ကိုဂီတောင်းဆိုလို့  နမူနာ တင်ပေးလိုက်ပါတယ်..။

တင်ရတဲ့ ရည်ရွယ်ချက်က ငါ တော်တယ်.. ငါတတ်တယ်.. ငါ့ပုံတွေ တင်ရင် လူတွေ ချီးကျူး

ကြမှာဘဲ… ဆိုတဲ့ စိတ်နဲ့ မဟုတ်ပါ..။ ကျနော် တယောက်ထဲအားနဲ့  ကိုယ့်တိုင်းပြည်က လူငယ်တွေ ကို ကူညီချင်တိုင်း မကူညိနိုင်ပါဘုး..။ မန်းဂေဇက်က ကျယ်ပြန့် ပါတယ်..။

မန်းဂေဇက်က တဆင့် ၀ါသနာပါသူ လူငယ်တွေ ကြည့်လိုက်မိလို့  ဒီပညာရပ်ကို လိုချင်တယ်ဆိုရင်.. ကျနော် တတ်သမျှ အကုန်ပေးချင်လို့ ပါ..။

ဒီနေ့  3D Animation ရုပ်ရှင်တွေ လုပ်နေကြပေမယ့် တချို့ နည်းစနစ်တွေ လိုနေပါတယ်..။

ကျနော် နိုင်ငံခြားသားတွေနဲ့ Media လုပ်ငန်းတခုမှာ အတူတွဲလုပ်ကြရင်းနဲ့ မှ အထောက်အကူ ပြုနည်းတွေ လိုတယ်ဆိုတာ သိလာတာပါ..။

ဒီလို ရုပ်ထုလေးတွေ လုပ်ပြိးမှ 4ဘက် လေးတန် skin ဖတ်မယ်..သို့ မဟူတ်  ဓါတ်ပုံရိုက်မယ်..ပြီးမှ Zbrush program နဲ့ Maya program   မှာ Animation ပိုင်းကို

လိုအပ်သလို လုပ်သွားတာ.။

ဒါကြောင့် အခု နမူနာအနေနဲ့ တင်ပေးပြီးရင် ရုပ်ထုတခု အစမှအဆုံး ဘယ်လို လုပ်သွားတယ် ဆိုတာ တင်ပေးပါ့မယ်..။ ကျနော် အခုရက်ပိုင်း တခြားအလုပ်လေးတွေ ရှိနေသေးလို့ ပါ..။

လောလောဆယ် နမူနာပုံးလေးတွေနဲ့ ဘဲ ကျေနပ်ပါဦး..။

ဝါသနာပါသူတွေကို ပေးဘို့ လဲ အဆင်သင့်ပါ..။

သေချာတာက ကျနော်သေရင် ဘာမှ ပါမသွားမှာ ကြိုသိနေလို့  ပေးချင်တာပါ..။

ခင်မင်လျှက် … ကျော်စွာခေါင်

 

i285762195_54396_4

No 1

i285762194_33215_4

N0 2

No 3

No 3

No 4

No 4

No 5

No 5

No 6

No 6

No 7

No 7

No 8

No 8

N0 9

N0 9

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။