Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2013 Review ၂၀၁၃ အတိတ်ခြေရာကောက်

padonmarJanuary 2, 201424min3968

၂၀၁၃ တဲ့ လွန်ခဲ့ပြီ။

ငါ ဘာတွေများ လုပ်ခဲ့ဖြစ်ခဲ့ပါလိမ့်လို့ လွန်လေပြီးသော အတိတ်ကာလ စက်ဝိုင်းတစိတ်ကို လည်ပြန်ငဲ့ကြည့်မိတယ်။

ဒီတနှစ်ထဲမှာ

  • အများတွက် တန်ဖိုးမရှိပေမယ့် ကိုယ့်တွက် တန်ဖိုးရှိတဲ့ စာမေးပွဲ တခုမှာ ဘာသာရပ် ၂ခုကို ကြိုးစား အောင်မြင်ခဲ့တယ်။(အများကတော့ ရယ်ချင်မှာ) 😀
  • ဘယ်နားသုံးရမှန်းမသိတဲ့ တံဆိပ်တုံးဝိုင်းကြီး ၁ခု ရခဲ့တယ်။(ဖွက်ထားတယ်) :hint:
  • ကိုယ်အင်မတန် စိတ်ဝင်စားတဲ့ ဘာသာရပ်ကို သင်ပေးခွင့်ရခဲ့တယ်။(ကံဆိုးရှာသော တပည့်များပါပဲ) :boss:
  •  အဖွဲ့ ၁ခုရဲ့ နာမည်ခံ ဥက္ကဋ္ဌအဖြစ် အိပဲ့ပဲ့ ပျော့ညံ့ညံ့နဲ့လုပ်ခဲ့တယ်။(တော်ပါသေးတယ်၊နောက်က  ကယ်မယ့်သူပေါ်လာပေလို့၊နို့မို့ ကိုယ့်ကြောင့် ဒီအဖွဲ့ ပျက်တော့မလို့။) :byee:
  • ရပ်ဆွေ ရပ်မျိုးမောင်နှမတွေ တယောက်လက်တယောက်ဆွဲလို့ အဖွဲ့အစည်း ၁ခုထဲ အများအကျိုးဆောင်ကြမယ်ဆိုပြီး ပါခဲ့ကြတယ်။(ဒီအဖွဲ့တော့ ဗျတ်ဝိဗျတ္တရောက်သွားတဲ့ ဘုန်းကြီးကျောင်း ဖြစ်မလားပဲ) 🙁
  • နှစ်ရှည်လများ အိမ်မှာ ကပ်နေရာက မသွားစဖူး ရေမြေခြားကို မမျှော်လင့်ပဲ ၂ခါတောင်သွားလိုက်ရတယ်။(ရက်တိုသွားပေလို့ပဲ၊ရက်ရှည် သာဆို ရွာထဲ ကိုယ့်အတွေ့အကြုံချည်းဖြစ်သွားမယ်) :boss:
  • တူမ ၁ယောက်မင်္ဂလာဆောင်တယ်။(နောက်မှာ ကျန်ပါသေးတယ်၊တူတွေလည်း ရှိသေးတယ်) :chit:
  • အမ ၁ယောက် ကင်ဆာဝေဒနာခံစားရတယ်။(တရွာလုံး သနားအောင် ပို့စ်တင်လိုက်သေးတယ်) 😥
  • ချစ်သူငယ်ချင်း ၂ယောက်လည်း ကင်ဆာတဲ့။(ကိုယ့်အိမ်နားလည်း နီးလာပြီ) :byee:
  • ဆေးစစ်ကြည့်တော့ ကိုယ့်ကိုယ်ထဲမှာ သေမင်းက ဓာတ်ခွဲခန်း၊ဓာတ်မှန်နဲ့ အာထရာဆောင်းတွေ မမြင်အောင် တူတူပုန်းနေနိုင်သေးတယ်။(ကြောင်ကြာကြာရေမငုပ်ပါဘူးတဲ့။သူလည်း မကြာခင်ပေါ်လာမှာပါ) :chee:
  • သီလမှတ်တမ်း၊ဘာဝနာမှတ်တမ်းပြက္ခဒိန်မှာတော့ မလုပ်ဖြစ်တဲ့ ကြက်ခြေခတ်တွေ အများကြီး။(ဒီကြက်ခြေကို လက်ဆောင်ပေးတဲ့သူနာမည်က မုသာနဲ့ ထိနတဲ့) 😆
