အော်…………..

ဘာလိုလိုနဲ့  အသက်လည်း တစ်နှစ် ထပ် ကြီးပြန်ပြီပေါ့ ။

နှစ်ဆယ့်ခြောက်နှစ် ပြည့်ပြီပေါ့….။

သေ ဖို့ …..နေ့  ဆီကို တစ်နှစ် ထပ်နီးလာတယ် …ဆိုလည်း….. ရပါရဲ့  ။

မွေးနေ့  ဆိုတော့…  …..

တစ်နှစ်လုံးမှာ   အဲဒီ တစ်ရက် ရောက်ဖို့ ……

အတော်စောင့် ရတာနဲ့ တင်…..

တစ်ခုခု ထူးထူးခြားခြား…. ဖြစ်ကိုဖြစ်လိုက်ရမှ…

လုပ်ကို လုပ်လိုက်ရမှ..

တန် မှာပေါ့…….နော့ ။

 

ဘုရားသွားကျောင်းတက်လည်း.. မလုပ်ဖြစ်မယ့် အတူတူ……..

အကျိုးရှိမှာလေးတစ်ခုခုတော့..

လုပ်ဦးမယ်…ဆိုပြီး……………….

ဘာလုပ်ရမလဲ..တွေးတော့…..

……………………………….

 

==============================================

အခုတလော..

ကိုယ်ပိုင် အတွေးအခေါ် နဲ့ .. ဘာစာမှ လည်း မရေးနိုင်ပဲ..

ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေခဲ့တာ  ။

စာတွေတော့ ဖတ်ဖြစ်နေရဲ့ ။

စာအုပ် အဖြစ် ဖတ်ဖြစ်နေတာကတော့….

ဇော်ဇော်အောင် ရဲ့   .. ပိုစ့်မော်ဒန် သီဝရီများဆိုတဲ့  စာအုပ်နဲ့ ..

ဆရာတော် ဦးဇောတိက ရဲ့ ..   အရှုပ်ထဲမှာ ရှင်းအောင်နေ…ဆိုတဲ့  စာအုပ် ပါ ။

——————————————————

အွန်လိုင်းမှာ  တော့.. ……

စာဖတ်မယ်.. .ဆိုတာနဲ့ ..

ဘယ်က စာ ဖတ်မလဲ.တွေးမိရင်..

ပထမဆုံးဖတ်ချင်တာက.. ဂဇက်ထဲက.. စာတွေပါ ။

ဂဇက်ထဲက စာတချို့  ကို ဖတ်ရင်း…

ကျွန်တော်..အတော်လေး..ကြိုက်မိ တဲ့.. စာပေလက်ရာကောင်းလေးတွေကိုလည်း…

စိတ်ထဲမှာ..တို့  ထားခဲ့တာပါ ။

အခု …အဲဒီ စိတ်ထဲမှာ တို့ ထားခဲ့တဲ့   ဂဇက်ထဲက ပိုစ့်ကောင်းတချို့ ..ကို… အရသာ…. ပြန်မျှ ကြည့်ဦးမယ် ။

မဖတ်ရသေးသူတွေ ပြန်ဖတ်မိလည်း.အကျိုး..ရှိတာပါပဲ..။

ဖတ်ပြီးသူတွေ.. ပြန်ဖတ်တော့.. လည်း..ပြန်သတိရပြီး… ရသ…. ပြန် ရမှာပဲ.ပေါ့ ။

ပိုစ့်ညွှန်း  ပေါ့လေ… ။

အခု ပြန်ညွှန်းမယ့်…..

ဂဇက် ထဲက ပိုစ့်ကောင်း တချို့ ဆိုတာက….. ရွာသူား တစ်ယောက်ထဲရဲ့  ပိုစ့်တွေ မဟုတ်ပဲ..

ဟိုတစ်ယောက်ဆီက တစ်ပုဒ်…..

ဒီ တစ်ယောက်ဆီက ….တစ်ပုဒ်ပေါ့ ။

——————————————————-

 

 

ဒီအတိုင်း.ရိုးရိုးတန်းတန်းလည်း…….

