သာသာချိုချို၊ ချစ်ဖွယ်ဆို၍။

လောကသာရဆုံးမစာ လင်္ကာပိုဒ်(၂၁) မှာ

ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်….
လို့အစချီရေးထားပါတယ်။ လူအပေါင်းကို ချစ်ဖွယ်အမူအရာနှင့် ချိုချိုသာသာပြောဆိုဆက်ဆံ
ကြစေရန် ဆုံးမထားခြင်းဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံရှိ မြန်မာတိုင်းရင်းသားများမှာ ပြောဆိုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရိုသေ
မှု၊ကိုင်းရှိုင်းမှု၊ အစုစု ရှေးပဝေသဏီကတည်းကစတင်ရှိခဲ့တာပါ။ ထီးသုံးနန်းသုံး၊ထီးဟန်နန်းဟန်၊
တွေနဲ့ ယဉ်ကျေးခဲ့ ကြဖူးပါတယ်။ ခေတ်တွေ ပြောင်းလာသည်နှင့်အမျှ နှုတ်ဆက်ခြင်း၊
မိတ်ဆက်ခြင်း၊ အရိုအသေပြုခြင်းတွေ ပြောင်းလာလိုက်တာ တွေလည်း
သတိထားမိကြမှာပါ။

ကျွန်မတို့ ပထမဆုံး နှုတ်ဆက်ခြင်း ကိုလေ့လာကြည့်ကြရအောင်။
“မင်္ဂလာပါ” တဲ့။
တကယ့်ကို ကျက်သရေရှိတဲ့ စကားစုလေးပါ။

ဘိုစာ၊ ဘိုစကားနှစ်ခြိုက်သူတွေကတော့

“Good Morning”
“Good Afternoon”
“Good Evening”
“Hello”
“Hi”

စသဖြင့်ပြောကြပါလိမ့်မယ်။

အချို့ ကတော့ ရင်းနှီးမှုအနေနဲ့

“ထမင်းစားပြီးပြီလား”
“ဘာဟင်းချက်စားသလဲ”
“ဘယ်သွားမလို့လဲ”
“ဘယ်ကပြန်လာသလဲ”
“ဘာလုပ်နေတာလဲ”

စသဖြင့် ကိုယ်ရေးကိုယ်တာမေးခွန်းမျိုးတွေနဲ့ နှုတ်ဆက်တတ်ကြပါတယ်။
အချို့ ကတော့ ဘာမှမပြောဘဲ ပြုံးရုံမှသာပြုံးပြကြပါတယ်။ တစ်ခါတစ်လေ ခေါင်းကလေး
ဆတ်ရုံဆတ်ပြတဲ့ နှုတ်ဆက်ပုံနှုတ်ဆက်နည်းလည်းရှိပါသေးတယ်။

ဘယ်လိုနည်းတွေပဲသုံးသုံးပါလေ၊ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍ နှုတ်
ဆက်စကားဆိုသင့်ကြတာအမှန်ပါပဲ။

မိတ်ဆက်ခြင်းကိုဆက်လေ့လာကြည့်ကြရအောင်နော်။

ကျွန်မတို့အပေါင်းအသင်း အဖွဲ့အစည်းများအတွင်း အတူရှိခဲ့ကြပေမဲ့ မခေါ်ဖူး မပြောဖူး ကြရင်
စတင်ခေါ်ပြောနှုတ်ဆက်ဖို့ အခက်ကြုံတတ်ပါတယ်။ ကြားလူ တစ်ယောက်ယောက်က မိတ်
ဆက်ပေးတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်လုပ်ရပါတယ်။ မိတ်ဆက်
ပြီးပြီဆိုရင်တော့ တစ်ဦးကိုတစ်ဦး လေးစားသမှုနဲ့ လက်ဆွဲနှုတ်ဆက်ချင်လည်းဆက်၊ ဒါမှမဟုတ် ခေါင်းညိတ်ပြချင်ပြ၊ ဦးညွှတ်ချင်ညွှတ်၊ လုပ်ကြပါတယ်။

တစ်ခါက မိတ်ဆွေတစ်ယောက်ကို အခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးဖူးတယ်။ဒုတိယ
မိတ်ဆွေ အပြုအမူ အရမ်းရိုင်းတဲ့အတွက် ပထမမိတ်ဆွေကို ကျွန်မ သိပ်အားနာခဲ့ရဖူးတယ်။
ဒုတိယမိတ်ဆွေက မိတ်ဆက်ပေးလိုက်တဲ့တစ်ခဏမှာ ဖိနပ်ကုန်းစီးလိုက်တယ်။ ပြီးမှစီးရင်
လည်းရရက်သားနဲ့။ မိတ်ဆက်ပေးတဲ့သူကိုလည်းမကြည့်ဘူး။ တော်တော်ကြာမှ အဲဒီဖိနပ်ကိုင်
တဲ့ လက်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လှမ်းပေးတယ်။ သာသာချိုချို၊ ချစ်ဖွယ်ဆို၍ နှုတ်ဆက်
စကားဆိုဖို့တော့ ဝေလာဝေးပါပဲ။