  • သင်္ကြန်ရက်လေးတော့ ဝတ်မပျက် တရားစခန်းဝင်ဖြစ်သား။(ရက်ရှည်အားထုတ်မယ်ကြေငြာထားတဲ့ နေက္ခမပါရမီကတော့ လေကြီးမိုးကြီးဝုန်းဒိုင်းထဲ လွင့်သွားပါလေရော)(ခရက်ဒစ်တူ ကိုဘလက်) :kwi:
  • လပြည့်ည ၁ခုမှာ ထိုင်လိုက်လျှောက်လိုက်နဲ့ ကျော်ဖြတ်ဖြစ်ခဲ့တယ်။(အိပ်တော့ ငိုက်မိတာပေါ့) :sar:
  • ချစ်ရတဲ့သူတွေကိုလည်း ဓမ္မလမ်းကြောင်းပေါ် အတင်းဆွဲတင်ခဲ့တယ်။(သူ့ဖာသာသူသွားနေတာကို ဝင်အမှတ်ယူတာ) 🙂
  • အာစိဏ္ဏကံစုဘူးလေးထဲ တနေ့ ကျပ်၅၀ဝ စီ မှန်မှန်လည်း ထည့်ဖြစ်တယ်။(ဒါလေးတခုပဲ ကောင်းသလိုလိုရှိ)
  • မျက်မှန် ဒီဂရီလည်း အဝေး၂၅ဝ အနီး ၄၀ဝ ဖြစ်သွားပြီ။(မှုန်ကြီး မှုန်လေး ရဲ့ အဖွားမှုန် ဖြစ်ပြီ)  :boss:
  • ခေါင်းမှာလည်း သေမင်းအလံတွေစိုက်လိုက်တာ ကြာဆံစက်ရုံ မှတ်လို့ လာလာဝယ်ကြတယ်။ပါးရေနားရေလည်း တွန့်လာပြီ(ကိုယ့်ကို နုနေသေးတယ်လို့ မဟုတ်ပဲ မြှောက်ရင် ဟုတ်နိုးနိုးနဲ့ သဘောကျနေသေး၊) 👿
  • ရွာမက မြို့ မကျလေးမှာတော့ မိတ်ဆွေတွေတိုးခဲ့တယ်။(အရစ်ရှည်တဲ့ ကိုယ့်ကို အမြင်ကပ်သူလည်း ရှိနိုင်တာပါပဲ) :buu:
  • အလန်ကွာတာမိန်းလုပ်ပြီး ဒီရွာထဲမှာ ကိုယ့် ခြေရာကောက်ကြည့်မိပါတယ်။(ကိုယ့်အရပ်ပုပု၊ခြေတံတိုတိုနဲ့ တောင်တလှမ်းမြောက်တလှမ်း လှမ်းမိတဲ့ ခြေရာတွေဟ ကိုယ့်အထွာနဲ့တော့ တော်တော်လှမ်းမိသွားတယ်ထင်တာပဲ။အတော်များများက ရွာနဲ့ပတ်သက်ပြီး လုပ်စားသွားတာ၊သူကြီးဆီက ပွိုင့်ယူထားမိတာ) :hint:
  1. ဝါးခယ်မ အ-ထ-က ၁ ဆရာကန်တော.ပွဲ ခရီးစဉ် (၂ ) -ဇော်မင်းလွင်မိတ်ဆက်

    Jan 11, 2013 in Copy/Paste | 8 comments

  2. ဝါးခယ်မ အ-ထ-က ၁ ဆရာကန်တော.ပွဲ ခရီးစဉ် (၃)-ဇော်မင်းလွင်

    Jan 11, 2013 in Copy/Paste, Travel | 8 comments

  3. အချစ်တွေ အပျော်တွေ ခံစားနေ ၊ဘဝ နှစ်ခုမခြားပါ ၊ကျမတို့လူသားပါ

    Jan 20, 2013 in Best Web Awards, Creative Writing, Myanmar Gazette | 54 comments

  4. ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

    Jan 20, 2013 in Best Web Awards, Creative Writing, My Dear Diary, Myanmar Gazette, News | 43 comments