ဘွားခနဲ  မပြချင်လို့ …

ချစ်စရာကောင်းတဲ့  ပုံလှလှလေးတွေ  ရဲ့ အထဲမှာ.. ….ဖွက်ထားပြီး…….တင်ပေးလိုက်တယ်နော် ။

ပုံလေးတွေကို ကလစ်လိုက် ရင်..New  Tab   ပွင့်သွားပြီး…

ညွှန်းထားတဲ့ ပိုစ့် တစ်ခု ချင်းစီကို ရောက်သွားပါလိမ့်မယ် ။

((((တကယ်လို့် ..ဖတ်ပြီးသားပိုစ့်ဖြစ်နေလည်း.. …ပိတ်ပြီး  … နောက်ထပ် တစ်ပုံကို ထပ်ကလစ်လို့ ….လွယ်မှာပါ ))))

ကိုယ် ကလစ်လိုက်တဲ့  ပုံ အထဲ..မှာ…

ဘယ်သူ ရေးထားတဲ့ ……..

ဘယ် ပိုစ့်ကောင်းလေး…ကို….တွေ့ ရမလဲ… ဆိုတာ…လေး

ရင်ခုန်စွာ… ကြည့်ရှု ခံစား ကြည့်ပေးပါဦးနော်……။

——————————————————————

 

 

 

 

 

 

 

01

ဒီ ပုံကို ကလစ်လိုက်ရင်.. ထူးခြားတဲ့  လက်ဆောင် တစ်ခု ရမယ် ။

 

 

02

ဒီပုံကို ကလစ်ပြီး… အထဲက.. အရသာရှိတဲ့  စာ ကိုစားသုံးပါ ။

 

3

ဒီပုံကို ကလစ်ပြီး..၀င်ရင်… စာကြည့်တိုက် တစ်ခုကိုရောက်မယ် ။

 

4

ဒီပုံကို ကလစ်ရင်.. ရယ်မော ပျော်ရွှင်စရာတစ်ခု တွေ့ ရမယ် ။

 

5

ဒီ ပုံ အထဲမှာတော့.. အကျိုး ရှိစေတဲ့  ပိုစ့်ကောင်းတစ်ပုဒ် ရှိနေတယ် ။ ကလစ်ပြီး..၀င်ကြည့်နော်..။

 

7

ဒီပုံထဲက ပိုစ့်လေးကို.. သိပ်ကြိုက်ခဲ့တာ..။ ဒီနေ့ထိ မမေ့ဘူး ။ ပြန် ပြန် ဖတ်တယ် ။

 

333333

ဒီပုံလေးကို ကလစ်ရင်တော့.. ကဗျာတစ်ပုဒ် ခံစားရလိမ့်မယ် ။ ရွာထဲက ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာလေးပေါ့ ။ သိပ်ကောင်းတယ် ။

 

222222

ဒီပုံလေးထဲမှာ.. ကျွန်တော်အရမ်းကြိုက်တဲ့ ၀တ္ထုတိုတစ်ပုဒ်ရှိတယ် ။ ဖတ်ချင်ရင် ကလစ်လိုက်နော်..

 

 

sea

ဒီ ပင်လယ်ကို ကလစ်လိုက်ရင်တော့.. အလှတရားတွေ ထပ်တွေ့ ရမယ်..လေ ။

 

 

အပေါ်က  စားသောက်စရာတွေနဲ့လုပ်ထားတဲ့  ပုံလေးတွေကို..

ဟိုအရင်က.. ဒီရွာထဲမှာ. ကျွန်တော် တင်ဖူးပါတယ် ။

(((((မေးလ် တစ်စောင်ထဲက ရတာပါ ။ ))))))

 

အခု မွေးနေ့ မှာ.. ….

အစားအသောက် တွေရော…

စာပေ လက်ရာတွေပါ…….

အရသာရှိရှိ စားသုံး လို့ ရအောင်..  စီစဉ်ပေးလိုက်ပြီနော်…။

 

အားလုံးကို… ချစ်တဲ့……

အလင်းဆက်

18 .9 .2013

နှစ်ဆယ့်ခြောက်နှစ်ပြည့် အမှတ်တရနေ့

 

 

((( ပုံထဲမှာ.. လင်ခ့်ချိတ်ထားတဲ့  ပိုစ့်ပိုင်ရှင်များကို..ဒီနေရာကနေပဲ..ခွင့်တောင်းလိုက်ပါတယ်နော် ။

 

လုပ်ချင်ရာ လုပ်ပြီးမှ… ခွင့်တောင်းရတာ မျက်နှာတော့ပူသား )))

ကျေနပ်ရင်တော့… ပိုစ့်ညွှန်းခ အဖြစ်….ချစ်သုဝေနဲ့ ညားပါဇေ…လို့ .. ဆုတောင်းပေးပါ ။

 

:kwi: :kwi:

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .