29-12-2013 နေ့ ဓမ္မဗျူဟာ
USA မှ O.G Dr.ခင်နွယ်ဝင်း၏
ကျန်းမာရေးပညာပေး ဟောပြောပွဲ ကောက်နှုတ်ချက်
`အသက်ရှည်ကျန်းမာချင်လျှင်၊စားသောက်နေမှုဘ၀ကိုပြင်´
Dr.ဒေါ်ခင်နွယ်ဝင်းဟာ ၁၉၇၁ ခုနှစ်က မြန်မာပြည်မှ M.B.,B.S ဘွဲ့ရခဲ့ပြီး ၁၉၇၄ မှာ အမေရိကားသို့ ထွက်ခွာ အခြေချခဲ့တဲ့ မီးယပ်သားဖွားပါရဂူ ဖြစ်ပါတယ်။၂၀၀၀ ခုနှစ် အလုပ်က အနားယူပြီးချိန် ကစပြီး ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အသက်နှင့် မလိုက်အောင် ကျန်းမာနုပျိုနေသူလည်း ဖြစ်ပါတယ်။
alternative medicine ခေါ်တဲ့ နွယ်မြက်သစ်ပင်တွေကနေ လူတွေအတွက် အကျိုးရှိ ကျန်းမာစေမယ့် နည်းပညာတွေကို အင်တာနက်က ရှာဖွေ ဖတ်ရှုလေ့လာ သုတေသနပြု ပြီး မိတ်ဆွေများကို မျှဝေပေးခြင်း ဖြစ်ပါတယ်။
မြန်မာပြည်မှာ လူတွေဟာ သွေးတိုး၊ ဆီးချို ၊လေငန်း၊ကင်ဆာ၊ဘီပိုးစီပိုး တွေကြောင့် ဆေးကုကြရ၊ ငွေကုန်ကြေးကျ များနေကြရ၊အသက်တိုနေကြရတာရဲ့ အကြောင်းရင်း ဖြစ်တဲ့ ကိုယ်ခံအားမကောင်းကြခြင်းကို မပြုပင်ကြပဲ အကျိုးဖြစ်တဲ့ ရောဂါဝေဒနာကိုသာ ကုသ နေကြတာ တွေ့ရပါတယ်။ဒါတွေကို မိမိဖာသာ အစားအသောက် အနေအထိုင် ပြုပြင်လိုက်ရင် ငွေကုန်ကြေးကျ မများပဲ ပိုမိုကျန်းမာသက်ရှည်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အန္တရာယ်မဖြစ်စေနိုင်တဲ့ နည်းလမ်းတွေဖြစ်တာကြောင့် ကိုယ်တိုင်လေ့လာ စမ်းသပ် ကြည့်ကြဖို့ တိုက်တွန်း ချင်ပါတယ်။
ရှောင်ရန်

  • ၁။ ဆီများကို တခါသုံးပြီး ပြန်မသုံးပါနှင့်။ (Transfat ကြော်ပြီးဆီသည် ကင်ဆာကိုဖြစ်စေပါသည်)
  • ဆီကို အငွေ့ပျံသည်ထိ အပူမပေးပါနှင့်။
  • ဟင်းချက်လျှင် ဆီမသတ်ပဲ လုံးချက်ပါ။
  • အသားများကို ရှလကာရည်အနည်းငယ်ထည့်ပြီး မီးအေးအေးချက်ပါ။
  • ဟင်းသီးဟင်းရွက်နူးအောင် အရင်ပြုတ်ပြီးမှ ဆီနှင့်ကြော်ပါ။(ဆီစိမ့်ဝင်မှုလျော့စေရန်)
  • ၂။ ဒန်သတ္ထုများသည် အာရုံကြောနှင့် ဦးနှောက်အတွက် အဆိပ်ဖြစ်တတ်၍ ဒန်အိုးအစား စတီးအိုးသုံးပါ။
  • ၃။ Non-Stick ဒယ်အိုးများသုံးလျှင် အိုးထဲတွင် ဘာမျှမရှိပဲ အပူမပေးပါနှင့်။
  • အပူလွန်အောင် တည်မထားရပါ။
  • ၄။ Microwave oven ကို ဟင်းချက်ရန် မသုံးပါနှင့်။
  • ဟင်းနွေးရုံမျှသာသုံးပါ။
  • ၅။ အချိုမူန့် ၊ သကြား ၊ ငံပြာရည်ရှောင်ပါ။
  • ငံပြာရည်အစား ဆားသာသုံးပါ။(ငံပြာရည်တွင် အချိုမှုန့်များပါနေတတ်သောကြောင့်)
  • ၆။ ဒန်ပစ္စည်း+ပြဒါး+ဖလူရွိုက်ပေါင်းလျှင် အဆိပ်ဖြစ်စေတတ်သောကြောင့် ရှေးကသွားဖာရာတွင် Aluminium, Mercury သုံးထားလျှင် အစားထိုးပစ်ပါ။
  • ၇။ ခပ်နွေးနွေးအနေအထားတွင် ပိုးများပိုပွားနိုင်သောကြောင့် ချက်ပြီးဟင်းများကို အပူ(သို့)အအေးသာထားပါ။ မီးငွေ့ငွေ့ဖြင့် ခပ်နွေးနွေးအနေ မထားပါနှင့်။
  • ၈။ Paracetamol သည်အသည်းကို ပျက်စေနိုင်သောကြောင့် ဖြစ်နိုင်လျှင်ရှောင်ပါ။ မဖြစ်မနေသောက်ရန် လိုအပ်ပါက Grape Fruit ဂရိတ်ဖရုသီး/ရည် နှင့်တွဲသောက်ပါ။