  5. ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

    Jan 21, 2013 in Best Web Awards, Creative Writing, My Dear Diary, Myanmar Gazette, News | 31 comments

  6. ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

    Jan 23, 2013 in Best Web Awards, Creative Writing, My Dear Diary, Myanmar Gazette | 53 comments

  7. Let’s do Awareness Sticker Campaign-အသိပညာပေးစတစ်ကာလေးများ

    Jan 25, 2013 in Creative Writing, Education, Environment | 36 comments

  8. လမ်း၌ယဉ်ကျေးမှု(၁)- Yellow Box

    Jan 30, 2013 in Creative Writing | 30 comments

  9. လမ်း၌ယဉ်ကျေးမှု(၂)-လမ်းပိတ်ဆို့ခြင်း(Obstacle)

    Feb 4, 2013 in Creative Writing, Editor’s Choice | 65 comments

  10. ရွာထဲက တူ၊တူမလေးတို့တွက် လက်ဖွဲ့

    Feb 14, 2013 in Copy/Paste | 60 comment

  11. မေတ္တာစက်ဝန်းလေးဖြန့်ကြရအောင်

    Feb 18, 2013 in Creative Writing | 40 comments

  12. လမ်း၌ယဉ်ကျေးမှု(၃) အမှိုက် ၁-Disposal

    Feb 22, 2013 in Creative Writing, Opinion – Op-ed | 19 comments

  13. လမ်း၌ယဉ်ကျေးမှု(၃)-အမှိုက် ၂(Seminar on Disposal )

    Feb 22, 2013 in Creative Writing | 12 comments

  14. လမ်း၌ယဉ်ကျေးမှု(၃)-အမှိုက် ၃( Ways of proper disposal)

    Feb 25, 2013 in Creative Writing | 20 comments

  15. သူ့ဘဝ ကို ခဏ ယူကြည့်ခြင်း +ကမာ္ဘကြီး ကျန်းမာ ပါစေ -May Aye Oo

    Feb 25, 2013 in Copy/Paste | 8 comments

  16. ဆန္ဒပြ

    Mar 3, 2013 in Critic | 40 comments

  17. လမ်းဘေးဈေးသည်-ရပ်နိုင်ပေ့ (Applause 3)

    Mar 6, 2013 in Creative Writing | 38 comments

  18. ပိတောက်ပွင့်သစ်

    Mar 9, 2013 in Creative Writing, Photography | 17 comments

  19. လေးစားပါတယ်လူငယ်များ(MYiA)

    Mar 17, 2013 in Community & Society, Creative Writing, Environment | 16 comments

  20. ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible)

