လူတွေဆေးလိပ်ကိုသုံးစွဲလာကြတာနှစ်
အတိအကျကို ကျွန်တော်အနေနဲ့ မဖေါ်ပြနိုင်ပေမဲ့
နှစ်ပေါင်းတော်တော်ကြာပြီလို့ ယူဆရပါတယ်..

ဆေးလိပ်ကိုလူတွေ သုံးစွဲပေမဲ့ ဆေးလိပ်ကြောင့် ရောဂါအမျိုးမျိုးရနေကြတာကို
အရင်မိဘဘိုးဘွားကလူတွေသိပ် သတိထားကြပုံမပေါ်ဘူး……အခုတော့ ဆေးလိပ်ကြောင့်
လူတွေကို ဘယ်လောက်ဒုက္ခပေးတယ်ဆိုတာကျယ်ကျယ်ပြန့်ပြန့်
သိလာကြပါပြီ…..

ကိုယ့်ဆေးလိပ်ကို..ကိုယ်ကြိုက်လို့ ကိုယ်သောက်တာ မှန်ပေမဲ့
တခြားလူတွေ..ကိုယ်သောက်တဲ့ ဆေးလိပ်ငွေ့ကြောင့်..ကိုယ်လည်းရောဂါရသလို၊
ပတ်ဝန်းကျင်လူတွေကို လည်း
ရောဂါရစေတယ်ဆိုတာ သိလာကြလို့ဘဲ ….

တချို့နိုင်ငံတွေဆို ဆေးလိပ်လုံးဝ
ကင်းစင်ပပျောက်ဖို့လုပ်ကြတယ်..
တချို့နိုင်ငံများဆို လူအများသွားလာတဲ့
Public နေရာတွေမှာ..ဆေးလိပ်သောက်ဖို့နေရာသီးခြားထားပေးတာတို့…ဆေးလိပ်ကို
မသောက်ဖို့ အမျိုးမျိုး ပညာပေးလုပ်ငန်း လုပ်ကြတာတွေ… အခွန်ဆိုင်ရာဥပဒေ
တွေမှာလည်း တိုးမြှင့်ကောက်ခံတာတို့…စသည်ဖြင့် အမျိုးမျိုး
လုပ်နေကြပါတယ်…

ဆေးလိပ်ဟာ လူတွေရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စား၊ ၀တ်၊ နေရေးတွေမှာ
ဘာတခုမှ အထောက်အကူ မပေးတာ သတိထားမိကြမှာပါ..
အထောက် အကူမပြုမှန်းသိနေကြပေမဲ့…ဆက်လုပ်နေကြတာ..ဘာကြောင့်လဲ?…

အရိုးစွဲလုပ်လာတဲ့ မိဘ လုပ်ငန်းဆိုပေမဲ့….ဒါဟာ လူသားတွေကို
အကျိုးမပြုဘူးသိရင်
ရဲရဲ စွန့်ဖို လိုပါတယ်..ဒါမှ နောင်လာမည့် သားသမီး မျိုးဆက်တွေ…ရောဂါဘယက
ကင်းဝေးပြီး ကျန်းမာတဲ့ လူလေးတွေဖြစ်ပြီး..မိမိရဲ့ အကျိုး၊ လူသားအများတွေရဲ့ အကျိုးကို သယ်ပိုးနိုင်ကြမှာပေါ့….

သို့သော်လည်း…လူတွေဟာ မကောင်းမှန်းတော့သိ သလိုလိုနဲ့…စွန့်လွတ်ဖို့
ဖြတ်ဖို့ဆိုတာ အတော်ခက်နေကြတာတွေ့ရတယ်…တကယ်တော့
မကောင်းမှန်းသိရင်..ဘာဖြစ်လို့ဆက်လုပ်နေရမှာလဲ?…ဘာဖြစ်လို့သောက်နေကြရမှာလဲ?
ဘေးဥပါဒ်ဖြစ်မှန်းသိရင်…ဆက်လုပ်နေကြမယ်ဆိုရင်…ကိုယ်ဆုံးရှုံး
နှစ်နာဖို့ဘဲရှိပါတယ်..မဟုတ်လား?…

ပြောချင်တာယနေ့ဘာသာရေးလောကမှာလည်း…တရားအားထုတ်တယ်ဆိုပြီး ကိုယ့်ဘ၀ကိုယ် ဖျက်စီးနေတာ မသိဘဲဖြစ်နေကြတယ်..

ဘယ်လိုဖျက်စီးနေလဲဆိုရင်…

– တရားကို ဝေဒနာကျော်အောင်ဆိုပြီး နာရီပေါင်းများစွာထိုင်တာ
ဟာဝေဒနာကိုကျော်တာ မဟုတ်ဘဲ…ကိုယ်ခန္ဒာမှာ အကြောတွေကို
ထုံထိုင်းစေ၊အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အ၀င်အထွက်မမျှဘဲ ၀င်လေကရှည်(အောက်စီဂျင်များ) ထွက်လေကတို(ကာဗွန်ဒိုင်အောက်ဆိုဒ်နည်း) စသည့်ဖြင့်သွေးလည်ပတ်မှုလည်း မမျှမတဖြစ်ကာ…နောက်ပိုင်း
ရောဂါဝေဒနာဖြစ်ဖို့အကြောင်းတရားတွေ ဖြစ်စေတယ်…

– အရွှယ်ကောင်းတုံးအလုပ်အကိုင်စီးပွားရေးလုပ်ရမည့်အစား.. သားသမီးကို ပစ်ပြီးတရားထိုင်ဖို့ သီးခြားအချိန်ပေးရတာတွေဟာ.. တာဝန်ဝတ္တရားလစ်ဟင်းမှု တခုဖြစ်ပြီး..လူ့လောက မတည်ငြိမ်ဖို့ ရောဂါရဲ့ အစဘဲ…

– သူမရှိ၊ ငါမရှိ၊ ယောကျာင်္းမိန်းမ ဆိုတာမရှိ၊ လုံးရပ်သဏ္ဍာန်ပုံ
ဟန်နိမိတ်ဆိုတာ မတွေ့ရတာ စတာတွေဟာ..လူသားတွေရဲ့ ဦးနှောက်မှတ်ဥာဏ်တွေကို
ဖျက်စီးတဲ့ အရာဘဲ..

