှ တော်မယ်ဆိုပြီး လက်ထဲ ပိုက်ဆံ လည်း တစ်ပြားမှမရှိတာနဲ့ ကြံရာမရပဲ ကြက်ဖကြီးကို လက်ဆောင်လုပ်ပြီး ကန်တော့လိုက်တော့တယ်ဟ ဒါကြောင့် ကျန်းကျန်းမာမာ နဲ့ အခုလို့ ပြန်ရောက်တာပေါ့ ကြည်ဌေးရယ်

ကြည်။ ။ အို ရှင် ဟာလေ တယ်တော်တဲ့ ယောကျာင်္းပါလား ကျေးဇူးသိတတ်လိုက်တာ

ထိုစဉ် အမှတ်တမဲ ဖြင့် ကိုကျော်ဆန်းက သူလက်ဝါးကြီးကို တံခါးကြားထဲသို့ ဖြန့်ကာ ထိုးထည့် လိုက်ရာ ကိုဆန်းမောင်က သတိဝင်လာပြီး လက်ထဲကို ငွေ ၅၀၀၀ဝ ပေးလိုက်လေ၏

ကျော်။ ။အရေးကြီးတာ ကျန်းမာဖို့ မှလား မိန်းမရယ်

ကြည်။ ။ဒါပေါ့ ကိုကျော်ဆန်းရဲ့

ကျော်။ ။ ဒါပေမယ် ငါအဖြစ်က အဆိုးကြီးလည်းမဟုတ် အကောင်းကြီးလည်း မဟုတ်ဘူးဟ လမ်းမှာ ပြိုင်ပွဲ တစ်ခု ဝင်ပြိုင်လာတာ နိုင်လာလို့ ရော့ ငွေ ၅၀၀၀၀

ကြည်။ ။အိုတော် ငွေနဲ့ ပြန်လာတော့ ဝမ်းသာရမပေါ့ ပြော ကိုကျော်ဆန်း ထမင်း အရင်စားမလား ရေအရင်ချိုးမလား………………………..

P.S: ကျွန်တော်စာသွားသင်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ် ကုန်းကြီး ကျေးရွာက ကျွန်တော်ကို တည်းခိုခွင့် ပေး သော ဦးကျော်ဆန်း ဒေါ်ကြည်ကြည်ဌေး တို့ မိသားစု အတွက် အမှတ်တရ ရေးသားလိုက်ပါသည် ရောင့်ရဲ့ တင်းထိမ် ကျန်းမာကြပါစေဗျာ

3 comments

  • လင်းငယ်

    August 28, 2010 at 2:30 pm

    မိန်းမတစ်ယောက်က ကိုယ်ကို အဲလို နားလည်ပေးနိူင်ဖို့ဆို တော်တော်လေး ရှားနေပါပြီ။ ဒါက လင်မယားနှစ်ယောက်ရဲ့ နားလည်မူကို ဖော်ကျူးထားတာ လားလို့။

  • choko

    July 23, 2011 at 3:43 pm

    ယောကျင်္ားလေးကတော်တော်စကားတတ်တာဘဲနော်

  • nature

    July 23, 2011 at 6:38 pm

    အိမ်ထောင်တခုဖြစ်လာပြီဆိုရင် တဦးနဲ့တဦး နားလည်ခွင့်လွှတ်တတ်ဖို့ အထူး လိုအပ်ပါတယ်။

Leave a Reply