    Mar 18, 2013 in Creative Writing, Critic | 38 comments

  21. Superman တွေ့ချင်တယ်

    Mar 22, 2013 in Creative Writing, Photography | 28 comments

  22. VIP အခွင့်ထူးခံသင့် မသင့်

    Mar 26, 2013 in Creative Writing, Critic | 17 comments

  23. အဟံ ပထမံ

    May 20, 2013 in Creative Writing | 49 comments

  24. စိတ်ကူးတည့်ရာ လက်တဲ့စမ်း အာတီဒုံရဲ့ ဃနာနို့ဆွမ်း

    May 24, 2013 in Creative Writing, Food, Drink & Recipes | 41 comments

  25. ဗုဒ္ဓဘာသာဝင်တို့တွက် ဗုဒ္ဓနေ့ လက်ဆောင်

    May 24, 2013 in Buddhism, Creative Writing | 40 comments

  26. ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ

    May 27, 2013 in Creative Writing, Education | 29 comments

  27. Congratulations Winn ဂုဏ်ယူပါတယ် ဝင်း

    May 28, 2013 in Creative Writing, News | 21 comments

  28. အောင်မြင်ခြင်း အတူတူဘယ်သူမြတ်သည်လဲ

    Jun 9, 2013 in Creative Writing, Short Story | 48 comments

  29. မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

    Jun 9, 2013 in Best Web Awards, Creative Writing, Myanmar Gazette | 61 comments

  30. ဖိတ်စာဝေနေပါသည်

    Jul 2, 2013 in Best Web Awards, Creative Writing, Myanmar Gazette | 158 comments

  31. သတင်းသမားကျင့်ဝတ် Ethicနဲ့ ညီရဲ့လား

    Jul 4, 2013 in Creative Writing, Opinions & Discussion | 26 comments

  32. အာတီဒုံ စိတ်ကောက်နေပါတယ်။

    Jul 23, 2013 in Best Web Awards, Creative Writing, Ph

  33. ရွာ့စာအုပ်လေး အားပေးစေချင် (MG Souvenir)

    Jul 24, 2013 in Best Web Awards, Classifieds, Personal Ad., Creative Writing | 57 comments

  34. ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ် ငွေစာရင်းရှင်းတမ်း(Balance Sheet)နှင့်ကျေးဇူးတင် မှတ်တမ်း

    Jul 25, 2013 in Best Web Awards, Creative Writing | 32 comments

  35.  

    တစ်ကမာ္ဘလုံးမှ မြန်မာဆရာဝန်များ စုံညီတွေ့ဆုံပွဲ ကျင်းပတော့မယ်

    Aug 1, 2013 in News | 10 comments

     

  36. Siren အရေးပေါ်အချက်ပေးသံကြားရင် ဦးစားပေးစေချင်

    Posted by on Aug 5, 2013 in Creative Writing | 48 comments

  37. သတင်းသမားကျင့်ဝတ် Ethic နဲ့ညီရဲ့လား(၂)

    Aug 8, 2013 in Creative Writing | 23 comments

  38. ဘုရင့်နောင် ဖောင်ဖျက်(သို့)ဆုတ်သာတက်သာ (Do or Die Vs Plan B)

    Oct 14, 2013 in Creative Writing, Critic, Photography, Think Different | 44 comments

  39. ကကြီးအကြောင်း တတို့နှစ်တို့(၁)KATRI
     on Oct 27, 2013 in Creative Writing, Photography | 22 comments
  40. မရွှေပုသို့

    Nov 2, 2013 in Creative Writing, My Dear Diary | 41 comments

  41. ကကြီးအကြောင်း တတို့နှစ်တို့(၂)-KITECH & SME

    Nov 9, 2013 in Business & Economics, Creative Writing, My Dear Diary, Photography | 18 comments

  42. ကကြီးအကြောင်း တတို့နှစ်တို့ (၃)-သူတို့အကြောင်းကိုယ့်အကြောင်းသောင်းပြောင်း

    Nov 10, 2013 in Creative Writing, Critic, Photography | 19 comments

  43. ကကြီးအကြောင်း တတို့နှစ်တို့(၄)-ဆယ့်နှစ်မျိုးဂျင်းသုတ်

    Nov 12, 2013 in Creative Writing, My Dear Diary, Photography, Travel | 20 comments

  44. ဂုဏ်ယူပါတယ်မြန်မာပြည်ဖွားများ

    Dec 6, 2013 in News | 26 comments

  45. ကြိုတွေးပြင်ဆင်

    Dec 8, 2013 in Creative Writing, Health & Fitness | 29 comments

  46. သကြားလုံးကြော်တွက် သကြားရုပ်(ဂျုံရုပ်)လက်ဆောင်နဲ့ တခါတုန်းက မူကြို

    Dec 9, 2013 in Creative Writing, Education, My Dear Diary | 23 comments

ကြီးကြီးကျယ်ကျယ် ဆရာ တက္ကသိုလ်ဘုန်းနို်င်ကို ကိုးကားလိုက်အုံးမယ်။

ငါ့စာဖတ်၍ မမြတ်တိုင်စေ၊

မရှုံးစေသား

အဲဒီအတိုင်းပေါ့နော်။

အားနာပါးနာနဲ့ မရှုံးပါဘူးလို့ ပြောပေးပါ ပိတ်သတ်ကြီး။

 