– သူမရှိ၊ ငါမရှိ၊ ယောကျာင်္းမိန်းမ ဆိုတာမရှိလုပ်တော့…အဲဒီလိုလူမျိုးဟာ
လောကရဲ့ အပြင်ဘက် ရောက်သလိုခံစားရတော့…ကြောင်တောင်တောင်ဖြစ်နေတယ်..

-ငယ်ငယ်တုံးက စာသင်ကျောင်းမှာ…ဆရာ/မတွေက…အမှတ် သညာတွေကိုတည့်
ပေးပြီးကာမှ..ကြီးလာပြီး..ရိပ်သာရောက်ခါမှ…သညာတွေ
ပြန်ဖျက်ခိုင်းတယ်ဆိုတော့..ဒါလည်းလူကို ဖျက်စီးခြင်း တမျိုးဘဲ…

– ဆေးလိပ် လုပ်ငန်းဟာ…လူတွေရဲ့ စား၊၀တ်၊ နေရေးတွေမှာ..ဘာတခုမှာ အထောက်အကူ မပြုသလို…လူတွေရဲ့ လက်တွေ့ဘ၀လုပ်ငန်းမှာ ဘာတခုမှ မယ်မယ်ရရအသုံးချလို့မရတာဟာ…လူ့လောကကို ဖျက်စီးတာဘဲ…

– အခုလည်း ကိုယ်တရားထိုင်တာ ဘယ်သူကိုများ ထိခိုက်လည်းလို့မေးရင်
ဆေးလိပ်သောက် သလိုဘဲကိုယ့်ကိုယ်ကို လည်းဖျက်စီးသလို လောကပတ်ဝန်းကျင်ကို
ညစ်ထေးစေပါတယ်…

အရင်တုံးက ဆေးလိပ်ကြောင့် လူတွေဘေးဥပါဒ်ဖြစ်တာ သိပ်မသိပေမဲ့..အခုတော့
သိလာကြပြီ….
ထို့အတူ..တရားရိပ်သာတွေမှာ…အသိမဲ့ အရှိမဲ့ လုပ်ငန်းတွေ လုပ်နေကြတာ အကျိုး
မရှိဘူး ဆိုတာလူတွေ တော်တော်သိလာကြပြီ..

ဆေးလိပ်ဆိုတာ…မရှိရင်မနေ
နိုင်ကြသလို…..ဘာသာတရား မရှိရင်ဘဲ မနေတတ်ကြဘူးဖြစ်နေကြတယ်..
.ပြောချင်တာ..ဆေးလိပ်မသောက်ရရင်လည်း…လူတွေမသေပါဘူး…
အခုလည်း ဘာသာတရားဆိုတာမရှိလည်း..လူတွေအကုန်ရိုင်းစိုင်းကုန်ကြလိမ့်မယ်လို့
မထင်ပါနဲ့…ဘယ်တော့မှ မရိုင်းပါဘူး..လို့ပြောချင်တယ်.

ဆေးလိပ်သောက်တာမှ…အလုပ်တခုတောင်
ပိုလုပ်ရသေးတယ်..ပိုက်ဆံကုန်ငွေကုန် အနာရောဂါလည်းရ..စသည်ဖြစ်ပေါ့..အခုလည်း
ဘာသာရေး ကြောင့်ငွေလည်းကုန်..အချိန်ကုန်..ရောဂါတွေလည်းရ…အပိုလုပ်ငန်းတခုလိုဖြစ်နေပါတယ်…

.ဆေးလိပ်ဟာ
လူကိုဒုက္ခဘယ်လောက်ပေးတယ်ဆိုတာ…ဆရာဝန်က လူတွေထက်
ပိုသိပါတယ်…ဒါပေမဲ့ ဆရာဝန်တွေဆေးလိပ်ကို
သိသိနဲသောက်နေတယ်..ဒါဘာကြောင့်လဲ?

ထို့အတူ တရားထိုင်တာ ထုံကျည်ကိုက်ခဲမယ်၊ ပင်ပန်းမယ်…ဒါကိုလည်းသိနေတယ်..သို့သော်ဒီ formula အဟောင်းအတိုင်းဘဲ ဆက်လက်ပြီးပုံသေ ထပ်ခါထပ်ခါ လေ့ကျင့်နေကြတယ်..ဒါဘာကြောင့်လဲ?…

ဒါကြောင့် အမွေဆက်ခံတယ်…ဆိုတာ
ကောင်းတဲ့ အမွေတွေကို ဆက်ခံရန်သင့်သော်ပေမဲ့…ဒီလို လူတွေကို
ရောဂါအမျိုးမျိုး..ဒုက္ခအမျိုးမျိုးပေးနေတဲ့ မိဘရိုးရာ ဆေးပေါလိပ်လုပ်ငန်းနဲ့တူတဲ့ ..ယနေ့ဘာသာရေးလုပ်ငန်းကို….ဆက်လက်အမွှေဆက်ခံသင့် မသင့် ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ကြပါကုန်လော?….

About Ko out of...

Ko out of... has written 91 post in this Website..