ဆောင်ရန်

  • ၁။ Anti-Oxidant အစုံရအောင် ဟင်းသီးဟင်းရွက်စိမ်းစိမ်းကြမ်းကြမ်းများကို အရည်ကြိတ်၍ သောက်ရန်။
    • (က) ပိုးသတ်ဆေး+ပိုးမွှားများ ကုန်စင်အောင် ရေ ၁ ဂါလံ တွင် ရှလကာရည် ထမင်းစားဇွန်း ၂ဇွန်း ရော၍ ၅မိနစ် စိမ်ပါ။ ပြီးမှရေစင်အောင်ဆေး၍ ၁မိနစ် ပြုတ် (သို့) ပေါင်းပါ။
    • (ခ) အားကောင်းသော Blender နှင့် ကြိတ်ချေ၍ ရေအနည်းငယ် ရောပါ။
    • (ဂ) သောက်မကုန်လျှင် ရေခဲသေတ္တာထဲ 1-2ရက်ထားနိုင်သည်။
    • (ဃ) ထည့်နိုင်သောအရွက်များ –
    •  ကိုက်လန် ၊ ဟင်းနုနွယ် ၊ မုန်လာဥနီ ၊ ရဲယိုရွက် ၊ မယ်ဇလီရွက် ၊ သင်္ဘောရွက် ၊ ကန်ဇွန်းရွက် ၊ မုန်ညင်း ၊ မြင်းခွာရွက် ၊ ခရမ်းချဉ်သီး ။
    •  တရုတ်နံနံ(သွေးတိုးရောဂါတွက် ကောင်းသည်) ။
    •  ပန်းဂေါ်ဖီ(ဖြူ) ၊ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ်(ခရမ်း) ။(ကင်ဆာကာကွယ်သည်)
    •  သောက်ကောင်းရန် ပန်းသီး၊သံပုရာသီးစသည့် မချိုလွန်းသော အသီးများထည့်နိုင်ပါသည်။
    • (င) တခါကြိတ်လျှင် ကြိုက်နှစ်သက်ရာ ဆယ်မျိုးခန့်ပါနိုင်လျှင် ကောင်းပါသည်။ အမယ်စုံလေ Anti Oxidant များလေဖြစ်သည်။
    • (စ) အစာစားပြီးမှသောက်ပါ။ (သွေးတွင်းသကြားဓာတ်ကျစေနိုင်သောကြောင့်)
    • (ဆ) တနေ့ ၁ ကြိမ် နေ့စဉ်သောက်ပါ။
  • ၂။ နနွင်းမှုန့်စစ်စစ် ¼ လက်ဖက်ရည်ဇွန်း+သံလွင်ဆီနှင့်ဖျော်သောက်ပါ။ (ကင်ဆာကာကွယ်နိုင်သည်။) သွေးတွင်းအချိုဓာတ်ကျနိုင်သဖြင့် အစာစားပြီးမှသောက်ပါ။
  • ၃၊ဆီးချိုရောဂါ ကာကွယ်ရန် သစ်ကြမ်းပိုးမှုန့် လက်ဖက်ရည်ဇွန်း ½ နေ့စဉ်သောက်ပါ။
  • ၄။ မှတ်ဉာဏ်လျော့ပါးမှု ကာကွယ်ရန် Vit B12 5000 mg နေ့စဉ် သောက်ပါ။ Folic Acid သောက်ပါ။
  • ၅။ ရင်သားကင်ဆာ ၊ ဆီးကြိတ်ကင်ဆာများ ဖြစ်စေတတ်သည့် ဖလူရွိုက်ကို ဖယ်ထုတ်ရန် အိုင်အိုဒင်းပါသော ကျောက်ပွင့်စားပါ။ Iodoral ဆေးသောက်နိုင်သည်။
  • ၆။ ၀မ်းပျက်ဝမ်းလျှော ကာကွယ်ရန် အူလမ်းကြောင်းထဲရှိ ကောင်းသောပိုးများကို အားပေးသော ဒိန်ချဉ် (သကြားမပါ) သောက်ပါ။ Probiotic 10 သောက်နိုင်သည်။