ထန်းရွက်ပုတီးလေးဆွဲဖို့ ရွှေစာရံကို အရောက်သွားမယ့် ပဒုမ္မာ

 

8 comments

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 4:50 am

    တီတီ က ရမ်းရမ်း နုဘာသေးတယ် တီတီရာ ….
    တွေ့ဖူးသူဒိုင်း ဒီအဆိုကို ထောက်ခံဂျဘာလိမ့်မယ် … နော့ …
    ဒဂယ်ဒေါ့ …
    ဒီလိုပေါရဒါဟာ ကျော်တို့တွက် ကျိုစုထားဖို့ ပေါဒါဘာ … ငိငိငိ …
    :mrgreen:

    နောက်တာပါ တီတီရေ …
    အောက်က စာသားလေးကို ရေရေလည်လည် ခိုက်သွားတယ်ဗျာ … ချယ်ဘဲ …

    သီလမှတ်တမ်း၊ဘာဝနာမှတ်တမ်းပြက္ခဒိန်မှာတော့ မလုပ်ဖြစ်တဲ့ ကြက်ခြေခတ်တွေ အများကြီး။(ဒီကြက်ခြေကို လက်ဆောင်ပေးတဲ့သူနာမည်က မုသာနဲ့ ထိနတဲ့)

    • padonmar

      January 6, 2014 at 11:45 pm

      အံစရာရယ်
      မပြောလည်း ကြိုစုနေပါတယ်။

  • ကထူးဆန်း

    January 2, 2014 at 8:42 am

    Happy Newyear ပါ အန်တီ ပဒုမ္မာ .. ၂၀၁၅ ကျရင် ဒီလိုပိုစ်မျိုး အခန်းဆက်ရေးနိုင်ပါစေနော် ..

    • padonmar

      January 6, 2014 at 11:46 pm

      ကထူးဆန်း
      မသေသေးရင်တော့ အခန်းဆက် ရေးသွားနိုင်ဖို့ ကြိုးစားပါမယ်။

  • alinsett

    January 2, 2014 at 9:05 am

    အန်တီ ့ ပိုစ့်တွေထဲမှာ
    ကျွန်တော် မဖတ်ဖြစ်သေးတာ သိပ်တော့မရှိပါဘူး
    ဒါပေမယ့်
    အခုလို စုစည်းလိုက်တော့
    ပြန်ဖတ်ချင်လာတာတွေ
    ပြန် ဖတ်သင့်နေတာတွေ တွေ့တယ်

  • ဘာပဲဖြစ်ဖြစ် အခုလိုသိုင်းဝိုင်းပျော်ရွှင်နိုင်စွမ်းရှိနေတာ နေပျော်စရာပါ။ကျွန်မတို့ အာတီဒုံအရွယ်ရောက်ရင်သာ အခုလိုလတ်ဆတ်ရွှင်လန်းနိုင်အောင် ကျိုးစားရဦးမယ်။

  • KZ

    January 3, 2014 at 12:15 pm

    ဟယ်။
    အဲလို ပြန်ကြည့်လိုက်တော့ တီဒုံက အကျိုးရှိတဲ့စာတွေ အများကြီးရေးဖြစ်တယ်။
    အကျိုးရှိတာတွေ အများကြီးလုပ်ဖြစ်ပါတယ် တီဒုံရေ။
    အားကျချီးကျူးပါတယ်။
    :chit:

  • padonmar

    January 6, 2014 at 11:51 pm

    အလင်းဆက်(တိမ်တမန်)၊
    အန်တီ့ပို့စ်တိုင်း အမြဲတမ်းအားပေးနေကျ ဆိုတော့ ဖတ်ပြီးသားချည်းနေမှာပါ။စုစည်းလိုက်တော့ အမြင်တမျိုးဆန်းသွားတာပေါ့။
    ……….
    နန်းတော်ရာသူ
    အပျိုကြီးလုပ်ရတဲ့ အရသာတော့ မတွေ့နိုင်တော့ဘူးမလား။
    ……….
    ၊ကေဇီလေး
    ဆိတ်ခြင်္သေ့မလေးရေးတာတွေလည်း အကျိုးရှိပါတယ်။

Leave a Reply