လူတစ်ယောက်နဲ့တစ်ယောက် စကားပြောကြတဲ့အခါမှာ မိမိရဲ့ပျူငှာမှုကို စကားလုံးမှာ သာမက ကိုယ်အမူအရာမှာလည်းဖော်ပြရပါမယ်။ တစ်ချို့ လူကိုမကြည့်ဘဲ စကားပြောတတ်
ကြပါတယ်။ ခင်မင်မှု၊ လေးစားမှု တို့ကို ကိုယ်လက်အမူအရာတို့အပြင် ဖော်ရွေ ရည်မွန်တဲ့ မျက်လုံးအကြည့်နဲလည်း ဖော်ပြသင့်ပါတယ်။ လေးစားမှုကိုပြကြရာမှာ ကန်တော့ခြင်း၊ ဦးညွတ်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်ပိုက်ခြင်း၊ စသဖြင့် မိမိ နှုတ်ဆက်မဲ့ ပုဂ္ဂိုလ် အဆင့်ပေါ်
မူတည်ပြီး အမျိုးမျိုး အရိုအသေပေးကြလေ့ရှိပါတယ်။

ကျွန်မ ပုဂ္ဂလကိ ခံစားချက်လေးပြောရရင်တော့ စကားပြောရင် မျက်လုံးထဲကို စိုက်ကြည့်ပြီး
အဲဒီမျက်လုံးထဲမှာ ချစ်ခင်ယုံကြည်မှု၊လေးစားခင်တွယ်မှု၊ အလေးထားမှု တွေ ပြနေတာကို
သဘောကျတယ်။ ကိုယ်လိပ်ပြာ ကိုယ်လုံနေသလို စကားလာပြောသူရဲ့လိပ်ပြာကိုလည်း ကိုယ်ဖမ်းထားရသလိုပါပဲ။ အဲဒီအခါမှာ ပြောသူရော နားထောင်သူရော နှစ်ဦးစလုံးရဲ့ မျက်လုံးတွေ ပြုံးနေတာတွေ့ရပါလိမ့်မယ်။

အရိုအသေပေးခြင်း ခေါင်းစဉ်လေးဆက်ဆွေးနွေးကြည့်ကြရအောင်နော်။
မန္တလေး အ.ထ.က(၁၀) ဟာ ဟိုတုန်းက သီပေါမင်း ကျောင်းတက်ခဲ့တဲ့ ဒိုင်အိုသံတဲကျောင်း
ပါ။ ဒီဘက်ခေတ် အထက်တန်းကျောင်းအဖြစ် ကျောင်းသူ/သားတွေ ကျောင်းတက်ကြတဲ့အခါ
မှာလည်း ဆရာ/မတွေကို နှုတ်ဆက်ကြရင် “မင်္ဂလာပါ” လို့ လက်အုပ်လေးချီပြီးဦးညွှတ်ကြပါ
တယ်။ အခုနောက်ပိုင်း အခြားကျောင်းတွေမှာလည်းဒီလို ပျူငှာချိုချို၊ ချစ်ဖွယ်ဆို၍ နှုတ်ဆက်
လာကြတာတွေ့ရပါတယ်။ အင်မတန်နှစ်သက်စရာကောင်းတဲ့ အခြေခံယဉ်ကျေးမှုစရိုက် လက္ခ
ဏာတစ်ရပ်ဖြစ်တယ်ဆိုတာမငြင်းနှိုင်ပါ။

ကျွန်မတို့ မြန်မာယဉ်ကျေးမှု မဟုတ်ပေမဲ့ အခုခေတ်အခါမှာလှိုင်လှိုင်ကြီးသုံးနေတဲ့ လက်ပြ
သင်္ကေတတွေထဲက တစ်ခုလေး အကြောင်းပြောပြချင်ပါတယ်။

လက်ညှိုးနဲ့ လက်ခလယ်ကို လက်ဖဝါးကို မိမိနဲ့စကားပြောသူဘက်ကို ထားပြီးပြရင်
Peace ငြိမ်းချမ်းရေး ပေါ့။

ဒါပေမဲ့ လက်ဖဝါးကို ကိုယ့်ဘက်ထားပြီးပြောရင်…

Two fingers in a ‘V’ sign means victory and peace when the palm is
towards the person(s) being gestured. If the palm is the other way
it is considered a rude sign or challenge.( http://club.myce.com/f1/
what-does-peace-symbol-mean-backwards-196058/#.UBiZJaNbx8E)
မှာဖော်ပြထားပါတယ်။

ရိုင်းပျတဲ့ လက္ခဏာမှန်းသတိမထားမိဘဲ၊ မသိဘဲကျွန်မတို့ မြန်မာအမျိုးကောင်းသား/သမီးတွေ
ဓာတ်ပုံရိုက်ရင် လက်ညှိုးလက်ခလယ်နှစ်ချောင်းကို တွင်တွင်ကြီး ရှေပြန် နောက်ပြန်ထောင်ပြပြီး
ပဲပေးကြတာတွေ့ဖူးမှာပါနော်။

ဆိုတော့ … ပျူပျူငှာငှာ လူတကာကို စကားနဲ့တစ်မျိုး အမူအရာနဲ့တစ်သွယ် ပြောဆိုဆက်ဆံ
ကြရာမှာ ကိုယ်မသိလိုက်လို့မှားသွားနှိုင်တဲ့ စကား၊ အမူအရာ စတာတွေကို ရှောင်ကြဉ်ကြဖို့
နောင်ဝယ်လူကြီးဖြစ်လာမဲ့ ကျောင်းတော်သူ/သားများကို သတိပေး၊ အကြံပေးလိုက်ရပါတယ်။

TTNU.

About TTNU

has written 88 post in this Website..

   Send article as PDF