  • ၇။ ခရမ်းလွန်ရောင်ခြည်ကာကွယ်သော နေကာမျက်မှန်ကို မျက်စိတိမ်ရောဂါကာကွယ်ရန် တပ်ဆင်ပါ။
  • ၈။ နေ့စဉ် အနည်းဆုံး နာရီဝက် လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • ၉။ အရိုးပါးရောဂါကာကွယ်ရန် 3-5 lb အလေးဖြင့် တနေ့လျှင် နာရီဝက်ခန့် ကြွက်သားများ သန်မာအောင် လေ့ကျင့်ခန်းလုပ်ပါ။ တံတောင် ၊ ခြေဖျားထောက်လျက် မှောက်လျက် အနေအထားဖြင့် ဒူးနှင့်ကြမ်းမထိပဲ နေသည့်လေ့ကျင့်ခန်းလုပ်ပေးပါ။
  • ၁၀။ အစာစားပြီးတိုင်း (သို့) ညအိပ်ရာဝင်လျှင် သွားကြားမှ အစာကြွင်းကျန်များကို Dental Floss သုံး၍ ကုန်စင်အောင် ထုတ်ပစ်ပါ။
  • ၁၁။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်သည် တနေ့တာလုံး ပျက်စီးယိုယွင်းထားသမျှ ကလာပ်စည်းများကို ခန္ဓာကိုယ်က ပြန်လည်ပြုပြင်နေချိန် ဖြစ်သောကြောင့် အိပ်ရေး၀၀အိပ်ရန် လိုပါသည်။
  • ၁၂။ နှလုံးကြွက်သားများအတွက် အားပေးသော D-Ribose ကိုအလွန်မောပန်းလျှင်/ ရင်ပတ်အောင့်လျှင် ၁ဇွန်း ရေ(သို့)ဖျော်ရည်နှင့်ဖျော်သောက်ပါ။
  • ၁၃။ နှလုံးခုန်မမှန်ခြင်း ၊ လေဖြတ်ခြင်း ကာကွယ်ရန် Magnesium Citrate သောက်ပါ။
  • ၁၄။ သြဇာဓာတ်နှင့်တူသော Vitamin များသောက်သုံးရန်လိုပါသည်။
  • ၁၅။ နေ့စဉ်သောက်သုံးသင့်သော အားဖြည့်အစာများ(Supplements)မှာ
  • Vit C , Vit E , CoQ10 , Selenium , R- Lipoic Acid , Magnesium , B12
  • တို့ဖြစ်ပါသည်။
IMG_20140101_075751

နှလုံးခုန်မမှန်မှု၊၀မ်းချုပ်မှုတွေကာကွယ်ပေးတဲ့ Magnesium +ကင်ဆာကာကွယ်တဲ့ CoQ10

D-Ribose နှလုံးစွမ်းအားဖြည့်သကြား

D-Ribose နှလုံးစွမ်းအားဖြည့်သကြား

သွေးအချိျု့စေတဲ့ သစ်ကြမ်းပိုးခေါက်အမှုန့်

သွေးအချိုဓာတ် ကျစေတဲ့ သစ်ကြမ်းပိုးခေါက်အမှုန့်

IMG_20140101_075854

ရင်သားကင်ဆာ+ဆီးကြိတ်ကင်ဆာ ကာကွယ်တဲ့ အိုင်အိုဒင်း

IMG_20140101_075938

ဦးနှောက် အာရုံကြောအားကောင်းစေတဲ့ B12 +၀မ်းပျက်ဝမ်းလျှော ကာကွယ်တဲ့ Probiotic

IMG_20140101_080104

Magnesium+Vit C
ကင်ဆာကာကွယ်တဲ့ Selenium နှင့်
R-Lipoic Acid

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)